Sunday, September 10, 2017

သမိုင်းပညာရှင် ဒေါက်တာ ဂျာ့က်ပီလိုက်ဒါ ပြောတဲ့ ရခိုင့်သမိုင်း

,
ဒီရခိုင်ပြည်နယ် ပဋိပက္ခက ၂ဝ၁၂ က စပြီးဖြစ်တာ။ ဒါနဲ့ပတ်သက်တဲ့ ကိစ္စရပ် အကြောင်းအရာ သုံးခုလို့ ဆိုနိုင်ပါ တယ်။

မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းများ အတူတကွ ပူးပေါင်းနေထိုင်နိုင်ဖို့၊ နောက်စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး အခြေခံတွေ တည်ထောင်ပေးနိုင်ဖို့ပေါ့။ ရင်းနှီးမြှုပ်နှံ မှုတွေ တိုးမြှင့်ရရှိဖို့ပေါ့။ နောက်ဒီလုံခြုံရေးတို့၊ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ လုံခြုံရေးတို့၊ ပထဝီနိုင်ငံရေး လုံခြုံမှုတွေ ရှိဖို့ပေါ့။ စိန်ခေါ်မှု အခက်အခဲကတော့ ဒီတင်းမာမှုတွေ လျှော့ချနိုင်ဖို့ရယ်၊ လူမှုစီးပွားရေးတိုးတက်မှု ရရှိနိုင်ဖို့ရယ် ဖြစ်ပါတယ်။ ဒီနိုင်ငံသားဖြစ်မှု ကိစ္စကိုတော့ မွတ်စလင် အသိုင်းအဝိုင်းက လူနေမှုကိစ္စ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးတွေ၊ လူသားချင်း စာနာရေးတို့၊ လူ့အ ခွင့်အရေးကိစ္စတို့ ပြေလည်ဖို့ ဖြစ်ပါတယ်။

အဲဒီတော့ ငါးနှစ်ပဋိပက္ခ ပြီးတဲ့နောက်မှာ အရေးကြီး ဆောင်ရွက်ရမယ့် ကိစ္စရပ်ကတော့ ဒီသောင်းကျန်းသူပုံစံနဲ့ အကြမ်းဖက် အုပ်စု ပေါ်ပေါက်လှုပ်ရှား လာပါတယ်။ ဒါမကြာသေးခင်က ပေါ်ပေါက်လာတာပါ။ မြန်မာနိုင်ငံ အခုအချိန်မှာ ဆက်သွယ်ပြောဆိုရေးပိုင်းမှာ အဲဒီအများပြည်သူ၊ မီဒီယာပေါ့။ Social မီဒီယာတွေမှာ အားနည်းတယ်ပေါ့။ ဒါတွေကြောင့်လည်း ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော့် Presentation ကတော့ သမိုင်းနောက်ခံ၊ ရခိုင်ပြည်နယ်ရဲ့ သမိုင်းနောက်ခံရယ်၊ နိုင်ငံရေး စိန်ခေါ်မှု အခက် အခဲတွေ၊ ဒီလူဦးရေ အနေအထားနဲ့ ပတ်သက်တဲ့ မွတ်စလင် အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ လူဦးရေအနေအထား တွေ၊ လက်ရှိအခြေအနေ၊ ဒါတွေကျွန်တော် တင်ပြသွားလိုပါတယ်။ ဆွေးနွေးသွားလိုပါတယ်။

ဒီရခိုင်သမိုင်းနဲ့ ပတ်သက်ရင် ဗုဒ္ဓဘာသာနိုင်ငံ ရှိခဲ့တယ်ပေါ့။ ရခိုင်မြောက်ဦးဟာ ၁၅ ရာစု ကနေ ၁၈ ရာစုအထိ မြောက်ဦး နိုင်ငံငယ်လေးပါပဲ။ မြန်မာနဲ့ သေးတာပေါ့။ ဒီရခိုင်နိုင်ငံငယ်က ၁၅-၁၆ ရာစု၊ သူရွှေခေတ်ရောက်ခဲ့တာ ၁၆ ရာစုနှောင်းပိုင်းမှာ သူရွှေခေတ်ရောက်ခဲ့တာ။ ဒီစစ်တကောင်းမြို့တွေ ထိန်းချုပ်တာ၊ ဒီရခိုင်ကနေပြီးတော့ ဘင်္ဂလား ပင်လယ်အော် အရှေ့ကမ်းရိုးတန်းကို ထိန်းချုပ်ထားနိုင်တဲ့ အချိန်ပေါ့။ ရေတပ်ရှိတယ်။ သင်္ဘောတွေ ထောင်ဂဏန်းနဲ့ ရှိတယ်။ ဒါပင်လယ်ကို ထိန်းချုပ်ထားတယ်။

ဒီရေကြောင်းလမ်းတွေကို ဘင်္ဂလား၊ အရှေ့တောင် ဘင်္ဂလားအထိ ထိန်းချုပ်ထားတာပေါ့။ နိုင်ငံခြား ဆက်ဆံရေးကကျတော့ မဂိုအင်ပါယာ ချဲ့ထွင်တာကို တားဆီးဖို့။ ဒါ မွတ်စလင်ဆန့်ကျင် တာမဟုတ်ပါဘူး။ မဂိုကို ဆန့်ကျင်တဲ့ နိုင်ငံပါ။ ဒီမဂိုတွေ တိုးချဲ့တာ ၁၆၆၆ ခုနှစ်မှာ စစ်တကောင်း ကျသွားပြီးတဲ့ နောက် ဒါရသွားတယ်ပေါ့။ မဂိုအင်ပါယာ မချဲ့နိုင်တော့ဘူး။ ဒါဒီလိုနိုင်ငံငယ်လေး ဖြစ်တဲ့အ တွက်ကြောင့် လူ့စွမ်းအား အရင်းအမြစ်က နည်းပါတယ်။ အဲဒီမှာ ပြန်လည်နေရာချထားရေး မူဝါဒတွေ ကျင့်သုံးတာတွေ၊ ယဉ်ကျေးမှုအားဖြင့် ရှုပ်ထွေးတဲ့ ရပ်ရွာအသိုင်းအဝိုင်း တွေရှိခဲ့တယ်။ ဗုဒ္ဓဘာသာတွေရော၊ ဟိန္ဒူတွေရော၊ မွတ်စလင်တွေရော၊ ခရစ်ယာန်တွေရော ဒီဘုရင့်ထံမှာ အမှုထမ်း ကြတယ်ပေါ့။ အဲဒီလိုနဲ့ပဲ ဒီတစ်ရာစု တစ်စုလောက် ဒီနိုင်ငံ တန်ခိုး ထွားခဲ့တယ်ပေါ့။ အာဖဂန်တို့၊ တူရကီတို့ ဒါတွေဟာ မဂိုအင်ပါယာ ချဲ့ထွင်လို့ ထွက်ပြေးလာတဲ့ သူတွေရှိတယ်။ ဟိန္ဒူတို့၊ မွတ်စလင်တို့ သူတို့ ကုလားတန် မြစ်ဝှမ်းမှာ အခြေချနေတဲ့ ပေါ်တူဂီတို့ ထွက်ပြေးတာတွေ၊ သူတို့သစ္စာဖောက်တို့ ထွက်ပြေးလာတာတွေ၊ နောက်ကုန်သည်တွေ အရေးပါတဲ့ အခန်းကဏ္ဍပေါ့နော်။ ဒီအစဉ်အလာ ရခိုင်ဗုဒ္ဓဘာသာ နိုင်ငံမှာ ဒီမွတ်စလင်တွေရဲ့ အခန်းကဏ္ဍက သေး ငယ်ပါတယ်။ ဒီ ၁၈ ရာစုနှောင်းပိုင်းမှာ မြန်မာနိုင်ငံက ရခိုင်ကို သိမ်းပိုက်လိုက်တဲ့ အချိန်မှာ ရခိုင်ကိုအောင်နိုင်တဲ့ အချိန်မှာ ၁ဝ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ သူတို့က ရခိုင်ကို အောင်နိုင်ချိန်မှာ လူဦးရေ ကြီးထွားလာတာ၊ မွတ်စလင် အသိုင်းအဝိုင်းတွေ လူဦးရေ ကြီးထွားလာတာမှာ အရေးပါတဲ့ နေ့စွဲဆိုတာ ဒီတစ်ခုပဲ ရှိပါတယ်။ ၁၈၆၉ ခုနှစ်ပေါ့။ စူးအက်တူးမြောင်း ဖွင့်တဲ့နှစ်ပေါ့။ ၁၈၆၉ စူးအက်တူးမြောင်း ဖွင့်လိုက်တော့ ဆန်စပါးတင်ပို့တာတွေ လုပ်လာတယ်။

စစ်တကောင်းက အလုပ်သမားတွေ လယ်ယာ အလုပ်တွေ လာလုပ်ကြတယ်ပေါ့။ အဲတော့ ဒီတိုင်းရင်းသား အုပ်စုတွေ၊ ဘာသာရေး အသိုင်းအဝိုင်းတွေ ရခိုင်မှာ ရှိနေတာကြည့်လိုက်ရင် ဒီအစောပိုင်း ဗြိတိသျှ ကိုလို နီခေတ်ကာလမှာ ရှုပ်ထွေးနေတာ၊ ဘာဖြစ်လို့ ရှုပ်ထွေးလဲ ဆိုတော့ ဒီဘာသာရေးပဲ စဉ်းစားမယ်ဆိုရင်၊ ဒီဘာသာစကားပဲ စဉ်းစားမယ်ဆိုရင် မွတ်စလင်ရှိတယ်။ ဘင်္ဂါလီရှိတယ်။ သက်တမ်းတော့ မသိဘူး။ ကြာပြီလား၊ မကြာသေးဘူးလားဆိုတာ မသိဘူး။ ကမန်ဆိုရင် မပါဘူး၊ တော်တော်ကြာကြာကို မတွေ့ရဘူး။ ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှကောက်ခဲ့တဲ့ သန်းခေါင်စာရင်းများအရ စာရင်းကို ကြည့်လိုက်မယ်ဆိုရင် မွတ်စလင် အသိုင်းအဝိုင်း တိုးတက်မှုနှုန်း အလွန်များပါတယ်။ မြန်မာလူဦးရေ မြန်မာတွေပေါ့လေ။ ရခိုင်ပြည်နယ်ကို ရွှေ့ပြောင်းတာလည်း များပါတယ်။ သို့သော်လည်း လူဦးရေ အရေအတွက်အရ ကြည့်ရင်တော့ မွတ်စလင်တွေဟာ တော်တော်များတယ်။ ဒီပထမ ကမ္ဘာစစ်ဖြစ်တဲ့ အချိန်အထိပါပဲ။ ဒီမှာကြည့်လိုက်ရင် တွေ့နိုင်တာက ဒီတစ်နိုင်ငံလုံးရဲ့ လူဦးရေ၊ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ရခိုင်လူဦးရေ ကျဆင်းလာတယ်လို့ ခံစားရတယ်လို့ တွေ့နိုင်ပါတယ်။ အဲတော့ ဒီရခိုင်လူ ဦးရေနည်းသွား တယ်ဆိုတာ ဒီပထမ ကမ္ဘာစစ်မတိုင်မီထဲက ရှိနေတဲ့ ခံစားမှုပါ။ ၁၉၂၁ နဲ့ ၁၉၃၁ ဗြိတိသျှ သန်းခေါင် စာရင်းကောက်ရာမှာ သန်းခေါင်စာရင်း ကောက်သူတွေဟာ ဒီလူတွေကို ဘာလူမျိုးလဲပေါ့။ ဒီလိုမေးတော့ အဲမှာ မွတ်စလင် အသိုင်းအဝိုင်း အားလုံးရှိပါတယ်။ လူဦးရေ ငါးသောင်းလောက်ကျော်တယ်။ သူတို့က ရခိုင်ပြည်နယ်ကပါလို့ သူတို့ကိုယ် သူတို့ပြောတယ်။ အဲဒီက ၈ဝ ရာခိုင်နှုန်းကျော်က စစ်တကောင်းသားတွေပါလို့ ပြောတယ်။

မကြာသေးခင်က ရောက်လာတဲ့သူတွေပေါ့။ စစ်တကောင်းသားတွေ ရာသီအလိုက် အလုပ်လာလုပ်တဲ့သူတွေ အလုပ်လာ လုပ်ရင်းနဲ့ အမြဲအခြေချ နေထိုင်ဖြစ်သွားတာပေါ့။ အဲတော့ ၁၉၄၂ နှောင်းပိုင်း ရခိုင်သမိုင်းမှာ ဂျပန်တွေ ဝင်လာပြီးတဲ့နောက်မှာ အဲဒီမှာ သမိုင်းရှုထောင့်က ကြည့်ရင် အပြိုင်အဆိုင် အသိုင်းအဝိုင်း တစ်ရပ်ရှိလာတာပေါ့။ ၁၉၄၂ နှောင်းပိုင်း ဒီအသိုင်းအဝိုင်းကြားမှာ အကြမ်းဖက်မှု တွေဖြစ်တာပေါ့။ အခုေ ခတ် အခေါ်နဲ့ဆိုရင် လူမျိုးသန့်စင်မှုတွေ ဖြစ်တာပေါ့။ ဒီအသိုင်းအဝိုင်းနှစ်ခုလုံး မှတ်မိကြတယ်။ ဒီ ၁၉၄၂ ကို သို့သော် မှတ်မိပုံချင်းမတူကြဘူး။ သမိုင်းသုတေသနကလည်း လုပ်မထားရသေးဘူး။ အဲတော့ဒီမှာ မကျေလည်မှု အမုန်းတရားတွေကတော့ အခုထိဖြစ်လာတာတွေ ရှိနေတုန်းပဲ။ ပြည်ထောင်စု မြန်မာနိုင်ငံဆိုတာ ပေါ် ပေါက်လာတော့ အခြားကမ္ဘာ့ ဒေသတွေမှာလိုပဲ အမျိုးသားရေးဝါဒီ၊ လူမျိုးရေး ဆန့်ကျင်တဲ့အမျိုး သားရေးဝါဒတွေ ပေါ်ပေါက်လာတယ်။ ရခိုင်ကလည်း ထိုနည်းတူပါပဲ။ ရခိုင်အမျိုးသားရေး ဝါဒတွေရှိတယ်။ ရခိုင်အမျိုးသားရေးပေါ့။ အဲဒီမှာဆိုရင် မြန်မာနဲ့ မတူဘူးပေါ့။ သီးခြား လူမျိုးစု တိုင်းရင်းသား အဖြစ်နဲ့ အသိအမှတ်မပြုတော့ သောင်းကျန်းသူအုပ်စု လည်းရှိတယ်။

ဒီလွှတ်တော်မှာလည်း ပါလီမန် အမတ်လည်းရှိတယ်။ ၁၉၇၄ ကျတော့မှ ရခိုင်ပြည်နယ်ဆိုတာ ပေါ် ပေါက်လာတယ်။ ဒီမှာမွတ်စလင်တွေကလည်း သီးခြားပေါ့။ သီးခြားသူတို့ ပုဂ္ဂိုလ်ပိုင်း အုပ်ချုပ်တဲ့ အဖွဲ့ အစည်း နယ် မြေတည်ပြီး မူဂျာဟစ်ဆိုပြီးတော့ လူတွေက အုံကြွလာတာ၊ ဒီမှာတောက်လျှောက်ရှိပါတယ်။ ဒီတရားမဝင် ခိုးဝင်တယ်ပေါ့။ ဒီမြစ်ကိုဖြတ်ပြီး ခိုးဝင်လာကြတယ်။ ဒီသမိုင်းမှာ အရေးပါတဲ့ အချိန်ပေါ့။ မေယုအုပ်ချုပ်ရေး နယ်မြေပေါ့။ နယ်စပ်ဒေသ အုပ်ချုပ်ရေး အဲဒီမှာရိုဟင်ဂျာ ဆိုပြီးတော့ မေယုဆိုပြီး ရန်ကုန်တက္ကသိုလ်က ကျောင်းသား လူငယ်တွေလည်းပါတယ်။ အဲဒီမှာ မွတ်စလင်နိုင်ငံရေး ယုံကြည်မှုတွေ တက်လာတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရတဲ့ အဲဒီေ ခတ်အခါက ၊ အဲဒီမှာပြောင်းလဲ သွားတာက ဘာလဲဆိုတော့ ရခိုင်ပြည်နယ်က ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းမှာ စိတ်ဝင်စားမှု နည်းပါးခဲ့တာပေါ့လေ။ နိုင်ငံ ရေးမှာလည်း ရခိုင်ကို စိတ်ဝင်စားမှု နည်းပါးခဲ့တယ်။ နိုင်ငံတကာကလည်း ရခိုင်ကို စိတ်ဝင်စားမှု နည်းပါးခဲ့တယ်။ သု တေသန လုပ်တာ နည်းတယ်။ သိရှိမှုနည်းခဲ့တယ်။ ဆင်းရဲတဲ့ နယ်မြေဒေသလည်း ဖြစ်တယ်။ ၁၉၇ဝ နှင့် ၁၉၉ဝ တွေမှာ ဒီဒုက္ခသည် အကျပ်အတည်း ဒါတွေက နှစ်နိုင်ငံ ပြဿနာတွေကို ကုလသမဂ္ဂက ဝင်ရောက် ဆောင်ရွက်တာတွေရှိတယ်။ ၁၉၉ဝ မှာ ဒီပြဿနာ ပေါ်ပေါက်လာတယ်။ ဒီပြဿနာကို SPDC ခေတ်မှာဆိုရင် လူတွေ ကရေကြည်ရာ မြက်နုရာ သွားလာရင်းနဲ့ ဖြစ်လာတာ ဆိုပြီးတော့ ယခု ၂ဝ၁၇ ကျတော့ ၂ဝ၁၂ က နောက်ပိုင်းမှာ ဘာ တွေ ဖြစ်ခဲ့လဲ ဆွေးနွေးတာ လုံးဝပြောင်းသွားပြီး နိုင်ငံတကာ ရှုမြင်မှု ရခိုင်ပြည်နယ်ကို နိုင်ငံတကာ ရှုမြင်ပုံ စိတ်မဝင် စားတာကနေ အမြဲစိတ်ဝင် စားတယ်ဆိုပြီးတော့ ဖြစ်လာတယ်။ အဲဒီတော့ ဖိအားကလည်း တိုးလာတယ်။ မြန်မာနိုင်ငံ တော်အပေါ် ဖိအားပေးမှု များလာပြီးတော့ အမျိုးသား လုံခြုံရေးကိစ္စ၊ ဒီဘာသာရေး Identity ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း ရခိုင်အသိုင်းအဝိုင်းတွေကနေ ထိန်းသိမ်းမှုတွေ လုပ်ဖို့ လိုအပ်လာတယ်လို့ မြန်မာနိုင်ငံက ရှင်းပြဖို့လိုလာတယ်။ အဲတော့ ဒီနိုင်ငံရဲ့ အခြားအပိုင်းတွေမှာ ကြည့်လိုက်ရင် တြိဂံပုံ ဆန်ဆန် တွေ့ရတယ်။ ပြည်ထောင်စု အစိုးရရှိ မယ်။ လုံခြုံရေး တပ်ဖွဲ့တွေ ရှိမယ်။ နောက်ဒီအသိုင်းအဝိုင်း နှစ်ခုရှိမယ်။ ဒီတြိဂံပုံ ဒီလိုမျိုးတြိဂံပုံမျိုး အနေနဲ့ ဒါပြည်တွင်းက အရေးကိစ္စပေါ့။ ဒါသတိထားထိန်းမှဖြစ်မယ်။

သို့သော် ဒီလိုရွှေ့ပြောင်းသွားလာမှု မွတ်စလင်တွေ ရွှေ့ပြောင်းသွားလာမှုက အများကြီးပဲ။ ၁၉၄၂ နဲ့ ၁၉၄၅ ထဲကစပြီးတော့ ၁၉၄၅ လွတ်လပ်ရေး မရခင်ကတည်းက အခုဒီ Identity၊ ဆော်ဒီအာရေးဗီးယားမှာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်မှာရော၊ မလေးရှားမှာရော၊ အခြားနေရာတွေမှာရော ပြင်ပက မွတ်စလင်တွေက ပါလာတော့ နိုင်ငံတကာ Issue ဖြစ်လာတာပေါ့။ ဒီလိုမျိုး သတင်းအချက်အလက်ဆိုတာ သတင်း အရင်းအမြစ် အမျိုးမျိုးရှိတယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေရှိတယ်။ နိုင်ငံတော် အစိုးရရှိတယ်။ တပ်မတော်ရှိတယ်။ နိုင်ငံတွင်းမှာရှိတဲ့ သံတမန်တွေရှိတယ်။ ပြည်တွင်းက မွတ်စလင် အသိုင်းအဝိုင်းတွေရှိတယ်။ သတင်းအရင်း အမြစ်တွေက အများကြီးပေါ့။ အဖွဲ့အစည်းတွေ အများကြီး NGO၊INGO တွေ မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက် နေတာ၊ အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်ငန်းဆောင်ရွက်နေတာ၊ အဲဒီသတင်း အရင်းအမြစ်တွေ အများကြီးရှိတော့ ရုံးချုပ် က နိုင်ငံခြား အစိုးရတွေရဲ့ ဖိအားပေးတဲ့ အဖွဲ့တွေရှိတယ်။ နောက်လှုပ်ရှားနေကြတာတွေ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းအားလုံးဟာ ပြင်ပ အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုကို ခံရတယ်။ သတင်းပေါ်မှာ သက်ရောက်ပြီးတော့ လော်ဘီတွေက ရှိနေတော့ မဲဆွယ်တဲ့ အဖွဲ့တွေက ရှိနေတော့ ပြည်တွင်းမီဒီယာ၊ နိုင်ငံတကာ မီဒီယာတွေမှာ သွားပြီးတော့ ဖိအားတွေ ရှိနေတယ်။ ဒီလိုဖြစ်တာ ကြာပြီဆိုတော့ ဒီသတင်းအချက် အလက်တွေ သတင်းအစီရင်ခံစာတွေလည်း ရောက်တယ်။

နောက်သူတို့ ရုံးချုပ်သူတို့ပို့၊ သူတို့မူဝါဒ အကြံပြုချက်တွေ လည်းသူတို့လုပ်၊ အဲဒီအချိန်ကျတော့မှ မြန်မာနိုင်ငံအပေါ်မှာ ပံ့ပိုးမှုပေးရတာတွေလည်း သက်ရောက်မှုရှိတယ်။ ၂ဝ၁၂ ကျမှ NGO တွေက သူတို့လုပ်ငန်း ဆောင်ရွက်နေတယ်။ မွတ်စလင်တွေအတွက် လုပ်ငန်းဆောင်ရွက်နေတယ်။ မွတ်စ လင်ဆန့်ကျင်တဲ့ အဖွဲ့အစည်းဆိုရင် နယ်မြေတွေမရတော့ဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံတကာက အာဏာပိုင်တွေက မပေးတော့ဘူး။ ဒါအဖြစ်မှန်ပါပဲ။ အသေးစိတ် လေ့လာဆန်းစစ်လိုက်ရင် မွတ်စလင်တွေအတွက် လုပ်ငန်းဆောင်ရွက် နေတာ ဘယ်သူတွေလဲပေါ့။ မြန်မာနိုင်ငံပြင်ပမှာ စစချင်း ဒီ Slide အ လယ်မှာတွေ့နိုင်ပါတယ်။ နှစ် ၂ဝ ကျော်လာပြီ ဒီလိုရှိတာ ရခိုင်ရိုဟင်ဂျာ အမျိုးသား အဖွဲ့အစည်းဆိုတာ သူကအစဉ်အလာ အဖွဲ့ပေါ့။ ကြာပြီ ဒီအစဉ်အဆက် စစ်သွေးကြွတွေ ရိုဟင်ဂျာ မျိုးချစ်တပ်ဦး ဆိုတာက စတာပေါ့လေ။ ရခိုင်ရိုဟင်ဂျာ နိုင်ငံတကာ တပ်ဦးဆိုပြီးတော့ ၁၉၈၂ နောက်ပိုင်းမှာ RSO ဆိုပြီးတော့ပေါ်လာတယ်။

RSO ကတော့ လူသိအများဆုံးပေါ့။ နောက်မကြာသေးမီက အလားတူ စစ်သွေးကြွ အုပ်စုတွေ ပေါ်လာတယ်။ ၂ဝ၁၂ မှာ ဘယ်လိုဖြစ်လာလဲဆိုတော့ အဖွဲ့အစည်း အသစ်ပေါ့။ ဂျော်ဒန်မှာ ၂ဝ၁၂ က ဖွဲ့လာတယ်။ အမေရိကန် ပါမောက္ခ ဒေါက်တာဟူတင် ဦးဆောင်ပြီးတော့ အဲမှာ ၂၅ ဖွဲ့ပါတယ်။ နောက် ထပ်တိုးချဲ့တယ်။ အခြားအဖွဲ့တွေလည်း ပါလာတယ်။ အဲဒီအဖွဲ့တွေက ဘာအဖွဲ့တွေလဲဆိုတော့ Slide ရဲ့ဘယ်ဘက်မှာ ပြည်တွင်း အဖွဲ့အစည်းတွေပါတယ်။ အချို့ကတော့ လူမှုရေးအဖွဲ့တွေပါပဲ။ အချို့ကတော့ နိုင်ငံရေးမှာ တက်ကြွတဲ့ သူတို့ကနိုင်ငံတကာ ကွန်ရက် ထဲက ပါနေတာပေါ့။ ရခိုင်မှာက အဲဒီလို ကွန်ရက်မရှိဘူး။ နိုင်ငံတကာ ကွန်ရက်မရှိ ဘူး။ ရခိုင်တွေရဲ့ ရပ်တည်နေတဲ့ အနေအထားတွေကို ဖော်ပြနိုင်ခြင်းမရှိဘူး။ ဒါကိုတုံ့ပြန်နိုင်ခြင်းလည်း မရှိဘူး။ ဘာ လို့လဲဆိုတော့ ဒီအဖွဲ့တွေက နိုင်ငံတကာကို ပျံ့နေတာ။ အဖွဲ့အစည်း အသစ်တွေလည်း ဖွဲ့တယ်။ ဥရောပ ရိုဟင်ဂျာကောင်စီ ဒါမျိုးပေါ့။ အလွန်တက်ကြွပါတယ်။ မဲဆွယ်နေတာ EU ကို မဲဆွယ်နေတာ။ ဘာတွေလုပ် လဲဆိုတော့ Website တွေလည်း လုပ်တယ်။

ရိုဟင်ဂျာ Blogger ဆိုပြီးတော့ Website တွေလည်း ရှိတယ်။ ၂ဝ၁၂ က နေ့စွဲတွေလည်း ဖော်ပြထားပါတယ်။ အဲဒါတွေက ၂ဝ၁၂ နောက် ပိုင်းမှာ တော်တော်များများ ပေါ်လာတာ။ နယ်မြေတူ တွေလည်း လက်တွဲ လာတယ်။ မဲဆွယ်မှုတွေလည်းရှိတယ်။ အဲတော့ ဒီလိုမျိုး ဆော်ဒီအာရေးဗီးယား၊ ဘင်္ဂလားဒေ့ရှ်က အဖွဲ့အစည်း တော်တော်များများနဲ့လည်း ဆက်စပ်တာပေါ့။ ဒီရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင် တွေက မြန် မာနိုင်ငံသား ဆိုပြီးတော့ ဒါတွေအားလုံးဟာ မွတ်စလင် ဘင်္ဂါလီ ဒီမြန်မာနိုင်ငံက ဘင်္ဂါလီ အရေအတွက် အားဖြင့် စက်ဝိုင်းသေးသေးဖြင့် ကျွန်တော် ဖော်ပြထားတယ်။ သူတို့အချင်းချင်းလည်း မတည့်ဘူး။ ဒါကတော့ အရေးပါတဲ့ အပိုင်းတစ်ခုပါပဲ စဉ်းစားသင့်ပါတယ်။ နောက်ဒါကို မြန်မာနိုင်ငံရှုထောင့်ကနေကြည့်ရင် ပြောနိုင် တာက ဒါက နိုင်ငံတွင်းမှာ ဒီပြည်တွင်းမှာ မဟာမိတ် သဘောမျိုးပေါ့ မဟာမိတ် တရားဝင် ဖွဲ့ထားတာတော့ မဟုတ်ဘူးပေါ့။ ဒီရခိုင်ဗုဒ္ဓဘာသာတွေ သံဃာတော်တွေ နိုင်ငံရေး ပါတီတွေ နိုင်ငံရေး လှုပ်ရှားသူတွေ သူတို့က နိုင်ငံအစိုးရ ရပ်တည်ချက်ကို ထောက်ခံတယ်။ အမျိုး သားရေး ကိစ္စလို့ ယူဆတယ်။ ဒါနိုင်ငံတကာ လူ့သဘောပေါ့။ မဟာမိတ်ပေါ့။ ဒီရိုဟင် ဂျာကိစ္စကို နိုင်ငံတကာမှာ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ ဘယ်သူရယ် အတွက်ကိုတော့ နိုင်ငံတကာမှာတော့ လှုပ်ရှား နေကြတယ်။ ဒီအစိမ်းရောင်နဲ့ ပြထားတာတွေပါ။ ဒီအဖွဲ့အစည်းတွေက ပါဝင်တဲ့အဖွဲ့တွေ အထူး သဖြင့် အရှေ့အ လယ်ပိုင်းမှာရှိတဲ့ သူကအရှေ့အလယ်ပိုင်းမှာ နေတယ်ပေါ့။ ဒီအရှေ့အလယ်ပိုင်းမှာ မွတ်စလင်အရေး ဆိုပြီးတော့၊ မွတ်စလင်အရေးကိစ္စ ရိုဟင်ဂျာနာမည်နဲ့ တပ်ပြီးတော့ နောက်ဆုံး အဲဒီလူတွေက မတည့်ကြဘူး။

တစ်ဖက်သတ်ပဲ တစ်ဖက်သတ် အချက်အလက်တွေ သတင်းတွေ ရှိတာပေါ့။ ဘာမှရှင်းနေစရာမလိုဘူး။ ဒီအတိုင်းပြန် လွှတ်လိုက်ရတယ်ဆိုပြီးတော့ ဒီမှာဥပမာလေးတစ်ခု ကျွန်တော်ပေးချင်ပါတယ်။ ကျွန်တော် သုတေသန လုပ်ထားတာ ဒီ Genocide လူမျိုးတုံး သတ်ဖြတ်မှုကိစ္စ မြန်မာနိုင်ငံမှာပါ အနောက်တိုင်းက လူတွေသတိထားမိတယ်။ ကျွန်တော် ပြောရင် ဒီလိုမျိုး Genocide ဆိုပြီးတော့ ပြောလို့ရှိရင် ဆိုးတယ်ပေါ့။ လူ့အခွင့်အရေးတွေနဲ့တော့ ဆန့်ကျင်ဘက်ပေါ့။ ဒါကြီးလေးတဲ့ စွပ်စွဲချက်ဆိုပြီးတော့ တုံ့ပြန်ဆောင်ရွက်ရမယ်။ ဒါတွေကျွန်တော် မဖတ်တော့ပါဘူး။ ဒီစာရင်းတွေကို ဒီ လိုမျိုး လှုပ်ရှားနေတဲ့ သူတွေမှာ နံပါတ်တစ် သူတို့က ၂ဝ၁၂ နောက်ပိုင်းမှာသူတို့က ဒါကိုသိလာကြတယ်။ တော်တော် များများ ကျွန်တော်တို့လည်း သိပါတယ်။ မြန်မာနိုင်ငံမှာရော ရခိုင်မှာရော၂ဝ၁၂ မတိုင်ခင်ကတည်းက ကျွန်တော်တို့ ဒါကိုဆွေးနွေးခဲ့တာ ရှိပါတယ်။

သို့သော် ၂ဝ၁၂ နောက်ပိုင်းကျမှ ဖိအားပေးတာတွေ စတင်ဖြစ်ပွားလာတယ်။ Genocide ဆိုပြီးတော့ စွပ်စွဲမှုတွေက ၂ဝ၁၂ နောက်ပိုင်းမှာ သိလာကြတဲ့သူတွေပါ။ ဒီမိုင်ဇာနီလိုမျိုး အခြားလူတွေကို သူတို့က နိုင်ငံတကာကို ရှင်းပြတာ သူတို့ရှုထောင့်က နေရှင်းတယ်ပေါ့။ အောက်စ်ဖို့ဒ်လိုမျိုး လန်ဒန်စီး ပွားရေးကျောင်းလိုမျိုး အဲဒီမှာကျတော့ Lecture ပေး တာတွေ ဆွီဒင်နိုင်ငံ Stophome အဲလို သြစတြေးလျ နိုင်ငံနေရာတွေပေါ့။ တကယ့်နာမည်ကြီး နေရာတွေပါ။ ဒါက ဟုတ်လောက်တယ်လို့ ထင်ရတဲ့ အနေအထားပေါ့။ ဒီလိုမျိုး စိန်ခေါ်မှု အခက်အခဲတွေ ဖြစ်တာပေါ့။

ဒါအန္တရာယ် ဖြစ်စေတာပေါ့။ သူတို့က ဒီလိုဟောနေတယ်ဆိုတော့ မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေအရ ဒီလိုလုံခြုံရေး တပ်ဖွဲ့တွေကို မကောင်းမြင်တာပေါ့။ ဒီလိုပြောဆိုနေတာတွေ ခံနေရတာတွေ ဒါတွေက ပြောလို့လွယ်နေတာပေါ့။ ဖြန့်ဖို့လွယ်တယ်။ ဒီတစ်ခုခုဖြစ်တာနဲ့ ဒါကိုပဲ ထပ်ခါထပ် ခါပြန်နေတာပေါ့။ အဲဒီမှာ အောင်မြင် တဲ့ စမ်းသပ်ပြုစုတဲ့ မဟာဗျူဟာ မရှိဘူးပေါ့။ မြန်မာဘက်က ဒါအားနည်းချက်ပေါ့။ ကျွန်တော် ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမယ်ဆိုရင် နိုင်ငံတော် အစိုးရက လုပ်ဆောင် တာတွေလည်း ရှိပါတယ်။ ရခိုင်က ကိစ္စတစ်ခုတည်း မဟုတ်ပါဘူး။ မြန်မာက နိုင်ငံတကာ ဆက်ဆံရေးမှာ ထိခိုက် နေပြီပေါ့လေ။ ဒီလိုမျိုး ကိစ္စတွေ အမျိုးသား အကျိုးစီးပွားကိစ္စတွေ ဒါတွေကို ပိုပြီးတော့ ထိရောက်တဲ့ တွင်ကျယ်တဲ့ မဟာဗျူဟာ စမ်းသပ် ပြုစုတဲ့ မဟာဗျူဟာနဲ့ ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

"ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေးအမြင် Talk on Rakhine Issue and Security Outlook စကားဝိုင်း ဆွေးနွေးပွဲ၊ နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ၊ တပ်မတော် စစ်သမိုင်းပြတိုက်"

https://m.facebook.com/story.php?story_fbid=1920283641560918&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ သမိုင်းပညာရှင် ဒေါက်တာ ဂျာ့က်ပီလိုက်ဒါ ပြောတဲ့ ရခိုင့်သမိုင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...