Tuesday, September 12, 2017

နောက်​ကွယ်​မှာ ကြိုးကိုင်​​စေခိုင်းသူ ရှိကိုရှိ​နေတယ်

,
ဒီမနက်​ rfaအင်​တာဗျူးတစ်​ခုနား​ထောင်​ရတယ်
တောင်​တွင်းကြီးဖြစ်​စဉ်​နဲ့ပတ်​သက်​လို့
ဖြစ်​စဉ်​အစအဆုံးမြင်​​တွေ့ခဲ့တဲ့ ​ဒေသခံတစ်​​ယောက်​နဲ့ဆက်​သွယ်​​မေးမြန်းထားတာ

"ဆူပူမှုဖြစ်​စဉ်​မှာ ကျူးလွန်​သူအများစုက 
ဒေသခံလူငယ်​​တွေ
လူအင်​အား၅၀​ကျော်​​ကျော်​၆၀​လောက်​ပဲရှိမယ်
ရခိုင်​အ​ရေးကိုမ​ကျေနပ်​လို့ ဒီလိုလုပ်​ရတာပါလို့
ဖမ်းခံထိတဲ့တစ်​​ယောက်​က
ဝန်​ခံ​ပြောဆို​ပေမယ့်​ သူတို့ဟာ
မျိုးချစ်​စိတ်​ဓာတ်​​ ပြင်းထန်​သူ​တွေမဟုတ်​ဘူး
နိုင်​ငံ​ရေးကို စိတ်​ဝင်​စားသူ​တွေလည်းမဟုတ်​ဘူး
လူယဉ်​​ကျေး​တွေ​တောင်​မဟုတ်​ကြဘူး"

"ပိုပြီးစိတ်​ဝင်​စားဖို့​ကောင်းတာက
သူတို့လက်​ထဲမှာ စာရွက်​တစ်​ရွက်​ပါ​နေတာပဲ
အဲဒီစာရွက်​မှာ ဖျက်​ဆီးရမယ့်​ မွတ်​ဆလင်​​တွေရဲ့
အိမ်​​တွေဆိုင်​ခန်း​တွေကို​ရေးထားပြီး
ရဲ​တွေ လုံခြုံ​ရေး​တွေ​ရောက်​လာရင်
ဘယ်​ရပ်​ကွက်​ ဘယ်​လမ်းက​နေ ဘယ်​လိုထွက်​​ပြေးလွတ်​​မြောက်​နိုင်​ကြောင်း​စတဲ့ အ​သေးစိတ်
အချက်​​အလက်​​တွေ ​ပါဝင်​​နေတယ်​"

"တချို့က မျက်​နှာဖုံးဝတ်​ပြီး
တချို့က မျက်​နှာအိုးမည်းသုတ်​ထားတယ်
ဓား​တွေ တုတ်​​တွေ ​လေးခွ ​ကျောက်​ခဲ​တွေနဲ့ ​တိုက်​ခိုက်​သောင်းကျန်းကြတယ်​"

ဒါက​တော့ rfaရဲ့
ဆက်​သွယ်​​မေးမြန်းချက်​ကို
အကျဉ်းချုံးပြန်​​ရေးပြထားတာ..

ဖြစ်​စဉ်​တစ်​ခုလုံးကို ခြုံငုံသုံးသပ်​လိုက်​​ရင်​ 
တောင်​တွင်းကြီးဖြစ်​စဉ်​ဟာ
မခံချင်​စိတ်​​ကြောင့်​ ဖြစ်​လာတာမဟုတ်​ဘူး
မျိုးချစ်​စိတ်​​ကြောင့်​ ဖြစ်​လာတာမဟုတ်​ဘူး
မ​တော်​တဆ ဖြစ်​ပွားခဲ့တာလည်းမဟုတ်​ဘူး

ဖြစ်​စဉ်​က
စနစ်​ကျတယ်
ကြိုတင်​ကြံစည်​မှုပါတယ်
ဂျီဟတ်​လုပ်​မယ်​ဆိုပြီး onlineမှာ ​နေ့စွဲ​ပေးထားတဲ့ ၁၁ရက်​​နေ့မတိုင်​ခင်​တစ်​ရက်​မှာ ချိန်​သားကိုက်
ဖြစ်​ခဲ့တာဖြစ်​တယ်

ဒါ​ကြောင့်
နောက်​ကွယ်​မှာ ကြိုးကိုင်​​စေခိုင်းသူ
ရှိကိုရှိ​နေတယ်

အစိုးရကို ဖြစ်​တဲ့နည်းနဲ့ ထိုးချချင်​​နေတဲ့သူ
အစိုးရကို အမြဲတမ်းအကြပ်​ရိုက်​​အောင်
ကြံစည်​လုပ်​​ဆောင်​သူ
ဒီတိုင်းပြည်​မှာ ဘယ်​သူ​တွေရှိသလဲ ?
ဘယ်​ပါတီ​တွေ ပါသလဲ ?

စဉ်းစားလိုက်​ရင်​အ​ဖြေ​ပေါ်ပါတယ်

Soe Paing Oo

https://m.facebook.com/story.php?story_fbid=335386070240234&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “​နောက်​ကွယ်​မှာ ကြိုးကိုင်​​စေခိုင်းသူ ရှိကိုရှိ​နေတယ်​”

Post a Comment

Related Posts Plugin for WordPress, Blogger...