Sunday, September 17, 2017

ရခိုင်​အ​ရေးနှင့်​ စစ်​အာဏာရှင်​တို့၏ ယုတ်​မာ​ကောက်​ကျစ်​စွာ တိုင်းပြည်​ကို ​ရောင်းစားမှုများအ​ကြောင်း နိဂုံးချုပ်​ ကိုယ့်ရှူး ကိုယ်ပတ်... နိဂုံးချူ ပ်

,
No Country can really develop unless it`s citizens are educated.

                            Nelson Mandela(1918-2013)

ပြည်သူတွေ ပညာမတတ်ပဲ ဘယ်နိုင်ငံမှ မတိုးတတ်နိုင်ဘူး...

ဗိုလ်ချူ ပ်အောင်ရဲဝင်း၊ ဗိုလ်ချူ ပ်သန်းထွဋ်သိန်းတို့လို လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်ထိပ်တန်းအရာရှိကြီးများက
အမျိုးသားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီ(ကာ/လုံ) ကို တောင်းဆိုလာသောအခါ ကာ/လုံကို လျစ်လျူ မရှု့ရဲ့တော့ပေ...analysis သေချာ
လုပ်ကြည့်သောအခါ....

အများပြောသလို တပ်မတော်ကာကွယ်ရေးဦးစီးချူ ပ်၏ သက်တမ်းတိုး(extension)လုပ်လို၍ ကာ/လုံကို ခေါ်ယူပြီး၊
သမ္မတ၏ အတည်ပြုချက်ရယူလို၍လော၊
သို့တည်းမဟုတ်
ရခိုင်အရေးကို အကြောင်းပြု၍ တစ်စုံတစ်ခုသော အကြံအစည်ကို ဖွဲ့စည်းပုံအခြေခံကို အမြတ်ထုတ်ပြီး အဖက်ဖက်မှ ဖိအားပေးခံရသော အစိုးရကို အပြုတ်တိုက်လို၍လော...
နောက်ဆုံးအချက်အပေါ် သံသယဝင်လာသည်...

🔼ပုဒ်မ-၂၀၁အရ
ဖွဲ့စည်းပုံအခြေခံဥပဒေအရ
နိုင်ငံတော်သမ္မတမှ ဦးဆောင်၍ အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်ဟု နိုင်ငံတော် သမ္မတအပါအဝင် ဒုသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချူ ပ်၊ ဒုကာကွယ်ရေးဦးစီးချူ ပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း၁၁ဦးဖြင့် ဖွဲ့စည်းသည်..

အားလုံးနားလည်ထားသည်က NLDပါတီသည် ၂၀၁၅ရွေးကောက်ပွဲ၌ landslide အနိုင်ရသည်ဖြစ်စေ၊ အစိုးရအဖြစ်ဖွဲ့စည်းနိုင်သည်။
နိုင်ငံတော်၏ အမြင့်ဆုံးလုံခြုံရေးကောင်စီဝင်(၁၁)ဦးရှိသည့်အနက် အများဆုံး ရနိုင်ခြေက ၅ဦးသာဖြစ်သည်...
၂၀၀၈ဖွဲ့စည်းပုံautomaticallyအရ
တပ်မတော်ဖက်မှ ၆ဦးရရှိထားသည်။
အခြေအနေအရ တပ်ဖက်မှ အသာရထားသည့်အတွက်လုံခြုံရေးကောင်စီတွင် တပ်မတော်ဖက်မှ အသာရထားသည်ဟု ယေဘူယျဆိုနိုင်သည်...
သာမန်အမြင်ဖြင့် ကြည့်လျှင်
ထိုအချက်သည် မှန်ကောင်း မှန်ပေလိမ့်မည်..

Legislature အရ, Political Science, Executiveအရ, Real Democracy အရ အကြီးအကျယ်မှားယွင်းမှုပင်...

ထိုကြောင့်ပင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့
ပြည်သူတစ်ရပ်လုံးက ဆန္ဒရှိကြသည်။
မည်သို့ပင်ဆိုစေကာမူ
လက်ရှိတည်ဆဲ နိုင်ငံ၏ ဖွဲ့စည်းပုံဖြစ်သောကြောင့် ဖွဲ့စည်းပုံ၏ အားနည်းချက်၊ အားသာချက်မျာ၊ ဝိရောဓိများကို လေ့လာပြီး ပြည်သူလူထုအတွက် အစိုးရအတွက် ကူညီပေးနိုင်ရမည်က အားလုံးတွင် တာဝန်ရှိပေသည်...

ပုဒ်မ-၂၀၁အရ နိုင်ငံတော်သမ္မတမှ ဦးဆောင်၍ ဆိုသောစကားရပ်ကို သုံးထားသည်။
နောက်...
ကာ/လုံခေါ်ယူနိုင်တာက နိုင်ငံတော်သမ္မတတစ်ဦးတည်းကပဲ
ခေါ်ယူနိုင်တယ်...

✏ကာ /လုံ ခိုင်းတာလုပ်ရမယ်လို့ မပါဘူး...
သမ္မတကလိုအပ်မယ့်အမိန့်ထုတ်မှာ ဆိုတော့ လုံခြုံရေးကောင်စီနဲ့သမ္မတ ဘယ်သူကအထက်၊ ဘယ်သူကအောက်လဲ...

✒ကာ/လုံဆိုတာ အတိုင်ပင်ခံအဖွဲ့ပဲ...၊ Final decision ချပေးရမှာက နိုင်ငံတော်သမ္မတပဲ..။ ဒါကြောင့် သမ္မတအာဏာက မြင့်ပြီး၊ ကာ/လုံက သမ္မတအောက်မှာ..။
ရိုးရိုးလေး တွေးကြည့်ပါ...။

📌အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဆိုတာ သမ္မတရဲ့ အကြံပေးကောင်စီပဲ...
အကြံပေးအဖွဲ့ဝင်တွေရဲ့ သဘောထား၊ အကြံပြုချက်၊
ဆွေးနွေးဝေဖန်မှုတို့ကို သမ္မတက သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချရမှာ... သူဆုံးဖြတ်ချင်သလို ဆုံးဖြတ်လို့ရတယ်...
နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံထားရတာ...

📍နိုင်ငံတော်သမ္မတ လိုအပ်ရင် ကာ/လုံနဲ့တိုင်ပင်ပြီး၊ တချို့ အလုပ်တာဝန်တွေကို လုပ်နိုင်တယ်လို့ ပြဌာန်းထားတယ်...
အဆင့်အတန်းကို ကြည့်ရင်
သမ္မတရဲ့အဆင့်က အကြံဥာဏ်ယူနိုင်တယ်... ဆုံးဖြတ်ချက်ကို သူပဲတာဝန်ယူရမယ်.. ကျန်တဲ့ ဆယ်ယောက်အနေနဲ့ သမ္မတမဲမပေးနဲ့... သူတို့ဘာသာ သူတို့ မဲခွဲဆုံးဖြတ်ပြီး လုပ်မယ်ဆိုရင်၊ အဲဒီအတိုင်ပင်ခံကောင်စီဆိုတာ သမ္မတရဲ့အထက်ရောက်သွာြး့ပီး
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်တာပဲ...

📝အစိုးရအဖွဲ့မှာ နိုင်ငံတော်သမ္မတဆိုတာ ဥသျှောင်ပဲ..
အစိုးရအဖွဲ့အစည်းမှာသာမက
နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်.. အားလုံးရဲ့အထက်မှာ... အထက်မှာရှိတဲ့ သမ္မတကို အောက်ကို ဆွဲချလို့ မရဘူး..
ဆွဲချတဲ့ဥပဒေအားလုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တာပဲ...

------------------@@@-----------------&&&------

နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ အခွင့်အရေးကို ဘယ်လို ပေးထားသလဲ၊ ၂၀၀၈ဖွဲ့စည်းပုံမှာ...

🔼ပုဒ်မ-၁၆အရ
"နိုင်ငံတော်အကြီးအကဲနှင့်
နိုင်ငံတော်အုပ်ချူ ပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်"လို့ ပြဌာန်းထားတယ်..။ (ညွှန်းဆို-အခန်း၁ နိုင်ငံတော်အခြေခံမူများ...)

🔼ပုဒ်မ-၅၈အရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာကို ရရှိသည်"လို့ဆို
ထားတယ်... (ညွှန်းဆို-အခန်း၃ နိုင်ငံတော်အကြီးအကဲ)

🔼ပုဒ်မ-၁၉၉(က)အရ "နိုင်ငံတော်အုပ်ချူ ပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။" ဟုဆိုထားသည်...(ရည်ညွှန်း-အခန်း၅ အုပ်ချူ ပ်ရေး)

🔼ပုဒ်မ-၂၀၀(က)အရ "နိုင်ငံတော်သမ္မတ"

🔼ပုဒ်မ-၂၁၇ အရ
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်မဆန့်ကျင်စေပဲ  နိုင်ငံတော်၏ အုပ်ချူ ပ်မှု အာဏာသည် နိုင်ငံတော်သမ္မတထံ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည်
အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်အားလည်းကောင်း အာဏာပိုင်တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ
ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။
ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ။
.
.
.

နိုင်ငံတော်သမ္မတကို ပေးထားတဲ့အာဏာကို လေ့လာကြည့်..

 နိုင်ငံတော် အခြေခံမူများ၊ နိုင်ငံတော်အကြီးအကဲနှင့် အုပ်ချူ ပ်ရေးအခန်းကို ကြည့်လိုက်ပါ...
သမ္မတကို အုပ်ချူ ပ်ရေးအာဏာ အပြည့်အဝအပ်နှင်းထားတာကို တွေ့ရတယ်..

အစိုးရက ငါးမဲ၊ တပ်က ခြောက်မဲဆိုပြီး ကာ/လုံကို သွား
နေလို့ကတော့ အာဏာနဲ့အတင်းအကျပ် သွားတဲ့ပုံစံဖြစ်သွားမှာ သေချာတယ်..
ရခိုင်အရေးမှာ အရေးပေါ် အခြေအနေကြေညာဖို့ ကာ/လုံကို ခေါ်ဖို့ လုပ်တာဆိုရင် ​နောက်ကွယ်မှာ အကြံအစည်တစ်ခုရှိရမယ်..
သမ္မတကအခြေအနေကိုကြည့်ပြီး
သူပေးချင်တဲ့ အမိန့်ပေးလိမ့်မယ်။
ဒီအမိန့်ကို တပ်မတော်က မလွဲမသွေ လက်ခံပြီး လုပ်ဆောင်ရမယ်..

အခုတော့ ပြောင်းပြန်...

ရခိုင်အရေး မတိုင်ခင်ကတည်းက ကာ/လုံကို ခေါ်ဖို့ တောင်းဆိုတယ်...ဩဂုတ်၂၅မှာ အကြမ်းဖက်ARSAဝင်တိုက်တယ်လို့ သမ္မတရုံးက အမိန့်ထုတ်ပြန်တယ်..
တပ်ဘက်က လုပ်ရမှာက အရေးအခင်းဖြစ်တဲ့ဒေသမှာ
ပုဒ်မ-၁၄၄ထုတ်၊ မာရှယ်လောအမိန့်နဲ့ နေဝင်မီးငြိမ်း လုပ်ထားရမှာ.. လုပ်တော့ လုပ်ပါရဲ့၊ လျော့တိလျော့ရဲ... ဩဂုတ်လကုန်ထိ ကာ/လုံ ခေါ်ပေးဖို့ တောက်လျှောက်တောင်းဆိုတယ်..
ဦးသောင်းအေး၊ ဦးလှဌေးဝင်းတို့လို
အငြိမ်းစားဗိုလ်ချူ ပ်တွေသာမက လက်ရှိတာဝန်ထမ်းနေတဲ့ ဗိုလ်ချူ ပ်သန်းထွဋ်သိန်းနဲ့ ဗိုလ်ချူ ပ်အောင်ရဲဝင်းတို့လို စစ်ဘက်အရာရြှိကီးတွေ ကာ/လုံကို တောင်းဆိုတာ...

စက်တင်ဘာ၎ရက်မှာ ရခိုင်မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သမ္မတဦးထင်ကျော်က ကြေညာခဲ့သည်...

စက်တင်ဘာ၆ရက်နေ့မှာ ကာ/လုံ မဟုတ်တဲ့ ရခိုင်ဒေသအကြမ်းဖက်ပြဿ    နာ လုံခြုံရေးအစည်းအဝေး တစ်ရပ်ကျင်းပခဲ့တယ်...

မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တာ စစ်တပ်ဘက်ကပဲ..
အများထင်နေကြသလို ကာချူ ပ်သက်တမ်းလွန်နေလို့
extension တိုးဖို့ဆိုပြီး ကာ/လုံကို ခေါ်ဖို့တောင်းဆိုတယ် ထင်နေကြတယ်။
အဲသလောက်ကိစ္စနဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး(ကာ/လုံ)ကို တောင်းဆိုဖို့ပြင်နေတယ် ထင်သလား.. နဂိုကတည်း
က ကာ/လုံခေါ်ဖို့ planချပြီး ပြင်ဆင်လာတာ ကြာပေါ့...

၂၀၁၆ခုနှစ် ဇူလိုင်လ ၂၀မှာ တပ်မတော်ညှိနှိုင်းရေးနဲ့ ကွပ်ကဲရေးမှူး ဗိုလ်ချူ ပ်ကြီး မြထွန်းဦးက နိုင်ငံ့ဝန်ထမ်းစကားရပ်တွင်
တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ အကြုံးမဝင်ကြောင်းဆိုခဲ့ပြီး ဖြစ်သည်...

🔼ပုဒ်မ-၂၉၁အရ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားများသည်"ဆိုသောစကားရပ် ဥပဒေကိုလည်းကောင်း...

🔼ပုဒ်မ-၂၉၂အရ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များသည်"ဆိုသောစကားရပ်ကို လည်းကောင်း၊

 ဗိုလ်ချူ ပ်ကြီးမြထွန်းဦးအနေဖြင့် ထမင်းရည်ပူလာ လျှာလွှဲ ဖြေဆိုသွားသည်...
၂၀၁၆ခုနှစ် ဇန်နဝါရီလတွင်
ကာချူ ပ်မင်းအောင်လှိုင်နှင့် စစ်တက္ကသိုလ် အပတ်စဉ်တူ
(DSA-19) ဒုတိယဗိုလ်ချူ ပ်ကြီးကိုကို အနားယူသွားပြီး
ဖြစ်သည်...

ဗိုလ်ချူ ပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉၅၆ခုနှစ် ဇူလိုင်လ၂၄ရက်နေ့တွင် တနသာင်္ရီတိုင်း ထားဝယ်မြို့တွင် မွေးဖွားသည်...

၁၉၇၂ခုနှစ် အထက(၁)လသာ ရန်ကုန်မြို့တွင်အခြေခံပညာ ၁၀တန်းအောင်မြင်သည်..

၁၉၇၄ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရခဲ့သည်..
စတုတ္ထနှစ် မြန်မာစာကျောင်းသူ
ဒေါ်ကြူ ကြူ လှနှင့်လက်ထပ်ခဲ့သည်...၁၉၇၄ခုနှစ်တွင် DSA-19တတ်ရောက်ခဲ့ပြီး၊ ကိုယ်ပိုင်အမှတ်-ကြည်း ၁၄၂၃၂ ဖြစ်သည်..
၁၉၇၇ခုနှစ် စစ်တက္ကသိုလ်ကျောင်းဆင်းခဲ့သည်... တပ်မ၄၄တပ်မမှူး၊ တြိဂံတိုင်း တိုင်းမှူး၊
စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်...

၂၀၁၁ခုနှစ် မတ်လ၃၀ရက်တွင် တပ်မတော်ကာကွယ်
ရေးဦးစီးချူ ပ်အဖြစ် ရရှိခဲ့သည်...

၂၀၁၃ခုနှစ် မတ်လတွင် ဗိုလ်ချူ ပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခဲ့သည်...

ကာ/လုံကို တပ်မတော်ထိပ်တန်းအရာရှိကြီးများ ထပ်တလဲလဲ တောင်းဆိုနေရခြင်းကို တချက်တည်းပြောရလျှင် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်မှ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အာဏာကို အနုနည်းဖြင့်အုပ်ချူ ပ်လိုခြင်းပင် ဖြစ်သည်..

ရခိုင်အရေးပေါ်အခြေအနေကို ကြည့်ပြီး၊ ကာ/လုံခေါ်မည်...

🔼ပုဒ်မ-၄၁၇အရ အချူ ပ်အခြာအာဏာလက်လွတ် ဆုံး
ရှုံးနိုင်သည့် အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် နိုင်ငံ
တော်သမ္မတသည် ကာ/လုံကိုခေါ်ယူပြီး အရေးပေါ် အခြေအနေ ကြေညာရမည်...

အရေးပေါ်အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံ
တော်တစ်ဝန်းလုံး ဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် တစ်နှစ်အထိဖြစ်ကြောင်း တွေ့ရသည်...

🔼ပုဒ်မ-၄၁၈(က)အရ
သမ္မတအနေဖြင့် အရေးပေါ်အ
ခြေအနေမှ တည်ငြိမ်သည့်နဂိုမူလအခြေအနေသို့ပြန်ရောက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချူ ပ်ကို ဥပဒေပြုရေး၊အုပ်ချူ ပ်ရေးနှင့် တရားစီရင်ရေး အာဏာကို အပ်နှင်းရမည်။
အပ်နှင်းသည့်နေ့မှစ၍
လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေဆိုင်ရာလုပ်ငန်းများအားလုံး ရပ်ဆိုင်းပြီး ဖြစ်သည်...

🔼ပုဒ်မ-၄၁၈(ခ)အရ တပ်မတော်ကာကွယ်ရေးဦးစီးချူ ပ်အား အာဏာအပ်နှင်းသည့်နေ့မှစ၍ ဖွဲ့စည်းပုံဥပဒေအရ မည်သို့ပြဌာန်းစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတနှစ်ဦးမှအပ လွှတ်တော်များ၊ အစိုးရဝန်ကြီးများ
နှင့် အားလုံး တာဝန်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်...

🔼ပုဒ်မ-၄၂၁(ခ)အရ ကာကွယ်ရေးဦးစီးချူ ပ်က ၎င်းအားပေးအပ်လာသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါက
အကျိုးအကြောင်း တင်ပြပါက ကာ/လုံနှင့်ညှိနှိုင်းပြီး
တစ်ကြိမ်လျှင်ခြောက်လ
နှစ်ကြိမ်တောင်းဆိုနိုင်သည်..

ပုဒ်မ-၄၁၇အရ တစ်နှစ်၊ ပုဒ်မ-၄၂၁(ခ)အရ ခြောက်လ
နှစ်ကြိမ် (၂)နှစ် ကာချူ ပ်သို့ နိုင်ငံတော်အာဏာ အပ်နှင်း
ရမည်ဆိုထားသည်။
ထပ်မံ မဏ္ဍိုင်သုံးရပ်ကို ရပ်စဲသည်...
စစ်အုပ်ချူ ပ်ရေးဖြင့် သွားမှတော့ ဘာကြောင့် ကာ/လုံကို အသဲအသန်တောင်းဆိုရသနည်း...

အဖြေက ရှင်းရှင်းလေးပင်....

တော်ပေသေးသည်... ကာ/လုံခေါ်ဖို့အမိန့်က နိုင်ငံတော်သမ္မတလက်ထဲ၌သာရှိသည်..နို့မို့ဆို...

ယခုတော့ ကာ/လုံတောင်းဆိုနေသော အနှီ အဖွဲ့အစည်းကား ကိုယ့်ရှူး ကိုယ်ပတ်တော့ စဖြစ်နေပြီးဆိုတာ...

အမေစုအား ဤစာစုဖြင့် ဂုဏ်ပြုအပ်ပါသည်...

Written by:
A.M.H#

Photo 👍Credit

အဖြစ်​မှန်​ကို ပြည်​သူတိုင်း​သိရန်​လိုအပ်​ပါသည်​။

အဖြစ်​မှန်​ကိုသိကြမှ
အမှားကိုဝါဒဖြန့်​ အမြတ်​ထုတ်​လိုသူတို့အ​ကြောင်း
တိုင်းပြည်​ကို ​ရောင်းစား
ကိုယ်​ကျိုးအတွက်​သိုက်​တူးသူတို့အ​ကြောင်း
ပြည်​သူတို့သိမည်​။

ထိုသူတို့၏ ယုတ်​မာမှုကို
ဖေါ်ထုတ်​ရန်
စာဖတ်​သူများအ​နေဖြင့်
ပြန်​ရှယ်​ခြင်း ​ကော်​ပီကူးတင်​ခြင်းတို့
ဆောင်​ရွက်​ရန်​ ပြည်​သူတစ်​ဦးအ​နေနှင့်​တာဝန်​ရှိပါသည်​။

#NayNay

(မူရင်းစာ​ရေးသူ A.M.H ၏
အပိုင်း၁၊၂၊၃ နိဂုံး အပိုင်း၁၊၂တို့ကို ဖတ်​ပြီးမှ
ဒီစာကို ပိုနားလည်​ပါမည်​။
၎င်းအပိုင်းအားလုံးကို တင်​ခဲ့ပြီးဖြစ်​ပါသည်​)
crd

#ခရီးသည်

#​ထောင်​သူရဲ ဘအုပ်
ပြန်လည်မျှဝေပါ

AungsanAung

https://m.facebook.com/story.php?story_fbid=116952205659889&id=100020353294323

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရခိုင်​အ​ရေးနှင့်​ စစ်​အာဏာရှင်​တို့၏ ယုတ်​မာ​ကောက်​ကျစ်​စွာ တိုင်းပြည်​ကို ​ရောင်းစားမှုများအ​ကြောင်း နိဂုံးချုပ်​ ကိုယ့်ရှူး ကိုယ်ပတ်... နိဂုံးချူ ပ်”

Post a Comment

Related Posts Plugin for WordPress, Blogger...