Saturday, November 18, 2017

စစ်တပ်နဲ့ဝါဇီစက်ရုံ

,
ငွေစက္ကူတွေကို ဝါဇီစက်ရုံကပဲ ရိုက်နှိပ်ကြရတယ်။

အဲ့ဒီ ဝါဇီစက်ရုံ ဆိုတာကလည်း
လုံခြုံရေး အကြောင်းပြုလို့ စစ်တပ်က ချုပ်ကိုင်ထားတာ ဒီနေ့အထိပဲ။

လက်ရှိငွေစက္ကူတွေ ဆိုတာကလည်း တိုင်းပြည်ထဲမှာ ဘယ်လောက် ရိုက်ထုတ်ပြီး ဘယ်လောက် လည်ပတ်နေမှန်းဆိုတာ တော်တော် မှန်းဆရ ခက်ခဲတယ်။

ဒါပေမယ့် တင်ဒါကိစ္စတခုခုနဲ့နေပြည်တော်က စစ်တပ်ပိုင်မြဝတီဘဏ်မှာ ပိုက်ဆံသွားထုတ်ရင်တော့ ငါးထောင်တန်ခေတ်တုန်းက ငါးထောင်တန် အသစ်စက်စက်ကလေးတွေပဲ။ အခုတသောင်းတန်ခေတ် ရောက်တော့လည်း ပိုက်ဆံထုတ်ရင် တသောင်းတန် အသစ် စက်စက်ကလေးတွေပဲ ရတတ်တယ်။ ဘာထုတ်ထုတ် ပိုက်ဆံအသစ်ကျပ်ချွတ်ကလေးတွေ အထုပ်လိုက် ရ ရ လာတတ်တာ တွေ့ရတယ်ဆိုတာ အဲ့ဒီမှာ ငွေထုတ်ဖူးတဲ့သူတွေ ကောင်းကောင်းသိတယ်။

အခုလွှတ်တော်ထဲမှာ နောက်နောင်အလျှဉ်းသင့်လို့အသစ်ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ လုံခြုံရေးစနစ်တွေပိုအဆင့်မြင့်မယ့်အပြင် လက်ရှိတိရိစ္ဆာန်ပုံတွေအစား လွတ်လပ်ရေးဗိသုကာ တပ်မတော်ရဲ့ဖခင်ကြီး အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံတွေ ထည့်သွင်းအသုံးပြုမယ်ဆိုတဲ့အဆိုကို ဆွေးနွေးကြတော့ စစ်သားကိုယ်စားလှယ်တွေအကုန်နဲ့ကြံ့ဖွတ်လို့ယူဆရတဲ့အမတ်တယောက်က ကန့်ကွက်တယ်။

ဒီတော့ကာ ဝါဇီကို ဗိုလ်ချုပ်အကြောင်းပြုပြီး လွှမ်းမိုးလာမှာကို စိုးရိမ်တာလားဆိုတာက တကြောင်း ...

လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေဟာ ဗဟိုဘဏ်ကခွင့်ပြုထားတဲ့ပမာဏထက်သာ များပြားထုတ်ဝေထားမယ်ဆိုရင် ငွေစက္ကူအသစ်တွေနဲ့လဲလှယ်တဲ့အချိန်ရောက်ရင် ကမောက်ကမတွေဖြစ်မှာများ စိုးရိမ်နေတာလားဆိုတာက တကြောင်း ....

အဲ့ဒီလိုအကြောင်းလေးတွေများ ရှိနေမလားလို့တွေးမိပါလေရဲ့။

ဒါပေမယ့် ပြန်တွေးကြည့်လိုက်ရင် ဘဏ်တခုကနေ ထုတ်လာတဲ့ ဘဏ်ထုတ်ကို အခြားဘဏ် တခုကနေ ငွေလွှဲဖို့ စစ်တဲ့အခါမှာ ငွေစက္ကူ အတုတွေပါလာတာမျိုး ကြုံကြဖူးမှာပါ။ အွန်လိုင်းမှာလည်း တင်ထားကြတာ တွေ့နေရတာပဲလေ။ ဒီလိုမျိုး လုံခြုံရေးစနစ် အားနည်းတဲ့ ငွေစက္ကူတွေဟာ သေချာပေါက်ကို လုံခြုံရေး စနစ် တိုးမြှင့်ကြရမှာပါ။ အဲ့ဒီတော့ အဲ့ဒီလို အချိန်မျိုးမှ ဗိုလ်ချုပ်ပုံနဲ့ ဒီဇိုင်းပြောင်းထုတ်ဝေမယ်ဆိုရင် ငွေတု အန္တရာယ်ကနေ ခေတ္တခဏ ကင်းဝေးနိုင်သေးတာကိုလည်း အမြတ်အနေနဲ့ ထည့်တွက် နိုင်ပါသေးတယ်။

အခုလက်ရှိဗဟိုဘဏ်ဒုတိယဥက္ကဌဟာ ငွေကြေးဆိုင်ရာပညာရှင်တယောက်ပါ

https://m.facebook.com/story.php?story_fbid=1993746774181599&id=100006388861207

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စစ်တပ်နဲ့ဝါဇီစက်ရုံ”

Post a Comment

Related Posts Plugin for WordPress, Blogger...