Monday, October 2, 2017

ဘယ်လူမျိုးက ရန်ငြိုးကြီးတာလဲ

,
ရန်ငြိုးကြီးသူများ  သိစေရန်
••••••••••••••••••••••••••••••

ဗမာလူမျိုးတို့သည်  ရခိုင်လူမျိုးတို့ကို  ရန်ငြိုးကြီးသူများ  ဒေါသကြီးသူများ လူမျိုးစွဲဝါဒ ရှိသူများဟု မတရား အတင်းအဓမ္မ စွပ်စွဲကြလေသည်။

သို့သော်လည်း  အရင်စစ်အမြစ်မြေမှာဆိုသလိုပေါ့လေ  စိစစ်ကာ အဖြေရှာတဲ့အခါမှာ  ဗမာလူမျိုးတို့ကပဲ  ရန်ငြိုးကြီးတာကို  တွေ့မြင်နေရပါတယ်။

ဥပမာ  ပြောရင်   ဥသြရီသောက်  ရခိုင်ပြည်မှာ ထီးနန်းပျောက်   (၁၁၄၆ ) ခုနှစ်  ဒီဇင်္ဘာ
၃၁  ရက်နေ့မှာ     ဗမာဘုရင်  ဘိုးတော်မောင်ဝိုင်းဟာ  ရခိုင်ထီးနန်းနှင့်  ရခိုင်ပြည်ကြီးကို
စစ်မကြေညာပဲ    ထိုးစစ်ဆင်ကာ
မတရား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

တိုင်းပြည်တစ်ခု (ဝါ)နိုင်ငံတစ်ခုကို
စစ်ထိုးမယ်  စစ်ချီမယ်  စစ်တိုက်မယ်ဆိုရင်   စစ်ကြေညာရတယ်   သတင်းစကားကို
 သံတမန်တွေနဲ့ ကမ်းလှမ်းရပါတယ်
အဲသလိုလုပ်ရပါတယ်   သူတို့ဆီမှာ
ဒူးမထောက်  လက်မမြောက်ဘူး အရှုံးမပေးဘူးဆိုမှပဲ  တိုက်ခိုက်သိမ်းယူရပါတယ်
ခုက  အဲသလို မဟုတ်ပါပဲနဲ့
ဘာမှ  စစ်ကြေညာခြင်း  အလျှင်းမရှိပဲနဲ့  တိုက်ခိုက်သိမ်းယူလိုက်ပါတယ်။

နောက်တစ်ခါ   ရခိုင်ဘုရင်မင်းမြတ်နှင့်
တကွ   ရက္ခိုင့်တပ်မတော် တစ်ခုလုံး
ရှုံးနိမ့်ကျဆုံးသွားတဲ့  အခါမှာ
မဟာသမ္မတရာဇာ မိဖုရားမြသန္တာ   စစ်သည်ဗိုလ်ပါ
မြောက်များစွာနှင့် တိုင်းသူပြည်သားများတို့ကို
ရန်ငြိုးကြီးစွာဖြင့်
ရက်ရက်စက်စက်  သတ်ဖြတ်ပြီး
မြောက်များစွာသောလူတို့ကိုလည်း
စစ်သုံ့ပန်အဖြစ်  ဖိုးခေါင်ကြိမ်နွယ်ဖြင့် တချို့ကို  နားကိုဖေါက်ထွင်းကာ တချို့ကို  လက်ဝါးကိုဖေါက်ထွင်းပြီး ဗမာပြည်သို့
အမ်းလမ်းက ခေါ်ဆောင်ခဲ့ပါသည်။

မိတ္ထိလာကန်ကို  ရခိုင်ပြည်က  ခေါ်ဆောင်လာသော  စစ်သုံ့ပန်များကို
ကန်ဘောင်ဆည်ဖို့ခိုင်းပြီး   အဲဒီကန်ဘောင်ကောက်မှာဘဲ  ရက်ရက်စက်စက်  သတ်ဖြတ်လိုက်ကြပါတယ်။

မဟာမြတ်မုနိရုပ်ရှင်တော်ကိုလည်း
ဗမာလူမျိုးတွေက  ပင့်ဆောင်သွားခဲ့ပါတယ်  ဒါပေမယ့်
အစစ်ကို  မရရှိပဲ   ရှင်ကျော်ဘုရားကိုသာ  ရရှိသွားကြသည်။

ရခိုင်ထီးနန်းမှာ  မိုးထားသော  ကြေးနီပြားများကိုလည်း  သယ်ဆောင်ယူကာ  မင်းကွန်းခေါင်းလောင်းအဖြစ်  သွန်းလုပ်ခဲ့ကြသည်။
ထိုခေါင်းလောင်းတော်ကြီးမှာ
ကြေးပိဿာချိန် (၅၅၅၅၅)ပိဿာရှိပါသည်။

ရခိုင်စာပေများနှင့် တန်ဖိုးကြီးသော ငွေဘုရား  ရွှေဘုရား  မြဘုရား ရတနာကိုးပါးနှင့်  သွန်းလုပ်ထားသောဘုရားများကိုလည်းယူဆောင်သွားတယ်။
 ရခိုင့်ရာဇဝင်ကျမ်းများကိုလည်း  ယူသွားကြလေသည်။

ထီးနန်းကိုလည်း  မီးရှိုးကာ ပြာကျစေခဲ့သည်။
နန်းရာကုန်းကိုလည်း  ကိုးသင်္ချိုင်းက
မြေတွေဖြင့်  ဖို့ထားခဲ့လေသည်။

စစ်ချီတယ်  စစ်တိုက်တယ်  တိုင်းပြည်သိမ်းတယ်ဆိုတာက  ရှင်ဘုရင်တွေရဲ့ အလုပ်မှန်ပါတယ်

ဒါပေမယ့်လို့   ပြည်သူတွေနဲ့  မဆိုင်ဘူး
ပြည်သူတွေကို   ဘာ့ကြောင့်  ရန်ငြိုးကြီးစွာ  သတ်ဖြတ်ရသလဲ =?

ပြည်သူတွေနဲ့  ဘာမှမဆိုင်ဘူး  အပြစ်မဲ့
ပြည်သူတွေကို   ရက်စက်စွာ
သတ်ဖြတ်ခဲ့တယ်   မွှေးကင်းစ
ခလေးငယ်တွေ  ကိုယ်ဆောင်မိန်းမပါမကျန် သတ်ဖြတ်ခဲ့တယ်။
ဗလူမျိုးများက  အဲသလို  ယုတ်မာခဲ့တယ်။

 စစ်တိုက်တယ်ဆိုတာ  လက်နက်ချသူတွေ   ဒူးထောက်လက်မြောက်   အရှုံးပေးသူတွေကို  မနှိပ်စက်  မသတ်ဖြတ်ရဘူးလို့   ကြားဖူးပါတယ်။
ခုတော့  လူမျိုးတုန်း  လူမျိုးပြုန်းအောင်   သတ်ဖြတ်ခဲ့တယ်
အဲဒီတုန်းက  ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မရှိသေးဘူး
လူ့အခွင့်အရေးကို   အော်  မယ့်သူတွေမရှိသေးဘူးလေ။

နှစ်ပေါင်း (၄၀)ကာလပတ်လုံး  ရခိုင်လူမျိုးတွေဟာ  ငရဲသားအဖြစ်နဲ့
ဗမာငရဲထိန်းတွေရဲ့  လက်အောက်မှာ
ငရဲသားအလားသဏ္ဍာန် ခံခဲ့ရတယ်။

တင်းဝါးပန်းခိုင်တမြိုင်မြိုင်  ရခိုင်အလောင်းပေါင်း။

၇၄၅၂၇၅၅ =  ခုနှစ်သန်း  လေးသိန်း
ငါးသောင်း   နှစ်ထောင်  ခုနှစ်ရာ   ငါးဆယ်  ငါးယောက်  အသတ်ခံရတယ်လို့  ရခိုင့်သမိုင်းမှာ
ထင်ရှားရှိတယ်။

အဲဒါ  ရန်ငြိုးကြီးကြီးနဲ့  သတ်ဖြတ်တာမဟုတ်ဘူးလား   ပြောကြပါအုံး   ကိုရွှေဗမာတို့ရယ်။

ထို့နောက်  အင်္ဂလိပ်လက်ထက်မှာ
ရခိုင်တို့  ငရဲခန်း   တစ်ခန်းနားခဲ့ရတယ်။

လွတ်လပ်ရေးရပြီးနောက်  ခုအချိန်ထိ
ကလိန်ကကျစ်  မတရားအနိုင်ကျင့်ကာ
ဖိနှိပ်အုပ်ချုပ်  ကျွန်ပြုလာခဲ့တာလည်းနှစ်ပေါင်း
(၇၀)ရှိနေပြီ   ခုအချိန်ထိ  ရန်ငြိုးမပြေသေးဘူး ဆိုတာကို  မြေပြင်မှာ  ဆင်သွားသလို  ခြေရာ
ထင်ကျန်နေခဲ့တယ်။

ဘယ်လူမျိုးက  ရန်ငြိုးကြီးတာလဲ
ဘယ်လူမျိုးက  ဒေါသကြီးတာလဲ
အဖြေရှာကြည့်ကြပါလား။
လူမျိုးတုန်းသတ်ဖြတ်တဲ့  နေရာမှာ
ကုလားနဲ့  ဗမာအတူတူပဲ  နယ်ချဲ့တဲ့နေရာမှာလဲ   ကုလားနဲ့  ဗမာအတူတူပါပဲ။
လူမျိုးဝါးမျိုခဲ့တယ်  ပျူလူမျိုးနှင့်  ကမ်းယန်လူမျိုး တို့သည်  ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပြီ။

ရခိုလူမျိုးတွေကိုလဲ  ဝါးမျိုရန်
နည်းဗျူဟာ  အမျိုးမျိုးသုံးပြီး
ပြုလုပ်ခဲ့ပေမယ့်လဲ   ရခိုင်တို့၏
မျိုးချစ်စိတ်ဓါတ်ကို   ဘယ်လိုမှ
လုပ်၍  မရနိုင်ခဲ့ပေ။

လူမျိုးစွဲဝါဒဟာ  ရခိုင်သူ/  သားများမှာ မရှိဘူး    ဗမာလူမျိုးများမှာသာ  ရှိပါတယ်။

ရခိုင်လူမျိုးများဟာ   များသောအားဖြင့်   လူမျိုးနာမည်ကို
အစွဲပြု၍   မခေါ်ဝေါ်ကြဘူး   လူတစ်ဦး
တစ်ယောက်ရဲ့  သူ့နာမည်ကိုပဲ  အစွဲပြု၍ ခေါ်ဝေါ်ကြပါတယ်။

ဗမာလူမျိုးတွေက အဲသလိုမဟုတ်ဘူး
ရခိုင်လူမျိုးတစ်ဦးကို  တွေ့ရင်
များသောအားဖြင့်   ဦးရခိုင်တဲ့  အဲလိုခေါ်ကြတယ်။

တရုတ်ဆိုရင်  ဦးတရုတ်ကြီး
ကုလားဆိုရင်   ဦးကုလားကြီး
မွန်ဆိုရင်  ဦးမွန်ကြီး
ရှမ်းဆိုရင်   ဦးရှမ်းကြီးစသည်အားဖြင့်
ခေါ်ဝေါ်လေ့ရှိကြပါတယ်  အဲဒါ  သက်သက်နှိမ်တဲ့သဘောပါပဲ  
လူဆိုတာ  တစ်ဦးကို  တစ်ဦးက
အဲသလို   လူမျိုးမနှိမ်ရဘူး    လူမျိုးနာမည်ဆိုတာက   လူတစ်ဦး
တစ်ယောက်နှင့်  မဆိုင်ပါဘူး

အများနဲ့သက်ဆိုင်တဲ့   အမည်နာမတစ်ခုကို  လူတစ်ဦး
တစ်ယောက်အတွက်   အသုံးမချရဘူး
အဲသလို   အသုံးချခဲ့ရင်   လူမျိုးနှိမ့်ချရာ  ရောက်သွားတယ်။

နောက်တစ်ခုကတော့   ဗမာလူမျိုးတွေရဲ့  လူမျိုးစွဲဝါဒ  အရိုးစွဲဝါဒက   ရခိုင်နဲ့ မြွေပွေး  တပြိုင်တည်း  တွေ့ခဲ့ရင်  ရခိုင်ကိုသာ
အသေသတ်ကြလို့   (သခင်ကိုတော်မှိုင်း သေတမ်းစာမှာလည်း  ရေးထားခဲ့တယ်) အောင်ဆန်းလည်းမှာထားခဲ့တယ်
အဲဒါကြောင့်   ဗမာ့ခေါင်းဆောင်တွေဟာ
မိမိတို့ရဲ့မိုက်ပြစ် အမှားတွေကို
ဖုံးကွယ်ဖို့   ဖုံးဖိဖို့   နည်းမျိုးစုံနဲ့ ကြိုးခဲ့သော်လည်း  သို့သော်လည်း မအောင်မြင်ခဲ့ပါဘူး   ဗူးပေါ်သလို  ပေါ်နေပါတယ်။ ဝဋ်ဆိုတာ  ပြေးလို့  မလွတ်ဘူး   ပေးဆပ်မှသာလျှင်  လွတ်မှာပါ။

ဒီတခါတော့  ဗမာလူမျိုးတွေဟာ
တိုင်းသား   ၁၃၅   မျိုးဆီမှာ  ဝါးမျိုခံရမည်မှာ  မလွဲဧကန်  အမှန်ပင် ဖြစ်သည်။

ဘယ်လူမျိုးက  ရန်ငြိုးကြီးတာလဲ
ဘယ်လူမျိုးက   ဒေါသကြီးတာလဲ
ဘယ်လူမျိုးက     လူမျိုးစွဲဝါဒရှိတာလဲ
အဖြေကတော့    ရှင်းသွားပြီနော်

မကျေနပ်ရင်   နှစ်ခါ သုံးခါ  လေးခါ
ငါးခါလောက်ဖတ်ကြည့်ပါလို့  
ပြောလိုက်ပါရစေနော်။

စာရေးဆရာမဟုတ်သည့်အတွက်
ပြည့်စုံအောင်  မရေးသားနိုင်တာကို
နားလည်ပေးကြပါ။ ဗမာလို ရွီးလိုက်​ရေ​ရအတွက်​​လေ့ အမျိုးတိကို ထပ်​ဆင့်​ ​တောင်းပန်​ပါယင့်​။

Credit Arakha LutharThamang(နတ္ခတ်​ ဘီလူး)

https://m.facebook.com/story.php?story_fbid=1793803454244767&id=100008453896735

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဘယ်လူမျိုးက ရန်ငြိုးကြီးတာလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...