Saturday, September 5, 2020

NLDအစိုးရတက်ရင် . . .

,

မဲဆွယ်ဆောင်ပုဒ် ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း တကယ်ပြောင်းလဲမယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် ငြိမ်းချမ်းရေးရတော့မယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် ခြေဥ တကယ်ပြင်မယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် အစိုးရအဖွဲ့ဝင်တွေ အမတ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူကို ချပြမယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် ရွေးကောက်ပွဲကတိက၀တ်တွေ တကယ်ဖြစ်လာမယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် အာဏာရှင်လက်အောက်က လွတ်မြောက်တော့မယ်လို့  ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် လွတ်လပ်စွာရေးသားပြောဆိုခွင့် အပြည့်ရမယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်လာမယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင်  ဆင်းရဲတွင်းက လွတ်မြောက်မယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် ပြည်သူ့ခေတ်ရောက်ပြီလို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် ဘာလုပ်လုပ် ပြည်သူကိုချပြ ပြည်သူ့သဘောထားခံယူမယ်လို့ ထင်ခဲ့တယ်


NLD အမတ်တွေအားလုံးဟာ ကဏ္ဍအသီးသီးမှာကျွမ်းတက်မြောက်တဲ့ ပညာရှင်တွေလို့ထင်ခဲ့တယ်


NLD တက်ရင် တရားဥပဒေစိုးမိုးမယ်လို့ ထင်ခဲ့တယ်


NLD တက်ရင် အကျင့်ပျက်လာဘ်စားမှုတွေ တကယ်ပပျောက်မယ်လို့ ထင်ခဲ့တယ်


NLD တက်ရင် အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်ရမယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် မဲဆွယ်ပွဲမှာ ကတိပေးခဲ့တဲ့အတိုင်း မြစ်စုံစာချုပ်ကို ချပြမယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် ခရိုနီတွေ အရင်လို မတရားလုပ်စားလို့ မရတော့ဘူးလို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် ပြည်သူနဲ့ တစ်သားတည်းရှိမယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် လွှတ်တော်အမတ်တွေ မဲဆွယ်ပွဲမှာ ကတိပေးခဲ့သလို ငါတို့ တကယ်ခိုင်းလို့ရတော့မယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် ကုန်ဈေးနှုန်းတွေကျလာမယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် ကျန်းမာရေး၊ ပညာရေး အဆင့်အတန်းမြင့်လာမယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် အလုပ်အကိုင်အခွင့်လမ်းတွေ ကောင်းလာမယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် ဝန်ထမ်းတွေ လစာမြင့်လာမယ်လို့ ထင်ခဲ့ဘူးတယ်


NLD အစိုးရဖြစ်ရင် နိုင်ငံတကာ အကူအညီတွေ အများကြီးရလာမယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် ကားဈေးတွေကျလာမယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် စက်သုံးဆီဈေးတွေကျလာမယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် နိုင်ငံတကာဧည်သည်တွေအများကြီး ၀င်လာမယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ အများကြီးဝင်လာမယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် မြန်မာကျပ်ငွေတန်ဖိုးတက်လာပြီး ဒေါ်လာဈေးတွေကျလာမယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်ရင် ၀န်ကြီးတွေ အမတ်တွေ အကျင့်ပျက်ရင် တကယ်ထောင်ချမယ်လို့ ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် အရင်လူတွေမတရားယူထားတာတွေ ပြန်ယူပေးမယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် အသေးစား အလတ်စား လုပ်ငန်းတွေ တိုးတက်လာမယ် ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး လယ်သမားတွေဘဝြမင့်မားလာမယ်ထင်ခဲ့တယ်


NLD အစိုးရဖြစ်လာရင် နိုင်ငံခြားမှာ ကျွန်မခံတော့ဘူး ကိုယ့်နိုင်ငံ ကိုယ်ပြန်မယ်လို့ ကြုံးဝါးထားခဲ့မိတယ်


NLD အစိုးရဖြစ်လာရင် ဘယ်နိုင်ငံမှ ငါတို့ကို ဗိုလ်ကျအနိုင်ကျင့်လို့ မရတော့ဘူးလို့ ထင်ခဲ့တယ်


NLD အမတ်တွေ အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ အကျင့်ပျက်မှုလုံးဝရှိမှာ မဟုတ်ဘူးလို့ထင်ခဲ့တယ်


အနှစ် ၂၀ အတွင်းစင်္ကာပူကို ကျော်မယ်လို့ဆိုတာကို ယုံခဲ့တယ်


NLD အမတ်တွေ အစိုးရအဖွဲ့ဝင်တွေဟာ ဆင်းရဲကြတယ်လို့ ထင်ခဲ့မိတယ်


ရက် ၁၀၀ အတွင်း တိုင်းပြည်စီးပွားရေး နလံထလာအောင်လုပ်မယ်ဆိုတာကို ယုံခဲ့တယ်


ရက် ၁၀၀ စီမံကိန်းကြီး အောင်မြင်မယ်လို့ ထင်ခဲ့တယ်


မြေအောက်မြို့တော် လုပ်မယ်ဆိုတာကို ယုံခဲ့တယ်


မိုးပျံကားလမ်း ရထားလမ်းတွေ တကယ်ဖြစ်လာမယ် ထင်ခဲ့တယ်


ကျုးကျော်တွေဘ၀ မြင့်မားအောင်လုပ်ပေးမယ်ဆိုတာကို ယုံခဲ့တယ်


နောက်အစိုးရတက်လာလို့ ပြောစရာတွေ့ရင် ကျွန်တော်တို့ပါးစပ်က ပိတ်နေမှာမဟုတ်ဘူးဆိုတဲ့ စာပေဟောပြောပွဲ ဆရာတွေရဲ့ စကားကိုယုံခဲ့တယ်


ဦးသိန်းစိန်လက်ထက် ပြည်သူ့ရှေ့က ရပ်တည်ခဲ့တဲ့ နိုင်ငံရေးသမားတွေဟာ NLD တက်လာလည်း လူထုရှေ့ကရပ်တည်နေအုံးမယ်လို့ ယုံခဲ့တယ်


မြန်မ့ာစီးပွားရေး အလျှင်အမြန်တိုးတက်နေပြီဆိုတာကို ယုံခဲ့တယ်


တကယ်တော့ ကျွန်တော်ဟာ ဈေးရှေ့မှာပြတဲ့ မျက်လှည့်ပွဲကြည့်မိသူတစ်ဦးပါ


- ကျော်ကြီး(MDY)


Photo - Kyaw Gyi (mdy)


ဖက်ဆစ်စံနစ်ပျောက်‌မယ်ဆိုတာ ယုံခဲ့တယ် ။

(ဗမာကမြန်မာဖြစ်

တိုင်းရင်းသား ၁၄၄ မျိုးကနေ ၁၉၉၀ လောက်မှ ၁၃၅ မျိုးရယ်လို့ ပြောချင်သလိုပြော ၂၀၁၄ တရားဝင်ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှာ လူမျိုးနွယ် ၇၀၀ ကျော်ဖြစ်နေတာ

မျက်ကွယ်ပြုထားကြလေတယ် ။

ဗမာလူမျိုးကြီးဝါဒ (ဖက်ဆစ်နာဇီဝါဒ)

ကျဆုံးပါစေ ။ ခွင့်တူညီမျှ ဗမာဝါဒ အောင်မြင်ပါစေ 

ဘာသာလူမျိုး ခွဲခြားမှုကင်းသည့် 

နိုင်ငံသားတစ်မျိုးတည်းဝါဒ ထူထောင်နိုင်ကြပါစေ ။ 

ပြည်ထောင်စုဘွား နိုင်ငံသူ/သား ညီနောင်များအားလုံးညီညွတ်ကြပါစေ ။

မတရားမှုများ ချုပ်ငြိမ်းပျောက်ကွယ်သွားပါစေ ။)


Hein Myo Win


https://www.facebook.com/100013770937956/posts/968716273597395/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “NLDအစိုးရတက်ရင် . . .”

Post a Comment

Related Posts Plugin for WordPress, Blogger...