Wednesday, September 6, 2017

ရခိုင္ျပည္နယ္အေရးကိစၥမ်ားႏွင့္တရားဥပေဒစိုးမိုးေရးဆိုင္ရာမ်ားရွင္းလင္းတင္ျပသည့္ အခမ္းအနားက်င္းပ

,
ေနျပည္ေတာ္ စက္တင္ဘာ ၆

ရခိုင္ျပည္နယ္အေရးကိစၥမ်ားႏွင့္ တရားဥပေဒစိုးမိုးေရးဆိုင္ရာမ်ား ရွင္းလင္း တင္ျပသည့္ အခမ္းအနားကိုယေန႔ မြန္းလြဲ ၃ နာရီခြဲတြင္ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္၌ က်င္းပရာ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ တက္ေရာက္၍ အဖြင့္အမွာစကား ေျပာၾကားသည္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယသမၼတဦးျမင့္ေဆြႏွင့္ ဦးဟင္နရီဗန္ထီးယူ၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ မန္းဝင္းခိုင္သန္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္း၊ ျပည္ေထာင္စု ၀န္ႀကီးဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္၀င္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ဦးေက်ာ္တင့္ေဆြ၊ ေဒါက္တာ၀င္းျမတ္ေအး၊ အမ်ိဳးသားလံုၿခံဳေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ဦးေသာင္းထြန္းႏွင့္ ဒုတိယဝန္ႀကီးဦးမင္းသူတို႔ တက္ေရာက္ၾကသည္။

 ႏိုင္ငံေတာ္သမၼတက အဖြင့္အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံအတြက္ အေရးၾကီးသည့္အခ်ိန္တြင္တာဝန္ရွိသူမ်ား ယခုလိုေတြ႕ဆုံျခင္းသည္ ႏိုင္ငံအတြက္ အက်ဳိးရွိေၾကာင္း၊

 ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ရုံး အေနျဖင့္ “ARSA အစြန္းေရာက္ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္ တိုက္ခိုက္မႈ သတင္းႏွင့္ မလိုလားအပ္ေသာ ပဋိပကၡမ်ားမျဖစ္ေပၚေရးဆိုင္ရာ သတင္းထုတ္ျပန္ခ်က္” ေခါင္းစဥ္ျဖင့္ မလိုလားအပ္သည့္ ပဋိပကၡမ်ားမျဖစ္ေပၚေစရန္ သတင္းထုတ္ျပန္ခ်က္ ထုတ္ျပန္ခဲ့ေၾကာင္း၊ ထိုသို႕ သတင္းထုတ္ျပန္ခဲ့ျခင္းေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ၾကဳိတင္ သတိရွိျပီးမလိုလားအပ္ သည္မ်ားျဖစ္လာမည္ကို ကာကြယ္ႏုိင္မည္ ျဖစ္ေၾကာင္း၊ တစ္ဖက္တြင္လည္းျပည္သူမ်ားအၾကား စိုးရိမ္ပူပန္မႈမ်ားမျဖစ္ေစရန္ႏိုင္ငံေတာ္ရွိ ထိပ္ပိုင္းပုဂၢဳိလ္မ်ားက လုံျခဳံေရးအေျခအေနမ်ားကို အားလုံးဝိုင္းဝန္းျပီးညွိႏႈိင္းေဆာင္ရြက္ေနၾကသည္ကို ျပည္သူမ်ားကိုအသိေပးရန္ လိုအပ္ေၾကာင္း၊

ျပည္သူမ်ား၏ စိုးရိမ္ပူပန္မႈမ်ားကို အသုံးခ်ျပီး ယုံၾကည္မႈအစြန္းေရာက္သူမ်ားက ဆူပူမႈျဖစ္ေအာင္လုပ္မည္ ဆိုသည့္အႏၱရာယ္ကလည္း ရွိေနျပန္ေၾကာင္း၊ ယခင္ကလည္းထိုသို႕ဆူပူမႈမ်ား ျဖစ္ေပၚေစရန္လုပ္ေဆာင္ခဲ့ၾကသည္မ်ားကို ေတြ႕ႏိုင္ေၾကာင္း၊ဤသို႕ အေျခအေနမ်ဳိးတြင္ လုံျခဳံေရးအဖြဲ႕အစည္းမ်ား အေနျဖင့္ဥပေဒႏွင့္အညီ ထိထိေရာက္ေရာက္ ဟန္႕တားေပးရန္လိုအပ္သည္ကို အေလးအနက္ထားေျပာလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႕ေနာက္ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးဒုတိယဗိုလ္ ခ်ဳပ္ႀကီးေက်ာ္ေဆြကရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသ၌ ျဖစ္ပြားေနသည့္ အၾကမ္းဖက္ တိုက္ခိုက္ခံရမႈ ျဖစ္စဥ္မ်ားအေပၚ လံုၿခံဳေရးႏွင့္ ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဆာင္ရြက္ေနမႈ အေျခအေနမ်ားကိုလည္းေကာင္း၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက အၾကမ္းဖက္မႈ ျဖစ္စဥ္မ်ားေၾကာင့္ ေနရပ္စြန္႔ခြာၿပီးကယ္ဆယ္ေရးစခန္းမ်ားသို႔ ေရာက္ရွိေနၾကသည့္ တိုင္းရင္းသားမ်ားႏွင့္ ေဒသတြင္းေနထိုင္သူမ်ားအား လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ားပ့ံပိုးေဆာင္ရြက္ေနမႈ အေျခအေနမ်ားအားလည္းေကာင္း ရွင္းလင္းတင္ျပၾကသည္။

 ယင္းေနာက္ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယသမၼတဦးျမင့္ေဆြ၊တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လႈိင္ ႏွင့္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မွဴးၾကီးစိုးဝင္းတို႕က နယ္စပ္ျခံစည္းရိုးပ်က္စီးေနသည့္ေနရာတြင္ အျမန္ဆုံးျပဳျပင္ျခင္းေဆာင္ရြက္လ်က္ ရွိရာ ျပဳျပင္ျခင္းႏွင့္ ျခံစည္းရိုးကာရန္ က်န္ရွိသည့္ေနရာမ်ားကိုအဆင့္မီလုံျခဳံစြာ အျမန္ဆုံးကာရံျခင္းတို႕ကိုခ်က္ခ်င္းေဆာင္ရြက္ရန္၊ ျခံစည္းရိုးကာျခင္းအတြက္ လိုအပ္သည့္ဘ႑ာေငြအား ႏိုင္ငံေတာ္အစိုးရက ခ်က္ခ်င္းျဖည့္ဆည္းေပးမည္ ျဖစ္ေၾကာင္း၊ နယ္စပ္ျခံစည္းရိုးလုံျခဳံမႈ အားနည္းသည့္ေနရာမ်ားတြင္ လုံျခဳံေရး တပ္ဖြဲ႕ဝင္မ်ား လုံေလာက္စြာတိုးျမွင့္ ခ်ထားရမည္ ျဖစ္ေၾကာင္း၊ အၾကမ္းဖက္မႈတြင္ ပါဝင္သူမ်ားကိုဥပေဒႏွင့္အညီ ေဖာ္ထုတ္အေရးယူသြားမည္ ျဖစ္ေၾကာင္း၊ ရခုိင္ျပည္နယ္ အတြင္းဘာသာ၊ လူမ်ဳိးမခြဲျခားဘဲလူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားေပးအပ္လ်က္ ရွိျပီးဆက္လက္၍လည္းေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းစသည္ျဖင့္  ရခိုင္ျပည္နယ္အတြင္းဆက္လက္ေဆာင္ရြက္မည့္ ေရွ႕လုပ္ငန္းစဥ္မ်ားကိုဝိုင္းဝန္းေဆြးေႏြးၾကသည္။

ယင္းေနာက္ ႏုိင္ငံေတာ္သမၼတကနိဂုံးခ်ဳပ္ အမွာစကားေျပာၾကားရာတြင္ အၾကမ္းဖက္မႈမ်ားမျဖစ္ပြားေစေရးအတြက္ ၾကဳိတင္ကာကြယ္ရန္ လိုအပ္သလို တစ္ဖက္တြင္လည္း ျပည္သူမ်ား၏စိုးရိမ္ေၾကာင့္ၾကမႈမ်ားကို အခြင့္ေကာင္းယူ၍ ေသြးထိုးလႈံ႕ေဆာ္မည့္သူမ်ားကို အခ်ိန္မီဟန္႕တားႏုိင္ေရး၊ တရားဥပေဒနွင့္အညီ ထိေရာက္စြာ အေရးယူသြားရန္ မွာၾကားလိုေၾကာင္းျဖင့္ ေျပာၾကားျပီး အခမ္းအနားကို ညေန ၅ နာရီခြဲတြင္ ရုပ္သိမ္းလိုက္သည္။
Zawgyi Version
-------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများရှင်းလင်း တင်ပြသည့် အခမ်းအနားကျင်းပ
========================================================
နေပြည်တော် စက်တင်ဘာ ၆
ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်း တင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊
ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်၀င်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာ၀င်းမြတ်အေး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းနှင့် ဒုတိယဝန်ကြီးဦးမင်းသူတို့ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံအတွက် အရေးကြီးသည့်အချိန်တွင် တာဝန်ရှိသူများယခုလိုတွေ့ဆုံခြင်းသည် နိုင်ငံအတွက် အကျိုးရှိကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအနေဖြင့် “ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု သတင်းနှင့် မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပေါ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်” ခေါင်းစဉ်ဖြင့် မလိုလားအပ်သည့် ပဋိပက္ခများ မဖြစ်ပေါ်စေရန် သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ သတင်းထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်သူများအနေဖြင့် ကြိုတင် သတိရှိပြီး မလိုလားအပ်သည်များ ဖြစ်လာမည်ကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ပြည်သူများအကြားစိုးရိမ်ပူပန်မှုများ မဖြစ်စေရန်နိုင်ငံတော်ရှိ ထိပ်ပိုင်းပုဂ္ဂိုလ်များက လုံခြုံရေးအခြေအနေများကို အားလုံးဝိုင်းဝန်းပြီး ညှိနှိုင်းဆောင်ရွက်နေကြသည်ကို ပြည်သူများကို အသိပေးရန် လိုအပ်ကြောင်း၊

ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကိုအသုံးချပြီး ယုံကြည်မှုအစွန်းရောက်သူများက ဆူပူမှုဖြစ်အောင် လုပ်မည် ဆိုသည့်အန္တရာယ်ကလည်း ရှိနေပြန်ကြောင်း၊ ယခင်ကလည်း ထိုသို့ဆူပူမှုများ ဖြစ်ပေါ်စေရန်လုပ်ဆောင်ခဲ့ကြသည်များကို တွေ့နိုင်ကြောင်း၊ဤသို့ အခြေအနေမျိုးတွင် လုံခြုံရေးအဖွဲ့အစည်းများ အနေဖြင့်ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဟန့်တားပေးရန် လိုအပ်သည်ကို အလေးအနက်ထား ပြောလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထဲရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်များအပေါ် လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကြသည့် တိုင်းရင်းသားများနှင့် ဒေသတွင်းနေထိုင်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
 ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က နယ်စပ်ခြံစည်းရိုးပျက်စီးနေသည့် နေရာတွင် အမြန်ဆုံး ပြုပြင်ခြင်းဆောင်ရွက်လျက်ရှိရာ ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရန် ကျန်ရှိသည့်နေရာများကို အဆင့်မီလုံခြုံစွာ အမြန်ဆုံးကာရံခြင်းတို့ကို ချက်ချင်းဆောင်ရွက်ရန်၊ ခြံစည်းရိုးကာခြင်းအတွက် လိုအပ်သည့် ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း၊ နယ်စပ်ခြံစည်းရိုးလုံခြုံမှု အားနည်းသည့်နေရာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံလောက်စွာတိုးမြှင့် ချထားရမည် ဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွင် ပါဝင်သူများကိုဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းဘာသာ၊ လူမျိုးမခွဲခြားဘဲ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက် ရှိပြီးဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်  ရခိုင်ပြည်နယ်အတွင်း ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတကနိဂုံးချုပ် အမှာစကားပြောကြားရာတွင် အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန် လိုအပ်သလို တစ်ဖက်တွင်လည်း ပြည်သူများ၏စိုးရိမ်ကြောင့်ကြမှုများကို အခွင့်ကောင်းယူ၍ သွေးထိုးလှုံ့ဆော်မည့်သူများကို အချိန်မီဟန့်တားနိုင်ရေး၊ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားရန် မှာကြားလိုကြောင်းဖြင့် ပြောကြားပြီး အခမ်းအနားကို ညနေ ၅ နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။
Unicode Version

https://m.facebook.com/story.php?story_fbid=1418619084852490&id=813476528700085

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ရခိုင္ျပည္နယ္အေရးကိစၥမ်ားႏွင့္တရားဥပေဒစိုးမိုးေရးဆိုင္ရာမ်ားရွင္းလင္းတင္ျပသည့္ အခမ္းအနားက်င္းပ ”

Post a Comment

Related Posts Plugin for WordPress, Blogger...