Friday, September 29, 2017

ရှေ.နေ ဦးကိုနီ လုပ်​ကြံခံရမှု ၂၆ကြိမ်​​မြောက်​ တရားရုံး ကြားနာစစ်ဆေး

,
ရှေ.နေ ဦးကိုနီ လုပ်​ကြံခံရမှု ၂၆ကြိမ်​​မြောက်​ တရားရုံး ကြားနာစစ်ဆေးမှုတွင် ဖမ်းဆီးထိန်းသိမ်းထားသူတို့ကို  ရန်ကုန်အင်းစိန်မြို.နယ်တွင် ရုံးထုတ်​စစ်​​ဆေးခဲ့သည်​။ ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်ခဲ့သူ ကြည်လင်း၊ စေခိုင်းသူ အောင်ဝင်းဇော်တို့နှင့် ထောင်ထဲတွင် အတူနေထိုင်ခဲ့သူ  အင်းစိန်​​အောင်​စိုးကိုလည်း ယနေ့ကြားနာမှုတွင် စစ်ဆေးခဲ့သည်။

အင်းစိန်ထောင်၊ မန္တလေးအိုးဘိုထောင်တို့တွင် လုယက်မှုဖြင့် ထောင်ဒဏ် ၁၇ နှစ်ကျော်ကျခဲ့သူဦးအောင်စိုးက ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်သည် လူမျိုးခြားဘာသာခြားသံတမန်တဦးကို မြို.လယ်ခေါင်တွင် သေနတ်ဖြင့်လုပ်ကြံဖို့ အလုပ်ကမ်းလှမ်းခဲ့ဖူးကြောင်း ဦးကိုနီလုပ်ကြံခံရပြီးရက်အနည်းငယ်တွင် ထုတ်ဖော်ပြောကြားခဲ့သူဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ကြည်လင်းနေထိုင်ရာ စစ်ကိုင်းတိုင်းယင်းမာပင်မြို.နယ်ရှိ အိမ်သို့ ၀င်ရောက်စစ်ဆေးခဲ့သော ရဲအရာရှိတစ်ဦးကိုလည်း တရားခွင်တွင် စစ်ဆေးရာ၊ ၄င်းက ကြည်လင်း၏ အိမ်တွင် အောင်ဝင်းဇော် နှင့် ၄င်း၏အစ်ကိုကြီးဖြစ်သူ အောင်ဝင်းထွန်းတို့၏ ဖုံးနံပါတ်များကို တွေ.ရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

အောင်ဝင်းထွန်းသည် အောင်ဝင်းဇော်နှင့် အတူတကွ ကရင်ပြည်နယ်တွင်ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး၊ ၄င်းတို့နှစ်ဦးနှင့် ညီအစ်ကိုတော်စပ်သူ ဗိုလ်မှုးကြီးဟောင်း အောင်ဝင်းခိုင်မှာ လုပ်ကြံမှုတွင် အဓိကကြိုးကိုင်ခဲ့သူဟု ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားပြီး ၄င်းသည် ဦးကိုနီလုပ်ကြံမှုအပြီး နေပြည်တော်သို့ တိမ်းရှောင်ထွက်ပြေးခဲ့သည်။  (ဓာတ်​ပုံ-ပြည့်​ပြည့်​/MyanmarNow)

https://m.facebook.com/story.php?story_fbid=1930796337176315&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရှေ.နေ ဦးကိုနီ လုပ်​ကြံခံရမှု ၂၆ကြိမ်​​မြောက်​ တရားရုံး ကြားနာစစ်ဆေး”

Post a Comment

Related Posts Plugin for WordPress, Blogger...