Friday, October 6, 2017

ရွှေတိဂုံဘုရားအနီး ငုံးဥပြုတ်ရောင်းတဲ့ ဘာသာခြား တစ်ဦးဈေးရောင်းချမှုပိတ်ပင်ခံရတယ်လို့ သိရပါတယ်။ (MUNA/စိုးနိုင်ဦး)

,
ဒီနေ့(5.10.17)မှာကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ နေ့လယ်ပိုင်းကဘာသာခြား သက်ကြီးပိုင်း အမျိုးသားတစ်ဦး ရွှေတိဂုံဘုရား ဝတ္တကမြေနဲ့အနီးဝန်းကျင်မှာ ငုံးဥပြုတ်ရောင်းလို့ ဗုဒ္ဓဘာသာဝင်တချို့က သက်ဆိုင်ရာလုံခြုံရေးကို အကြောင်းကြားပြီး ဈေးရောင်းချခွင့်မပြုပဲ ပြန်ခိုင်းလိုက်တယ်လို့ လူမှုကွန်ရက်တွေမှာရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

"ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်မှာ ဘယ်ဘာသာခြားမှ ဈေးရောင်းခွင့်မရှိဘူး" ရေးသားချက်အပါအဝင် ဓါတ်ပုံမှတ်တမ်းနဲ့တကွ Aung Min Thu အမည်ရှိတဲ့ ဖေ့ဘုတ်အကောင့်တစ်ခုက လူမှုကွန်ရက်မှာ ဒီနေ့ညနေ ၄နာရီဝန်းကျင်ခန့်က ဖော်ပြထားတာကိုတွေ့ ရှိရတာဖြစ်ပါတယ်။

အထက်ပါကိစ္စရပ်နဲ့ ပတ်သက်ပြီး MUNA က ဗဟန်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းအနေနဲ့ မသိရှိကြောင်း၊ လာရောက်တိုင်ကြားထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြားပါတယ်။

အလားတူဖြစ်ရပ်မျိုး ၂ နှစ်ဆက်တိုက် သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရားဝန်းကျင်မှာပဲ
ဖြစ်ပွားခဲ့ကြောင်းသိရှိရပြီး ဖြစ်စဉ်တွေမှာ
ငွေကြေးဆုံးရှုံးနစ်နာခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဂရုဏာသက်ဝင်ကြတဲ့  ဖေ့ဘုတ်သုံးစွဲသူ ဗုဒ္ဓဘာသာဝင်များ နဲ့ အစ္စလာမ်ဘာသာဝင်များက စုပေါင်းပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြတယ်လို့ 
သိရှိရပါတယ်။

ဈေးရောင်းချခွင့်ပိတ်ပင်ကြောင်း ဖေ့ဘုတ်မှာဖော်ပြထားတဲ့ မူရင်းပို့စ်လင့်ခ် >>>>
https://www.facebook.com/AungMinTun.myanmar/posts/1449332048484032

ရန်ကုန် အောက်တိုဘာ ၅
#MUNA

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရွှေတိဂုံဘုရားအနီး ငုံးဥပြုတ်ရောင်းတဲ့ ဘာသာခြား တစ်ဦးဈေးရောင်းချမှုပိတ်ပင်ခံရတယ်လို့ သိရပါတယ်။ (MUNA/စိုးနိုင်ဦး)”

Post a Comment

Related Posts Plugin for WordPress, Blogger...