Friday, October 20, 2017

ခတ်​သစ်​ ​ဒေဝဒတ်​ သာသနာဖျက်​တွေဇာတ်​သိမ်းရ​​လေတော့မလား

,

မ​လေးမှာ အ​နေကြာခဲ့ပြီးမြန်​မာပြည်​ကိုကျ​နော်​ပြန်​​ရောက်​လာ​တော့
ကျ​နော့အိမ်​ရဲ့ဘုရား​ဆောင်​​ပေါ်မှာ ကျ​နော်​တစ်​ခါမှ မမြင်​ဖူးတဲ့ ကိုရင်​​လေးတစ်​ပါးရဲ့ ဓာတ်​ပုံ​တစ်​ပုံ ​ရောက်​​နေပါတယ်

အ​မေကို​မေးကြည့်​​တော့ အဲဒါအလံတရာဆရာ​တော်​ 
(​ဒေသအ​ခေါ် ဘဘုရား) ဝင်​စားတဲ့
ကိုရင်​​လေးလို့​ပြောပါတယ်
ပြီး​တော့ အ​မေက ကျ​နော့ကိုVCD​တစ်​​ခွေဖွင့်​ပြတယ်

အဲဒီအ​ခွေမှာ ​​စော​စောက ဘုရား​ဆောင်​​ပေါ်ကကိုရင်​​လေးကို ခေါင်းမှာဒက်​​တွေ​အဖွေး​သားနဲ့​တွေ့ရတယ်
အ​ခွေမှာ ကိုရင်​​လေးဆွမ်းစား​နေတာ​တွေ
ကိုရင်​​လေး ကား​ပေါ်ကဆင်းလာတာ​တွေ
ရယ်​​မောစကား​ပြောတာ​တွေ
ဖလားခွက်​​ကြီး​မြှောက်​ပြီး လူသူပရိသတ်​ဘက်
ပိုက်​ဆံကြဲတာ​တွေကို ရိုက်​ပြထားပြီး သူ့ ပတ်​ပတ်​လည်​မှာ​တော့ သူ့ကိုယုံကြည်​သူ ပအိုဝ်းတိုင်းရင်းသား
အများအပြားကို အလွန်​ရိုကျိုးကြဟန်​နဲ့
လက်​အုပ်​က​လေးချီပြီး ယို့ယို့က​လေးရပ်​​နေကြတာ​တွေ့ရတယ်

တချိန်​က သထုံ အလံတရာနယ်​မှာ
ဘဘုရားလို့သူတို့​ခေါ်ကြတဲ့
အလံတရာဆရာ​တော်​ဟာ အလံတရာတစ်​ဝိုက်​မှာသာမက မြန်​မာပြည်​အနှံ့အပြားမှာ ကိုးကွယ်​ဆည်းကပ်​သူအများအပြားနဲ့ အလွန်​ထင်​ရှားခဲ့သူဖြစ်​တယ်

အဲဒီဘဘုရား ပျံလွန်​​တော်​မူကြီး ၉နှစ်​ကြာမှ ဘဘုရားဝင်​စားတယ်​ဆိုသူ
အနှီကိုရင်​​လေးက ​ပေါ်လာတာဖြစ်​ပါတယ်
အဲဒီအချိန်​မှာ ကိုရင်​​လေးဆိုသူကလည်း အသက်​၉နှစ်​တိတိရှိ​နေပြီဖြစ်​ပါတယ်

အရင်​ဘဝ​ဟောင်းကို ပြန်​မှတ်​မိတယ်
အရင်​​ဆွေမျိုး​တွေကို နာမည်​ကအစ
တစ်​​ယောက်​ချင်း ​ခေါ်နိုင်​တယ်
ဘဘုရားရဲ့ လူသိနည်းတဲ့ တစ်​ချို့​သောကိစ္စရပ်​​တွေကို​တောင်​ ​ပြောဆိုနိုင်​စွမ်းရှိတယ်​ဆိုပြီး ​ဘဘုရားဝင်​စားသူအဖြစ်​ ​ဒေသခံ​တွေ လက်​ခံယုံကြည်​ကြတာဖြစ်​ပါတယ်

အ​ခွေကိုကြည့်​ပြီး ကျ​နော်​က
"ဒီကိုရင်​က တစ်​ချက်​မှ ငြိမ်​ငြိမ်​သက်​သက်​မရှိပါလား မျက်​နှာကလည်း
စပ်​ဖြဲဖြဲနဲ့ ​မျောက်​လိုပဲ သူ့ဘာသူ
ဘယ်​သူပဲဝင်​စားစား ဘုရားနဲ့​တော့
တစ်​​နေရာတည်း ရှိမ​နေသင့်​ဘူး"လို့​အ​မေ့ကိုပြောပြီး ဓာတ်​ပုံကို
ဘုရား​ဆောင်​​ပေါ်ကဖြုတ်​ချလိုက်​ပါတယ်

ကျ​နော်​တို့ဆီမှာ
အလံတရာဘက်​ သက္ကဘက်​ ဘုရားဖူးထွက်ဖူး​ကြသူ လူတိုင်း​လောက်​နီးနီးဟာ ဘုရားဖူးကပြန်​လာတိုင်း အိမ်​ရဲ့ ဘုရား​ဆောင်​မှာ
ကိုရင်​​လေးပုံကို ယုံယုံကြည်​ကြည်​ ချိတ်​ဆွဲကိုးကွယ်​လာ​နေကြတာဖြစ်​ပြီး ကျ​နော့အိမ်​မှာ​တော့ ကျ​နော်​​ရောက်​လာပြီးမှ အဲဒီကိုရင်​​လေး
ချောင်​တစ်​ခုထဲ ပစ်​ထည့်​ခံလိုက်​ရတာဖြစ်​ပါ​တယ်

ဒီလိုနဲ့ နှစ်​အနည်းကြာ​တော့
ကျ​နော်​ရှမ်းပြည်​​ဘက်​​ရောက်​​သွားတယ်
အဲဒီမှာ သထုံ​ဒေသခံ​တွေနဲ့ အလုပ်​အတူတူလုပ်​ရပြီး သူတို့မကြာခဏ​ပြောတတ်​တာက​တော့ အရွယ်​​ရောက်​လာပြီဖြစ်​တဲ့ ကိုရင်​​လေး​(ခေါ်)ခွန်​တန်​ဟာ သင်္ကန်းဝတ်​လိုက်​​ဘောင်းဘီရှည်​ဝတ်​လိုက်​နဲ့ တဖြည်းဖြည်း အထိန်းအကွပ်​မရှိ ဆိုးသွမ်းလာ​နေ​ကြောင်း​တွေပဲဖြစ်​ပါတယ်

ခွန်​တန်​ဟာ ဇာတ်​လိုက်​လို့ ကိုယ့်​ကိုကိုယ်​​ခေါ်တဲ့ အရွယ်​​ရောက်​​နေတဲ့ ​ယောက်ျား​လေး​တွေချည်း စုထားတဲ့
အဖွဲ့ဖွဲ့ပြီး ကား​ ဆိုင်​ကယ်​တွေတရကြမ်း​မောင်းတယ်​ အလှူခံတယ်​ ဘုရားတည်​တယ်
တီးဝိုင်း​ထောင်​ပြီး သီချင်းဆိုတယ်
တက်​တူးထိုးတယ်
သေနတ်​ကိုင်​တယ်
စိတ်​မထင်​ရင်​ မထင်​သလို
ကား​တွေဆိုင်​ကယ်​​တွေကို မီးရှို့ဖျက်​ဆီးတတ်​တယ်
သူကားနဲ့တိုက်​လို့ လူ​သေဖူးတယ်

ငယ်ငယ်​တုန်းကလည်းဘာစိတ်​ကူး​ပေါက်​တယ်​မသိ
သူ့ထက်​အသက်​​ရော ဝါ​ရော
အများကြီးကြီးတဲ့ ဘုန်းကြီးတစ်​ပါးရဲ့​ခေါင်း​ပေါ် ​ခြေ​ထောက်​နဲ့​တက်​နင်းပြပြီးဓာတ်​ပုံအရိုက်​ခံဖူးပါတယ်

ထူးဆန်းတာက​တော့ သူဘယ်​​လောက်​ဆိုးဆိုး
သူဘယ်​​လောက်​ပဲ အကျင့်​ပျက်​​ဖောက်​ပြန်​ပြီး လမ်းသရဲလို​နေ​နေ
သူ့ကိုယုံကြည်​ကိုးကွယ်​ကြသူ ​ဒေသခံ​တွေက သူ့အ​ပေါ် တစ်​စိုးတစ်​စိမှ အကြည်​ညိုမပျက်​ကြတာပါပဲ

ပညာ​ရေးအ​ခြေခံနည်းပါးပြီး
ရိုးအတဲ့ ပအိုဝ်းလူမျိုး​တွေရဲ့
ကိုးလွန်းလို့ ကွယ်​ကုန်​ရကြတဲ့  အ​နေအထားလို့ပဲဆိုရပါ​တော့မယ်

အခု​နောက်​ပိုင်းကြားရတဲ့သတင်းက​တော့ ပိုလို့​တောင်​ဆိုး​လာနေပါတယ်
ခွန်​တန်​ဟာ ရိုးအပြီး အရွယ်​မ​ရောက်​​သေးတဲ့ ပအိုဝ်းတိုင်းရင်းသူအများအပြား​ကို ပန်းဦးလွှတ်​တယ်
ဆိုတဲ့သတင်း​တွေကြားလာ​နေရပြီး အဲလိုပန်းဦးလွှတ်​တဲ့အလုပ်​ကို အရင်​​အစိုးရလက်​ထက်​ကတည်းက အများအပြား ကျူးလွန်​​နေခဲ့တာလို့ဆိုပါတယ်

သူ့လုပ်​ရပ်​​တွေဟာ ဘာသာသာသနာအတွက်​ ကြီးစွာ​သော အန္တရာယ်​​တွေဖြစ်​​စေ​ပေမယ့်
လက်​နက်​ကိုင်​အ​စောင့်​အ​ရှောက်​ရှိပြီး
လူသူအင်​အား​လည်းတောင့်​တင်းတဲ့သူတို့အဖွဲ့ကို အရင်​အစိုးရတုန်းကမတို့ရဲ မထိရဲခဲ့ကြဘူးလို့ဆိုပါတယ်
(မတို့ရဲမထိရဲခဲ့တာလား ငါ့အကျိုးစီးပွားမထိခိုက်​သ​ရွေ့ သူ့ဘာသူ သာသနာပဲဖျက်​ဖျက်​ ဘာသာပဲဖျက်​ဖျက်​ ငါ့မှာအ​နေသာကြီးဆိုပြီး ​ပေယျာလကန်​ပဲ ပစ်​ထားခဲ့တာလားဆိုတာအရင်​ ကြံ့ဖွတ်​အစိုးရရဲ့
လူမှုရေးဝန်ကြီးကိုယ်​တိုင်​မှပဲ သိပါ​တော့မယ်​)

အဆိုးဆုံးက​တော့
ကျူးလွန်​ခံရတဲ့ သမီးပျိုတို့ရဲ့ မိဘ​တွေကိုယ်​တိုင်​ကလည်း
အဲလိုပန်းဦးလွှတ်​ခြင်းဟာ သိဒ္ဓိ​မြောက်​တယ်​ဆိုပြီး လိုလိုလားလား လက်​ခံ​ကျေနပ်​လျှက်​ရှိ​နေကြပြီး
အဲဒီ​ဒေသအုပ်​ချုပ်​​ရေးမှူးကိုယ်​တိုင်​က
ဒီလိုကိစ္စ​တွေကို အလိုတူအလိုပါ ကာဗာ​ပေး​နေခြင်းပဲဖြစ်​ပါတယ်

အမှုဖြစ်​စဉ်​ ရာနဲ့ချီရှိ​ပေမယ့်
တိုင်​သူကို သူတို့ဘက်​က​နေ ရန်​သူလို့သတ်​မှတ်​တဲ့အတွက်​ တိုင်​ရဲသူမရှိတာ ဟာလည်း အစိုးရကို အ​ရေးယူရန်​ခက်​ခဲ​စေတဲ့ ကိစ္စတစ်​ခုပါပဲ

ဘာပဲ​ပြော​ပြော အခု​အခါမှာတော့
အရင်​အစိုးရအဆက်​ဆက်
မထိရဲ မတို့ရဲ လွှတ်​​ပေးထားခဲ့ရတဲ့
ဘာသာဖျက်​ သာသနာဖျက်
အရည်းကြီး မိစ္ဆာဝါဒ​ကောင်​ မုဒိမ်းသမားခွန်​တန်​နဲ့
NLDအမတ်​​တွေနဲ့ ထိပ်​တိုက်​​တွေ့ကြ​ပါတော့မယ်

သထုံမြို့နယ်အမှတ် ၁ မဲဆန္ဒနယ် က​နေ​ရွေး​ကောက်​တင်​​မြှောက်​ခံခဲ့ရပြီး
အမျိုးသမီး​ရေးရာ ကိစ္စရပ်​​တွေမှာ
အမြဲတမ်းတက်​တက်​ကြွကြွ ဦး​ဆောင်​လှုပ်​ရှား​နေ​လေ့ရှိတဲ့ ပြည်​နယ်​လွှတ်​​တော်​အမတ်​​ဒေါ်ခိုင်​ခိုင်​လဲ့က
ဘာသာသာသနာညှိုးနွမ်း​စေတဲ့
ဘာသာရေး အကြောင်းပြ ပန်းဦးလွှတ်မှု ပြုလုပ်နေတဲ့ကိစ္စကို တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး
နဲ့ ညှိနှိုင်းလုပ်ဆောင်​နေပြီး အဖွဲ့​ပေါင်းစုံဆီကလည်း အကူအညီ​တောင်းထားပြီလို့သိရပါတယ်

သာသနာ​ရေးဝန်​ကြီး သူရဦး​အောင်​ကိုကလည်း ​ဒီအမှုကိုဖော်​ထုတ်​အ​ရေးယူမယ်​လို့ ဒီက​နေ့​ပြောလိုက်​ပြီဖြစ်​ပါတယ်
ကျူးလွန်​ခံရသူ အသက်​၁၄ ၁၅အရွယ်
မိန်းက​လေးငယ်​​တွေကိုလည်း
တရားမျှတမှုအတွက်​ ရင်​ဆိုင်​ရဲဖို့​ဒေါ်ခိုင်​ခိုင်​လဲ့တို့ဘက်​က စည်းရုံး​နေပါတယ်

အဲဒါနဲ့တပြိုင်​နက်​ ​ဒေါ်ခိုင်​ခိုင်​လဲ့ကို
Messageက​နေ
အသက်​အန္တရာယ်​ခြိမ်း​ခြောက်​လာ​နေတာ​တွေလည်း ရှိလာ​နေပါတယ်

မည်​သို့ပင်​ဆို​စေကာမူ ....
လူထုမဲနဲ့ တက်​လာတဲ့ လူထုအစိုးရစစ်​စစ်​လက်​ထက်​မှာ
အရင်​က ဘယ်​သူမှ မတို့ရဲမထိရဲခဲ့ကြတဲ့
ဘာသာ​ရေးအ​ရေခြုံပြီး လူထုအ​ပေါ် လှည့်​ဖျားလိမ်​လည်​​ ယုတ်​မာ​နေခဲ့တဲ့ ​ခေတ်​သစ်​ ​ဒေဝဒတ်
သာသနာဖျက်​ ခွန်​တန်​ဇာတ်​လိုက်​ဂိုဏ်းတစ်​ဂိုဏ်း
မိုက်​ဇာတ်​သိမ်းရ​​လေတော့မှာလား ဆိုတာကိုတော့....။

စိုးပိုင်ဦး

https://m.facebook.com/story.php?story_fbid=493138071053213&id=100010710728505

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခတ်​သစ်​ ​ဒေဝဒတ်​ သာသနာဖျက်​တွေဇာတ်​သိမ်းရ​​လေတော့မလား ”

Post a Comment

Related Posts Plugin for WordPress, Blogger...