Friday, November 17, 2017

မူဝါဒကောင်းရင် ဘယ်သူတက်တက်

,
နန်းတော်တစ်မျှခမ်းနားတဲ့အိမ်
ဘီလျှံနဲ့ချီတဲ့စီးပွားရေး
နိုင်ငံတော်ကလစာပေးထားရတဲ့အိမ်အကူတွေအပြင်
လစဉ်ပင်စင်ငွေသိန်းတစ်ရာရနေသေးတဲ့
အငြိမ်းစားဦးစီးချုပ်ရဲ့လက်ညိုးထိုးပြနေတဲ့ဘေးမှာ
ကာကွယ်ရေးဝန်ကြီးကသတိဆွဲလျက်
ရှိနေတယ်..

သေမလားရှင်မလားမရေရာတဲ့ခရီးကို
တစ်ယောက်ထဲသက်စွန့်စံဖျားနဲ့ပင်လယ်တွေဖြတ်ပြီး
တိုင်းပြည်အတွက်ပါးရိုက်နားရိုက်ခံပြီးတော့
တပ်မတော်ကိုတည်ထောင်ပေးခဲ့တဲ့
အင်္ကျီစုတ်သုံးထည်ပဲပိုင်ဆိုင်သွားသူအတွက်ကတော့
စက္ကူ ပေါ်ကနေရာလေးတစ်ခုက
ခက်ခဲလွန်းနေတယ်..

ကန့်ကွက်ခဲ့ကြသူတွေထဲမှာလည်းမကန့်ကွက်ချင်ပဲ
ကန့်ကွက်ခဲ့ရသူတွေလည်းရှိမှာပါ..
စစ်သားရဲ့ဂုဏ်ရည်ကအမိန့်နာခံမှုပဲလေ..
ဒါပေမဲ့SOLDIERဆိုတဲ့စကားလုံးထဲမှာ
Obedienceဆိုတဲ့အမိန့်နာခံမှုအပြင်
Intelligenceဆိုတဲ့ထိုးထွင်းသိမြင်တဲ့
ပညာဥာဏ်ရည်လည်းပါတယ်ဆိုတာကိုတော့
ဘယ်နိုင်ငံကစစ်သားပဲဖြစ်ဖြစ်
သတိပြု ကြရပါလိမ့်မယ်...
လူသေစေနိုင်တဲ့လက်နတ်ကိုင်ဆောင်ထားသူတွေကို
အမိန့်တစ်ခုနဲ့သာတည်ဆောက်ထားရင်
ကမ္ဘာပျက်သွားပါလိမ့်မယ်..
ဒါကြောင့်လည်းစစ်သားဂုဏ်ရည်ထဲမှာ
အမိန့်နာခံမှုနဲ့အတူပညာဥာဏ်ရည်ကိုလည်း
ထည့်သွင်းသက်မှက်ထားကြတာပါပဲ..

အခုဖြစ်နေရတာတွေအတွက်
လူတွေကိုအပြစ်မတင်ချင်ပါဘူး..
မူဝါဒကိုပဲအပြစ်တင်ရမှာပါပဲ
ဘယ်သူဘယ်ဝါဘယ်နိုင်ငံ
ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်တစ်ယောက်သောသူရဲ့
ဆုံးဖြတ်ချက်မူဝါဒ(သို့မဟုတ်)အမိန့်တစ်ခုဟာ
အဖွဲ့အစည်းဝင်အားလုံးကိုငြို ငြင်ခံရမယ်ဆိုရင်..
(သို့မဟုတ်)တစ်ယောက်သောသူရဲ့
ဆုံးဖြတ်ချက်မူဝါဒဟာ
လူအများအပြားကိုထိခိုက်စေတယ်ဆိုရင်
အဲ့ဒီမူဝါဒအဲ့ဒီစနစ်ကိုဖယ်ရှားသင့်ကြတာပါပဲ..

ဒေါ်အောင်ဆန်းစုကြည်ကိုမကြိုက်လည်းရပါတယ်
တစ်ဦးထဲသဘောနဲ့လုပ်ချင်ရာလုပ်လို့ရနေတဲ့
စနစ်(သို့မဟုတ်)အခြေခံဥပဒေ(သို့မဟုတ်)
မူဝါဒမျိုးကိုတော့လျှာနဲ့လျက်မနေဖို့လိုပါတယ်..
လူကောင်းဖို့ထက်မူကောင်းဖို့ပဲလိုပါတယ်..
အမေရိကန်ပြည်ထောင်စုကြီးဟာ
မူဝါဒကောင်းတွေနဲ့တည်ဆောက်ထားတဲ့အတွက်
ဒေါ်နယ်ထရမ့်အသုံးမကျလည်း
ကမ္ဘာ့နံပါတ်တစ်အမြဲဖြစ်နေတာပါပဲ..
မူဝါဒကောင်းရင်
ဘယ်သူတက်တက်ထန်းရည်စစ်ပါလိမ့်မယ်..

N Kham Aung

https://m.facebook.com/story.php?story_fbid=358149391297235&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မူဝါဒကောင်းရင် ဘယ်သူတက်တက်”

Post a Comment

Related Posts Plugin for WordPress, Blogger...