Sunday, September 24, 2017

ဘင်္ဂါလီတွေကို ထိန်းချုပ်ချင်ရင်တော့ ထိတွေ့ရမှာပဲ

,
ဘူးသီးတောင် ထောက်လှမ်းရေး (၁၈) တပ်မှူးဟောင်း
ဗိုလ်မှူးဝင်းမြင့် (D.S.A  - ၂၂)နှင့်  တွေ့ဆုံခြင်း

အွန်လိုင်းဝဏ္ဏ

''အစ္စလာမ်ဘာသာဝင် တစ်ယောက်နဲ့ တွေ့တယ်။  သူက ဒီနေ့အခြေအနေကို ဘယ်လိုလုပ်ရမှာလဲဆိုပြီး ကျွန်တော့်ကို မေးတယ်။  ဒီတော့ မင်းတို့ တည်ငြိမ်အောင် ဝိုင်းလုပ်ပေါ့၊ မတည်ငြိမ်အောင်လုပ်ရင် အကုန်လုံး ဒုက္ခရောက်မှာပေါ့လို့ ကျွန်တော် ပြောလိုက်တယ်။ ဘင်္ဂါလီတွေရဲ့ အဓိကပြဿနာက စာမတတ်တာ။  အရင်တုန်းက ဘင်္ဂါလီရွာတွေကို သက်ဆိုင်ရာ န.စ.က က စစ်ဆေးတဲ့အခါ ခုလောက် အရမ်းရှည်တဲ့ ဓားတွေမရှိဘူး။  ဘယ်သူမှ အဲဒီလောက် ရှည်တဲ့ ဓားတွေ မကိုင်ဘူး။  ဒီရွာက ဘယ်သူထွက်သွားလဲ သိတယ်။  ဒီရွာကို ဘယ်သူ ဝင်လာလဲဆိုတာလည်း သိတယ်။  ရွာစဉ်၊ ရွာမွှား တစ်ရွာချင်းကအစ ကျွန်တော်တို့သိတယ်။  ဒီလိုသိအောင်လည်း စနစ်နဲ့ လုပ်ထားတယ်။  ဒါပေမဲ့ ခက်နေတာက ပညာမတတ်တော့ သူတို့ကို အုပ်ချုပ်တာက မော်လဝီဆရာပဲ'' ဟု ဘူးသီးတောင် ထောက်လှမ်းရေး(၁၈)တပ်မှူးဟောင်း ဗိုလ်မှူးဝင်းမြင့်က  Speaker သို့ သူ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတွင် တာဝန်ယူခဲ့စဉ် အခြေအနေများကို ပြန်ပြောပြသည်။ ဘူးသီးတောင် ထောက်လှမ်းရေး(၁၈)တွင် တပ်မှူးတာဝန်ယူခဲ့သူ ဗိုလ်မှူးဝင်းမြင့်နှင့် ရခိုင်မြောက်ပိုင်း အခြေအနေများကို သူ တာဝန်ယူခဲ့သည့် လေးနှစ်တာကာလက အဖြစ်အပျက်များသည် ဒီနေ့ ရခိုင်ဒေသဖြစ်စဉ်များကို တစ်ထောင့်တစ်နေရာမှ သုံးသပ်နိုင်မည်ဟု ယူဆသဖြင့် ဖော်ပြပေးလိုက်ပါသည်။

Speaker ။   ။ ထောက်လှမ်းရေးအမှတ် (၁၈)(ဘူးသီးတောင်၊ ရသေ့တောင်၊ မောင် တော)ကို ဘယ်ကာလလောက်က တာဝန်ထမ်း ဆောင်ခဲ့တာလဲ။
WM ။  ။ ၁၉၉၇ ခုနှစ်က ရောက်တာပါ။  ဒီ ဘူးသီးတောင် ထောက်လှမ်းရေးတပ်မှာရှိတဲ့ တပ်မှူးက အခြားနေရာကို တပ်မှူးရာထူးနဲ့ပဲ ပြောင်းသွားတယ်။  ကျွန်တော်က ရန်ကုန်က နေ အဲဒီကို တပ်မှူးရာထူးနဲ့ ရောက်သွား တယ်။
Speaker ။ ။ အဲဒီ အချိန်တုန်းက န.စ.က (နယ်စပ်ဒေသ ကွပ်ကဲမှု ဌာနချုပ်) ပူးပေါင်း အဖွဲ့က ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်ကို အုပ်ချုပ်ခဲ့တယ်လို့ သိရတယ်။  န.စ.က ကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့တာလဲ။  န.စ.က ရဲ့ အလုပ်တာဝန်က ဘာလဲ။  ဒီ န.စ.က နဲ့ ထောက်လှမ်းရေး (၁၈)နဲ့ အလုပ် ဘယ်လို ပူးတွဲလုပ်ရလဲ။
WM ။  ။ န.စ.က က နယ်စပ်ရဲ့ လူဝင် လူထွက်၊ တရားမဝင် ပစ္စည်း အဝင်အထွက်၊ ဒါတွေကို ထိန်းသိမ်းကြီးကြပ်တာ။  ထောက် လှမ်းရေးက နယ်မြေရဲ့သတင်းရရှိရေးလုပ်ငန်း ကို လုပ်တာ။  န.စ. က မှာလည်း ထောက် လှမ်းရေး အဖွဲ့အစည်း ပါပါတယ်။  န.စ.က မှာ ထောက်လှမ်းရေးတပ် ပါတယ်။  ခြေလျင် တပ် ပါတယ်။  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပါတယ်။  လ.ဝ.က (လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန) ပါတယ်။  အကောက်အခွန်ဦးစီးဌာန ပါတယ်။  န.စ.က တပ်မှူးက နောင်တော်ကြီးတွေ ဖြစ်တဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့ သူတွေပါပဲ။  သူတို့က တရားမဝင် လူဝင်၊ လူထွက် မရှိအောင်၊ တရားမဝင် ပစ္စည်းဝင်၊ ပစ္စည်းထွက်မရှိအောင် နပ်စပ်တစ်လျှောက် စခန်းတွေ အမြောက်အမြား (နယ်မြေ ကိုးခု)ခွဲပြီး ထိန်းသိမ်းတယ်။  ကျွန်တော်တို့ကတော့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်က သတင်းတွေရရှိရေး ဆောင်ရွက်ရတယ်။
Speaker ။   ။ ၁၉၉၇ ခုနှစ်ကနေ ဘယ်ကာလ ထိ ထောက်လှမ်းရေး (၁၈)မှာ လုပ်ခဲ့လဲ။
WM ။  ။ ၂ဝဝ၁ ခုနှစ် အထိပါ။
Speaker ။ ။ ဘူးသီးတောင် ထောက်လှမ်းရေး (၁၈)မှာ တပ်မှူးတာဝန်ယူခဲ့ချိန် ဒီနယ်မြေ တွေမှာ ဘင်္ဂါလီဝင်ရောက်မှု ဘယ်လောက် ရှိလဲ။  စာရင်းကောက်ခဲ့တာရောရှိလား။
WM ။  ။ အဲဒါ ကျွန်တော့် တာဝန် မဟုတ် ဘူး။  လူဦးရေကို စနစ်တကျနဲ့စာရင်းကောက် တာက န.စ.က ရဲ့တာဝန်။  တစ်အိမ်ချင်း ကောက်တယ်။ တစ်ရွာချင်း ကောက်တယ်။  န.စ.က က လူ ဦးရေ တိုးတယ်ဆို တိုးကြောင်းသိတယ်။  န.စ.က  မှာရှိတဲ့ လ.ဝ.က က လ.ဝ.က အလုပ်ကို လုပ်တာ။ စနစ်တကျပဲ။ ဘယ်နှရက် တစ်ကြိမ်၊ ဘယ်နှလ တစ်ကြိမ်ဆိုပြီး နေရာ တိုင်းကို စစ်ဆေးသွားတယ်။  ဒါကြောင့် ကျွန်တော်ထင်တာတော့ န.စ.က ရှိတဲ့ ကာလ တစ်လျှောက်လုံးမှာ အတိုးအလျှော့က သိပ် မလွဲဘူး။  သူတို့က တိုးရင် တိုးတဲ့ အကြောင်း၊ လျော့ရင် လျော့တဲ့အကြောင်း၊ ထွက်ပြေးရင် ထွက်ပြေးတဲ့အကြောင်း၊ ခိုးဝင် ရင် ခိုးဝင်တဲ့အကြောင်း သိတယ်။  ကျွန်တော့် အမြင်မှာ န.စ.က ရဲ့ တာဝန်က တကယ် ကြီးမားသလို တကယ်လည်း ထိရောက်တယ်။  ကျွန်တော်တို့ လုပ်ငန်းက အဲဒီဒေသရဲ့ လုံခြုံ ရေး၊ သတင်းရရှိရေးပဲ။
Speaker ။ ။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ နေ့စဉ်သတင်းတွေ ဘယ်လိုရ ယူခဲ့လဲ။
WM ။ ။ သတင်းရယူတဲ့စနစ် အမျိုးအမျိုး ရှိတယ်။  ကျွန်တော်တို့ အသုံးအနှုန်းနဲ့ဆိုရင် သတင်းပေးစနစ်ပေါ့။  သတင်းရယူတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။  လူတွေက ယူတာရှိတယ်။  စာရွက်စာတမ်းတွေက ယူ တာရှိတယ်။  ဆက်သွယ်ရေးက ယူတာရှိတယ်။  ကျွန်တော်တို့ သိချင်တာက ဘာဖြစ်နေလဲဆို တာထက် ဘာဖြစ်လာမလဲ သိချင်တာ။  ဘာ ဖြစ်နေလဲဆိုတာ နောက်ကျသတင်း။  ဒါ ကြောင့် နည်းလမ်းပေါင်းစုံနဲ့ ယူရတယ်။  ဥပမာ အိမ်တစ်အိမ် သူခိုးခိုးခံရတယ်။  ဒါက ဖြစ်နေတာ။  ဒါပေမဲ့ ဒီအိမ် သူခိုး ခိုးခံရတော့ မလားဆိုတာ သိချင်လို့ တံခါးပွင့်နေလား၊ အစောင့်မရှိဘူးလားဆိုတာကို စုံစမ်းတာက တော့ ကြိုတင်သတင်းယူတာပေါ့။  ဘာတွေ လုပ်လို့ ဘာတွေဖြစ်နေလဲဆိုတာသိမှ ဘာ ဖြစ်လာမလဲ တွက်လို့ရမှာပေါ့။  သတင်းယူတဲ့ စနစ်သိချင်ရင်တော့ နည်းလမ်းတွေ အများ ကြီးပဲ။  နည်းမျိုးစုံနဲ့ ယူတာပဲ။
Speaker ။ ။ ဘူးသီးတောင် ထောက်လှမ်း ရေး(၁၈)မှာ တပ်မှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ အချိန် နယ်မြေထဲကို သွားရောက်တဲ့အခါ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး ဘာ ထူးထူးခြားခြား ဖြစ်စဉ်တွေရှိခဲ့လဲ။ တွေ့ခဲ့လဲ။ အမှတ်တရတွေ ရှိရင် ပြောပြပါဦး။
WM ။ ။ ဘင်္ဂါလီအားလုံးက ဆိုးရွားနေတာ မဟုတ်ဘူး။ တကယ်တမ်းတော့ သူတို့မှာ မော်လဝီဆရာရှိတယ်။ ဘူးသီးတောင်က မိချောင်းခေါင်းဈေးရွာမှာ ဘင်္ဂါလီ မော်လဝီ ဆရာကြီးရှိတယ်။ ၂ဝဝ၆ ခုနှစ်က ဆုံးသွား တယ်။ ဒီ မော်လဝီဆရာကြီးက မြန်မာစကား မတတ်ဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့ဆိုရင် ဘယ် အချိန်ဖြစ်ဖြစ် အကုန်ပြောပြတယ်။ ဘူးသီး တောင်ကနေ ရေလမ်းနဲ့သွားရတဲ့ သူ့အိမ်ကို ကျွန်တော် တစ်ယောက်တည်း သွားလို့ရတယ်။ အဲဒီရွာထဲ တစ်ယောက်တည်းသွားပြီး အဲဒီ အိမ်ထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် သွားတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘာဖြစ်နေလဲ၊ ဘာဖြစ်လာမလဲဆိုတာ သိချင် တယ်။ ဒါပေမဲ့ ဒါကိုပြောဖို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှ ရမှာ၊ သိမှ ရမှာလေ။ နောက်ဆုံး ကျွန်တော်ရှိတဲ့နေရာကိုလည်း သူကြုံရင်ဝင်လာတယ်။ ကျွန်တော်ကလည်း တွေ့တယ်။ ကြားထဲမှာ စကားပြန်တော့ ထားရတာပေါ့။ ဒီလို တစ်ယောက်နဲ့ တစ် ယောက် သိတဲ့အခါကျတော့ ဘူးသီးတောင် တစ်ကြောမှာ ဘာကိစ္စဖြစ်ဖြစ် ကြိုပြီးတော့သိ တယ်။ မတည်မငြိမ်ဖြစ်မယ်လို့ သတင်းကြား လို့ ဒီမော်လဝီဆရာကြီးကို ပြောရင် သူက ထိန်းပေးတယ်။
နောက်ပြီးတော့ ဘူးသီးတောင်၊ မောင် တော၊ ရသေ့တောင် သုံးမြို့နယ်မှာ ဘာသာ၊ သာသနာနဲ့ပတ်သက်တာ ကျွန်တော်လုပ်တယ်။ ဘူးသီးတောင် အ.ထ.က (၁)မှာ ဘင်္ဂါလီ တွေရော၊ ရခိုင်တွေရော ကျောင်းနေကြတယ်။ မြိုတို့၊ ခမီးတို့ တိုင်းရင်းသားတွေလည်း ကျောင်းတက်ကြတယ်။ တစ်နေ့တော့ အဲဒီ အ. ထ.က ကျောင်းမှာ Multi-Media ဖွင့်မယ်လို့ ဆုံးဖြတ်တယ်။ ဒီတော့ အဲဒီ ဖွင့်ပွဲကို လာတဲ့လူကြီးတွေကို လက်အုပ်ချီပြီး ကြိုရမယ်။ ဒါပေမဲ့ တချို့ဘင်္ဂါလီ ကျောင်းသား တွေကို လက်အုပ်မချီရဘူးလို့ သူတို့ မော်လဝီ ဆရာတွေက ပြောလိုက်တယ်လို့ ဆိုတယ်။ ဒီလိုဖြစ်တော့ ကျောင်းအုပ်ကြီးလည်း ဘာမှ မတတ်နိုင်ဘူး။ ဒီတော့ မော်လဝီဆရာကြီးကို ကျွန်တော်က မေးရတယ်။ ခင်ဗျားတို့ ဘာ သာမှာ လက်အုပ်ချီတာကို တားမြစ်ထားလား။ လက်အုပ်ချီတယ်ဆိုတာ ကိုယ့်ထက်အကြီးကို နှုတ်ဆက်တဲ့သဘောလို့ ကျွန်တော်က ရှင်းပြ တယ်။ သူတို့ဘာသာမှာ တားမြစ်ထားတာ မရှိဘူးတဲ့၊ ရပါတယ်တဲ့။ နောက် အစမ်းလေ့ ကျင့်ကြတော့ အဆင်ပြေသွားတယ်။ ဒါ ဥပမာ တစ်ခုပါ။
အခုဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ရခိုင်နဲ့ ဘင်္ဂါလီဆိုပြီး အပိုင်းနှစ်ပိုင်း ပြောချင် တယ်။ ဘူးသီးတောင်၊ မောင်တောက တိုင်း ရင်းသားတွေထဲမှာ တကယ့် ငွေကြေးတောင့် တင်းချမ်းသာတဲ့ စီးပွားရေးသမား မရှိဘူး။ မြန်မာပြည်က လူတွေ ငွေကြေးချမ်းသာရင် နိုင်ငံခြားမှာ သွားနေသလို ဒီဒေသက တော် တော်များများက ချမ်းသာလာရင် စစ်တွေတို့၊ ရန်ကုန်တို့ကို ရွှေ့တယ်။ ဒီတော့ ဒီဒေသမှာ သာမန် လက်လုပ်လက်စား များတာပေါ့။ အသင့်အတင့် ချမ်းသာတဲ့လူတော့ ရှိတယ်။ အရေအတွက် အားဖြင့် သိပ်နည်းတယ်။ ဘင်္ဂါလီက ၉ဝ ရာခိုင်နှုန်းကျော် ရှိတယ်။ ရခိုင်က ရာခိုင်နှုန်းတစ်ခု ရှိတယ်။ ဘင်္ဂါလီက ရာခိုင်နှုန်း တစ်ခုရှိတယ်။ တစ်ရာ ရာခိုင်နှုန်း မှာ ဌာနဆိုင်ရာတွေပါလို့သာ ဘင်္ဂါလီ ရာခိုင် နှုန်းက လျော့သွားသလိုဖြစ်တာ။ တကယ် တော့ တိုင်းရင်းသား ရာခိုင်နှုန်း တော်တော် နည်းတယ်။ ဒီတော့ ပိုက်ဆံချမ်းသာတဲ့၊ အရင်းအနှီးရှိတဲ့ တိုင်းရင်းသားတွေရှိဖို့ လို တာပေါ့။ တိုင်းရင်းသားတွေ ရှိဖို့ဆိုတာ အလုပ်ရှိဖို့ လိုတာပေါ့။ အင်္ဂလိပ်က ဒေသခံ တိုင်းရင်းသားတွေကို ဘယ်လို သင်ပေးခဲ့လဲဆို တော့ ဘင်္ဂါလီဆိုတာ မင်းတို့ခိုင်းဖို့ပဲ၊ ဘာမှ မင်းတို့ကိုယ်တိုင်လုပ်စရာ မလိုဘူးလို့ သင်ပေး ခဲ့တာ။ ဒီတော့ လယ်ရှိရင် ဘင်္ဂါလီကိုပဲ သူရင်းငှား ငှားလိုက်တာပဲ။ တိုင်းရင်းသားက လယ်မလုပ်ဘူး။ ကြာတဲ့အခါကျတော့ ဒီ လယ်ကို တဖြည်းဖြည်းနဲ့ ဘင်္ဂါလီတွေပိုင်သွား တယ်။ အလားတူပဲ ဈေးသွားတယ်။ တိုင်း ရင်းသူတွေက ဈေးခြင်းတောင်း မဆွဲဘူး။ ဈေးဝယ်ပြီးရင် ဈေးခြင်းတောင်းကို ဘင်္ဂါလီကို ဆွဲခိုင်းပြီး ပြန်သွားတယ်။ ဒီလိုဟာတွေက ရခိုင်နဲ့ ဒေသခံတွေရဲ့ ပြဿနာပဲ။
ဘင်္ဂါလီတွေရဲ့ အဓိက ပြဿနာက စာမတတ်တာ။ အရင်တုန်းက ဘင်္ဂါလီရွာ တွေကို သက်ဆိုင်ရာ န.စ.က က စစ်ဆေး တဲ့အခါ ခုလောက် အရမ်းရှည်တဲ့ ဓားတွေ မရှိဘူး။ ဘယ်သူမှ အဲဒီလောက်ရှည်တဲ့ ဓား တွေမကိုင်ဘူး။ ဒီရွာက ဘယ်သူ ထွက်သွားလဲ သိတယ်။ ဒီ ရွာကို ဘယ်သူ ဝင်လာလဲဆိုတာ လည်း သိတယ်။ ရွာစဉ်၊ ရွာမွှား တစ်ရွာချင်းက အစ ကျွန်တော်တို့သိတယ်။ ဒီလိုသိအောင် လည်း စနစ်နဲ့လုပ်ထားတယ်။ ဒါပေမဲ့ ခက် နေတာက ပညာမတတ်တော့ သူတို့ကို အုပ် ချုပ်တာက မော်လဝီဆရာပဲ။ ဘင်္ဂါလီတွေက ၁၂ နှစ် မရောက်ခင်အထိ အကုန်လုံး အပြင် ထွက်ပြီး အဝတ်မရှိရင်လည်း မရှိတဲ့အတိုင်း အလုပ် တစ်ခုခုလုပ်၊ အနည်းဆုံး ထင်းချောင်း တစ်ချောင်း ကောက်လာမှ ညနေစာ စားရ တာ။ ဒါပေမဲ့ မော်လဝီဆရာက ဒီနေ့ ဘယ် သူဌေးက ဗလီမှာ ထမင်းကျွေးဆိုရင် တစ်ရွာ လုံး ဘာမှမလုပ်ဘဲ ထမင်းစားရတယ်။ ဒီ တော့ သူတို့ ကျေးဇူးရှင်က မိဘမဟုတ်ဘူး မော်လဝီဆရာပဲ။ ဒါ့ကြောင့် မော်လဝီဆရာ လုပ်ဆိုလုပ်၊ သတ်ဆိုသတ်၊ သေဆိုသေ ဖြစ် လာတယ်။ ဘာလို့ ဆို သူတို့က ပညာမတတ် ဘူး။ ကျောင်းတွေ ရှိပေမယ့် စာသင်ခွင့်မပြုဘူး လေ။ စာတတ်ဖို့လိုနေတာ။ သူတို့က မြန်မာ နိုင်ငံထဲမှာနေပြီး မြန်မာစာတတ်မယ်၊ မြန်မာ စကား နားလည်မယ်ဆိုရင် တော်တော်လေး အဆင်ပြေမယ်။ ဒီတော့ ဘင်္ဂါလီတွေ စာတတ် လာရင် စဉ်းစားÓဏ် ရှိလာမှာပေါ့။
ကျွန်တော်တို့ သတင်းယူတယ်ဆိုပေမယ့် ဘင်္ဂါလီတောထဲမှာ ကိုယ်တိုင်သွားယူလို့မှ မရတာ။ ဘင်္ဂါလီတွေပဲ သတင်းယူတာပဲ။ ဘင်္ဂါလီတွေထဲမှာလည်း စာတတ်တဲ့သူတွေ၊ အတွေ့အကြုံရှိတဲ့သူတွေ ရှိပါတယ်။ ဒီလူ တွေကို သုံးတာပဲ။ ဒါပေမဲ့ သတင်းလာပေးတဲ့ သူရဲ့ အသက်အန္တရာယ်ကိုတော့ ကာကွယ်ပေး ရမှာပဲ။ စကားလာပြောလို့ ပြန်အထွက်မှာ အသတ်ခံရမယ်ဆိုရင် ဘယ်လာပြောမလဲ။ အကာအကွယ် မပေးနိုင်ရင် သတင်းမရနိုင် ဘူး။ အထိုက်အလျောက် အကာကွယ်ပေးရ တယ်။
အခုတော့ န.စ.က ကို ဖျက်လိုက် တယ်။ ရဲတပ်ဖွဲ့ပဲ ထားတယ်။ နိုင်ငံတကာနဲ့ ကြည့်ရင်တော့ မှန်ပါတယ်။ ဒါပေမဲ့ သတင်းရ ယူတဲ့စနစ်၊ လ.ဝ.က ရဲ့ လုပ်ငန်းတွေ လုပ် ဖို့ကျတော့ မနိုင်နင်းနိုင်ဘူး။ လေ့ကျင့်ထား တာချင်းလည်း မတူဘူး။ ထောက်လှမ်းရေး ဆိုတာက ကာလအရှည်ကြီး လေ့ကျင့်ခဲ့ရတာ။ လေ့ကျင့်ရေးကို လေး၊ငါးနှစ်တက်။ တပ် မတော်ထဲမှာ တာဝန်ထမ်းဆောင်ပြီး နှစ် တော်တော်များများရှိမှ တပ်ရင်းမှူးလို နေရာ တွေ ရောက်တာ။ ဒီလုပ်ငန်းတွေ လုပ်ဖို့ဆိုတာ ချက်ချင်းကောက်ပြီး လုပ်လို့မရဘူး။ အချိန် အများကြီးယူရတယ်။
Speaker ။ ။ တပ်မှူးလက်ထက်တုန်းက ဘင်္ဂါလီမိသားစုထဲမှာ လူဘယ်လောက်များများ တွေ့ဖူးလဲ။
WM ။ ။ ဘင်္ဂါလီ ငါးဆယ်လောက်ရှိတဲ့ မိသားစုအထိ ကျွန်တော် တွေ့ဖူးတယ်။ ဘင်္ဂါလီ အိမ်တစ်အိမ် မီးလောင်တဲ့အခါ အဲဒီ အိမ်မှာ ဘင်္ဂါလီ အိမ်ထောင်ဦးစီး တစ်ယောက် က မိန်းမ လေးယောက်ယူထားတယ်။ ကလေး တွေနဲ့ စုစုပေါင်း ငါးဆယ်လောက်ရှိတယ်လို့ ကျွန်တော့်ဆီ သတင်းတွေ တက်လာဖူးတယ်။
Speaker ။ ။ ဗိုလ်မှူးတို့ တာဝန်ထမ်းဆောင် တုန်းက မော်လဝီဆရာနဲ့ ငွေလွှဲလုပ်ငန်းလုပ် တဲ့လူကို ထိန်းချုပ်ထားပြီး အဲဒီက သတင်းတွေ ရတယ်လို့ သတင်းထွက်ဖူးတယ်။ ဒါက ဘယ်လို လုပ်ခဲ့တာလဲ။
WM ။ ။ ကျွန်တော်တာဝန်ယူတဲ့ လေး နှစ်အတွင်းမှာ ဒီလိုထိန်းချုပ်တာ မရှိဘူး။
Speaker ။ ။ ဒါဆို သူတို့ကို ဘယ်လို စည်းရုံးထားတာလဲ။
WM ။ ။ သူတို့ကို စည်းရုံးထားတာမဟုတ် ဘူး အကာအကွယ်ပေးတာ။ သူတို့ကို မသတ် အောင် ကျွန်တော်တို့ ကာကွယ်နိုင်တယ်။ ဥပမာ - ဒီနယ်မြေထဲမှာ ဒီရွာနဲ့ ဟိုရွာသွားပြီး သတင်းပို့ရင် ဒီလူက ဒီမြို့အတွင်းမှာ လွတ် လွတ်လပ်လပ် သွားလို့ရမယ်။ တစ်ခါတစ်လေ ကျန်းမာရေးအတွက် ရန်ကုန်အထိ ဆေး လာကုတဲ့ မော်လဝီဆရာတွေ ရှိပါတယ်။
ဒီငွေလွှဲလုပ်ငန်းကိုတော့ ကာကွယ်ပေး စရာမလိုဘူးထင်တယ်။ ဘာလို့လဲဆို ဘင်္ဂါလီ တွေက ဘင်္ဂလားဒေ့ရှ်ကို နေ့ချင်းပြန်၊ ညအိပ် သွားလို့ရတော့ ဆော်ဒီကနေ ရန်ကုန်၊ ရန်ကုန် ကနေ ဘူးသီးတောင်ကို ငွေလွှဲတယ်ဆိုတာ တော့ မရှိဘူးထင်တယ်။ အဓိက ဘင်္ဂါလီတွေ အခက်အခဲက ကျန်းမာရေးပဲ။ ကျန်းမာရေး မကောင်းရင် တချို့က ဘင်္ဂလားဒေ့ရှ်ဘက် မသွားချင်ဘူး။ စစ်တွေမှာ ကုချင်တယ်။ ရန်ကုန်မှာ ကုချင်တယ်။ ဒီထဲက တချို့ မော်လဝီဆရာတွေကို ပေးသွားတယ်၊ ဒါပေမဲ့ ပြန်လာရတယ်။ ဒါတော့ ကြပ်ကြပ်မတ်မတ် လုပ်ထားရတယ်။
Speaker ။ ။ ဒီနေ့လို အခြေအနေမျိုး နေအိမ်တွေကို မီးရှို့တာတွေ၊ ရဲကင်းစခန်းတွေ ကို တိုက်ခိုက်တာတွေဖြစ်လာတာ ဘယ်သူ့မှာ တာဝန်ရှိလဲ။ ဘယ်သူ့ကြောင့်လဲ။
WM ။ ။ နယ်မြေသိမ်းပြီး အာဏာ ယူလို တဲ့ နောက်ကွယ်က လူတွေကြောင့် ပညာ မတတ်တဲ့ ဘင်္ဂါလီတွေ ရှေ့က ပါလာရတယ် ထင်ပါတယ်။ ဒီလိုဖြစ်လာရတာ ကျွန်တော်ထင် တာတော့ ထိတွေ့မှု နည်းသွားလို့။ တစ် ယောက်နဲ့တစ်ယောက် မသိရင် မယုံဘူး။ ဘာသာမတူတော့ ပိုဆိုးသွားတာပေါ့။ ခုနက မော်လဝီဆရာကို ကျွန်တော် သွားတွေ့ပြီးတဲ့ အခါ သူ့ကို ကျွန်တော် မသတ်ဘူး၊ ကျွန်တော့် ကို သူမသတ်ဘူးဆိုတာသိသွားတော့ ယုံကြည် သွားတယ်။ ဒါမျိုး တစ်ယောက်နဲ့တစ်ယောက် တည်ဆောက်ရမှာ။ ဒီလို တည်ဆောက်ပြီး ထိတွေ့မှုရှိရင် သတင်းတော့ ကြိုရမှာပေါ့။
မော်လဝီဆရာတွေထဲမှာ ဆင်ခြင် တတ်တဲ့ မော်လဝီဆရာတွေ ရှိတယ်။ ကျွန် တော်တို့ သုံးတဲ့အထဲမှာ မော်လဝီဆရာကြီးတွေ၊ မော်လဝီ ဆရာငယ်တွေလည်းပါတယ်။ မော် လဝီ ဆရာငယ်တွေက အယူရှိတယ်၊ ပညာ တတ်တယ်၊ နားလည်တယ်။ လွှတ်တော်ကိုယ် စားလှယ်ဖြစ်လိုက်သေးတဲ့ ဆရာဝန် ဒေါက် တာ ဘော်ရှီးအာမက်ဆို ဘူးသီးတောင်မှာ ဆေးခန်းဖွင့်ပြီး နေတာပဲ။ ကျွန်တော်တို့ မိသားစုလည်း သူ့ဆီမှာ ကုတာပဲ။ သတ်ချင် ရင် ဆေးထိုးအပ်တစ်ချောင်းတည်းနဲ့ သေ အောင်လုပ်လို့ ရတာပေါ့။ ဒါပေမဲ့ ရန်ကုန်မှာ ဆေးတက္ကသိုလ်တက်ခဲ့တဲ့ သူတို့ နားလည် တယ်။ အေးအေးဆေးဆေး နေချင်တဲ့လူတွေ အများကြီးပါ။
အဓိက က တစ်ရွာချင်း တစ်ရွာချင်း ထိတွေ့မှု ပျောက်သွားတာပါ။ ကျွန်တော်တို့ သတင်းယူတယ်ဆိုတာက အကုန်လုံးကို ထိ တွေ့ထားတာ။ ထိတွေ့မှုရှိပြီး ခင်မင်ထားတော့ သတင်း ကြိုတင်ရတာပေါ့။ အခုက အဆက် အစပ် ပြတ်သွားပြီး ယုံကြည်မှုမရှိတဲ့အချိန်မှာ နိုင်ငံတကာမှာ ဖြစ်နေသလိုပဲ နယ်မြေလို ချင်လို့၊ အာဏာလိုချင်လို့ တစ်ဖက်က မြှောက် ပေးတာ။ ဒီလမ်းကြောင်းကို မသိတဲ့ ဘင်္ဂါလီ တွေက တုတ်ဆွဲ၊ ဓားဆွဲပြီး လိုက်ကြတာလို့ ထင်ပါတယ်။
Speaker ။ ။ ဗိုလ်မှူး ပြောချင်တာက ဘင်္ဂါလီ ဘက်မှာရှိတဲ့ အစွန်းမရောက်တဲ့လူတွေကို မစည်းရုံးနိုင်ဘူးဆိုတဲ့ သဘောလား။
WM ။ ။ မစည်းရုံးနိုင်တာ မဟုတ်ဘူး။ ကင်းကွာသွားတာ။ စည်းရုံးတာနဲ့ ထိတွေ့တာ မတူဘူး။ စည်းရုံးစရာမလိုဘူးလေ၊ ထိတွေ့ ထားရမှာ။ အကုန်လုံးမဟုတ်ဘဲ အထူးသဖြင့် မော်လဝီတွေကို ထိတွေ့ရမှာ။ မကြာခင်က အစ္စလာမ်ဘာသာဝင်တစ်ယောက်နဲ့ တွေ့ တယ်။ သူက ဒီနေ့အခြေအနေကို ဘယ်လို လုပ်ရမှာလဲဆိုပြီး ကျွန်တော့်ကိုမေးတယ်။ ဒီတော့ မင်းတို့ တည်ငြိမ်အောင် ဝိုင်းလုပ်ပေါ့၊ မတည်ငြိမ်အောင်လုပ်ရင် အကုန်လုံး ဒုက္ခ ရောက်မှာပေါ့လို့ ပြောရတယ်။ သူက ခုနက မော်လဝီ ဆရာကြီးနဲ့ သိတယ်။ ခုန ဘင်္ဂါလီ ဆရာကြီးရဲ့ သားက အဲဒီမှာ မော်လဝီဆရာ ပြန်ဖြစ်နေပြီ။ အဲဒီ မော်လဝီဆရာက ကျွန် တော့်ကို သိတယ်၊ သူ့အဖေဆီလာတာ မြင်ဖူး တယ်ဆိုပြီး ဖုန်းဆက်လာတယ်တဲ့။ ဒီတော့ အားလုံးကို ထိတွေ့စရာမလိုဘူး။ အကြီးဆုံးကို ထိတွေ့တဲ့အခါ အားလုံးကို ထိတွေ့ပြီးသား ဖြစ်သွားတယ်။ ဒီတော့ ကျွန်တော့်ကို ယုံရင် ကျွန်တော်ပြောတာ နားထောင်မယ်။ ကျွန် တော့်ကို မယုံရင် ဆန့်ကျင်ဘက်လူရဲ့စကားကို နားထောင်မယ်။ အဓိကထိတွေ့မှုမရှိတာ။
Speaker ။ ။ ဒါဆိုရင် ဒီနယ်မြေမှာ အေး အေးဆေးဆေး နေချင်တဲ့လူတွေ အများကြီး ရှိတယ်ဆိုတဲ့ သဘောပေါ့။
WM ။ ။ ရှိနိုင်တာပေါ့။ အေးအေးဆေး ဆေး ကိုယ့်စီးပွား ကိုယ်လုပ်ချင်တဲ့ ဘင်္ဂါလီ တွေ အများကြီးရှိမှာပဲ။
Speaker ။ ။ ဒါဆို ဒေသခံတွေ မနေရဲအောင် နေအိမ်တွေ မီးရှို့တာတို့၊ လက်ပစ်ဗုံးတွေ လုပ်တာတို့ကို ဘာလို့လုပ်တာလဲ။
WM ။ ။ အဓိကကတော့ ဒီဘက်က အစိုးရတို့၊ တပ်တို့၊ ရဲတို့ လုပ်မှားကိုင်မှား ဖြစ်အောင် လုပ်တာလို့ ထင်တယ်။ ဒီလိုဖြစ် တော့ မရှင်းလို့ မရဘူးလေ။ အခု တကယ့် ရှင်းလင်းရေး စစ်ပွဲကြီး မဖြစ်သေးတာတောင် လက်လွန်ခြေလွန်လုပ်တယ်ဆိုပြီး ကုလသမဂ္ဂ အထိ ရောက်တယ်။ ကျွန်တော် ထင်တာတော့ အစကတည်းက ဒီပုံစံမျိုးလုပ်တာထင်တယ်။ ဒီဟာကို နိုင်ငံတကာက အကြမ်းဖက် မာစတာ ဘရိန်းတွေ လုပ်တာ။ အရူးတစ်ယောက် လုပ်တာတော့ မဟုတ်ဘူး။ အကြမ်းဖက်မှုကို ဖြေရှင်းရင်း လက်လွန်ခြေလွန်ဖြစ်ရင် နိုင်ငံ တကာနဲ့ ဝိုင်းအော်မယ်။ ဒီလို အော်ပြီးရင် နယ်မြေ တစ်ခုရအောင်လုပ်မယ်။ နယ်မြေ တစ်ခုရလာပြီးရင် အာဏာရအောင် လုပ်မယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းလည်း ဒီလို ဖြစ်နေ တာပဲ။ ထိုင်းတောင်ပိုင်းမှာ ဘုန်းကြီးသွားရင် လုံခြုံရေးလုပ်ရတယ်။ လုံခြုံရေးမပါရင် ပစ် သတ်တာပဲ။ ဘူးသီးတောင်၊ မောင်တောမှာ ကျွန်တော်တို့ရှိစဉ်တုန်းက ဒါမျိုးမဖြစ်ဘူး။ အဲဒီဘက်မှာ ထိုင်းတောင်ပိုင်းထက်တောင် မွတ်ဆလင် အရေအတွက် များမယ်ထင်တာပဲ။ တိုင်းရင်းသားတွေကို ဘင်္ဂါလီတွေ တစ်ခုခု လုပ်ရင်လည်း အပြည့်အဝ သိအောင် ကျွန်တော်တို့ လုပ်တယ်။ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဘင်္ဂါလီအချင်းချင်း ပြန်ဖော်ထုတ်ခိုင်းတာ ပဲ။
Speaker ။ ။ အဲဒီတုန်းက န.စ.က ပူးပေါင်း အဖွဲ့တွေက ဘင်္ဂါလီတွေကို မှတ်ပုံတင်ထုတ် ပေးတဲ့ အချို့ကိစ္စတွေမှာ လာဘ်ငွေယူခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးကြတယ်။ ဒီစွပ်စွဲမှုတွေက ဘယ်လောက် ထိမှန်နိုင်လဲ။
WM ။ ။ ဘင်္ဂါလီတွေကို မှတ်ပုံတင်ပေးတယ်ဆိုရင် တွေ့တဲ့မှတ်ပုံတင် အကုန်စစ်လိုက်လေ။ ဒီလို စစ်လိုက်ရင် ဘယ်မြို့နယ်က ဘယ်သူပေးလဲ အကုန်ပေါ်တာပဲ။ ချက်ချင်း စစ်လို့ရတဲ့ကိစ္စပဲ။ န.စ.က သည် လ.ဝ.က လုပ်ငန်းပါတယ်ဆိုပေမယ့် သူက မလွတ်လပ် ဘူးလေ။ မှတ်ပုံတင်ထုတ်ပေးတာက သက် ဆိုင်ရာ ဝန်ကြီးဌာနအောက်က လူဝင်မှု ကြီး ကြပ်ရေးရဲ့ လုပ်ငန်းလေ။ ဝန်ကြီးဌာနမှာ မှတ်တမ်းမှတ်ရာ ရှိမှာပဲလေ။ စစ်ဆေးတယ် ဆိုတာ ဘာမှခက်တာမှ မဟုတ်တာ။ ဒီမှတ်ပုံ တင်ကိုင်ထားတဲ့သူကို ဘယ်သူ့ဆီကရလဲ မေးတာနဲ့ ပေါ်လာမှာပဲ။
လက်သိပ်ထိုး ရေးတာကတော့ ကြိုက် သလို ရေးလို့ရတာပေါ့။ အပြစ်တင်ချင်ရင် ကြိုက်သလို အပြစ်တင်။ ဒါပေမဲ့ လုံးဝ မရှိ ဘူးဆိုတာလည်း ပြောလို့မရဘူး။ ရှိတယ်ဆို တာလည်းပြောလို့မရဘူး။ စစ်ဆေးပြီး အပြစ် ရှိတဲ့လူကို အရေးယူလိုက်လေ။ အခုက လူတွေ အားလုံးကို ဝါးလုံးနဲ့ ချေးသုတ်ရမ်းသလို ဖြစ်နေတယ်။ စစ်လိုက်လို့ မေးရင်ပေါ်မှာပဲ။ ဒေသခံ ဘင်္ဂါလီတွေက ပိုဆိုးသေးတယ်။ သူတို့မှာ ကြောက်စိတ်ရှိတဲ့အတွက် အမှန် အတိုင်း ပြောမှာပဲ။ ဥပမာ ခင်ဗျားကို ပိုက်ဆံ တစ်ထောင်ပေးထားရင် ပေးထားတဲ့အတွက် ဘင်္ဂါလီတွေမှာ မှတ်တမ်းရှိတယ်။ ပိုက်ဆံ တစ်သိန်းပေးထားရင် တစ်သိန်းပေးတဲ့ မှတ်တမ်းရှိတယ်။ ဘင်္ဂါလီရဲ့ သဘောတရားက ဒီမြို့ပေါ်မှာဖြစ်ဖြစ်၊ ရွာမှာဖြစ်ဖြစ် အားလုံးက မှတ်တမ်းထားတယ်။ စစ်ကြောရေးလုပ်လို့ ယူခဲ့ဆိုရင် မှတ်တမ်းက အကုန်ပါတယ်။ အရမ်းလွယ်တယ်။ လာဘ်စားတဲ့လူ ရှိလို့ ဥပဒေနဲ့ ငြိစွန်းရင် ထောင်ချလိုက်။ ဖြုတ်ဖို့ လိုရင် ဖြုတ်ပစ်လိုက်။ ခုတော့ ဒါမကောင်း ဘူးဟေ့ အကုန်ရှင်းကွာဆိုပြီး အကုန်ရှင်း လိုက်တာ အဆက်အစပ်တွေ အကုန်ပြတ် ကုန်တာပေါ့။
Speaker ။ ။ မောင်တောဒေသတည်ငြိမ်ဖို့ အခုအစိုးရအနေနဲ့ ဘာတွေအဓိက လုပ်သင့် လဲ။ အရေးအကြီးဆုံးက ဘာလဲ။
WM ။ ။ အရေးအကြီးက လုံခြုံရေးပဲ။ လုံခြုံမှ တည်ငြိမ်အေးချမ်းမှာ။ တိုင်းရင်းသားတွေကို ကာကွယ်ပေးရမှာ။ တိုင်းရင်းသားတွေ ဒီထက်ပိုနည်းရင် ထပ်ဖြစ်မှာပေါ့။ တိုင်းရင်းသားများဖို့၊ တိုင်းရင်းသား တွေ နေနိုင်ဖို့က နေ့စဉ် ဝင်ငွေရှိနိုင်တဲ့အလုပ်တွေ ရှာပေးရမယ်။ ဒါကြောင့် မောင်တောဒေသမှာ စက်ရုံ၊ အလုပ်ရုံတွေ ရှိရမယ်။
Speaker ။ ။ အခု မောင်တောဒေသမှာ စက်မှုဇုန်ဖော်ဆောင်မယ်ဆိုတဲ့ အသံတွေ ကြားနေရပါတယ်။ ဒီအပေါ် ဘယ်လိုမြင်လဲ။
WM ။ ။ တကယ်ကို ရှိသင့်တယ်။ တိုင်း ရင်းသားတွေအတွက် သီးခြားထားရမယ်။ ဒါမှ တိုင်းရင်းသားက လုပ်ရဲမှာ။ နောက်ဆို ဘင်္ဂါလီကို လုပ်ခိုင်းပြီး တိုင်းရင်းသားက ကြီး ကြပ်တဲ့လူဖြစ်ရင်လည်း တဖြည်းဖြည်းနဲ့ ဘင်္ဂါလီလက်ထဲ ရောက်သွားမှာ။
နောက်တစ်ခုက ဒေသကို တိုးတက် အောင် လုပ်ရမယ်။ နောက်တစ်ခုက ထိတွေ့ ဆက်ဆံတာ။ ထိတွေ့ဆက်ဆံတယ်ဆိုတာ သတင်းရအောင်ယူတာပဲ။ သတင်းရနေမှ ဒီလိုမဖြစ်မှာ။ ကိုဝင်းမောင်မောင်တို့ ပြော တယ်လေ သတင်းတွေရပါတယ်တဲ့။ ဟိုမှာ လည်း ရဲမှူးချုပ် သူရစန်းလွင်ရှိပါတယ်။ ကျွန်တော်နဲ့ တစ်ပတ်စဉ်ထဲက သူရဘွဲ့ရတဲ့ သုံးယောက်ထဲက တစ်ယောက်ပါ။ သူလည်း ခေါင်းတောက်အောင် လုပ်ရမှာပဲ။ တကယ်လည်း အရည်အချင်းရှိပါတယ်။ ဒါပေမဲ့ ရဲမှူးချုပ် သူရစန်းလွင် တစ်ယောက်တည်း လုပ်လို့မရဘူး။ အရင်တုန်းက လူသုံးထောင် လောက်နဲ့ လုပ်တာ။ ဒီသုံးထောင်လောက်နဲ့ တစ်ရက်တည်းလုပ်တာ မဟုတ်ဘူး။ အေးချမ်း တဲ့ ကာလမှာ နှစ်ပေါင်းများစွာ အချိန်ယူပြီးလုပ် တာ။
အခု ဖုတ်ပူမီးတိုက် ဘင်္ဂါလီရွာထဲ မှာ သတင်းသွားယူခိုင်းရင် ဘယ်သူ ယူမလဲ။ ဘယ်ဘင်္ဂါလီကရော သတင်း ဘယ်ပေးရဲမလဲ။ သူ့ကို လာသတ်သွားမှာပေါ့။ အခုဆို ဆယ် အိမ်ခေါင်းလုပ်တယ် သတ်တယ်၊ ရွာလူကြီး လုပ်တယ် သတ်တယ်ဆိုတာက ထိတွေ့မှု မရှိလို့ပေါ့။ လတ်တလောဆိုရင် လုံခြုံရေးက အရေးကြီးတယ်။
ပြီးရင် တိုင်းရင်းသားတွေ၊ ဖွံ့ဖြိုးအောင်၊ အလုပ်ရှိအောင် လုပ်ပေးရမယ်။ တိုင်းရင်း သားတွေ အလုပ်ရှိအောင် လယ်ဆယ်ဧကဆီ ပေးလို့လည်းမရဘူး။ အရင်တုန်းက နွားတွေ၊ လှည်းတွေ အများကြီး သင်္ဘောတွေနဲ့ပို့တယ် အဆင်မပြေဘူး။
မောင်တောမှာ ရွာတစ်ရွာ ကျွန်တော် ဆောက်ပေးဖူးတယ်။ ဘင်္ဂလားဒေ့ရှ်မှာ မနေ နိုင်တော့ဘူးဆိုတဲ့ တိုင်းရင်းသားတွေ နည်းမျိုး စုံနဲ့ ထွက်ပြေးလာတာ။ ဒါပေမဲ့ မောင်တော မွေး၊ ဘင်္ဂလားဒေ့ရှ်မှာ ကြီးတဲ့သူတွေလည်း ရှိတယ်။ သူတို့တွေအတွက် ကျွန်တော် ကိုယ် တိုင်ပုံစံဆွဲ၊ ကျွန်တော်ကိုယ်တိုင် အိမ်ဆောက်၊ ကျွန်တော်ကိုယ်တိုင် စာသင်ကျောင်းဆောက် လုပ်ပေးခဲ့တယ်။ ဒီလိုလည်း တိုင်းရင်းသား များလာအောင် လုပ်လို့ ရတယ်။ ရန်ကုန်ကလူ သွားနေဆိုလည်း မနေနိုင်ဘူး။ ကျွန်တော်တို့ လေးနှစ်နေရတာတောင် ဘယ်အချိန်ပြောင်း ရမလဲဘဲ ထိုင်စောင့်နေတာ။ အဲဒီမှာ ပညာ ရေး၊ ကျန်းမာရေးအတွက် ခက်တယ်လေ။ ဝန်ထမ်းကတော့ ပြန်ချင်တာပေါ့ဗျာ။
န.စ.က က ရခိုင်တိုင်းရင်းသားတွေကို အဲဒီမှာပဲ ထားတာ။ ပြီးတော့ ဒေသခံနဲ့ယူ ပြီး အိမ်ထောင်ပြုတဲ့လူကိုလည်း အဲဒီမှာပဲ ထားတာ။ အခုလို အလှည့်ကျ ရွှေ့တာ၊ ပြောင်းတာ မလုပ်ဘူး။ အဲဒီဒေသက ရခိုင် တိုင်းရင်းသား၊ ရခိုင်စစ်သား၊ ရခိုင်ပြည်သူ့ရဲက ရွှေ့ပြောင်းနေဖို့လည်း မစဉ်းစားဘူး၊ ရန်ကုန် မြို့ကြီးကို လာနေဖို့လည်း မစဉ်းစားဘူး။
Speaker ။ ။ မောင်တောကို စွန့်ခွာပြေးလာတဲ့ ဒေသခံတိုင်းရင်းသားတွေက ပြန်တည်ငြိမ် သွားရင်တောင် အဲဒီဒေသကို ပြန်သွားပါ့မလား။
WM ။ ။ လုံခြုံရင်တော့ ပြန်သွားတယ်။ သူတို့ဒေသကို ခင်တွယ်လို့ ဒီလောက် ခက် ခက်ခဲခဲ ကြားမှာနေတာ။ ကျွန်တော်တာဝန် ကျတုန်းက လူ လေး၊ ငါးဆယ်နဲ့နေတဲ့ ရခိုင် ရွာတွေ အများကြီးပဲ။ သူတို့က သူတို့ဒေသကို ခင်တွယ်တယ်။ လုံခြုံရေးပေးမယ်၊ စုစည်း ပေးမယ်ဆို နေတယ်။ သိပ်အာမခံချက် မရှိ ရင်တော့ ကြောက်တာပေါ့။ ဒီလိုဖြစ်အောင် လည်း လုပ်ပေးရမယ်။ မလုပ်ပေးလို့ မောင် တောက ဒီလိုဖြစ်သွားတာ။
ရွာနာမည်က မြန်မာနာမည်(ဥပမာ - သရေကုန်းဘောင်ရွာ) နေတာက ဘင်္ဂါလီ တွေ နေတာ။ ရွာနာမည် ၉ဝ ရာခိုင်နှုန်း လောက်က မြန်မာနဲ့ ရခိုင်နာမည်တွေပဲ။ ဘာလို့ ဒီလိုဖြစ်လဲဆိုရင် ၁၉၄၂ ခုနှစ်က ဒီလိုဖြစ်တယ်၊ ပြေးရတယ်။ အဲဒီလိုပြေးတဲ့ အခါမှာ တိုင်းရင်းသားတွေကို ပြန်ဆွဲဖို့ လုံခြုံ ရေး အင်အားက မရှိဘူးလေ။ ဒီလိုပြေးရင်းနဲ့ ရွာတွေအားလုံးကို ဘင်္ဂါလီက ဝင်ယူသွားတာ။ အခု အဲဒီလို ထွက်ပြေးရင် နောက်ဆုံး အဲဒီ ရွာတွေက ဘင်္ဂါလီနယ်မြေတွေ ဖြစ်သွား မှာပဲ။
ဒါပေမဲ့ ဒေသခံတိုင်းရင်းသားတွေက နေချင်ပါတယ်။ တောင်ပေါ်မှာနေတဲ့လူက တောင်ပေါ်မှာပဲ နေချင်တယ်။ ကျွန်တော်တို့ က အကာအကွယ် လုပ်ပေးရမယ်။ ဒါကြောင့် ကျွန်တော့် အမြင်အရ နေမှာပါ။
Speaker ။ ။ လေးနှစ်တာ တာဝန်ထမ်း ဆောင်ခဲ့ချိန်မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် သုံးမြို့နယ်ကို ဘယ်လို စီမံ အုပ်ချုပ်ခဲ့လည်း။
WM ။ ။ အုပ်ချုပ်တာက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အဆင့်ဆင့်က အုပ်ချုပ်တာ။ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။
Speaker ။ ။ ကကလှမ်း အာဏာ အပြည့် အဝရှိခဲ့ချိန် ဘင်္ဂါလီတွေပေါ် ကကလှမ်းရဲ့ သြဇာသက်ရောက်မှု ဘယ်လောက်ရှိလဲ။
WM ။ ။ အုပ်ချုပ်ရေးက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ဒေသကို ဖွံ့ဖြိုးအောင် လုပ်ပေးတယ်။ ဘူးသီးတောင်မှာက ဗလီတွေအားလုံး အုတ်တံတိုင်းခတ်ထားတာ တွေ့ရ တယ်။ ဘုန်းကြီးကျောင်းအားလုံးက ဝါးထရံ ဖြစ်နေလို့ ကူညီခဲ့ရတယ်။
နောက်ပြီး ဘူးသီးတောင် အ.ထ.က ကျောင်းနောက်မှာ ခမီး ဘုန်းကြီးကျောင်း ရှိတယ်။ အဲဒီ ဘုန်းကြီးကျောင်းမှာနေတဲ့ ဘုန်းကြီးကျောင်းသားတွေ အင်မတန် ဆင်းရဲ တယ်။ ညစာ၊ မနက်စာကို ငှက်ပျောအူပြုတ် နဲ့စားပြီး အ.ထ.က ကျောင်းမှာ စာလာသင် တယ်။ ဒီတော့ အ.ထ.က ကျောင်းမှာရှိ တဲ့ အောက်ခြေသိမ်း အလုပ်အားလုံးကို ခမီး ကျောင်းသားလေးတွေလုပ်တယ်။ ဘာလို့လဲ ဆိုရင် ကျောင်းမှာ တခြားလိုအပ်တဲ့စရိတ်တွေ ဘာမှ မပေးနိုင်ဘူး။ အဲဒီမှာ ပိုက်ဆံလေး နည်းနည်းရှိလာရင် ဘူးသီးတောင်မှာ ခမီး တိုင်းရင်းသားတွေ အကုန် လာစုတယ်။ ကလေးက စပြီးတော့ ခမီး ဆရာတော်က စာသင်ပေးတယ်။ လူရှစ်ဆယ်လောက်နေတာ ဝါးတဲလေးနဲ့။ ကျွန်တော်ကိုယ်တိုင် အုတ် ဖုတ်ပြီးတော့ကို အဲဒီကျောင်းကို ဆောက် ပေးခဲ့တာ။ ဒီတော့ ကျွန်တော်တို့ ထောက် လှမ်းရေးတပ်က တစ်နှစ်ကို အုတ် နှစ်သိန်း လောက် ဖုတ်တယ်။ ပြီးတော့ အဲဒီအုတ်တွေကို ဘုန်းကြီးကျောင်းတွေကို လှူတယ်။ အခုတော့ ဘူးသီးတောင်က ဘုန်းကြီးကျောင်းတွေ အုတ်တံတိုင်းနဲ့ ဖြစ်သွားပြီ။
ဘူးသီးတောင်မြို့တွင်းလမ်းက တစ် နေရာမှာ သစ်သားတံတားကို ဖြတ်ရလို့ ဆိုက် ကားသွားရင် ကျန်တဲ့ကားတွေ ရပ်ထားရ တယ်။ အဲဒီတံတားကို ကွန်ကရစ်တံတား ဖြစ်အောင် လုပ်ပေးခဲ့တယ်။ ကြိုက်တဲ့အချိန် ဆိုက်ကားရော၊ ကားရော အကုန်သွားလို့ ရ သွားတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာ ဘူးသီးတောင်မြို့က ရေတိုက်စားလို့ သုံးကြိမ် ရွှေ့ထားရပြီးပြီ။ အဲဒါနဲ့ ဘူးသီးတောင် ဆိပ် ကမ်းကို ကျောက်တစ်တုံးချင်း အောက်က စီပြီးအပေါ်မှာအုတ်နဲ့ တစ်မိုင်ခွဲလောက်ရှိတဲ့ ရေထိန်းနံရံ လုပ်တယ်။ ၁၉၉၉ ခုနှစ် အဲဒါ လုပ်ပြီးကတည်းက ဘူးသီးတောင်မြို့ လုံးဝ မရွှေ့ရတော့ဘူး။ ဘူးသီးတောင်ဆိပ်ကမ်းက တက်လိုက်ရင် သွပ်ပြားမိုးထားတဲ့ လက်မှတ် ရောင်းတဲ့ တဲလေးရှိတယ်။ ကျွန်တော်တို့က စစ်တွေက လူကြီးတွေလာရင် ဆိပ်ကမ်းကို သွားပြီး နာရီနဲ့ချီပြီးစောင့်ရတယ်။ ဒီလိုစောင့် ရင် နားစရာ နေရာမရှိတော့ အဲဒီဆိပ်ကမ်း တဲလေး ဖျက်ပြီးတော့ ဧည့်သည်လည်း ထိုင်၊ လက်မှတ်လည်း ရောင်းလို့ရတဲ့ ရေချိုးခန်း၊ နဲ့ အိမ်သာပါတဲ့ အဆောက်အအုံ ဆောက်ပေး ခဲ့တယ်။ အဓိကက အဲဒီမြို့ကို တိုးတက်အောင် လုပ်လိုက်တာပဲ။
ဘူးသီးတောင် ဘောလုံးကွင်းက ဘောလုံးမကစားတဲ့အချိန်လည်း ရေပေးနိုင် အောင် မြေအောက်မှာ ရေလိုင်းတွေ လုပ်ပေး ခဲ့တယ်။ ဘာလို့လဲဆို ရခိုင်ပြည်နယ်ဟာ ဘောလုံးသမား အထွက်ဆုံးပဲ။ ဘောလုံးကို ဘင်္ဂါလီတွေရော၊ ရခိုင်တွေရော၊ တိုင်းရင်းသား တွေရော ဝါသနာပါတယ်။ ၁၉၉၉၊ ၂ဝဝဝ နောက်ဆုံး ဆီမီးဖိုင်နယ်ထိ ရောက်တယ်။ ဒီနည်းက ကျွန်တော့်ကို အကုန်လုံး ထိတွေ့ လို့ရတယ်။
ဘူးသီးတောင်ဆေးရုံကို ခြံစည်းရိုး တွေခတ်၊ ကွန်ကရစ်လမ်းတွေ ခင်းပေးတယ်။ တချို့ အခက်အခဲတွေရှိရင် န.တ.လ ကို မပြောဘဲ ကျွန်တော်တို့က အရင်လုပ်ပစ်လိုက် တယ်။ ကျောင်းခြံစည်းရိုးခတ်တဲ့၊ Multi-Media အခန်းလုပ်တဲ့၊ လမ်းခင်းတဲ့အခါ ညနေဘက် ကျွန်တော်သွားကြည့်ရင် မြို့ရဲ့ အခက်အခဲကို လာပြောလို့ရတယ်။ ကျွန်တော့် အောက်က တပည့်မကောင်းတာကိုလည်း လာပြော၊ ဘာပြဿနာဖြစ်နေလဲ လာပြော၊ ဘယ်နေရာမှာ ဘာလေးဖြစ်ချင်တယ် လာ ပြော။ ကျွန်တော့်ဒေသကို စီမံတာ ဒါနဲ့စီမံ တာ။ အဓိကက သတင်းရဖို့လေ။ သတင်းရဖို့ အတွက် ငါ့ကို သတင်းပေးကြဆိုရင် ဘယ်သူ က ချက်ချင်း ပေးမလဲ။
Speaker ။ ။ ဗိုလ်မှူးတာဝန်ယူခဲ့တဲ့ အချိန် တုန်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်မှာ ဗလီတွေ ဘယ်လောက်လောက်ရှိလဲ။ ဘယ်မှာ အများဆုံးလဲ။
WM ။ ။ မမှတ်မိတော့ဘူး။ စာရင်းတော့ ရှိတယ်။ မောင်တောမှာ အများဆုံးပေါ့။ ၂ဝဝ၁ ခု နှစ်ကစပြီး ကျွန်တော် မရောက်တော့ ဘူး။ တကယ်တော့ ဘူးသီးတောင်၊ မောင် တော၊ ရသေ့တောင်က ဗလီအချို့ကို ကျွန် တော့်လက်ထက်မှာ ဖျက်ခဲ့ဖူးတယ်။ ကျွန်တော် တို့ ဖျက်တာတော့ မဟုတ်ဘူး။ သတင်းကို တည်ဆောက်ပေးတာ။ ဥပမာ - ဘင်္ဂါလီတွေ က ဝါးတဲတစ်တဲရှေ့မှာ ဘုရားရှိခိုးဖို့ လုပ် တယ်။ ဝါးတဲကို ထရံမြင့်မြင့် ကာထားတယ်။ အထဲမှာ RCနဲ့ ချက်ချင်းဆောက်တယ်။ ရက် ပိုင်းအတွင်း ပြီးသွားတယ်။ ပြီးရင် ဝါးထရံကို ဖျက်ချလိုက်ရင် ဗလီဖြစ်နေရော။ ဒီလို တွေ့ ခဲ့ဖူးတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြောပြီးတော့ ဖျက်ချခဲ့ရတာတွေလည်း ရှိ တယ်။ ကျွန်တော်တို့က နေ့တိုင်း ထိတွေ့ရတဲ့ တပ်ဆိုတော့ ဘယ်ရွာမှာဘာဖြစ်နေလဲ ကြည့် နေရတာ။ ဒီလိုတပ်တောင် လျှမ်းတယ်။ အခုနောက်ပိုင်း ထိတွေ့မှုမရှိတဲ့အခါ ရွာတိုင်း မှာ ဆောက်မှာပေါ့။ ဗလီဆိုတာက သာသနာ့ မြေကျအောင် လျှောက်ပြီးတော့ သာသနာ့ မြေခံယူပြီး ဆောက်ရတာမှ မဟုတ်တာ။ သိမ်ဆောက်ချင်တယ်ဆိုလည်း အဆင့်ဆင့် အများကြီးတင်ရတာလေ။ ဒီတော့ ထိတွေ့မှု နည်းသွားရင် ဗလီတွေအများကြီး ဖြစ်လာ နိုင်တာပဲ။
Speaker ။ ။ ဒီပြဿနာကို ရေရှည်နည်းနဲ့ ဖြေရှင်းဖို့ ဘာအကြံပေးချင်သေးလဲ။
WM ။ ။ တိုင်းရင်းသားတွေအတွက် လုံခြုံ ရေး အာမခံပေးဖို့လိုတယ်။ ဘာလို့ဆို ဘင်္ဂါလီ က အင်အားတောင့်ပြီးသားမို့ ဘာမှ အာမခံ ပေးစရာမလိုဘူး။ ဒါပေမဲ့ ဒီမှာရှိတဲ့ ဘင်္ဂါလီ တွေကို ပညာတတ်အောင်၊ မြန်မာစကားတတ် အောင် လုပ်ပေးရမယ်။
Speaker ။ ။ ဒါဆို ဗိုလ်မှူး တာဝန်ထမ်း ဆောင်တုန်းက ဘင်္ဂါလီအများစုဟာ မြန်မာ ကျောင်းတွေ မတက်ဘူးပေါ့။
WM ။ ။ မြို့ပေါ်က ဘင်္ဂါလီတွေပဲ တက် တာ။ ရွာတွေမှာရှိတဲ့ ဘင်္ဂါလီတွေ မတက်ဘူး။ ကျောင်းမရှိတဲ့ ရွာတွေအများကြီးပဲ။ ပညာတတ်တဲ့ ဘင်္ဂါလီတွေက သား၊ သမီးကို ကျောင်းထားချင်တယ်။ ကျောင်း လည်းထားတယ်။ တချို့သော မော်လဝီဆရာတွေက ကျောင်းတက်တာကို လက်မခံဘူး။
Speaker ။ ။ မော်လဝီဆရာတွေက ဒီက ပညာရေးစနစ်ကို လက်မခံတာလား။
WM ။ ။ မဟုတ်ဘူး။ ကျောင်းထားတာကို လက်မခံတာ။ ပညာတတ်သွားရင် သူတို့သြဇာ မညောင်းတော့ဘူး။ ဘင်္ဂါလီတွေကို မော်လဝီ ဆရာတွေက သူတို့သြဇာနဲ့ အုပ်ချုပ်တာ။ ဒါကြောင့် ကျွန်တော်ထင်တာတော့ တုတ်၊ ဓား၊ သေနတ် စတဲ့ ရှိတာယူပြီးလာတဲ့ ဘင်္ဂါလီ တွေမှာ ခံယူချက်ရှိတယ်လို့ သွားမစဉ်းစားနဲ့ အများစုက အကြောက်တရားနဲ့ပဲ။ သူတို့ အပေါ် သြဇာလွှမ်းမိုးတဲ့ လူကိုကြောက်ပြီး တော့ ထွက်လာတာ။
ရှိနေတဲ့ ဘင်္ဂါလီတွေကို ထိန်းချုပ်ချင် ရင်တော့ ထိတွေ့ရမှာပဲ။ ပြီးမှ ဆွဲ၊ တင်၊ စစ် လို့ ခေါ်တဲ့ လ.ဝ.က အလုပ်ကို မပြတ် လုပ်ရမယ်။ ဒါဟာ ဘင်္ဂါလီကို နှိပ်ကွပ်တာ မဟုတ်ဘူး။ ဒီလို စည်းစနစ်နဲ့ထားတော့ ပြဿနာဖြစ်တာနဲ့ ချက်ချင်းသိတယ်။ ရွာထဲကို လူဝင်ရင် သိတယ်။ ရွာထဲက လူထွက်ရင် သိတယ်ဆိုတော့ လူတွေ ထွက်ပြေးသွားစရာ လည်း မလိုဘူး၊ ဝင်လာစရာလဲ မလိုဘူးလေ။ ကျွန်တော် ထင်တာတော့ ဒီစနစ်ကို ပြန်လုပ် သင့်တယ်။ ဒီအတွက် အဖွဲ့တစ်ဖွဲ့ကို စနစ် တကျနဲ့ ဖွဲ့ထားရမယ်။ ကျွန်တော့်အနေနဲ့လည်း န.စ.က ကို ပြန်ထားသင့်ပါတယ်လို့ ပြောဖို့ မသင့်ပါဘူး။ ထားဖို့မသင့်ဘူး ထင်လို့ ဖျက်ထားတာ။ ဒါပေမဲ့ တကယ်တမ်းတော့ န.စ.က က ရှိသင့်တယ်။ ဒါနဲ့ ထိန်းချုပ် ထားတာ။ ဒီလူတွေက အန္တရာယ်ပေးနေတာ မဟုတ်ဘူး။
န.စ.က က ဘင်္ဂါလီတွေကို မှတ်ပုံ တင်တွေ ခိုးပြီးထုတ်ပေးနေလို့ ဖျက်လိုက် တယ်ဆိုရင်တော့ မဟုတ်သေးဘူး။ ဘင်္ဂါလီကို မှတ်ပုံတင် ခိုးထုတ်ပေးထားတာတွေ့ရင် မှတ် ပုံတင်ကိုင်ထားတဲ့လူကို စစ်၊ ပြီးရင် မှတ်ပုံ တင်ထုတ်ပေးတဲ့လူကို အရေးယူ၊ ဒါဆို ရှင်း နေတာပဲ။ ကျန်တဲ့လူ သူ့အလုပ် ဆက်လုပ်ပေါ့။ နမူနာ သုံးယောက်လောက်ပဲ အရေးယူပြရင် ဘယ်သူမှ ဆက်လုပ်မှာ မဟုတ်ဘူး။ မကောင်းရင် မကောင်းတဲ့လူကို အရေးယူ လိုက်ပေါ့။ မကောင်းတဲ့လူကို အရေးယူ လိုက်ရင် ကောင်းတဲ့လူလည်း ပိုကြိုးစားသွားတယ်၊ မကောင်းချင်တဲ့လူလည်း ကောင်းသွား တာပဲ။ ကျွန်တော် ဘူးသီးတောင်၊ မောင် တော၊ ရသေ့တောင်မှာ တပ်မှူးလုပ်ခဲ့တုန်းက လည်း မကောင်းတဲ့လူတွေရှိတာပဲ။ ဒါပေမဲ့ ရဲဘော်တစ်ယောက် စည်းကမ်းဖောက်တာနဲ့ ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုလုံး ဖျက် လိုက်စရာ မလိုဘူး။ စည်းကမ်းဖောက်တဲ့လူကို အရေးယူပေါ့။ ကျွန်တော် မကောင်းရင် ကျွန်တော့်ကို အရေးယူပေါ့။ ဒီလို ဥပဒေ ရှိတယ်၊ စည်းကမ်းရှိတယ် အရေးယူလိုက်ရင် ပြီးသွားပြီပေါ့။ ဖျက်လိုက်တဲ့ အကျိုးဆက်ကို အခုခံနေရတာပေါ့။ သိပ်နှမြောစရာ ကောင်း တယ်။ တိုင်းရင်းသားတွေလည်း သေရ၊ ရဲ တပ်ဖွဲ့ဝင်တွေလည်း သေရနဲ့ပေါ့။
ခုနပြောသလို ဘင်္ဂါလီရွာထဲကို ကျွန် တော် မေဂျာဘဝနဲ့ တစ်ယောက်တည်းသွားတာ သွားလို့ရတယ်။ ကျွန်တော်တို့ အလုပ်က လူတွေကို ဒုက္ခပေးဖို့မဟုတ်ဘဲ သိချင်တာကို သိအောင် ကြိုးစားပြီး နောင်ဘာဖြစ်မလဲ တွက်ဆတာပဲ။ ကျွန်တော်တို့ သတင်းယူတယ် ဆိုတာက ကြိုတင်သိအောင်လုပ်ရတာ။ ကြိုတင်သိအောင်မလုပ်ဘဲ ဓားနဲ့ထိုးတော့မှ ဟာ''ဘယ်သူထိုးတာလဲကွ''ဆိုရင် မထူးဘူး။ မထိုးခင် ဓားကိုင်နေကတည်းက ဘယ်သူ ဓားကိုင်နေလဲ ကြိုသိအောင် လုပ်နိုင်ရင် ဓား ထိုးမှု နည်းသွားမှာပေါ့။
အခုလို စိတ်ရှည်၊ လက်ရှည် ဖြေကြား ပေးတာ ကျေးဇူးတင်ပါတယ်။

အွန်လိုင်းဝဏ္ဏ

The Speaker သတင်းဂျာနယ်
အတွဲ(၁)၊ အမှတ်(၄၂)
စက်တင်ဘာ ၂၁

https://m.facebook.com/story.php?story_fbid=390562784680505&id=246619262408192

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဘင်္ဂါလီတွေကို ထိန်းချုပ်ချင်ရင်တော့ ထိတွေ့ရမှာပဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...