Tuesday, October 31, 2017

"မြေမြို၍ လူမျိုးမပျောက်(ပြုတ်) လူမြိုမှ လူမျိုးပျောက်(ပြုတ်) မည်"

,
မောင်ရင် အဘပြောမကွဲ့

သီပေါလက်ထက်တုန်းက ကင်းဝန်မင်းကြီးရဲ့ စာရေးတော်ကြီးလုပ်ခဲ့တဲ့ ဒီပဲယင်းဝန်ထောက် ဦးမြဲ ဆိုတဲ့သူတစ်ယောက်ရှိခဲ့တယ်...

သူက ပြင်သစ်မြန်မာ စာချုပ် ချုပ်တော့မဲ့အချိန်ကျ စာချုပ်ကိစ္စပြင်ဆင်နေတုန်း နိုင်ငံတော်ကို သစ္စာဖောက်ပြီး စာချုပ်ကိစ္စတွေ စာချုပ်ပါ အကြောင်းအရာတွေ အပေးအယူကိစ္စတွေကို အင်္ဂလိပ်ဆီသတင်းပို့(သတင်းရောင်းစား) ခဲ့တယ်။
ကိုယ်ကျိုးအတွက် နိုင်ငံကိုရောင်းစားခဲ့တယ်။

သူ့အဆင့်က စာရေးအဆင့်ပဲရှိပေမဲ့ လော့ဒပ်ဖရင် မြန်မာနိုင်ငံရောက်တော့ သူ့ကို သီးခြားတွေ့ဆုံပြီး ဂုဏ်ပြုခဲ့တယ်။ ဗြိတိသျှ လွှတ်တော်ထဲမှာ THE HONORABLE U MYE လို့ အမည်ပေး ဂုဏ်ပြုခေါ်ဝေါ်ခဲ့တယ်။

အင်္ဂလိပ်တပ်တွေ ဝင်လာတော့ သီပေါက ရွှေဘိုဘက်ရှောင်မလို့ကို သူနဲ့ ဦးကောင်း နှစ်ယောက်ပေါင်းပြီးတားခဲ့တယ်။

သီပေါ ပါတော်မူတော့ ရန်ကုန်မြစ်လယ်မှာ သီပေါ စီးတဲ့သဘောင်္ ခဏနားတဲ့အချိန် အင်္ဂလိပ်လှေနဲ့ သဘောင်္ဆီကပ် သီပေါဆီလာပြီး မျက်နှာချင်းဆိုင်က ခုံမှာဝင်ထိုင် တန်းတူစကားပြောလို့ စုဖုရားလတ်က မောင်းထုတ်ခဲ့ရတယ်။

အင်္ဂလိပ်ခေတ်ရောက်တော့ ဘုရင်လက်ထက်ကမင်းမှုထမ်းတွေကို မင်းမျိုးမင်းနွယ်တွေကို အင်္ဂလိပ်က ပင်စင်ပေး ထောက်ပံ့ကြေးပေးတဲ့ ကိစ္စတွေမှာ ဦးကောင်းနဲ့ သူနဲ့ က ထောက်ခံစာရေးပေးတဲ့နေရာရ ခဲ့ပြီး မင်းမျိုးမင်းနွယ်တွေ က သူ့ကို ရိုသေမှ တည့်အောင်ပေါင်းမှ ပင်စင်ထောက်ခံစာရေးပေးခဲ့တယ်။

မောင်ရင် အဘပြောမကွဲ့
အဲ့ လိုလူက ၁၉၂၁ ဂျီစီဘီအေ အစည်းအဝေးမှာ သဘာပတိလုပ်ပြီး မျိုးချစ်စိတ်အပြည့်နဲ့ စကားတခွန်းပြောခဲ့တယ်။

"မြေမြို၍ လူမျိုးမပျောက်(ပြုတ်) လူမြိုမှ လူမျိုးပျောက်(ပြုတ်) မည်" တဲ့
အဲ့စကားစပြောခဲ့တာ အဲ့ဒီ့သတ္တဝါ ပဲ မောင်ရင်ရဲ့။

တသက်လုံး လုပ်ချင်တာလုပ် နိုင်ငံကိုရောင်းစား တိုင်းတပါးထောက်ပံ့ကြေးစားတဲ့ လူက နိုင်ငံရေးမှာ နေရာပြန်လိုချင်တဲ့အချိန် မှာ သူ စပြီးသုံးတဲ့ စကားလုံးက အမျိုးသားရေး တဲ့ အမျိုးဘာသာ သာသနာတဲ့။

အဲ့လိုလူကို လက်ခံတဲ့ ဂျီစီဘီအေ အသင်းလဲ သိပ်မကြာခင် အစိတ်စိတ်အမြွှာမြွှာ ကွဲတော့တာပဲ။

မောင်ရင် အဘပြောမကွဲ့ ခေတ်အဆက်ဆက် သောက်သုံးလုံးဝ မကျတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ကိုယ်ကျိုးကြည့်တဲ့ အာဏာရှင်တွေ လူ့အခွင့်အရေးမလေးစားတဲ့ နိုင်ငံရေးသမားတွေ ... အဲ့လိုလူတွေရဲ့ လက်သုံးစကားက အမျိုးသားရေး ဆိုတဲ့ ဟာပဲ။

မောင်ရင် မှတ်ထား အမျိုးဘာသာ သာသနာဆိုပြီး တဖွဖွ အော်နေတဲ့ သတ္တဝါ တွေ အကောင်တွေ တွေ့ရင် သေချာပေါက်သာ သတ်မှတ်လိုက် အဲ့  ကောင် သာသနာဖျက်မဲ့ နိုင်ငံဖျက်မဲ့ကောင် တိုင်းပြည်ဖျက်မဲ့ ကောင် ....
သမိုင်း ပြန်ဖတ် မောင်ရင်ရဲ့ သေချာဖတ် ...

Crd: Ye Min Nyi Nyi
Via : credit

https://m.facebook.com/story.php?story_fbid=728452334018853&id=100005622794655

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ "မြေမြို၍ လူမျိုးမပျောက်(ပြုတ်) လူမြိုမှ လူမျိုးပျောက်(ပြုတ်) မည်" ”

Post a Comment

Related Posts Plugin for WordPress, Blogger...