Monday, September 4, 2017

အမှန်တိုင်းပြောတော့..တစ်ချို့တွေက မူစလင်အတွက် နာကြတယ်တဲ့ ရိုဟင်ဂျာ ဘက်လိုက် ရေးကြတယ်တဲ့.

,
အမှန်တိုင်းပြောတာ....

ဘက်လိုက်ပြီးလည်းရေးစရာမလိုသလို၊
နာပြီးလည်းပြောစရာ မရှိဘူး။
ကျုပ်အမျိုးတွေ မဟုတ်သလို ကိုယ်နဲ့လည်းဘာသာ တူနေတာ မဟုတ်ဘူး။

နှစ်ပေါင်းများစွာပြည်တွင်းထဲက မူစလင်တွေကို ဘယ်လို အနိုင်ကျင့်ခဲ့တာ၊ရုံးတွေကန္နားတွေမှာ
ဘယ်လို ခွဲခြားမှုတွေခံရတာ၊ကျောင်းတွေမှာဘာသာခြားကျောင်းသူ၊ကျောင်းသားတွေ ဆိုရင်ဘယ်လို ဆက်ဆံခံနေရတာဘာသာရေးလွတ်လပ်ခွင့်နဲ့ ကိုးကွယ်ယုံကြည်မှုတွေ ဘယ်လို ဆုံးရှုံးနေတာတွေ
ကျုပ်အမြင်၊ကျုပ်အသိတွေအများကြီး။

ကျုပ်အပေါင်းအသင်း မိတ်ဆွေတွေ အများကြီး သူတို့ကိုမြင်တွေ့နေရပြီး နှစ်ပေါင်းများစွာ ဘာမှ
အကူအညီမပေးနိုင် တာတွေကြောင့် ကျုပ်တို့ကြုံတွေလာ ခဲ့ရတဲ့အစိုးရ အဆက်ဆက်ရဲ့ဖိနှိပ်အနိုင်ကျင့်နေတာ
တွေကြောင့်. အဲ့ဒီအစိုးရကိုယ်စား ကိုယ့်ကိုယ်ကိုရှက်မိတယ်
ကိုယ့်လိပ်ပြာတောင် ကိုယ်မလုံ သလိုခံစားရတယ်။

နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်ရင်ဒီပြသနာတွေ ငြိမ်းချမ်းသွားမယ် ဆိုတဲ့အသိ၊
ကျုပ်တို့နိုင်ငံနဲ့ကျုပ်တို့ လူမျိုးတွေ လည်း ကမ္ဘာနဲ့ချီမလိုက်နိုင်ရင်တောင် ဒေသတွင်းအာဆီယံနဲ့ရင်ဘောင်
တန်းနိုင်မယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ NLD ကိုယုံကြည်ခဲ့မိတယ်။

ဒါပေမဲ့........

မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူး။
၂၀၀၈ အခြေခံဥပဒေတွေကြောင့်ဆိုပြီးတစ်မျိုး၊
စစ်တပ်ကြောင့်ဆိုပြီးတစ်တွယ်၊ပြည်ထဲရေးကြောင့် ဆိုပြီးတစ်ဖုံနဲ့ အရင်အစိုးရတွေလက်ထက်..... ထက်
ပိုပြီး ဘာသာခြားတွေရဲ့ဘဝက ပိုဆိုးလာတယ်။
အားလုံးရဲ့ခြေထောက်အောက်က ဘောလုံးတစ်လုံးလို
အဖြစ်တွေဘာသာခြားတွေက ပဲခံလာရတယ်။ စစ်တပ်နဲ့အစိုးရ သူတို့ကိုကမ္ဘာက ဖိအားပေးမှုများ လာရင်ဒီ ဘာသာခြားတွေကိုပဲ ကိုယ်ကျိုးအတွက်သုံးနေကြတယ်။

ကိုယ့်ဘာသာနဲ့ ကိုယ့်လူမျိုးတွေ ကိုကောင်းကောင်း ရက်စက်ပြီးလည်း ဒီဘာသာခြားတွေကို ပဲပြသနာတွေ ဖန်တီးပြီးအရက်စက်ခံပြည်သူတွေ ဆီက မျက်ရည် ပြန်ခြူပြတယ်
မျက်ရည်ခံထိုးပြကြတယ်။

တစ်နည်းပြောရရင် လိုအပ်ရင်သုံးကြတယ် မလိုအပ်ဘူး ထင်ရင်သတ်ကြတယ်။

ဒီလူတွေက လူမဟုတ်ကြဘူးလား

အကြမ်းဖက်သမား၊အကြမ်းဖက်ဝါဒီစသဖြင့်ခေါင်းစဉ်တွေ
အမျိုးမျိုး ခင်ဗျားတို့တပ်ကြတယ် တပ်ကြပါ.... ဒါပေမဲ့
လက်ညိုးမကောင်းလို့ လက်ကောက်ဝတ် ကနေဖြတ်မယ်
ဆိုတဲ့အသိနဲ့ခံယူချက်က တကယ့်အကြမ်းဖက်သမားတွေက
သူတို့ဖြစ်မသွားပဲခင်ဗျားတို့ကိုယ်တိုင်က အကြမ်းဖက်သမားတွေ
ဖြစ်ကြတယ်ဆိုတာ ပြောပါရစေ။

လူပဲဗျား.... လူလိုလွယ်လွယ်လေးစဉ်းစားကြည့် ရအောင်လား

ချောင်ပိတ်ပြီးအရိုက် ခံရတဲ့ခွေး တစ်ကောင်တောင်ပြေးပေါက်
မရှိရင်ကိုယ့်ဆီ တည့်တည့်တိုးဝင် ပြီးကိုက်ဖို့ကြံစည်တာပဲ၊
ခုဟာက လူလေ.။
ဘယ်လောက်ထိသူတို့သီးခံနိုင်မလဲ သူတို့သားသမီးတွေ အထိလား
သူတို့မြေးမြစ်တွေ အထိလား...
နှစ်ပေါင်းများစွာ လှောင်ပိတ်ပြီးထားခဲ့ကြ တဲ့လူတွေ
သူတို့အသိနဲ့သူတို့ ခံယူချက်တွေက ပြင်ပကမ္ဘာနဲ့ဆက်ဆံနေရတဲ့
ကျနော်တို့လို အသိဥာဏ် မဖွံ့ဖြိုးကြပါဘူး။

သူတို့နေရပ်ကို သူတို့သိတဲ့အသိ လောက်လေးနဲ့ သံယောဇဉ်ထားပြီး
ကာကွယ်ကြတယ်ဆိုတာ. ....ကမ္ဘာဦးထဲကရှိလာတဲ့ စိတ်တစ်ခု

ဆိုတော့......အမှန်တိုင်းပြောရရင် သူတို့အတွက်တရား ဥပဒေဆိုတာ
မရှိဘူး ပြည်တွင်းနေ မူစလင်ဘာသာဝင်တွေ အတွက် သူတို့ဖက်က ရပ်တည်ပြီး ပြောပေးမဲ့ လွှတ်တော်ကိုယ်စားလှယ် ဆိုတာမရှိဘူး။
သူတို့ရဲ့အခွင့်အရေးအတွက်တောင်းယူပေးမဲ့ အစိုးရအဖွဲ့က လူမရှိဘူး။ သူတို့ကိုအကာကွယ်ပေးရမယ် ဆိုပြီးပြောတဲ့လူမရှိဘူး။ ရှိခဲ့ရင်လည်း စကားအဖြစ်သာ ကမ္ဘာကိုလိမ်လို့ရမယ်
ဆိုတဲ့အကာအကွယ်သဘော မျိုးသာဖြစ်ပါလိမ့်မယ်။

အဲ့ဒီအတွက်ကြောင့် သူတို့ဖက်က ကျုပ်ရပ်တည်တယ်။☺

ပြောပါရစေ ဒီလိုပြောလို့ မကြိုက်ရင်မိမိသဘောပါပဲ။✌✌✌

ရှေ့ဆက်ပြီးလည်းအမှန်တိုင်းပြောနေအုံးမှာဖြစ်တယ်👌👌👌

တစ်ခုတော့ပြောမယ် ခင်ဗျားတို့ထင်သလို ၊ခင်ဗျားတို့သိထားသလို
ရေရှည်မှာ မြန်မာပြည်ဟာ ကုလားပြည်ဖြစ်မှာမဟုတ်ပဲ
တရုတ်ပြည်သာဖြစ်သွား ပါလိမ့်မယ် ဆိုတာပါ။

https://m.facebook.com/story.php?story_fbid=1911032475884054&id=100009319617770

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အမှန်တိုင်းပြောတော့..တစ်ချို့တွေက မူစလင်အတွက် နာကြတယ်တဲ့ ရိုဟင်ဂျာ ဘက်လိုက် ရေးကြတယ်တဲ့.”

Post a Comment

Related Posts Plugin for WordPress, Blogger...