Wednesday, October 4, 2017

ဒေါ်စုဟာ စစ်​အုပ်​စုရဲ့ ဒလန်​ဟုတ်​၊မဟုတ်

,
ဒေါ်စုဟာ စစ်​ဒလန်​ဖြစ်နိုင်တယ်​​​လို့ ထင်​မြင်​တာကို ခိုင်လုံ​​စေဖို့ ဝီကီလိခ်​တို့၊ စီအိုင်​​အေတို့၊ ​မော့ဆက်​တို့လို လျှို့ဝှက်​ကင်​မရာ​​တွေနဲ့ ရိုက်​ကူးထားတဲ့ ရုပ်​သံဖိုင်​​တွေ၊ စာရွက်​စာတမ်း​တွေနဲ့ သက်​​သေပြဖို့ရာ မဖြစ်​နိုင်​ပါဘူး။ သက်​ဆိုင်​ရာ ကာယကံရှင်​​တွေနှုတ်​က ထုတ်​​ဖော်​ဝန်​ခံမှသာ အတည်​ပြုနိုင်​မယ့်​အရာပါ။ ဒါ​ကြောင့်​ သံသယရှိသူ​တွေဖက်​က အဲ့သလို သက်​​သေမျိုးမပြနိုင်​သလို ဒလန်​မဟုတ်​​ကြောင်း ကာကွယ်​သူ​တွေဘက်​ကလည်း မဟုတ်​​ကြောင်း ခိုင်​လုံတဲ့ အ​ထောက်​အထား ပြဖို့ရာ အင်​မတန်​ ခဲယဉ်းပါတယ်​။

သို့​သော်​ အဲ့သလို ထင်​မြင်​မိတာက အ​ကြောင်းမဲ့​တော့ မဟုတ်​ပါ။ ၁၉၈၈ က​နေ ယ​နေ့တိုင်​ နိုင်​ငံ​ရေးအချိုးအ​ကွေ့တိုင်းမှာ စစ်​တပ်​ချ​ပေးတဲ့လမ်းအတိုင်း အမြဲ​လျှောက်​ခဲ့တဲ့ ​ဒေါ်စုရဲ့ လုပ်​ရပ်​​တွေက​နေ ​ကောက်​ချက်​ဆွဲတာ ဖြစ်​ပါတယ်​။ အဲ့အ​ကြောင်း​တွေကို အတိုချုပ်​ပြီး​ရေးပြပါမယ်​။

- ​ဒေါ်စုဟာ သူမ အသက်​ ၄၂ မတိုင်​ခင်​အထိ မြန်​မာပြည်​က မည်​သည့်​နိုင်​ငံ​ရေးလှုပ်​ရှားမှုတွင်​မှ မပါဝင်​ခဲ့ဘူးပါ။ ​ရှစ်​ဆယ့်​ရှစ်​မတိုင်​က ​​ဒေါ်စုလူငယ်​ဘဝမှာ ဗမာပြည်​မှာ ​ကျောင်းသားအလုပ်​သမား အ​ရေးအခင်းများ ရှိခဲ့ဖူးပါတယ်​။ ​ဒေါ်စု မပါဝင်​ခဲ့ဖူးပါ။ ၈၈ အ​ရေး​တော်​ပုံကာလအတွင်းမှာမှ ​ဒေါ်စုတ​ယောက်​ မိုး​ပေါ်က ဘွားကနဲကျလာသလို ​ပေါ်လာတာပါ။ ၈၈ မတိုင်​ခင်​ ဦးဝင်းတင်​တို့ သမိုင်း​ကြောင်းနဲ့ အပုံကြီး ကွာပါတယ်​။

- ၈၈ အ​ရေး​တော်​ပုံ အတွင်းမှာ စစ်​အုပ်​စုအ​ကြောက်​ဆုံးဖြစ်​တဲ့ ကြားဖြတ်​အစိုးရဖွဲ့တာကို ​ဒေါ်စုတ​ယောက်​ ပျက်​​အောင်​ဖျက်​ခဲ့နိုင်ပါ​တယ်​။

- ဒီချုပ်​ကို မဆလ​ဟောင်း၊ စစ်​ဗိုလ်​​ဟောင်း​တွေနဲ့ ဖွဲ့တယ်​။ နိုင်​ငံ​ရေးစိတ်​ရှိတဲ့ အနုပညာသမား၊ စာ​ရေးဆရာ​တွေကို တတ်​သိပညာရှင်​ အဆင့်​မှာပဲထားတယ်​။

- ​ဒေါက်​တာ​မောင်​​မောင်​နဲ့ စစ်​အုပ်​စုချ​ပေးတဲ့ ပါတီစုံ​ရွေး​ကောက်​ပွဲ လမ်းကို ၁၉၉၀ မှာ ပထမ အကြိမ်​ စ​လျှောက်​တယ်​။ ပထမအကြိမ်​ ပြည်​သူကို လမ်းလွဲကို ​ခေါ်​ဆောင်​တာပါ။ ​ဒေါက်​တာ​မောင်​​မောင်​လက်​ထက်​က ပါတီစုံဒီမိုက​ရေစီ​ရွေး​ကောက်​ပွဲ​တွေ ကျင်းပ​ပေးမယ်​ဆိုတုန်းက လက်​မခံခဲ့တဲ့ ပြည်​သူ​တွေဟာ အာဏာသိမ်းစစ်​အစိုးရလက်​​အောက်​မှာ အကန့်​အသတ်​များစွာနဲ့ ကျင်းပ​ပေးတဲ့ ၁၉၉၀ ​ရွေး​ကောက်​ပွဲကို​တော့ ထူးထူးဆန်းဆန်းလက်​ခံခဲ့ကြပါတယ်​။ ဒါဟာ ​အောင်​ဆန်းစုကြည်​အ​ပေါ် ပြည်​သူ​တွေ ပထမအကြိမ်​ အယုံလွန်​ကြတာပါ။

- အကျယ်​ချုပ်​ကာလတ​လျှောက်​လုံးမှာ မဖြစ်​နိုင်​တဲ့ ​တွေ့ဆုံ​ဆွေး​နွေး​ရေးလမ်းစဉ်​ကို တဖက်​သတ်​​အော်​ပြီး ပါတီကို နိုင်​ငံ​ရေး​သေ​အောင်​ ပစ်​ထားတယ်​။

- ​၂၀၀၇ အုံကြွမှုနဲ့ ၂၀၁၀ ​နောက်​ပိုင်း ဆန္ဒပြမှု​တွေမှာ ဒီချုပ်​ပါတီဝင်​​တွေ မပါကြဖို့ အမိန့်​ထုတ်​တယ်​။

- ၂၀၁၀ မှာ ကြံ့ဖွတ်​အနိုင်​ရ​စေဖို့ လမ်းခင်းတဲ့အ​နေနဲ့ ဒီချုပ်​ကို ဝင်​မပြိုင်​ဘဲ ​ဘေးထွက်​ထိုင်​​စေတယ်​။ ယက်​​တောကိစ္စနဲ့ အကျယ်​ချုပ်​တနှစ်​တိုးတာဟာ လက်​ဝါးချင်းရိုက်​ထားတာလို့ ကျ​နော်​မြင်​တယ်​။

- ၂၀၁၂ နဲ့ ၂၀၁၅ မှာ စစ်​အုပ်​စုချ​ပေးတဲ့လမ်း​ကြောင်း(လမ်းပြ​မြေပုံ ၇ချက်​)အတိုင်း  ပြည်​သူတရပ်​လုံးကို ​လျှောက်​​စေတယ်​။

- လက်​ပ​တောင်းလယ်​သမားအ​ရေး၊ လက်​ပတန်း​ကျောင်းသားအ​ရေး၊ ကချင်​စစ်​ပွဲ၊ ရိုဟင်​ဂျာအ​ရေး၊ နာမည်​ပျက်​စာရင်းစတာ​တွေ မှာ ခရိုနီနဲ့ စစ်​အုပ်​စုဘက်​က အမြဲရပ်​တယ်​။

- ၂၁ရာစု ပင်​လုံမှာ စစ်​တပ်​ကချ​ပေးတဲ့ NCA လမ်း​ကြောင်းကို ​ဒေါ်စုက ​လော်​တယ်​။

- အဲ့တုန်းက ​ဒေါ်စုဆီ ပုံမှန်​ဝင်​ထွက်​ သွားနိုင်​တဲ့ ​ဒေါက်​တာတင်​မျိုးဝင်းဟာ ဒီက​နေ့ ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ပွဲ​တွေမှာ အဓိက တာဝန်​အ​ပေးခံရသူဖြစ်​လာတယ်​။ တ​နေ့က ​ဒေါက်​တာတင်​မျိုးဝင်းနဲ့ သန်း​ရွှေသမက်​​ဟောင်းနဲ့ တွဲရိုက်​ထားတဲ့ ပုံ​တွေ ထွက်​လာ​တော့ သို့​လော သို့​လော အ​တွေးပွားစရာ ဖြစ်​လာတယ်​။

ဒီလို သမိုင်းအချိုးအ​ကွေ့တိုင်းမှာ စစ်​အုပ်​စုချ​ပေးတဲ့လမ်းကို အမြဲလိုက်​တာဟာ ရိုးရိုးသားသား တိုက်​ဆိုင်​မှုမှ ဟုတ်​ရဲ့လားလို့ ​မေးခွန်းထုတ်​စရာမရှိဘူးလား။

အကျယ်​ချုပ်​​တွေ၊ ဒီပဲယင်း​တွေ၊ ယက်​​တော ​တွေက ​ဒေါ်စုကို ပြည်​သူ​တွေ ယုံလာ​အောင်​ အယုံသွင်းတဲ့ ဇာတ်​လမ်း​တွေလို့ပဲ ကျ​နော်​ယူဆပါတယ်​။ ​ဒေါ်စုနဲ့ စစ်​အုပ်​စု ​တွေ့ကြပြီး ဘာ​တွေ​ပြောကြသလဲ ယ​နေ့တိုင်​ ဘယ်​သူမှ မသိကြရပါဘူး။

ဒီ​တော့ ​ဒါ​တွေဟာ ​ဒေါ်စုကို စစ်​ဒလန်​ပါလို့ ထင်​မြင်​ရတဲ့ အ​ကြောင်း​တွေထဲတချို့ဖြစ်​တယ်​။ ဒလန်​မဟုတ်​ပါဘူးလို့ ငြင်းဆန်​တဲ့သူတွေဘက်​က​ရော ​​ဒေါ်စုအ​ပေါ် တဖက်သတ်​​ယုံကြည်​ချက်​က လွဲရင်​ နိုင်​ငံ​ရေးအရ ပြည်​သူ့ဖက်​က ​ဒေါ်စုရပ်​တည်​တဲ့ ခိုင်​လုံတဲ့အ​ထောက်​အထား ဘာများရှိလို့လဲ။ အားလုံးက အထင်​နဲ့ ဖြည့်​​တွေး​ပေး​နေကြတာချည်းပဲ။ သားတကွဲမယားတကွဲ အကျယ်​ချုပ်​​ကျခံတာ​တော့ ထည့်​မ​ပြော​ကြေး​နော်​။ ကျ​နော်​က အဲ့ဒါကို အယုံသွင်းတဲ့ ကာလအပိုင်းအခြားတခုလို့ မြင်​တယ်​။ ဦးဝင်းထိန်​ဆိုရင်​ အုန်း​ကျော်​မြင့်​အမှုမှာ အစိုးရသက်​​သေ၊ ​ဖော်​​ကောင်​။ ဒီလိုလူမျိုးကို ၈၈ ကတည်းက ဒီချုပ်​ထဲထည့်​၊ ​ထောင်​ထဲထည့်​ပြီး ပုံရိပ်​တင်​​ပေးထားတာလို့ ယူဆရတယ်​။ ဦးဝင်းထိန်​​တောင်​ ​ထောင်​ထဲမှာ သားတကွဲ မယားတကွဲ ​နေနိုင်​​သေးရင်​ ​ဒေါ်စုလည်း အကျယ်​ချုပ်​မှာ မ​နေနိုင်​စရာမရှိ။ အလားတူ ကို​နေမျိုးဇင်​ကိုလည်း ဒီလိုပဲ ရှုမြင်​သုံးသပ်​ပါတယ်​။

သက်​​သေအ​ထောက်​အထားက​တော့ ဒလန်​ကို လက်​ဆုပ်​လက်​ကိုင်​ အ​ထောက်​အထား ပြဖို့မဖြစ်​နိုင်​။ သူတို့လုပ်​ရပ်​က​နေ ကြည့်​ပြီး ဆုံးဖြတ်​ရတာပဲ။

https://m.facebook.com/story.php?story_fbid=10155483961969723&id=795834722

0 ယောက်မှတ်ချက်ပြုခဲ့သည် to “​ဒေါ်စုဟာ စစ်​အုပ်​စုရဲ့ ဒလန်​ဟုတ်​၊မဟုတ်​”

Post a Comment

Related Posts Plugin for WordPress, Blogger...