Friday, September 8, 2017

ရိုဟင်ဂျာဆိုတာတကယ်ရှိသလား

,
ရိုဟင်ဂျာဆိုတာ မကြားဘူးပါဘူးတဲ့။

မကြားဖူးရင် ကိုယ်ညံ့လို့ပေါ့ဗျာ။

တိုင်းရင်းသား (၁၃၅)မျိုးထဲမှာလည်း မပါဘူး။

တိုင်းရင်းသား (၁၃၅)မျိုးမှာပါတဲ့ နာမည်တွေအားလုံး သိလို့လား။

ပလေကီး၊ မေ့ထေး၊ ငွန်း၊ ဂွေးတဲ၊ ဖွန်၊ ကွီ၊ ဖျင်တွေကော ကြားဘူးလား။

မြန်မာပြည်မှာ ရှေးပဝေသဏီတည်းက တိုင်းရင်းသား (၁၃၅)မျိုးဘဲ ရှိတယ်။

ဟုတ်ပါ့မလား။ မောင်ကာလု

တိုင်းရင်းသား (၁၃၅)မျိုးကို ၁၉ ၈၉ မှ ကြေညာတာကို သိလား။

အဲဒီမတိုင်ခင် တိုင်းရင်းသား (၁၄၄)မျိုးရှိတာ သိလား။

တိုင်းရင်းသား (၁၄၄)မျိုးထဲမှာ ကိုးကန့်မပါတာ သိလား။

တိုင်းရင်းသား (၁၄၄)မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးတွေပါတာ သိလား။

ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားစကား မတတ်ဘူးတဲ့။

ဒိုင်းနက်စကားနဲ့ ရိုဟင်ဂျာစကား တူတာကို ခင်ဗျားတို့ မသိဘူး။

ရိုဟင်ဂျာဆိုတာ မြန်မာ့သမိုင်းမှာ မရှိဘူး။

လာပြန်ပြီ။

မြန်မာ့သမိုင်းကော နှံ့နှံ့စပ်စပ် လေ့လားပြီးပြီလား။

ဘာဘဲဖြစ်ဖြစ် အစိုးရက ရိုဟင်ဂျာဆိုတာ မရှိဘူးပြောပါတယ်။

အစိုးရရဲ့ အခုလက်ရှိ တက္ကသိုလ် ပထဝီဝင် ပထမနှစ်ပြဌာန်းထဲမှာကို

ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသားတွေပါလို့ ဝန်ခံထားပါတယ်။

ဟုတ်ရဲ့လား။ ဒါတော့ မဖြစ်နိုင်ဘူး။

ဟုတ်ပါတယ်။ ဖြစ်နေဆဲပါ။

အင်္ဂလိပ်လိုရေးထားတော့ ဦးသိန်းစိန်နဲ့ ဦးခင်ရီက အင်္ဂလိပ်စာ မတတ်ဘူးလေ။

သမိုင်းအထောက်အထားချင်း ယှဉ်ရှင်းဖို့

မြန်မာ၊ ရခိုင် သမိုင်းပညာရှင် တစ်ယောက်လေးတောင်မှ

ခေါင်းမပြူရဲ၊ တုတ်တုတ် မလှုပ်ရဲကတည်းက သဘောပေါက်ကြပါဗျာ။

ခင်ဗျားတို့က မြင်းက မလှုပ်၊ ခုန်က လှုပ် မလုပ်ကြပါနဲ့။

ဒီလောက် ဒုန်းမဝေးသင့်ကြဘူး။

Wai Yan

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရိုဟင်ဂျာဆိုတာတကယ်ရှိသလား”

Post a Comment

Related Posts Plugin for WordPress, Blogger...