Sunday, October 15, 2017

ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာကို အကောင်အထည်ဖော်ရာတွင် ရခိုင်ပြည်သူအကျိုးစီးပွားထိခိုက်ပါက တုံ့ပြန်မည့်အပိုင်းကို ANP ပါတီဆွေးနွေး

,
ကိုဖီအာနန်ကော်မရှင် ၏အကြံပြုချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ရခိုင်ပြည်သူများ၏အကျိုးစီးပွား ထိခိုက်မည်ဆိုပါက အစိုးရအား ပြန်လည်တုံ့ပြန်ဆောင်ရွက်မည့် အပိုင်းများကို ANP ပါတီ အစည်း အဝေး၌ ဆုံးဖြတ်ခဲ့သည်ဟု ပါတီ အတွင်းရေးမှူး ဦးအောင်မြကျော်က ပြောသည်။

ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုကော်မတီဝင်များ၊ လွှတ် တော်ကိုယ်စားလှယ်များပါဝင် သော အစည်းအဝေးကို ရခိုင် ပြည်နယ် စစ်တွေမြို့နယ်ရှိ ပါတီ ဌာနချုပ်တွင် အောက်တိုဘာ ၁၃ ရက်က ကျင်းပခဲ့သည်။

‘‘ကိုဖီအာနန်အစီရင်ခံစာမှာ ပါတဲ့ အချက်အလက်တွေက ရခိုင်ပြည်သူလူထုရဲ့ အကျိုးစီး ပွားတွေကို အကောင်အထည် ဖော်မယ်ဆိုရင် ကျွန်တော်တို့ မူ တစ်ခုချမှတ်ပြီး ရခိုင်ပြည်သူအ ကျိုးစီးပွားအတွက် ဆောင်ရွက် ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချ မှတ်ခဲ့ကြပါတယ်’’ ဟု ဦးအောင် မြကျော်က ပြောသည်။ အဆို ပါမူဝါဒအသေးစိတ်ကိုမူ ပြော ကြားခြင်းမရှိပေ။

ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုင်းရင်းသား များကို ARSA အကြမ်းဖက်သ မားများနှင့်အစွန်းရောက်ဘင်္ဂါလီ အချို့၏ တိုက်ခိုက်မှုကြောင့် ဒုက္ခ ရောက်နေသူများ ကူညီပေးရေး ကိစ္စများ၊ ပါတီမှ နုတ်ထွက်သော ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး နုတ်ထွက်သည့်ပါတီဝင်များကို ပါတီစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မည့်အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောသည်။

ANP ပါတီက ပြုလုပ်သည့် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်၊ ပြည်နယ်လွှတ်တော် တို့တွင် အစိုးရနှင့်လွှတ်တော်သို့ အပြန်အလှန်ထိန်းကျောင်းမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ပါတီဗဟိုကော်မတီအဖွဲ့ဝင် ဒေါ်ခင်စောဝေက ပြောသည်။

ANP ပါတီက ပြုလုပ်သည့် အစည်းအဝေးကို အောက်တိုဘာ ၁၃ နှင့် ၁၄ ရက်နှစ်ရက်ကြာပြုလုပ် မည်ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက်၌ ကျင်းပမည့်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီညီလာခံ ကျင်းပရေးနှင့်ပတ်သက်၍ ဆွေး နွေးမည်ဖြစ်သည်။

‘‘ဆွေးနွေးချက်တွေကို မနက်ဖြန်(အောက်တိုဘာ ၁၄ရက်)မှာ  အတည်ပြုပြီးတော့ ကြေညာချက်တစ်စောင်ထုတ်ပြန်သွားဖို့ စီစဉ်ထားပါတယ်’’ ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ရခိုင်အမျိုးသား ပါတီသည် ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာနှင့် ပြည်နယ်လွှတ်တော် ၂၂ နေရာ စုစုပေါင်း ၄၅ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ် တော်တစ်နေရာ ထပ်မံအနိုင်ရခဲ့ သည်။

=============

7Day News Journal

http://www.7daydaily.com/story/110172

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာကို အကောင်အထည်ဖော်ရာတွင် ရခိုင်ပြည်သူအကျိုးစီးပွားထိခိုက်ပါက တုံ့ပြန်မည့်အပိုင်းကို ANP ပါတီဆွေးနွေး ”

Post a Comment

Related Posts Plugin for WordPress, Blogger...