Thursday, September 7, 2017

ရခိုင်တွေ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ အိမ်တွေကို မီးတင်ရှို့နေတယ်လို့ အစိုးရအစီအစဉ်နဲ့ရောက်ရှိနေတဲ့ ဘီဘီစီသတင်းထောက် ဂျွန်နသန်ဟက်က တွစ်တာမှာ တင်

,
လုံခြုံရေးတပ်သားတွေ အများကြီးရှိနေတဲ့ကြားကပဲ ရခိုင်လူငယ်လေးတွေက ဓာတ်ဆီနဲ့ မီးခြစ်တွေကို သုံးပြီး မွတ်စလင် အိမ်တွေကို မီးတင်ရှို့နေတာကို အခုလေးတင် မြင်တွေ့ခဲ့ရတယ်လို့ ဘီဘီစီသတင်းထောက် ဂျိုနသန် ဟက် Jonathan Head က သူ့ရဲ့ တွစ်တာအကောင့်မှာ တင်ထားတာကို ပုံပါအတိုင်း တွေ့မြင်ရပါတယ်။
မူရင်းလင့်- https://twitter.com/pakhead/status/905702293676351490
သူကပဲ နောက်တွစ်တစ်ခုမှာ-
ရခိုင်လူငယ်တွေ ဂေါ်ဒူသာရကျေးရွာကို မီးတင်ရှို့အပြီး တစ်နာရီအကြာမှာ တွေ့ရတဲ့ မြင်ကွင်း
မီးခိုးတွေတော့ ထွက်နေတုန်းပဲ။ လို့ ရေးသားထားပြန်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နာရီဝန်ကျင်ခန့်ကစပြီး ရွာလုံးကျွတ်မီးလောင်နေတဲ့ ရခိုင်ပြည်နယ် ဂေါဒူသာရ ကျေးရွာ မီးလောင်ကျွမ်းမှုဖြစ်စဉ်ဟာ ရခိုင်လူငယ်များက ဓါတ်ဆီပုံးနဲ့မီးချစ်ကိုင်ကာ မီးရှို့ခြင်းသာဖြစ်ကြောင်းကို BBC အင်္ဂလိပ်ပိုင်းအစီအစဉ်သတင်းထောက်တစ်ဦးဖြစ်တဲ့ ဂျွန်နသာန်ဟာဒ်က သူကိုယ်တိုင် အဲဒီ ကျေးရွာကို ရောက်ရှိနေတုန်း မျက်မြင်ကိုယ်တွေ့ ရေးသားထားတာကို တွေ့ရပါတယ်။
https://twitter.com/pakhead

တစ်နေ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က တူရကီ သမ္မတကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုရာမှာ ထိုကဲ့သို့ သတင်းဓါတ်ပုံအမှားများကို မတူညီသော အသိုင်းအဝိုင်း များအကြား ပြဿနာအများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများအကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသည်ကို မှန်းဆကြည့်နိုင်ကြောင်း ထောက်ပြပြောဆိုခဲ့ပါသေးတယ်။

သို့သော် အဲဒါနဲ့ မရှေးမနှောင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဌေးဆိုသူက #Rakhine True Story ဆိုပြီး ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးနဲ့ ရှို့နေတဲ့ပုံဆိုပြီး ဓာတ်ပုံများကို ဖြန့်ဝေခဲ့ပါတယ်။ အဲဒီပိုစ်ဟာ သူရေးသားပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်ဖျက်သွားခဲ့ပါတယ်။ ဖေ့ဘုတ်နဲ့ တွစ်တာပေါ်မှာ ဝေဖန်သူတွေကတော့ အဲဒီ ဓာတ်ပုံထဲမှာ ပါတဲ့ တစ်ယောက်ဟာ မောင်းတောကို ထွက်ပြေးရောက်ရှိလာတဲ့  ဟိန္ဒူလူမျိုးတစ်ယောက်ဆိုပီး Mizzima သတင်းဌာနမှာ တင်တဲ့ ပုံနဲ့တစ်ကွ နှိုင်းယှဉ်ဖော်ပြလာတာကြောင့် ဝေဖန်သံတွေ ဆူညံသွားခဲ့အပြီးမှာ မြန်မာအစိုးရက သူတင်ထားတဲ့ ဓာတ်ပုံနဲ့ပတ်သတ်ပြီး အစစ်လား အတုလားဆိုတာကို စတင်စုံစမ်းနေပြီဖြစ်ကြောင်း မည်သည့် fake news ကိုမှ မြန်မာ အစိုးရက လက်ခံမှာ မဟုတ်တဲ့အကြောင်း ဦးဇော်ဌေးက တွစ်တာမှာ ပြန်လည်ရေးသားခဲ့ရပါတယ်။
အဆိုပါ သတင်းတွင်-
မောင်တောမြို့မှ ဘင်္ဂလီများ ကိုယ်အိမ်ကို မီးရှို့သည် ဓါတ်ပုံများဟုဆိုကာ ယမန့်နေ့က Eleven မီဒီယာမှ ဖြန့်ချီခဲ့သည်။

အဆိုပါ ဓါတ်ပုံများကိုပင် သမ္မတရုံးညွှန်ကြားမှူးချူပ် ဦးဇော်ဌေးမှ အတည်ပြု၍ ၄င်း၏ Facebook နှင့် တွီတာ စာမျက်နှာတွင် ဖော်ပြပြီးနောက် ပြန်လည်ဖျက်သိမ်းခဲ့သည်။

ယင်းနောက် ဦးဇော်ဌေးမှ ထအဆိုပါဓါတ်ပုံများကို Eleven မီဒီယာ ref ပေးပြီး ထပ်ဆင့် ကူးယူဖော်ပြခဲ့သည်။

အဆိုပါ မီးရှို့သည်ဖြစ်စဉ်တွေပါဝင်သူများအနက် တစ်ဦးမှာ မဇ္ဈိမ မီဒီယာမှ ဖော်ပြထားသည် ကယ်ဆယ်ရေးစခန်းတွင်
အကြမ်းဖက်မှုများမှ တိမ်းရှောင်လာသည့် ဟိန္ဒူဘာသာဝင်များတွင် ပါဝင်နေသည်ကို တွေ့ရသည်။

ကိုးကားမူရင်းပုံများကြည့်ရန်
https://www.facebook.com/MizzimaDaily/photos/a.1664554880246077.1073747949.216265185075061/1664555200246045/?type=3&theater

https://www.facebook.com/media/set/...

ဘင်္ဂလီများ ကိုယ်အိမ်ကိုမီးရှို့သည်ဟု လိမ်လည် ဖြန့်ဝေခဲ့မှုများ

ရွှေတံခါးမှုး Page ထပ်ဆင့်ဖြန့်ဝေသူပေါင်း ၆ သောင်းကျော်ရှိသွားပြီဖြစ်သည်။
https://www.facebook.com/permalink.php?story_fbid=817908808380004&id=292365970934293

Eleven Media ၏ ဖြန့်ဝေမှု
https://www.facebook.com/ElevenMediaGroup/posts/1457198197651132

ဦးဇော်ဌေး၏ ဖြန့်ဝေမှု
https://www.facebook.com/z.y.zawhtay/posts/1435318946565189

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်တွေ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ အိမ်တွေကို မီးတင်ရှို့နေတယ်လို့ အစိုးရအစီအစဉ်နဲ့ရောက်ရှိနေတဲ့ ဘီဘီစီသတင်းထောက် ဂျွန်နသန်ဟက်က တွစ်တာမှာ တင်”

Post a Comment

Related Posts Plugin for WordPress, Blogger...