Saturday, October 7, 2017

ဟောပြောပွဲမှအပြန် စာရေးဆရာညီမင်းညို စီးလာသောကား ခဲဖြင့်အထုခံရ

,
ယနေ့မနက် (အောက်တိုဘာလ ၇ ရက်)က စာရေးဆရာ ညီမင်းညို  ဟောပြောပွဲတစ်ခုမှ အပြန်တွင် စီးလာသောကားကို ခဲဖြင့် အပစ်ခံခဲ့ရကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းထဲက ကျောက်ဆည်ရွာအနီးတွင် ခဲ့ဖြင့် အထုခံခဲ့ရကြောင်းသိရသည်။

“လုံးဝ လူမဆန်တဲ့လုပ်ရပ် တစ်ခုကို ည (၂) နာရီခွဲ လောက်က စစ်ကိုင်းတိုင်း ကျောက်ဆည်ရွာထိပ်မှာ
ကျွန်တော်တို့ ခံစားလိုက်ရတယ် ကားကို ခဲနဲ့ လူနှစ်ယောက်က ထုပြီး ရွာထဲပြေးဝင် သွားတာပါ ပုံပါအတိုင်းကြည့်ပါ
ကိုညီမင်းညိုကတော့ မှန်စတွေ မျက်နှာလာမှန်ပြီး သွေးတွေ တအားကျနေပါတယ်
ကံတလူတိုးဂိတ်က ရဲကင်းမှာ သတင်းပို့ပြီး  အခု ကျွန်တော် ကိုညီ့ ကို မြို့တော်ဆေးရုံလိုက်ပို့
ဒဏ်ရာက ချုပ်ရမယ် ပြောပါတယ်” ဟု စာရေးဆရာနှင့် လိုက်ပါခဲ့သူ က ဆိုသည်။

တာဝန်ရှိသူတွေအနေနဲ့ အဲဒီ ခဲ ခဏခဏ ပစ်တယ် ဆိုတဲ့ နေရာတစ်ဝိုက်ကို စောင့်ကြည့်ပြီး အရေးယူသင့်ပါတယ် လို့လည်း ၄င်းက ဆိုသည်။ စာရေးဆရာ ညီမင်းညိုက ရန်ကုန်တွင် နေထိုင်သူဖြစ်ပြီသည်။ စာပေဟောပြောပွဲများစွာ ပြည်တွင်းပြည်ပတွင် လိုက်လံဟောပြောနေသည်။

“တကယ်လေးစားပါတယ် ကိုညီ ။ လူက တစ်ကိုယ်လုံး သွေးတွေ အလိမ်းလိမ်းကြားက ဌားလာတဲ့ ကားဆရာကြီးကို ပျက်စီးသွားတဲ့
မှန်တွေ ကျွန်တော် တာဝန်ယူမယ်ဆိုပြီး လှမ်းပြောနေလေရဲ့”  ဟု Myat Swe  (စာရေးဆရာ ထွဏ်းသွေးအိမ်) ဖေ့စ်ဘွက်အသုံးပြုသူက ရေးသားထးသည်။

မနေ့ည (အောက်တိုဘာလ ၆ ရက်) က စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ စည်ကြီး (အ.ထ.က) အာစရိယပူဇော်ပွဲ၊ စာပေဟောပြောပွဲသို့ စာရေးစရာ ထွန်းသွေးအိမ်နှင့်ညီမင်းညိုတို့ အတူသွာခဲ့ကြပြီး ပြန်အလာမှာ ခုလို တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။။ ကျောက်ဆည်ရွာအနီးမှာ တိုက်ခိုက်ခံရတယ်လို့သာ သိရသေးပြီး မည်သူမည်ဝါဆိုတာကိုတော့ မသိရသေးပါဘူး။

Photos©Myat Swe
Mg MgMyatThu

Pannpwint
http://www.pannpwint.com/archives/5533

https://m.facebook.com/story.php?story_fbid=500184107019359&id=100010833217066

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဟောပြောပွဲမှအပြန် စာရေးဆရာညီမင်းညို စီးလာသောကား ခဲဖြင့်အထုခံရ”

Post a Comment

Related Posts Plugin for WordPress, Blogger...