Wednesday, September 13, 2017

ဂွမ်းပါတယ်

,
ဘူးသီးတောင် မောင်တော ဇာတ်ညွှန်းရေးတဲ့ ပုဂ္ဂိုလ်​ တော်တော်ညံ့တယ် ပြောရမယ်။ သီတာထွေးတုန်းကလို ဇာတ်နာအောင် မဖန်တီးတတ်တော့ အစိုးရ အရှက်ကွဲတာပေါ့။ လူတွေရဲ့ အသက်၊ အိုးအိမ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖျက်ဆီးပြီး အိပ်ရေးဝအောင် ဘယ်လိုမှ အိပ်လို့ရဖို့ မရှိတော့ဘူး။

ARSA လို လေးခွတို့၊ ဓားတို့ ကိုင်ထားတဲ့ အဖွဲ့သေးသေးလေးက ၂၄နာရီ ရိုဟင်ဂျာတွေကို သွေးစုပ်နေတဲ့ ကင်းစခန်း ၃၀ကို ၀င်တိုက်ပြီး blah blah လုပ်သွားတယ် ဆိုတာကနေ စပြီး ဂွမ်းတာပဲ။ သတင်းထောက်တွေ ၀င်ခွင့်မပေးဘဲ လုပ်ချင်ရာလုပ်ပြီး ရှိသမျှ ဇာတ်ညွှန်းထဲက ဗီလိန်အဖြင့် ရိုဟင်ဂျာတွေကို ရက်စက်လိုက်တယ်။ သတင်းထောက်တွေလည်း ၀င်ခွင့်ရရော ရခိုင်တွေကို ထိုးကျွေးလိုက်သလို ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးရှို့တယ်ဆိုတဲ့ ၂၀၁၂ ကတည်းက မိုက်ရိုင်းစုတ်ပဲ့စွာ စွပ်စွဲခဲ့တာတွေက ခလားနဲ့ဆို မနေချင်ပါဘူးဆိုတဲ့ ဟိန္ဒူ တွေ ဖြစ်နေတာက ဂွမ်းပြန်ပါတယ်။

နိုင်ငံတကာအသိုင်းအ၀ိုင်းဆိုတဲ့နေရာမှာ မွတ်စ်လင်မ်နိုင်ငံတွေရော အနောက်ဥရောပနိုင်ငံတွေမှာပါ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေတာတွေ အထောက်အထားတွေနဲ့ ဖိအားပေးလာတော့ ပြည်မက မွတ်စ်လင်မ်တွေကို အကြမ်းဖက်ဖို့ ဇာတ်ညွှန်းအသစ်ထပ်လုပ်လာတယ်။ ပြည်သူတွေက လူမျိုးရေး ဘာသာရေး ပြဿ     နာတွေကို ရွံလာကြပြီဖြစ်လို့ ဒီဇာတ်ညွှန်းလည်း ဂွမ်းပါတယ်။

အခု UN အစည်းအဝေးတက်ဖို့ ဒေါ်အောင်ဆန်းစုကြည် သွားရင် ကမ္ဘာ့ခေါင်းဆောင်တွေအရှေ့မှာ ဆက်ပြီး အလိမ်ဇာတ်လမ်းတွေ အလုပ်မဖြစ်နိုင်တော့မှန်းသိတော့ ရခိုင်ကော်မရှင်မှာပါခဲ့တဲ့ ဒုသမ္မတ ဦးမြင့်ဆွေကိုတောင် မလွှတ်ရဲဘဲ ချင်းတိုင်းရင်းသား ခရစ်ယာန်ဘာသာဝင် ဒုသမ္မတ ဦး Henry Van Thio
ကို ရှေ့တန်းထွက်ခိုင်းပြီး နိုင်ငံမှာ ဘာသာရေး ဘယ်လို လွတ်လပ်ခွင့်ရှိကြောင်း ကလေးကွက်တွေ သုံးဖို့ကြိုးစားတာလည်း ဂွမ်းပြန်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ချင်းတိုင်းရင်းသားတွေ ဒုက္ခသည်အဖြင့် နေထိုင်နေကြတာ ကမ္ဘာ့ခေါင်းဆောင်တွေ အသိပဲမို့လို့ပါ။

မြန်မာနိုင်ငံအစိုးရရဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြောင်း UN က အသံထုတ်လာသလို UN လုံခြုံရေးကောင်စီ အစည်းအဝေးလည်း ကျင်းပတော့မှာမို့လို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက စာတွေထုတ်လို့ထုတ်၊ ခါတော်မီ သုံးစားမရတဲ့ ကော်မရှင်တွေဖွဲ့လို့ဖွဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ ကြိုးစားတာလည်း ဂွမ်းပါတယ်။ နိုင်ငံတကာက focus လုပ်ထားတာ ရိုဟင်ဂျာဒုက္ခသည်တွေပေမဲ့ ထုတ်လိုက်တဲ့စာရော ဖွဲ့လိုက်တဲ့ ကော်မရှင်မှာပါ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး highlight လုပ်မထားပြန်ပါဘူး။

မဆီမဆိုင် Bangladesh ၀န်ကြီးချုပ်က သူ့နိုင်ငံကို အသက်ဘေးကနေ ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာတွေကို အားပေးဖို့ ကိုယ်တိုင်သွားခဲ့ပေမဲ့ မြန်မာ Racist အစိုးရက သွားရောက်တွေ့ဆုံဖို့နေနေသာသာ အရေးမစိုက်ကြောင်းတောင် ကမ္ဘာကို ကြေညာခဲ့တယ်။

တစ်ဘက်က ကရင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေး မှိုင်းတိုက်နေတဲ့ ၀ီရသူကို ဖမ်းရမဲ့အစား အဲဒီ တရားပွဲ စီစဉ်သူတွေကို အရေးယူမယ်လို့ ကြေညာချက်ထုတ်တယ်။ မြန်မာအစိုးရရဲ့ ဘာသာတရားညှိုးနွမ်းစေတဲ့ ပုဒ်မဟာ မွတ်စ်လင်မ်က ဗုဒ္ဓဘာသာကို ထိပါးရင်သာ အသုံးချဖို့ဖြစ်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးပါဆိုသူတွေကို အပထား online ပေါ် live တင်ပြီး အစ္စလာမ်ဘာသာနှင့် ကိုးကွယ်ရာအရှင် အလ္လာဟ်ကို ဆဲဆိုနေသူတွေအတွက် မပါဘူးဆိုတာ လက်တွေ့မြင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်က International Community နှင့်အတူ မွတ်စ်လင်မ်တွေ၊ ရိုဟင်ဂျာတွေ၊ ဗုဒ္ဓဘာသာဝင်တွေ လက်တွဲညီညီ လွတ်မြောက်ရေး ကြိုးစားခဲ့ကြတယ်။ အခုလည်း International Community ရဲ့ တောင်းဆိုမှု ဖိအားတွေအောက်မှာ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေလို့မရတော့ပါဘူး။ စစ်အစိုးရရဲ့ မတရားမှုတွေကို ထိပ်တိုက်ရင်ဆိုင်ရဲခဲ့တဲ့ အရင်က spirit မျိုး ပြန်လိုအပ်ပါတယ်။ လက်တစ်ဆုပ်စာ အစွန်းရောက်တွေကျေနပ်ဖို့အတွက်  ဆက်ပြီး ကမ္ဘာကို မလိမ်တော့ဖို့ တိုက်တွန်းပါတယ်။

#crd: Mohammed Naeem

https://m.facebook.com/story.php?story_fbid=1116432785167982&id=100004038138294

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဂွမ်းပါတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...