Thursday, October 5, 2017

တူသောအကျိုးဆိုတာ ပေးစမြဲပါပဲ

,
(၅.၁၀.၂၀၁၇)
ဓမ္မစေတီဆရာတော် ဦးကောသလ္လဟောဖူးတယ်တရားထဲမှာ
အညာအရပ်ကအဖွားကြီးတယောက်ပိုင်တဲ့ငရုတ်သီးပွဲရုံမှာ မိန်းမတယောက် ပိုက်ဆံလာတောင်းတော့ ပိုင်ရှင်အဖွားကြီးက လာတောင်းတဲ့မိန်းမကိုကြည့်ပြီး ညည်းနှယ်ခြေလက်အကောင်းသန်သန်မာမာကြီးနဲ့ ငါ့ထက်တောင်ငယ်သေးတာကို ဘာလို့တောင်းရမ်းစားနေလဲ မပေးနိုင်ဘူး ညည်းပိုက်ဆံလိုချင်ရင် ငါ့ဆီမှာအလုပ်လာလုပ်တဲ့
ပြောချင်တာက အသက်အရွယ်ကြီးရင့်ပေမယ့်လည်း အလုပ်လုပ်ကိုင် ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားနေတာကို အားပေးတဲ့သဘော
ရေသာခိုအချောင်လိုက်ပြီး သူများဆီကတောင်းရမ်းစားသောက်နေတာကို အားမပေးတဲ့သဘော
ကိုယ်တွေကတော့ လမ်းမှာဈေးရောင်းစားတဲ့သက်ကြီးရွယ်အိုဆို ဈေးဆစ်တတ်တဲ့အကျင့် ဘယ်လောက်ပါနေပါစေ မဆစ်ဘူး လူငယ်တွေဆီထက် သူတို့ဆီကို ပိုဝယ်ပြီးအားပေးလိုက်တယ်
အခုတော့ဒီလိုမဟုတ်ပါဘူး ခြင်းတောင်းလေး တခုချရောင်းတာနေရာဘယ်လောက်ကျယ်ဝန်းသွားလို့လဲ ဒီလိုမောင်းထုတ်ရအောင် လူမဆန်ဘူးလို့ပဲသတ်မှတ်တယ်ကိုယ်တော့
လူလူခြင်းကိုယ်ခြင်းစာတရားထားကြပါ မပြောခင်မပြုမူခင်ကိုပဲ သူ့နေရာမှာငါဆိုရင်ရော ဘယ်လိုများနေမလဲဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ တွေးကြည့်ကြပါ
ထပ်ရေးချင်သေးတယ် အခုအချိန်ပြဿနာမီးမမွှေးချင်လို့ ပုံတွေကိုသာကြည့်ကြပါတော့ ဒီနေ့ ရွှေတိဂုံဘုရားမှာ ဈေးရောင်းနေတာကို မောင်းထုတ်နေတာတဲ့
မကြောက်တဲ့လူတွေ တူသောအကျိုးဆိုတာ ပေးစမြဲပါပဲ ခံရရင် ၂ ဆဆိုတာတော့သိကြပေါ့

လာဆဲရင် ပြန်ဆဲမှာနော် ပြောထားတယ်

https://m.facebook.com/story.php?story_fbid=456854844710758&id=100011587396834

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တူသောအကျိုးဆိုတာ ပေးစမြဲပါပဲ ”

Post a Comment

Related Posts Plugin for WordPress, Blogger...