Sunday, October 22, 2017

မြန်မာစာအတွက် OCR ရပါပြီ

,
မြန်မာလိုရေးထားပြီး Scan ဖတ်ထားတဲ့ စာရွက်တွေကို စာသားအဖြစ် ပြောင်းလဲပြီး ပြုပြင်မှုတွေလုပ်လို့ရပါပြီ။ အဲဒီနည်းပညာကို OCR လို့ ခေါ်ပြီး Google က ထုတ်လုပ်ထားတဲ့ Google Drive ကနေတစ်ဆင့် ပြုလုပ်လို့ရသွားပါပြီ။ ဘာသာစကားပေါင်း ၁၀၀ ကျော် ထောက်ပံ့ထားမှုအနက်မှာ မြန်မာလည်း ပါဝင်လာတာပါ။

ပြုလုပ်နည်းအဆင့်ဆင့်

၁။ drive.google.com ကိုသွားပါ။
၂။ ဘယ်ဘက်အပေါ်က New > File Upload ကို နှိပ်ပါ။ ပြီးရင် Scan ဖတ်ထားတဲ့ဖိုင်ကို ရွေးလိုက်ပါ။
၃။ Upload လုပ်နေတာ ခဏစောင့်ပါ။ Upload ပြီးရင် အဲဒီဖိုင်ပေါ်မှာ Right Click နှိပ်ပြီး Open With>Google Docs ကို ရွေးပါ။
၎။ Google Docs ပွင့်လာပါလိမ့်မယ်။ ပထမစာမျက်နှာမှာ ကိုယ် Scan ဖတ်ထားတဲ့ပုံ ရှိနေမှာဖြစ်ပြီး အောက်ကစာမျက်နှာတွေပါ အဲဒီ Scan ဖတ်ထားတဲ့ပုံထဲမှာ ပါဝင်တဲ့အရာတွေကို စာသားအဖြစ် ပြောင်းလဲပေးထားတာကို တွေ့ပါလိမ့်မယ်။
၅။ စာလုံးတွေက မမှန်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ အဲဒီစာသားတွေကို ကော်ပီကူးပြီး Microsoft Word ထဲမှာ သွားထည့်၊ ပြီးရင် Font ကို Myanmar3 ပြောင်းလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

စမ်းသပ်ထားတဲ့ ပုံပါ တင်ပေးလိုက်ပါတယ်။ စမ်းသပ်ချက်အရ စာလုံး ၂ လုံး ၃ လုံး မှားယွင်းမှုလောက်သာဖြစ်ပြီး တော်တော်များများ မှန်ကန်တာကို တွေ့ရပါတယ်။

အိုင်တီမန်း
https://m.facebook.com/story.php?story_fbid=1894396690577718&id=100000222167583

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာစာအတွက် OCR ရပါပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...