Friday, October 27, 2017

မွတ်ဆလင်များမှာ မြန်မာနိုင်ငံကို ညစ်ညမ်းစေသည်ဟု ဦးဝီရသူက 60Minutes အင်တာဗျူးတွင် ဖြေကြား

,
အမေရိကန်နိုင်ငံတွင် လူကြည့်အများဆုံး အင်တာဗျူးအစီအစဉ် တစ်ခု ဖြစ် သည့် 60 Minutes မှ အစီအစဉ်တင်ဆက်သူ Bill Whitaker သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံရေး လူမူရေး ဘာသာရေးနယ်ပယ်မှာ ပုဂ္ဂိုလ် အချို့  ဖြင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို စုစည်းပြီး The NEW Burma ဆိုသည့် ခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့က မိနစ် ၆၀ စာ အမေရိကန်နိုင်ငံ တစ်ဝှမ်းသို့ CBS သတင်းအစီအစဉ်မှ ထုတ်လွှင့်ပြသခဲ့သည်။

Bill Whitaker တွေ့ဆုံ အင်တာဗျူး ခဲ့သူများထဲတွင် မ.ဘ.သ ဆရာတော် ဦးဝီရသူလည်း တစ်ဦးပါဝင်သည်။

BW - ဆရာတော်ရဲ့ ဗုဒ္ဓ၀ါဒပုံစံကို အစွန်းရောက်တယ်လို့ ဒလိုင်းလားမား က ဝေဖန် ထားပါတယ်။

ဦးဝီရသူ - အစွန်းရောက်ဆိုတဲ့ စကားလုံးကို ဂုဏ်ယူစွာ လက်ခံပါတယ်။ ဘုန်းကြီးက ဒလိုင်းလားမားကို မလေးစားပါဘူး။ သူက နိုင်ငံရေးအာဏာ ပွဲစားပါ။ ကျုပ်တို့ ဒလိုင်းလားမားက လေးစားစရာ မရှိပါဘူး။

ဦးဝီရသူ၏ ပြောဆိုပုံမှာ ကြမ်းတမ်းပြီး ရန်လိုကာ စိတ်လိုက် မာန်ပါ ပြောဆို တတ်သည်။

BW - မွတ်ဆလင်တွေအတွက် မြန်မာနိုင်ငံမှာ နေရာရှိပါသလား။

ထိုမေးခွန်းအား ဦးဝီရသူ၏ အမှန်တကယ် တုံ့ပြန်ပုံမှာ လွန်စွာကြမ်းတမ်း သဖြင့် CBS သတင်းဌာနအနေဖြင့် ပြန်လည်ဖော်ပြခြင်း မပြုကြောင်း Bill Whitaker က ရေးသား ထားသည်။

သူက မွတ်ဆလင်များမှာ မြန်မာနိုင်ငံကို ညစ်ညမ်းစေသည်ဟု ဆိုပြီး ပြောကြား မှုကို အထင်အရှား တွေ့မြင် ရသည်။

ဦးဝီရသူ - ဘုန်းကြီးက သူတို့ကို လက်မခံပါဘူး။

BW - ဘာကြောင့်ပါလဲ။

ဦးဝီရသူ - သူတို့က တစ်နိုင်ငံလုံးကို လွှမ်းမိုးချင်နေတာပါ။ ဒါတောင် သူတို့က ကျေနပ်မှာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး အစ္စလာမ်ဘာသာပြောင်းမှ ကျေနပ်ကြ မှာပါ။

မြန်မာနိုင်ငံတွင် ဘုန်းကြီးအရေအတွက်က စစ်သားအရေအတွက်ထက် ပိုများပြီး လူထု၏ ကြည်ညိုခြင်းခံရသဖြင့် ဦးဝီရသူ၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် အမြင်က ပြသ၁နာ တစ်ခု ဖြစ်နိုင်သည်။

BW - ဒေါ်အောင်ဆန်းစုကြည်ပေါ် ဘယ်လို မြင်ပါသလဲ။

ဦးဝီရသူ - အမျိုးသားရေးနဲ့ နိုင်ငံ လုံခြုံရေးအရဆိုရင် သူက လုံးဝ အသုံးမကျ ပါဘူး။

BW - အသုံးမကျဘူး၊ ဟုတ်ပါသလား။

ဦးဝီရသူ - ဟုတ်ပါတယ်။

KHTun

Ref - CBS News

The Ladies News Journal

https://m.facebook.com/story.php?story_fbid=485653228276318&id=178829095625401

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မွတ်ဆလင်များမှာ မြန်မာနိုင်ငံကို ညစ်ညမ်းစေသည်ဟု ဦးဝီရသူက 60Minutes အင်တာဗျူးတွင် ဖြေကြား”

Post a Comment

Related Posts Plugin for WordPress, Blogger...