Saturday, October 7, 2017

ဘာသာရေးသည် တမလွန်နှင့်သက်ဆိုင်သည်

,
C. ကိုယ်တိုင်သွားရောက်ကူညီသူ
https://www.facebook.com/kothetswewin

ဘာသာရေးသည် တမလွန်နှင့် သက်ဆိုင်သည်။ လောကီအရေးနှင့် များစွာ မသက်ဆိုင်။ လောကုတ္တရာဟုခေါ်သော လောကသံသရာမှ လွတ်မြောက်ကြောင်းများသာ ဖြစ်သည်။

ဘာသာရေးသည် နိုင်ငံလွတ်လပ်ရေး ရရန်လည်း မဆောင်ရွက်ပေးနိုင်၊ နိုင်ငံ စီးပွားရေးတိုးတက်ရန်လည်း မဆောင်ရွက်ပေးနိုင်၊ ဒီမိုကရေစီ၊ ဖက်ဒရယ် ကိစ္စများကိုလည်း မဆောင်ရွက်ပေးနိုင်။

ထို့ကြောင့် ဘာသာရေးသည် နိုင်ငံရေးနှင့် မသက်ဆိုင်။ ဘာသာရေးနှင့် နိုင်ငံရေး စည်းခြားရမည်။

လောကလွန် တဦးချင်းစီအတွက် ချမ်းသာကြောင်းတရားနှင့်  လောကတွင်း လူထုတရပ်လုံး ချမ်းသာကြောင်းတရားသည် ပန်းတိုင်မတူ။ နည်းနာကွဲလွဲသည်။

ဘာသာရေးတွင် ဘုရားများ ရှိသော်လည်း နိုင်ငံရေးတွင် ဘုရားမရှိ။ ပြည်သူသာလျှင် အခရာ ဖြစ်သည်။

သေနတ်ကိုင် လူသတ်ပြီး နောင်ဘဝတွင် ငရဲကျမှာ ကြောက်သောအခါ ရဲသော် မသေ၊ သေသော် ငရဲမလားဟု ကြံဖန်ဝါဒဖြန့်ရသည်။

ဘုရားမှ အာဏာပေးသူ တရားသော မင်းဟု ပြည်သူကို ယုံကြည်စေပြီး တခြားတိုင်းပြည်ကို စစ်ခင်း၍ နယ်ချဲ့လိုသော် သာသနာပြုသည်ဟု ထပ်မံဝါဒဖြန့်ပြန်သည်။

ဘာသာရေးက်ု နိုင်ငံရေးထဲ သွတ်သွင်းပြီး ထပ်တူပြုရန် ကြိုးစားပါက ညှိ၍ ရသည်လည်း ရှိမည်၊ ညှိမရသည်လည်း ရှိမည်။ ထိုအခါ အားပြိုင်မှုများပေါ်လာကာ နှစ်ဖက်စလုံး အကျိုးမဲ့တတ်သဖြင့် ဝေးဝေးထားခြင်းက ပိုကောင်းသည်။

https://m.facebook.com/story.php?story_fbid=1130626897070437&id=661818940617904

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဘာသာရေးသည် တမလွန်နှင့်သက်ဆိုင်သည်”

Post a Comment

Related Posts Plugin for WordPress, Blogger...