Tuesday, February 25, 2020

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက် မှားယွင်း

,
ယနေ့ (၂၅.၂.၂၀၂၀) ပြည်ထောင်စု လွှတ်တော်တွင် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေး ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရာတွင် အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံတွင် (လုံးဝ) မပါရှိသော ဘာသာရေး ကန့်သတ်ချက်အား မရှိဘဲ ရှိပါသည်ဟု မှားယွင်းစွာ ကိုးကား ဆွေးနွေးသွားပါသည်

အဆိုပါ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်က

"အမေရိကန်သမ္မတ (ဒုတိယသမ္မတအပါ) သည် ခရစ်ယန်ဘာသာဝင်သာလျှင် ဖြစ်ရမည်။ ထို့အပြင် သမ္မတအိမ်ဖြူတော်၌ မည်သည့် ရဟူဒီ၊ မည်သည့် ဗုဒ္ဓဘာသာ၊ မည်သည့်မွတ်ဆလင်၊ မည်သည့်ဆခ်၊ မည်သည့် ဟိန္ဒူနှင့် ခရစ်ယန်မဟုတ်သည့် မည်သည့်ဘာသာခြားကိုမျှ တာဝန်ထမ်းဆောင်ခွင့် မပြုရ။"

ဟု အမေရိကန် ဖွဲ့စည်းပုံ၌ မည်သည့်အခါကမျှ မပါရှိခဲ့သည့် ပြဌန်းချက်များအား ရှိပါသည်ဟု လွဲမှားစွာ ကိုးကား ဆွေးနွေးသွားပါသည်

ယင်းကဲ့သို့ ကိုးကွယ်ရာ ဘာသာများအား ခွဲခြားဆက်ဆံသည့် ပြဌန်းချက်သည် အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ လည်းကောင်း၊ အမေရိကန်၏ အခြားသောပြဌန်း ဥပဒေများ၌ လည်းကောင်း လုံးဝ (လုံးဝ) မပါရှိပါ

အမေရိကန်နိုင်ငံတွင် နိုင်ငံသားတိုင်းအား လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး ကမ္ဘာ့ပေါ်တွင် စီးပွားရေးအင်အား စစ်ရေးအင်အား အကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါသည်

မြန်မာနိုင်ငံတွင်လည်း လက်ရှိ ဖွဲ့စည်းပုံဥပဒေအရ ကိုးကွယ်ရာ ဘာသာအသီးသီးအား လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပါသည်

အနာဂတ် မြန်မာနိုင်ငံတော်အတွက် လက်ရှိထက် ပိုမိုကောင်းမွန်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး ဆွေးနွေးကြရာတွင် ကိုးကွယ်သည့် ဘာသာကို အကြောင်းပြု၍ ခွဲခြားဆက်ဆံ ကန့်သတ်ရန် ရည်ရွယ်ခြင်းသည် နိုင်ငံသားများအကြား စည်းလုံးမှု ပြိုကွဲစေပြီး မဖြစ်သင့် မဖြစ်ထိုက်သည့် သဘောထားသာ ဖြစ်ပါကြောင်း လေးစားစွာ အကြံပြု တင်ပြအပ်ပါသည်

(ဓာတ်ပုံ - ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်၏ လွှတ်တော်တွင် တင်ပြသည့်စာသား)

ဦးအောင်လှိုင်ဝင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မင်္ဂလာဒုံမဲဆန္ဒနယ်

https://m.facebook.com/story.php?story_fbid=1105579893108252&id=100009687559687

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက် မှားယွင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...