Sunday, January 19, 2014

စစ်တပ်အုပ်ချုပ်လို့ မွဲပြာကျသွားတဲ့တိုင်းပြည်ကို ပြန်ချမ်းသာအောင် ဒီမိုကရေစီနိုင်ငံထူထောင်ချင်တယ်

,
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးတွင် ဒေါ်အောင်ဆန်းစု ကြည်သမ်္မတဖြစ်လာနိုင်ရေး အတားအဆီးသဖွယ်ဖြစ်နေသော ပုဒ်မ ၅၉(စ) အပါအ၀င် ပုဒ်မ အချို့ကို ပြင်ဆင်ရန် နိုင်ငံတစ် ၀ှမ်းသို့ လိုက်လံဟောပြောနေ သော တရားလွှတ်တော်ရှေ့နေ ဦးကိုနီက သမ်္မတဆိုသည်မှာ ဖြစ် ချင်တိုင်းဖြစ်၍မရကြောင်း၊ လူထု ရွေးချယ်မှရမည်ဖြစ်ကြောင်းသမ်္မတ ဖြစ်ရေး၊ မဖြစ်ရေးကို ပြည်သူက သာ ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ယခုလိုအချုပ်အခြာအကန့်အသတ် မှာ ပြည်သူ့ဆန်္ဒကို ကန့်သတ်ခြင်း ဖြစ်ကြောင်း၊ ရှစ်လေးလုံးဒီမိုက ရေစီအရေးတော်ပုံငွေရတုအခမ်း အနား၏ ဆုံးဖြတ်ချက်ရပ်ကို အကောင်အထည်ဖော်ရေးစုံညီ အစည်းအဝေးသို့ တက်ရောက် လာစဉ် မီဒီယာများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြောကားခဲ့ သည်။
““တကယ်လို့ ဒေါ်စုက သူ့ ကလေး ၂ ယောက်ကို နိုင်ငံသား ခံခိုင်းရင်လည်း သူသမ်္မတဖြစ်ချင် လို့ ကလေး ၂ ယောက်ကို ဇွတ် တရွတ် မြန်မာနိုင်ငံသားခံယူခိုင်း တယ်ဆိုပြီး နောင်ကျရင် လက် ညှိုးဝိုင်းထိုးကြဦးမယ်။ သမ္မတ ဟာ ဖြစ်ချင်တိုင်းလည်း ဖြစ်လို့ မရဘူး။ လူထုက ရွေးမှဖြစ်တာ။ ပြည်သူလူထုက သူတို့ဘ၀ကို ဖျက်ဆီးမယ့်လူ၊ သူ့တိုင်းပြည်ကို ဖျက်ဆီးမယ့်လူမျိုးကို ရွေးမှာ မဟုတ်ဘူး။ သမ္မတဖြစ်ရေး၊ မဖြစ် ရေးကို အဓိကဆုံးဖြတ်မှာက ပြည်သူက ဆုံးဖြတ်မှာပါ။ အခုလို အချုပ်အခြာအကန့်အသတ်တွေ ကို မလုပ်သင့်ဘူး။ ဒီလိုအချုပ် အခြာအကန့်အသတ်လုပ်လိုက် တာဟာ ပြည်သူ့ဆန္ဒကို ကန့် သတ်တာဖြစ်တယ်။ မင်းတို့ဒေါ်စု ကို မဲပေးချင်ရင်တောင် ပေးလို့ မရအောင် ငါတို့က မင်းတို့ပြည် သူကို ကန့်သတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်သွားတယ်။ ပြည်သူရဲ့ လွတ်လပ်စွာရွေးချယ် ပိုင်ခွင့်ကို ကန့်သတ်သလိုဖြစ် တယ်။ ပြည်သူလူထုကိုရွေးချယ် ခွင့်တော့ ပေးရမယ်””ဟု ၎င်းက ဆိုသည်။
ဦးကိုနီကတပ်မတော်အာဏာ သိမ်းရေး၊ မသိမ်းရေးကိစ္စမှာ ပြည်သူလူထုအပေါ် အများကြီး မူတည်နေကြောင်း၊ ၁၉၆၂ တွင် အာဏာသိမ်းခဲ့သောအခြေအနေ မျိုး နိုင်ငံရေးအကွဲအပြဲများ ယခု အချိန်တွင် မရှိကြောင်း၊ ဒီမိုကရေ စီ အမြန်ပေးပါဟု ပြောသည့် အတွက် အာဏာသိမ်းမည်ဆိုပါ က စစ်တပ်က သူ့သမိုင်းသူရေး ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် စစ်တပ်မှ အာဏာသိမ်းလိမ့်မည် ဟု မထင်ကြောင်း၊ စစတပ်မှ အာဏာသိမ်းမည့်စိတ်ကူးရှိပါက ၂၀၀၈ ဖွဲ့စည်းပုံကို ရေးပြီး ရွေး ကောက်ပွဲများလုပ်၍ အရပ်သား အစိုးရ ပုံဖော်ပေးမည် မဟုတ် ကြောင်း မီဒီယာများကို ဆက် လက်ဖြေကြားခဲ့သည်။
““၁၉၆၂ မှာ အာဏာသိမ်း တာဟာနိုင်ငံရေးအကွဲအပြဲအခြေ အနေကြောင့်ဖြစ်တယ်။ ယခုနိုင်ငံ ရေးအကွဲအပြဲမရှိဘူး။ စစ်တပ် အုပ်ချုပ်လို့ မွဲပြာကျသွားတဲ့တိုင်း ပြည်ကြီးကို ပြန်ချမ်းသာအောင် ဒီမိုကရေစီနိုင်ငံတော်ထူထောင် ချင်တယ်။ လူတွေအားလုံးက ဒီမို ကရေစီကို အာသာငန်းငန်းနဲ့ လို ချင်နေတယ်။ စစ်တပ်ကအာဏာ သိမ်းချင်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ကိုရေးပြီး ရွေး ကောက်ပွဲတွေလုပ်ပြီးတော့အရပ် သားအစိုးရ  ပုံဖော်ပေးစရာ အကြောင်းတောင်မရှိဘူး။ သူတို့ သိပါတယ်။ တိုင်းပြည်ကို စိတ် တိုင်းကျအုပ်ချုပ်ခဲ့ပြီးပြီ။ ဆက်ပြီး အုပ်ချုပ်လို့မသင့်တော်ဘူး။ မရ တော့ဘူးလို့ ယူဆလို့ သူတို့ နောက်ဆုတ်ခဲ့ပြီးပြီ။ ဒီလိုနောက် ဆုတ်နေတဲ့ အခြေအနေမှာသူတို့ ပြန်အာဏာသိမ်းမယ်လို့ပြောရင် ပြောတဲ့သူတွေဟာခြိမ်းလုံးချောက် လုံးကို ထုတ်သုံးနေတယ်လို့မြင် တယ်””ဟု ယင်းကဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတသော နိုင်ငံရေးဖြစ်စဉ် အဖြစ်သာ မြင်တွေ့လိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) မှာ အတိတ်၏ အမွေ တစ်ခုသာဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာအမေရိကန်သံအမတ် ကြီးDerek Mitchell   က ပြည် တွင်းရှိ သတင်းမီဒီယာများကို အမေရိကန်သံရုံးမှ ပေးပို့သော အထူးမှတ်ချက်၌ ပြောကြားခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန် ၎င်း၏ဆန္ဒကို ထုတ်ဖော်ထောက်ခံခဲ့သည်ဟု သိ ရသည်။           
အာကာဗိုလ်( hotnewsweekly )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စစ်တပ်အုပ်ချုပ်လို့ မွဲပြာကျသွားတဲ့တိုင်းပြည်ကို ပြန်ချမ်းသာအောင် ဒီမိုကရေစီနိုင်ငံထူထောင်ချင်တယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...