Monday, September 4, 2017

ဘီဘီစီမြန်မာပိုင်းနှင့် ရခိုင်သတင်းတင်ဆက်မှု

,
ဘီဘီစီမြန်မာပိုင်းအစီအစဉ်သည် လွတ်လပ်ပြီး၊ ဘက်မလိုက်၊ တိကျမှန်ကန်သော သတင်းများကို ဘီဘီစီ၏ သတင်းပိုင်းဆိုင်ရာစည်းမျဉ်းများ စံချိန်စံညွှန်းများ အတိုင်း အတိအကျ တင်ဆက်ပေးနေခြင်းဖြစ်ပါသည်။ မျှတသော အမြင်များ ရရှိနိုင်ရန် ဘီဘီစီ၏ သတင်းများတွင် မတူကွဲပြားသော အမြင်အယူအဆများကိုလည်း ထည့်သွင်း ဖော်ပြ ရတတ်ပါသည်။

ယခုဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်အတွင်းမှ ဖြစ်ရပ်များနှင့် ပတ်သက်၍ ထိလွယ်ရှလွယ်သော အခြေအနေများနှင့် လူအများ၏ စိတ်ခံစားမှုများကို မိမိတို့ နားလည်သဘောပေါက်ပါသည်။ သို့သော် မိမိတို့၏ ပရိသတ်များက ဘီဘီစီထံမှ တိကျမှန်ကန်သော သတင်းများရရှိရန် မျှော်လင့်ကြပါသည်။

ဘီဘီစီကို ဝေဖန် အကြံပြုနိုင်ပါသည်။ သို့ရာတွင် ဖေ့စ်ဘုတ်နှင့် ဆိုရှယ်မီဒီယာပေါ်မှ ဘီဘီစီ ပရိသတ်အများစုအား လေးစားသောအားဖြင့် လည်းကောင်း၊ ဘီဘီစီ၏ စည်းမျဉ်းစည်းကမ်းများအရ လည်းကောင်း၊ ကြမ်းတမ်းရိုင်းပြသော မှတ်ချက်များ၊ အသုံးအနှုံးများကို လက်ခံမည် မဟုတ်ပါ။ ယင်းကဲ့သို့ မှတ်ချက်များ ဘီဘီစီစာမျက်နှာပေါ်တွင် အကြိမ်ကြိမ်ဝင်ရောက် ရေးသားသူများ၏ မှတ်ချက်များကို ဖယ်ရှားပစ်မည်ဖြစ်ပြီး ဆက်လက်ကျူးလွန်နေပါက ရေးသားသူအား ဘီဘီစီ စာမျက်နှာကို ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ရပါလိမ့်မည်။

ဘီဘီစီ၏ သတင်းပိုင်းဆိုင်ရာလမ်းညွှန်ချက်များနှင့် ပတ်သက်၍ ထပ်မံသိလိုသည်များရှိလျှင် အောက်ပါလင့်တွင် အင်္ဂလိပ်လို ရေးသားထားချက်ကို ဝင်ရောက်ဖတ်ရှု နိုင်ပါသည်။ http://www.bbc.co.uk/editorialguidelines/
မိမိတို့၏ မကြေနပ်ချက်များကို တိုင်ကြားလိုလျှင်လည်းအောက်ပါ လင့်မှ တဆင့် တိုင်ကြားနိုင်ပါသည်။
http://bbc.in/2iW3t5j

https://m.facebook.com/story.php?story_fbid=1511434585579088&id=166580710064489

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဘီဘီစီမြန်မာပိုင်းနှင့် ရခိုင်သတင်းတင်ဆက်မှု”

Post a Comment

Related Posts Plugin for WordPress, Blogger...