Tuesday, September 12, 2017

" ကျွန်တော်တို့ နိုင်ငံရဲ့ပုံရိပ်က အဘက်ဘက်က နေပြီးတော့မှ ထိုးနှက်ခံနေရ

,
ကျွန်တော်တို့ နိုင်ငံရဲ့ပုံရိပ်က အဘက်ဘက်က နေပြီးတော့မှ ထိုးနှက်ခံနေရပါ တယ်။ မြန်မာဆိုလျှင် Positive အမြင်မရှိဘူး။ စီးပွား ရေးစကားနဲ့ပြောရင် Brand အောက်သွားပြီ။ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးဆိုတာက ဒီဇိုင်းက အတူတူပဲ။ အထဲက Content ပဲကွာတယ်။ လုပ်ရကိုင်ရမယ့် Strategy က စဉ်းစားပြီး Rebranding လုပ်ရမယ်။ကျွန်တော်တို့က မြန်မာပဲ..."
►ဦးကိုကိုလှိုင် ဆွေးနွေးပြောကြားမှု (အပိုင်း ၇)

Comprehensive National Strategy ဆိုတော့ အခုချိန်က Picture ကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ပုံရိပ်က အဘက်ဘက်က နေပြီးတော့မှ ထိုးနှက်ခံနေရပါ တယ်။ မြန်မာဆိုလျှင် Positive အမြင်မရှိဘူး။ စီးပွား ရေးစကားနဲ့ပြောရင် Brand အောက်သွားပြီ။ Rebranding လုပ်ရမယ်။ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးဆိုတာက ဒီဇိုင်းက အတူတူပဲ။ အထဲက Content ပဲကွာတယ်။ လုပ်ရကိုင်ရမယ့် Strategy က စဉ်းစားပြီး Rebranding လုပ်ရမယ်။ အဲ့လိုလုပ်ရင် စီးပွားရေး သဘောတရားအရ  New Brand ကိုဖောက်တာထက် ပိုပြီးတော့ အကုန်အကျများတယ်။ အချိန်လည်း ပိုကုန်တယ်။ ပင်လည်း ပိုပင်ပန်းတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့မှာ ရှိနေတဲ့ Indentity ကိုပြောင်းလို့ မရဘူး။ ကျွန်တော်တို့က မြန်မာပဲ။ မြန်မာကို Positive အမြင်ရအောင်လို့ ကြိုး ပမ်းကြဖို့ လိုပါတယ်။

Comprehensive ဆိုတဲ့အတွက်ကြောင့်မို့ ဘက်ပေါင်းစုံက ကြိုးပမ်းရမယ်။ ဘက်ပေါင်းစုံ ဆိုတဲ့နေရာမှာ ကျွန်တော် တို့အကြမ်းဖျင်း သုံးခုခွဲပြချင်တယ်။ အဲဒါကို ချုပ်လိုက်ရင်တော့ အမျိုးအစားနှစ်ခု Soft power နဲ့ Hard Power အဲဒီ နှစ်ခုစလုံးလုပ်ရမယ်။ ဘယ်သူတွေ လုပ်မလဲဆိုရင် ခုနက သုံးဖွဲ့ လုပ်ဖို့ လိုမယ်။ တစ်ခုက State Institution တွေ Including တပ်မတော်ပါတယ်။ Diplomatic Corps ပါမယ်။ Public Service တွေပါမယ်။ ဝန်ထမ်းတွေ ဌာနတွေ အကုန်လုံးပါမယ်။ သူက Hard Power သုံးဖို့အတွက်က သူ့မှာ အကုန်ရှိတယ်။ Facility ရှိတယ်။ ဘတ်ဂျက်ရှိတယ်။ သံရုံးတွေ ဖွင့်ထားတယ်။ နိုင်ငံခြားရေးက တိုးချဲ့ဖွင့်ထားတယ်။ ဘာလို့ဖွင့်ထားတာလဲ၊ သံရုံးဆိုတဲ့ သဘောက  Embassy ဆိုတဲ့စကား။ တစ်ဖက်မှာ ရှိနေတဲ့ကိုယ့်ရဲ့ Counterpart တွေကို မိမိနိုင်ငံရဲ့ National Policy ကို သူများ နိုင်ငံက နှစ်သက်လက်ခံလာအောင် စကားပါးပေးပြီးတော့မှ ဖြန့်ချိပေးရတယ်။ ဒီနည်းအားဖြင့် ကိုယ့်နိုင်ငံရဲ့ အမျိုး သားအကျိုးစီးပွားကို ကာကွယ် ထိန်းသိမ်းပေးရတဲ့ ရှေ့တန်းခံစစ်မှူးတွေပါ။ သူတို့ကို ပိုက်ဆံအကုန်အကျ ခံပြီးတော့ မှ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး ဆိုပြီးတော့မှ ထားထားခြင်းသည် ဒီအလုပ်တွေကို လုပ်ဖို့ဖြစ်ပါတယ်။

သူတို့က ရှေ့တန်း တိုက်စစ်မှူးတွေပါ။ အဲဒီက ကျွံထွက်လာပြီဆိုမှ နောက်မှာရှိနေတဲ့ အရပ်ဘက်ဌာနတွေ၊ တပ်မ တော်တို့က နောက်ကနေပြီးတော့ ဂိုးမဝင်အောင်ခုခံရတဲ့ ခံစစ်မှူးတွေပါ။ နောက်ဆုံး အဆင့်ကတော့ တပ်မတော်ပဲ။ သူက ဂိုးသမားပဲ။ ရှေ့တန်းက ပေါက်လို့ရှိရင် ဂိုးသမားလည်း အလုပ်များတယ်။ အဲလိုမျိုး ဖြစ်တတ်ပါတယ်။ ရှေ့တန်း ရော နောက်တန်းရော အလယ်တန်းရော ဟန်ချက်ညီညီ လုပ်ဖို့က Hard Power သမားတွေရဲ့ တာဝန်ဖြစ်ပါတယ်။ နောက်တစ်ခုက Soft Power နဲ့လုပ်ရမယ့် အုပ်စုတွေရှိပါတယ်။ ဘာလဲဆိုတော့ Media အရေးကြီးပါတယ်။ တင်ပြခဲ့ပြီးပါပြီ။ လူတွေရဲ့စိတ်ကို ပြောင်းလဲအောင် လုပ်ပေးနိုင်တာ Media ပါပဲ။ Media ပေးတဲ့ Portray လုပ်တဲ့ Depict လုပ်တဲ့ ခြယ်မှုန်းပြတဲ့ပုံကိုပဲ အများစုက သိကြတယ်။ Media ချန် ထားလို့ရှိရင် မသိကြဘူး။ Media ကိုယ်တိုင်က Bias ဖြစ်နေတဲ့ ဘက်လိုက်နေတဲ့ အခြေအနေမျိုးမှာ အမှန်တရားကို ပုံရိပ်မှန်ဖော်ဖို့ဆိုရင် အင်မတန် ခက်ခဲပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ Media တွေက အကြောင်းအမျိုးမျိုးကြောင့် ဘက်လိုက်နေကြတယ် ဆိုလို့ရှိရင် ပြည်တွင်း Media တွေ အဲဒါအပြင် အခု Social Media ပေါ့။ ဒါတွေကို ကျွန်တော်တို့က လက်နက်တစ်ခု အဖြစ်နဲ့ ဒါ Soft Power တစ်ခု ဖြစ်ပါတယ်။ အဲ့ဒါအပြင် Public Diplomacy လို့ခေါ်တဲ့ ပြည်သူလူထုရဲ့ ပါဝင်မှုတွေပါ။ အဲဒီမှာ ဘာပါလာနိုင်မလဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တကယ်ဖြစ်နေတဲ့ အကြောင်းတွေကို သိဖို့အတွက် လူတိုင်းလူတိုင်း၊ အလွှာ တိုင်းအလွှာတိုင်း၊ အုပ်စုတိုင်း အုပ်စုတိုင်း ရောက်တဲ့နေရာမှာ အခုဆိုရင် ကမ္ဘာကြီးက ပွင့်လင်းသွားတဲ့ အတွက်ကြောင့်  မြန်မာတွေ ဘုရားဖူးပဲ ထွက်ထွက်၊ ခရီးပဲသွားသွား၊ ဆွေးနွေးပွဲတွေပဲ တက်တက်၊ ဈေးပဲသွားဝယ်ဝယ်၊ ဆေးပဲကုကု အပြင်ကို ရောက်နေကြပြီ။ လူတိုင်းလူတိုင်းက ကိုယ့်နီးစပ်ရာ နီးစပ်ရာကို ချိတ်ပြီးတော့မှ ရှင်းပြသွားနိုင်မယ် ဆိုရင် ဒါ Public Diplomacy ခေါ်ပါတယ်။ အထူးသဖြင့်ဆိုရင်တော့ ဘယ်သူတွေမှာ တာဝန်ပိုရှိလဲဆိုတာ ကျွန်တော် တင်ပြချင်တာ။ ပညာရှင်တွေမှာ တာဝန်ပိုရှိပါတယ်။ ဘာကြောင့် ပြောရလဲဆိုတော့ ၁၉၉ဝ ပြည့်နှစ်လောက်က စပြီး တော့မှ ဒီပြဿနာကို သုတေသနလုပ်တဲ့ အထဲမှာ ပါခဲ့ပါတယ်။ ကျွန်တော့်ဆီမှာ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ စာအုပ်စာတမ်းတွေ စုထားတာ  ဗီရိုနဲ့တစ်လုံးလောက် ရှိပါတယ်။ ဘာတွေ့လည်းဆိုတော့ အင်တာနက်က လိုက်ကြည့် လိုက်လို့ရှိရင် ရိုဟင်ဂျာဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့မှ Website ပေါင်းများစွာ Seminar ပေါင်းများစွာ စစ်တကောင်းတက္ကသိုလ်က လုပ်တယ်။ ဒါကာတက္ကသိုလ်က လုပ်တယ်။ ပညာရှင် ပေါင်းမြောက်မြားစွာ၊ စာတမ်းပေါင်း မြောက်မြားစွာ၊
ကြိုက်တဲ့အချိန်မှာ ခေါက်ချလိုက် ဘယ်လိုနည်းလမ်းနဲ့ ဖြစ်ဖြစ် သူတို့ဘက်ကနေပြီးတော့ Justify လုပ်ဖို့ကို မျိုးစုံလုပ်ခဲ့တာရှိတယ်။ အခုမှမဟုတ်ဘူး။ ဟိုးရှေးတုန်းကတည်းက အင်တာနက် မပေါ်ခင်ကတည်းက မျိုးစုံသောသမိုင်းစာအုပ်တွေ ထွက်တယ်။

ရိုဟင်ဂျာဆိုတဲ့ဟာကို ရွာဟောင်းမှ ကျားဆိုပြီးတော့ မြန်မာလိုလည်းပဲ ခေါ်တဲ့သူရှိတယ်။ နောက်တစ်ခုက သင်္ဘောပျက်ပြီးတော့မှ ရောက်လာပြီးတော့မှ ကယ်ပါယူပါဆိုပြီးတော့မှ ရိုဟင်ဂျားက နေပြီးတော့မှ ရိုဟင်ဂျာ ဖြစ်လာတယ် ပြောတဲ့သူလည်းရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုရှေးခေတ်တုန်း က မြတ်စွာဘုရား ပွင့်တော်မူပြီးတဲ့ နောက်ပိုင်းမှာ သင်္သကရိုက်ဘာသာနဲ့ ရခိုင်ဝေသာလီခေတ်က ထိုးခဲ့တဲ့ ရခိုင်ကျောက်စာတွေ သင်္သကရိုက်ဘာသာနဲ့ ပါတဲ့ဥစ္စာ သင်္သက ရိုက်ဆိုတာတော့ တောင်အာရှဘာသာတွေ အကုန်လုံးက ဒီကဆင်းသက်လာတာ။ ဆင်းသက်လာတော့ အဲမှာသုံးတဲ့ အသုံးေ တွက ဘင်္ဂါလီဘာသာတွေ၊ သူတို့ဘာသာနဲ့ တူတယ်ဆိုတော့။ ဒါသူတို့ဘာသာထိုးတာ။ ရခိုင်ဘာသာ ထိုးတာ မဟုတ်ဘူးလို့၊ ဒါကြောင့် ရခိုင်တွေထက်အရင် သူတို့ကရောက်နေတာ။ အဲ့တော့ အဲဒီိလိုပြော တာ ရှေ့မှာပါတဲ့ ရာဇဆိုတဲ့။ ရာဇဆိုတာ ဒါမင်းပဲ၊ မြန်မာလို ရခိုင်လိုဆိုတော့ ဘုရင်လို့ခေါ်တယ်။ ဒါဆိုသူတို့သာလျှင် ကျွန်မသာလျှင် တရားဝင်ဖြစ်ပါကြောင်းဆိုပြီး သတင်းစာမှာ ကြော်ငြာသလို လုပ်တယ်။ အဲဒါကိုယုံတဲ့သူကလည်း ဘာမမစဉ်းစားဘူး။ အတင်းကို ယုံချင်ယုံလိုက်တယ်။ အခုက ဘယ်လိုဖြစ်သွားလဲဆိုတော့ ရခိုင်ပြည်နယ်က နေရင်း ထိုင်ရင်းနဲ့ သူတို့ကို အဘိုးခေါ်ရမလား၊ ဘာခေါ်ရမလဲမသိတော့ဘူး။ အဲဒီလိုဖြစ်သွားတယ်။ ဆိုတော့ ဒါသူတို့က လုပ်နေတာ။ မဖြစ်နိုင်တဲ့ ဥစ္စာတွေနဲ့ ဆွဲချပြီးတော့မှ သို့သော်ငြားလည်း ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလိုပဲ နိုင်ငံတ ကာ Seminar တွေမှာ နိုင်ငံတကာ စာအုပ်တွေမှာ ကျွန်တော်တို့ ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ကျွန်တော်တို့ဘက်က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့မှ ခြေခြေမြစ်မြစ် ရှင်းလင်းထားတဲ့ စာအုပ်ဆိုရင် တော်တော်လေး မရှိသ လောက်ရှားတယ်။ ရေးတဲ့သူကလည်း တော်တော်လေး မရှိသလောက်ရှားတယ်။ ဒေါက်တာ အေးချမ်းရှိတယ်။ ဦးခင် မောင်စောဆိုတာ ဘာလင်မှာ အင်ဂျင်နီယာ၊ ကျွန်တော်တို့ ဘာလင်ရောက်တုန်းက အကြာကြီး စကားပြောဖြစ်တယ်။

သူလည်းကြိုးစားပြီး စာအုပ်ထုတ်လိုက်တယ်။ သို့သော်ငြားလည်းပဲ ပျံ့ပျံ့နှံ့နှံ့မရောက်ဘူး။ ဆိုတော့ ကျွန်တော်တို့ဆီ က ထိုးဖောက်နိုင်တဲ့အင်အား ဘာကြောင့် အားနည်းလည်းဆိုတော့ အပြင်ကိုချည်းပဲ အပြစ်တင်လို့မရဘူး။ ကိုယ် ကိုယ်တိုင်မှာလည်း တာဝန်ရှိတယ်။ ကျွန်တော် အကြံပြုဖူးပါတယ်။ အဲ့လိုပဲ စစ်တကောင်းတို့ဘက်က တက္ကသိုလ်တွေ က ဒါတွေကို Debate တင်ပြီးတော့ Seminar တင်ပြီးတော့ အကြီးအကျယ် ဆွေးနွေးနေကြပြီ။ လူတွေအကုန်လုံး ကြားထဲမှာ ဒီအတွေးအခေါ်တွေကို သွင်းနေပြီ။ ကျွန်တော်တို့ဘက်မှာ အရင်ဆုံး ရှင်းလင်းရမှာက ရိုဟင်ဂျာ မရှိဘူး ဆိုတဲ့ကိစ္စ  မြန်မြန် ဆန်ဆန် ရှင်းထားလို့ဆိုရင်တော့ နောက်ပိုင်းမှာ အကျိုးဆက်တွေက သက်သာလိမ့်မယ်။  ကျွန်တော်တို့ တက္ကသိုလ်တွေမှာ ကျွန်တော်တို့ Institution တွေမှာ လုပ်ရင်ကောင်းမှာပဲ ဆိုပြီးတော့ အကြံပြုခဲ့တယ်။ သို့သော် ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေဟာ  သိတဲ့အတိုင်းပဲ။ အကြံရှိပေမယ့်လည်း လက်တွေ့ အကောင်အထည်ဖော်ဖို့ ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စဖြစ်သွားတယ်။ ဖြစ်သွားတဲ့ အခါကျတော့ ကျွန်တော်တို့ ဒါတွေဟာ ကိုယ်ဘက်က လူတွင်ပါလို့ နွားကျားကိုက်တာမျိုး တွေပေါ့။ ကိုယ့်ရဲ့အားနည်းချက်ကြောင့်လို့ပဲ ခုချိန်မှာသိပြီ။ ပွင့်လင်းလာတဲ့ လူ့အဖွဲ့အ စည်းလည်း ဖြစ်လာပြီ။ မလုပ်လို့ မဖြစ်တော့တဲ့အနာ ခွဲစိတ်ရမယ့် အခြေအနေ လည်းဖြစ်လာပြီဆိုရင်တော့ အားလုံးကဒါကို Scholar တွေအနေနဲ့  ပြည်တွင်းမှာပဲ ဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် ဒါမျိုး တွေကို ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့မှ ရှင်းလင်းဖို့ရာ တာဝန်ရှိလာပြီ။ အဲလိုမှမဟုတ်ဘူး ဆိုလို့ရှိရင် ကျွန်တော် တို့မျိုးစုံဖိအားပေးမှုတွေက ခံရမှာ။ သူတို့လိုချင်တဲ့လမ်းကြောင်းက အတင်းဆွဲမယ်။ ဒီကသွားပြောတဲ့ Scholar တွေလည်း ဖိအားအများကြီး ခံရမယ်။ အပြောအဆို အဝေအဖန်တွေ အများကြီးခံရမယ်။ ဒါတွေက သူတို့က မယုံနိုင်ဘူးလေ။ ကိုယ့်ဘက်ကလည်း ခိုင်ခိုင်မာမာ နောက်ကေ နပြီးတော့ Support လုပ်ပေးဖို့လိုပါတယ်။ စာအုပ်စာတမ်း တွေ သုတေသနတွေ၊ ဒါတွေက သုတေသနဆိုလည်း ပါးစပ်က ပြောလို့မရဘူး။ နောက်ကအားပေးဖို့ Fund တွေလိုတယ်။

သို့သော် အချို့ပညာရှင်တွေ ဆိုလို့ရှိရင် ဒီဟာကိုပြောလို့ အလုပ်အကိုင် ထိခိုက်ကုန်တာတွေ ရှိတယ်။ အဲလိုလူမျိုး တွေ သူဘယ်လောက်ပဲ လုပ်ချင်လုပ်ချင် သူ့မှာက အားမရှိဘူး။ ကျွန်တော်တို့အတွက် ဒီလောက်ကလေးကတော့ ပိုက်ဆံအကုန်ခံကြဖို့တော့ လိုမယ်ထင်တယ်။ အဲတော့ ဘယ်လိုနည်းနဲ့ ပဲ ဖြစ်ဖြစ် တရားဝင်လုပ်ဖို့၊ အစိုးရဘတ်ဂျက်နဲ့ လုပ်ဖို့ခက်ရင်တောင်မှ Foundation တစ်ခုခု ထူထောင်ပြီးအခါကျ အားလုံးပိုက်ဆံစုပြီးတော့ ဒါမျိုးကို Campaign ကြီးတစ်ခုအနေနဲ့ လုပ်ဖို့လိုပြီး ဒီဟာကျတော့ Campaign နဲ့လုပ်ရမယ်။ ကျွန်တော်တို့ လက်ဝဲမောင်းကနေ လက်ယာ မောင်းပြောင်း တာတောင် Campaign အကြီးကြီး လုပ်ရတယ်။ ဒါမျိုးဆိုတာတော့ မပြောနဲ့။ ဒါကျွန်တော်တို့ မြင်ရ မှာ။Social Engineering ။ နိုင်ငံရေးလည်း မဟုတ်ဘူး။ စီးပွားရေးလည်း မဟုတ်ဘူး။ စစ်ရေးလည်း မဟုတ်ဘူး။ အကုန်လုံးပါဝင်ပြီးမှ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ပုံပြောင်းပစ်မှ ကမ္ဘာတစ်ခုလုံးရဲ့ အမြင်ကို ပြောင်းပစ်မှရမှာမို့လို့ အဲ့တော့ Business တွေ စီးပွားရေးတွေ၊ ဒါတွေကလည်း စီးပွားရေးသမားတွေက စီးပွားရေး လုပ်ရင်းနဲ့ပဲ  အမျိုးသား ရေးကိုလုပ်မှရမယ်။ ကောင်းတဲ့ဥစ္စာလေးတွေ မြန်မာနိုင်ငံမှာ ကောင်းတဲ့အချက်လေးတွေ အကုန်လုံး ကမ္ဘာပေါ်မှာ ပြန့်သွားရင် Nation Branding ခေါ်တယ်။ ကိုရီးယားမှာဆိုရင် အဲ့ဒါကို ဒုတိယ ဝန်ကြီးချုပ် တစ်ယောက် ဦးဆောင် ပြီးမှ Nation Branding Committee ဆိုပြီး ဖွဲ့ပြီးလုပ်နေတာ။ ဒါကြောင့်မို့လို့ ကိုရီးယား Culture တွေ၊ ဖက်ရှင်တွေ၊ တီဗွီဒရမ်မာတွေ အစီအစဉ်ရှိရှိ ထွက်နေတာ အလကား ထွက်နေတာ မဟုတ်ဘူး။

အနုပညာသမားတွေ ဒါမျိုးတွေကို ရိုက်ကြစမ်းပါ။ ပန်းချီသမားတွေ ဆွဲကြစမ်းပါ။ အကုန်လုံးလိုတယ်။ ဒါတွေအားလုံး ကိုပေါင်းလိုက်တဲ့ အခါကျတော့မှ Soft Power နဲ့ Hard Power နဲ့ ပေါင်းလိုက်တဲ့အခါ ကျွန်တော် လိုချင်တဲ့ပုံစံ မြန် မာနိုင်ငံကို အထင်ကြီးတဲ့၊ မြန်မာနိုင်ငံကို လေးစားတဲ့၊ ဘောလုံး ကန်တာကအစ။ ဟိုတုန်းကအခုအချိန်ထိ သူတို့ လှဌေးသိတယ်။ ဗဟာဒူးသိတယ်။ အဘိုးကြီးတွေ၊ မြန်မာပြည်ကလို့ ပြောတာနဲ့ လက်ဆွဲနှုတ်ဆက်ပြီးတော့ လှဌေးသူက အဲ့လိုပြောတာ ၊အင်္ဂလိပ်လို မတတ်တာတောင်မှ လှဌေးတော့ သိတယ်။ ဗဟာဒူးတော့သိတယ်။  အားကစားမှာလည်း National Image၊ စီးပွားရေးမှာလည်း  National Image  ကျွန်တော်တို့ဆီမှာ အကုန်လုံး အကောင်းဆုံး တွေရှိတယ်။   အကောင်းဆုံး ပတ္တမြားရှိတယ်။ အကောင်းဆုံး ကျောက်စိမ်းရှိတယ်။ အကောင်းဆုံး ပုလဲရှိတယ်။ အကောင်းဆုံး ဆန်ရှိတယ်။ အကောင်းဆုံး ကျွန်းသစ်ရှိတယ်။ ဘာဖြစ်လို့ ကျွန်တော်တို့ရဲ့ Image က မှေးမှိန်နေရတာလဲ။ ဒါကိုပြန် ပြီးတော့မှ လုပ်ဖို့ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရင် Natio-Nalism ပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါကို သွားတာ။ ကျွန်တော်ပြောချင်တာက အစွန်းရောက် အမျိုးသားရေးဝါဒ၊ လူမျိုးကြီးဝါဒကို ပြောတာ မဟုတ်ဘူး။ အား လုံးကိုစုပြီးတော့မှ Myanmar Nation လို့ခေါ်တဲ့ မြန်မာ အမျိုးသားရေးဟာ ဒီစိတ်ဓာတ်နဲ့ ပြန်တက်ရမယ်။ ကိုရီးယား၊ ဂျပန်စစ်ကြီးပြီးတဲ့ အချိန်မှာ ပြန်တက်တာ ဒီအမျိုးသားရေး စိတ်ဓာတ်နဲ့ပဲ ပြန်တက်တာ။ အခြားဘာမှ မဟုတ်ဘူး။ အမျိုးသားရေး စိတ်ဓာတ်နဲ့ ကြံ့ကြံ့ခံပြီးတော့မှ ဆင်းရဲဒုက္ခတွေ ကျော်လွှားသွားတယ်။ အမျိုးသားရေး စိတ်ဓာတ်နဲ့ပဲ  စုဆောင်းပြီးတော့မှ အရင်းအနှီး ရှာပြီးတော့မှ အမျိုးသားရေး စိတ်ဓာတ်နဲ့ပဲ နည်းပညာတွေရအောင် သင်ပြီးတော့မှ ကြိုးစားသွားတယ်။ ဒီလိုနည်းလမ်းမျိုးနဲ့ အားလုံး လုပ်ကြရမယ်။

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် တပ်မတော်စစ်သမိုင်းပြတိုက်ရှိ Mini Theatre Room ၌ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် Myawaddy Media Group မှ စီစဉ်ပြုလုပ်သည့် ရခိုင်ပြည်နယ်အရေးနှင့် လုံခြုံရေးအမြင် Talk on Rakhine Issue and Security Outlook စကားဝိုင်းဆွေးနွေးပွဲမှ နိုင်ငံတကာရေးရာ သုတေသီ ဦးကိုကိုလှိုင် ၏ ဆွေးနွေးပြောကြားမှုဖြစ်ပါသည်။

https://m.facebook.com/Cincds/photos/a.530200420434161.1073741832.526503167470553/1452152354905625/?type=3

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ " ကျွန်တော်တို့ နိုင်ငံရဲ့ပုံရိပ်က အဘက်ဘက်က နေပြီးတော့မှ ထိုးနှက်ခံနေရ”

Post a Comment

Related Posts Plugin for WordPress, Blogger...