Friday, October 6, 2017

ဦးသန်းရွှေခေတ်က ပျော်စရာကောင်းတယ်။

,
အေးနေဝင်းဆိုတာလဲ ထောင်ထဲမှာ

ဦးခင်ညွန့်ဆိုတာလဲ အချုပ်ထဲမှာ

၃ရက်မှာ၁ရက်လောက်ပဲ မီးပေးလည်းပဲ ဘယ်သူမှ အသံမထွက်ရဲဘူး။

ကုန်ဈေးနှုန်းတွေတက်လဲ ကြိတ်ခံကြတာ

လမ်းတွေမကောင်းလဲ ဖြစ်သလိုမောင်းကြတာပဲ

ဖုန်းပြောချင်ရင် pcoလေးတွေဆီပြေး ၁မိနစ်၅၀နဲ့ ဟဲလိုရတာ

ဘယ်မော်ဒယ်လ် ဘာဆုရတယ်ဆိုတာ တော်ရုံလူမသိသလို ဆဲရကောင်းမှန်းလဲ နားမလည်ကြသေးဘူး။

စာလုံးပေါင်းမမှန်ပဲလျှောက်ဆဲနေကြတဲ့ ကြက်ချေးတန်းအောင်တွေဆိုတာကလဲ ခုခေတ်လို facebookပေါ် မရောက်သေးဘူး။

တစ်အိမ်တစ်ယောက် မတက်မနေရတဲ့ ဟောပြောပွဲတွေမှာဝေတဲ့ ကောက်ညှင်းပေါင်းထုပ်ရတဲ့သူဟာ အကောင်ပဲ(ချီးတစ်မယ့်ကောင်)

လူကြီးတစ်ယောက်က စင်ပေါ်ကနေဟောပြောရင် ရှေ့ကညာသံပေး လက်ခုပ်တီး တရွှီးရွှီးနဲ့ ရွှီးနေကြတာ ပျော်စရာပါပဲ

ကိုယ့်အိမ်ဧည့်သည်လာရင် ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်
ဘောပင်ကိုင်ပြီးထိုင်နေတဲ့ ၄တန်းအောင်ကို တီးဖိုးပေးရတာ ပျော်စရာကောင်းတယ်။

အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာရဖို့ အကျင့်မကောင်းတဲ့ သူတွေကိုခယကြရသေးတယ်။

စုတ်ပြတ်သတ်ပြီး အချိန်မမှန်တဲ့ မီးရထားတွေ သံလမ်းပေါ်မှာ ယိမ်းထိုးနေတာကြည့်ရတာ ပျော်စရာကောင်းတယ်၊

တကယ်ပြောတာ...

ဦးသန်းရွှေခေတ်က ပျော်စရာကောင်းတယ်။
credit sitt naing hein
#လမ်းပြကြယ်​ဖြူ

https://m.facebook.com/groups/1469898766620657?view=permalink&id=2112143912396136

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးသန်းရွှေခေတ်က ပျော်စရာကောင်းတယ်။”

Post a Comment

Related Posts Plugin for WordPress, Blogger...