Thursday, February 27, 2020

လဝကမှသွေးနှောလို့ပြောပြီးရစ်နေသောဝန်ထမ်းများ အနှစ်ချူ ပ်

,
No.၁၀ အပိုဒ်(ခ)စာပိုဒ်
မရှင်းရင်သေချာပြန်ဖတ်ပါ သွေးနှောလို့ပြောပြီး ရစ်နေတဲ့ဟာတွေ ရပ်တန်းကရပ်ပါတော့ ကြာရင် သွေးနှောလို့အပြောခံရတဲ့သူတွေပေါင်းမိသွားရင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်လို့ပါ
**************************************
ပြည်သူတွေလေ့လာနိုင်အောင်၁၉၄၈/၁၉၈၂ လဝက
ဥပဒေတင်ပေးလိုက်ပါတယ်
ဥပဒေ လောကတွင် ဖြစ်လေ့ ဖြစ်ထ ရှိသော ပုံစံ မှ ကွဲလွဲ တည်ရှိနေသော ၁၉၈၂ နိုငံသား ဥပဒေ။
***     ***     ***
၁။ ဥပဒေ အသစ် ပြဌာန်းလျှင် ဥပဒေ အဟောင်း မှာ အလို အလျှောက် ပျက်ပြယ် သည်ဟု ဥပဒေ သမားများ ထင်မှတ် မှားကြ၏။

၂။ ၁၉၈၂ နိုင်ငံသားဥပဒေ ပြဌာန်း ထားပြီးဖြစ်၍ နိုင်ငံသား စိစစ် ရာတွင် ၁၉၄၈ နိုင်ငံသား ဥပဒေ သည် မလိုအပ်ဟု ရှေ့နေ တစ်ဦးက စောဒက တက်သည်။

၃။ သို့သော် ၁၉၈၂ နိုင်ငံသား ဥပဒေတွင် ၁၉၄၈ ဥပဒေကို ဖျက်သိမ်းလိုက်ကြောင်း ရေးမထားပါ။

၎။ ၁၉၈၂ နိုင်ငံသား ဥပဒေ ပုဒ်မ (၄၂) တွင် ၁၉၄၈ နိုင်ငံသား ဥပဒေပါ ပြဌာန်းချက် တွေကို ဆက်လက် အတည်ပြုပေး ထားတာကို လွှတ်တော် အမတ်တွေ၊ ရှေ့နေတွေတောင် သတိ မပြုမိဘူး ဆိုမှတော့ သာမန်ပြည်သူတွေ သိဖို့ ဝေးပါသည်။

၅။ ၁၉၄၈ နိုင်ငံသား ဥပဒေအရ နိုင်ငံသား ဖြစ်ပြီး သူများသည် ၁၉၈၂ ဥပဒေ အတည် ဖြစ်ချိန်တွင် နိုင်ငံသားအဖြစ် ဆက်လက် တည်ရှိကြောင်း အတိ အလင်းပြဌာန်း ထားပါသည်။

၆။ ၁၉၄၈ မတိုင်မီ ၁၀ နှစ် အရင် မြန်မာ့မြေ ပေါ် တွင် နေထိုင်ခဲ့သူ များသည် ၁၉၄၈ နိုင်ငံသား ဥပဒေ အရ မြန်မာ နိုင်ငံသား လျှောက်ထား နိုင် သည်။
၁၉၄၈ မတိုင်မီ မြန်မာ့ မြေပေါ်တွင် မွေးသူတိုင်း သည် မြန်မာ နိုင်ငံသား ဖြစ်သည်ဟု ၁၉၄၈ ဥပဒေ တွင် အတိအလင်း ပြဌာန်း ထားသည်။

၇။ ၁၉၄၈ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရှိသူများ သည် အထောက် အထားနှင့် တကွ ယနေ့တိုင် လျှောက်ထားနိုင်သေးကြောင်း ၁၉၈၂ နိုင်ငံသား ဥပဒေ ပုဒ်မ (၄၂) တွင် အတိ အလင်း ပြဌာန်း ထားသည်ကို တွေ့ရသည်။

၈။ ထို့ကြောင့် ၁၉၈၂ မတိုင်မီ မွေးဖွားသူများကို ၁၈ နှစ်ပြည့် မှတ်ပုံတင် ထုတ်ပေးရန် အတွက် ယနေ့ လျှောက်လာပါက နိုင်ငံသား စိစစ်ရာတွင် ၁၉၄၈ ဥပဒေကို မလွဲ မသွေ အ သုံးပြုရန် လိုပါ လိမ့်မည်။

၉။ ထို့ကြောင့် နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ် မည် ဆိုလျင် ဥပဒေ ၂ ခု လုံးကို အသုံးပြုရန် လိုအပ် နေသောကြောင့် လွှတ်တော် ကိုယ်စား  လှယ်များ၊ နိုင်ငံတော် အတိုင်ပင်ခံနှင့် အစိုးရ အဖွဲ့ဝင်များ၊ တရားသူကြီးနှင့် ရှေ့နေများ၊ တက္ကသိုလ် ကောလိပ် အသီးသီးမှ ဥပဒေ ပညာရှင်များ၊ လ.ဝ.က ဝန်ထမ်းများ အနေဖြင့် ၁၉၄၈ နှင့် ၁၉၈၂ နိုင်ငံသား ဥပဒေ နှစ်ရပ်လုံးကို သေချာစွာ လေ့လာပြီးမှ နိုင်ငံသား စိစစ်ရေး လုပ်ငန်း များးကို လုပ်ဆောင် သင့်သည်။

တနည်းအားဖြင့် ၁၉၈၂ နိုင်ငံသား ဥပဒေကို သေ ချာ စွာ လေ့လာပြီးမှသာ နိုင်ငံသား စိစစ်ရန် အကြောင်း တို့ကို ရေးသင့်၊ ပြောသင့်၊ ဝေဖန် သင့်၊ အကြံပေး သင့်သည်။

၁၀။ အနှစ်ချုပ်ရသော် ...
(က) ၁၉၈၂ မတိုင်မီ မွေးဖွား သူများကို နိုင်ငံ သား စိစစ်ရာတွင် ၁၉၄၈ ဥပဒေ အဟောင်း ကို (၁၉၈၂ ဥပဒေ အသစ် အရ) မလွဲ မသွေ အသုံး
ပြုရန် လိုအပ်ပါသည်။

(ခ) ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသည့် မွေးရာပါ တိုင်းရင်းသား (Citizen by birth) တို့မှ လွဲလျင် ကျန်လူမျိုး များကို နိုင်ငံသား စိစစ်ရာတွင် နိုင်ငံသား ဥပဒေ ၂ ရပ်လုံး အရ မိဖ ဘိုးဘွား တို့၏ နိုင်ငံသား status ကိုသာ အဓိကထား စိစစ် ရမည် ဖြစ် ပြီး လူမျိုး အမည် အငြင်းပွား နေစရာ မလို သလို သမိုင်း စာအုပ် ပြုစု နေစရာလည်း မလိုပါ။

(ဂ) တနည်း အားဖြင့် ဆိုရသော် ကိုလိုနီခေတ် သမိုင်းကြောင်းကို ၁၉၄၈ နိုင်ငံသား ဥပဒေက အပြတ် ဖြတ်ခဲ့ပြီး ဖြစ်သောကြောင့် နိုင်ငံသား စိစစ်ဖို့ အတွက် သမိုင်း ဆိုင်ရာ အချက် အလက် များကို အငြင်း ပွားနေစရာ၊ ပြုစု နေစရာ မလိုပါ။

(ဃ) ထိုထက်ပို၍ ထင်ရှားအောင် ပြောရမည် ဆိုလျင် ကိုလိုနီခေတ် ရွေ့ပြောင်း လယ်ယာ လုပ်သားများ သည်လည်း ၁၉၄၈ နိုင်ငံသား ဥပဒေအရ နိုင်ငံ သား ဖြစ်ခွင့်/လျှောက်ထားခွင့် ရှိနေပါသည်။

(င) ထို ကိုလိုနီခေတ် လယ်ယာ လုပ်သားတို့၏ မျိုးဆက် တို့သည်လည်း ပြဌာန်းခဲ့သော နိုင်ငံ သား ဥပဒေ အရပ်ရပ်တို့ အရ နိုင်ငံသား ဖြစ်ခွင့်/နိုင်ငံသား လျှောက်ထားခွင့် ရှိနေကြပါသည်။

(စ) ရှင်းနေသည်ကို ရှုပ်အောင် လုပ်လျှင် အရှုပ် သံသရာ လည်နေပါလိမ့်မည်။

(ဆ) နိုင်ငံ အမှန် ဖွံ့ဖြိုး တိုးတက်ဖို့ နိုင်ငံရေး game ကစားခြင်းမှ ရှောင်ကျဉ် ကြပါစို့။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လဝကမှသွေးနှောလို့ပြောပြီးရစ်နေသောဝန်ထမ်းများ အနှစ်ချူ ပ် ”

Post a Comment

Related Posts Plugin for WordPress, Blogger...