Saturday, October 21, 2017

မီးအာမခံ

,
အန္တရာယ်ကိုပခုံးလွှဲပြောင်းခြင်း နည်းလမ်းတစ်ခု ဖြစ်တဲ့ အာမခံ ထားရှိခြင်းကို မြန်မာ နိုင်ငံ မှာ အသုံးပြုမှု နည်းပါးနေဆဲပါ ။ မြန်မာနိုင်ငံ ရှိ လူနေအိမ်နှင့်တိုက်ခန်း တော်တော် များများ အတွက် လဲ မည်သို့ သော အာမခံ မှ ထားရှိလေ့ မရှိကြပေ ။

အာမခံ ထားရှိသည် ဆိုသည်မှာ ပိုင်ရှင်မှ Risk ကို Insurance လုပ်ငန်းတစ်ခုသို့ ပုခုံး လွှဲ ပြောင်းပေးထားပြီး Risk ကြောင့်ဆုံးရှုံးမှုဖြစ်လျှင် ပိုင်ရှင်သို့ Insurance လုပ်ငန်းက လျော်ကြေးပေးရ ခြင်းမျိုး ဖြစ်ပါတယ် ။

 ခြုံငုံသုံးသပ်ရရင်တော့ အန္တရာယ်တစ်ခုခုကြောင့်ဆုံးရှုံးမှု ကြုံတွေ့ရနိုင်သည့် လူပုဂ္ဂိုလ်(သို့မဟုတ်) လုပ်ငန်းရှင်နှင့်အဖွဲ့အစည်းများက ၄င်းတို့ခံစားကြုံတွေ့ရမည့် အန္တရာယ်ကို အာမခံလုပ်ငန်းလုပ်သူသို့ လွှဲပြောင်းပေးပြီးဆုံးရှူံးမှု ဖြစ်လျှင်လည်း၊ ယင်းအတွက်လျော်ကြေးပြန်လည်ရခွင့်ရှိသည့် စနစ်ကိုအာမခံစနစ် ဟုဆိုနိုင်ပေသည် ။

နိုင်ငံတစ်ဝှမ်းတွင် နှစ်စဉ် မီးလောင်ဆုံးရှုံးမှုများ တွေ့ကြုံကြားသိနေရပါသည်။မိမိ အိမ်ယာ နှင့် Company လုပ်ငန်းတို့ ကို မီးအာမခံ ထားရှိခြင်းဖြင့် တန်ဖိုးရှိလှသော အိုးအိမ်စည်းစိမ်၊ လုပ်ငန်းများ ဆုံးရှုံးခြင်းကြောင့် ပေါ်ပေါက်လာမည့် လူမှုဒုက္ခနှင့် သောကများကို ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။

ထိုသို့ မီးလောင်ခြင်း Risk ကို လွှဲ ပြောင်းရန် အတွက် မီးအာမခံ ထားရှိခြင်း အတွက် လိုအပ်သည်များကို ဗဟုသုတ အဖြစ်ရေးသားဖော်ပြလိုက်ပါတယ် ။

မီးအာမခံ အကာအကွယ်တွင် မတော်တဆ လောင်ကျွမ်းမီး ၊ ကူးစက်မီး ၊ မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းမီး၊ အိမ်သုံးဓါတ်ငွေ့မှ လောင်ကျွမ်းမီး တို့ အကျုံးဝင်ပါတယ် ။

မီးအာမ ခံ နှင့် တွဲ ဖက်ထားနိုင်သော ခြား အာမခံ အကာအကွယ်များ မှာ

၁) အဓိကရုဏ်းနှင့် မသမာဖျက်ဆီးမှု - 0.06%
၂) လေယာဉ်ဖြင့် ထိခိုက် ပျက်စီးခြင်း - 0.10%
၃) ကုန်လမ်းသွား.ယဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း - 0.10%
၎) မြေကျွံ ၊ မြေပြိုခြင်း - 0.10%
၅) လေမုန်တိုင်းအမျိုးမျိုး - 0.20%
၆) ရေကြီးခြင်း၊ ရေလျှံခြင်း - 0.10%
၇) မြေငလျင် မီးနှင့် ပြိုအက်ပျက်စီးခြင်း - 0.10%
၈) ပေါက်ကွဲပျက်စီးခြင်း - 0.10%
၉) အလိုအလျောက်မီးစွဲလောင်ခြင်း - 0.08%
၁၀) ဖောက်ထွင်းမှု - 0.25% မှ 1.00%
၁၁) စစ်ဘေးအန္တရာယ် - 0.10% တို့ ဖြစ်ပါတယ် ။

အာမခံ ထားငွေကို အဆောက်အဦး၏ သက်တမ်းနှင့် အတန်းအစားအရ ဧရိယာတစ်ယူနစ်ခန့်မှန်းတန်ဖိုး ကို (PAE) စနစ်ဖြင့် လက်ခံပါ ပြီး စက်ကိရိယာ၊ ကုန်ပစ္စည်းနှင့် ပရိဘောဂများကို ကာလပေါက်ဈေးဖြင့် အာမခံ ထားရှိနိုင်ပါသည်။ အာ မခံ သက်တမ်းကို (၁၀)ရက်မှ (၁)နှစ်အထိ နှစ်သက်သလို ထားနိုင်ပါတယ် ။

ပရီမီယံနှုန်း ကို တော့ အဆောက်အဦး၏ အတန်းအစားအသုံးပြုပုံနှင့် ပတ်ဝန်းကျင် အဆောက်အဦး အခြေအနေပေါ် မူတည်၍ လည်းကောင်း၊ စက်ရုံအလုပ်ရုံများဖြစ်ပါက ကုန်ပစ္စည်းထုတ်လုပ်ပုံ၊ အလုပ်ချိန်၊ လုံခြုံရေး အခြေအနေ၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်မှု အခြေအနေ၊ ဘွိုင်လာများ နှစ်စဉ် စစ်ဆေးမှုရှိမရှိ၊ သိုလှောင်ရုံများဖြစ်ပါက သိုလှောင်ထား သည့်ပစ္စည်းများ စနစ်တကျထားရှိမှုရှိမရှိ၊ သိုလှောင်ပစ္စည်းအ၀င်အထွက် မှတ်တမ်းများအရ အာမခံထားသည့် ပစ္စည်းတန်ဖိုးများပေါ်မူတည်၍ ပရီမီယံနှုန်းထား ကို အမျိုးမျိုး သတ်မှတ်ပါသည်။

သာမန်မီးအာမခံနှုန်းထားမှာ တစ်နှစ်လျှင် အနိမ့်ဆုံး 0.13%မှ အမြင့်ဆုံး 3.5% သာ ကျသင့်မည် ဖြစ်ပြီး အခြားအပိုအကာအကွယ်များကို မိမိနှစ်သက်သလို သက်တမ်းတိုးနှုန်း များကို အောက်က ပုံတွင် ဖော်ပြထားသည့်အတိုင်း ထားရှိနိုင်ပါသည်။

လုံးဝဆုံးရှုံးမှု (သို့) တစ်စိတ်တစ်ဒေသ ဆုံးရှုံးမှုဖြစ်ပါက ဆုံးရှုံးမှုအလိုက် ရာခိုင်နှုန်းတွက်ချက်၍ အကျိုးခံစားခွင့်ကို ပေးလျှော်ပေး ပြီး ပထမနှစ်တွင် မီးလောင်ဆုံးရှုံးမှု မရှိပါက နောက်နှစ်သက်တမ်းတွင် လျော်ကြေးမဲ့ဆု (NCB 25%) အကျိုးခံစားခွင့် ရှိပါသည်။

မီးအာမခံ ထားရှိရန် လိုအပ် တာတွေက တော့ အိမ်ခြံမြေ (သို့) ပစ္စည်းပိုင်ဆိုင်မှု စာချုပ်စာတမ်းများနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားတို့သာ လိုအပ်ပါသည်။

Reference - Insurance Policy in Myanmar

============================

Presented to you by Relia Properties

Relia Properties တွင် အဆင့်မြင့်ပြင်ဆင်ပြီး အခန်းများအား အထူးဈေး
ဖြင့်ရောင်းချပေးနေပါသည်။

ငွေပေးချေမှု့များအနေဖြင့် အတိုးမပါလ(၅၀)
အရစ်ကျစနစ်ဖြင့်၎င်း ၊ အတိုးပါ လ (၁၀၀)အရစ်ကျ
စနစ်ဖြင့်၎င်းဝယ်ယူနိုင်ပါတယ်။

Marketing Call : 09262195434, 09765777831, 09765777831

https://m.facebook.com/story.php?story_fbid=298876377264429&id=188273248324743

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မီးအာမခံ”

Post a Comment

Related Posts Plugin for WordPress, Blogger...