Thursday, October 5, 2017

''မဆင်းရဲသောနိုင်ငံ''

,
ဘင်္ဂလားဒေရှ့် နယ်စပ်ကို ရှေ့တန်းထွက်ရမယ်ဆို တော့ ကျွန်တော် စိတ်အားတက်ကြွနေပါတယ်။ ဘင်္ဂလားဒေရှ့် ဟာအရမ်းဆင်းရဲလွန်းတဲ့ နိုင်ငံလို့ ကျွန်တော် က သိထားတာလေ။ လူဦးရေပေါက်ကွဲမှု့ နိုင်ငံသားတွေရဲ့ ပညာအရည်အချင်းအဆင့်အတန်း အလွန်နိမ့်ကျမှု့ မုန်တိုင်းဒဏ့် ရေလွှမ်းမိုးမှုဒဏ် ခံရမှု့ အလုပ်အကိုင် ရှားပါးမှု့ လူမှုရေး ကျန်းမာရေး စောင့်ရှောက်မှု များ နိမ့်ကျမှု တွင်းထွက်သယံဇာတ မရှိသလောက် ရှားပါးမှု စသဖြင့်ပေါ့လေ့ အရာအားလုံး နိမ့်ကျနေတဲ့ နိုင်ငံလို့ သိထားတာကိုးဗျ။
     ကျွန်တော်တို့ နိုင်ငံကတော့ ကျယ်ဝန်းတဲ့နယ်နိမိတ့် များပြားလှတဲ့သယံဇာတ့ တစ်ချိန်က စင်ကာပူ ကတောင် အားကျခံရတာ့ ပညာရေးဆိုရင်လည်း ရန်ကုန် တက္ကသိုလ်ဟာနာမည်ကြီ့း ကမ္ဘာပေါ်မှာ အပေါများဆုံး နိုင်ငံရေးသမာ့း ခေါင်းဆောင်တွေက လည်းပေါမှမပေါ့ တံတားတွေ လမ်းတွေဟာလည်း ပေါမှပေါ့ စသဖြင့်ပေါ့ လူ့စွမ်းအား သယံဇာတစွမ်း အား ပေါကြွယ်ဝတဲ့ နိုင်ငံကိုးဗျ။
    လူဆိုတာကလည်း ကိုယ့်ထက်ချမ်းသာကြွယ်ဝ တဲ့ သူဆီကို သွားရရင် သိမ်ငယ်စိတ် အားငယ်စိတ်တွေနဲ့ ခပ်ကုပ်ကုပ် ဖြစ်နေတတ်တာမျိုးဗျ ။ ဒါပေမဲ့ ကိုယ့်ထက် ဆင်းရဲတဲ့သူဆီသွားရမယ်ဆိုရင်တော့ ခေါင်းမော့ ရင်ကော့ ထောင်ထောင် လွှားလွှားနဲ့ ခြေထောက်နဲ့မြေကြီး မထိလောက်အောင်ကိုဖြစ်ပြီး ဆရာကြီးကလည်း လုပ်ပြတတ်တော့တာကိုးဗျ ။
      ကျွန်တော်လည်း လူထဲကလူတစ်ယောက်ဆိုတော့ လည်း ကိုယ့်ထက်ချမ်းသာတဲ့ တရုတ့်ထိုင့်း အိန္ဒိယ လိုနိုင်ငံနယ်စပ်မျိုးကို ရှေ့တန်းထွက်ရမယ် ဆိုရင် မိမိက ဆင်းရဲတဲ့  နိုင်ငံသားမို့လို့ ရှက်စိတ် အားငယ် စိတ်တွေနဲ့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ထက် ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့ (ကျွန်တော်က ဆင်းရဲတယ်လို့ ထင်နေခဲ့သည့် နိုင်ငံ) ဘင်္ဂလားဒေရှ့် နိုင်ငံနယ်စပ်ကို ရှေ့တန်းထွက်ရမယ်ဆိုတော့ မာန်အပြည့်နဲ့ တက်တက်ကြွကြွရှိနေတာပေါ့။
      နယ်စပ်ရောက်တာနဲ့ ဆင်းရဲစုတ်ပြတ်နေတဲ့ ဘင်္ဂလားဒေရှ့် စစ်သားတွေကိုကြည့်ပြီး ခပ်ကြွားကြွားလေး နေပြလိုက်ဦးမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ လိုင်းသိပ်မမိတဲ့  ဆင်းကဒ်တစ်ခုကို ငါးသိန်း တန် နဲ့ တိုင်ထောင် ခလုပ်ဖုန်း (မှန်ကိုပွတ်ရသည့် ဖုန်း မြန်မာနိုင်ငံမှာ မပေါ်သေး) လေးကို သေချာသ လို့ ဖုန်းထည့်တဲ့အိတ်ကို ခါးမှာချိတ်လို့ ဂိုက်ပေးကြမ်း ဖို့ ပြင်ဆင်နေပါတယ့် ငါးသိန်းဈေးနှုန်းပဲရှိပေမဲ့ လူဦးရေသန်း၅၀မှာ လူနည်းစုသာကိုင်နိုင်တဲ့ (စစ်ဗိုလ်တိုင်းမကိုင်နိုင်သေး) ဖုန်းကိုကိုင်ပြီး လူဦးရေ သန်း ၅၀၀ ခန့်ရှိပြီး ဆင်းရဲစုတ်ပြတ်နေတဲ့ ဘင်္ဂလားဒေရှ့် က ဖုန်းမကိုင်နိုင်သေးတဲ့ ဖုန်းကိုမြင်တောင် မြင်ဖူးမှာ မဟုတ်ဖူးလို့ ထင်နေမိတဲ့ နိုင်ငံသားတွေကို ရသလိုကြုံသလို ဆရာကြီးလုပ်မယ် ဂိုက်ပေး ကြမ်းမယ်ဆိုပြီး စိတ်ကူးနဲ့ ပီတိဖြာနေမိပါတယ်။
     ရခိုင်ပြည်နယ်ထဲကနေ ဘင်္ဂလားနယ်စပ်ကို ရောက်ဖို့ ၁၅ ရက်နီးပါးကြာအောင် ခြေလျှင် ချီတက်ရတာ အတော်ကိုပင်ပမ်းလွန်းပါတယ်။ နွေရာသီ ဖြစ်လို့ အလွန်ပူပြင်းတဲ့နေရောင်ခြည် ဒဏ်အောက်မှာ ကိုယ်ခန္ဓာမှာ ဆားတွေပွင့်အောင်ကို ချီတက်ခဲ့ ရပါတယ်။ တောင်ကုတုန်းတွေပေါ်ကိုတက်လိုက်ဆင်း လိုက်နဲ့ ရေကလည်း ရှားပါးလွန်းလို့ ပိုးလောက်လန်း တဖွားဖွားနဲ့ ရေကို ပဲ အဆင်ပြေသလို သောက်ခဲ့ရပါတယ်။
        ဒါပေမဲ့ ကျွန်တော် ကတော့ မာန်အပြည့် နဲ့ တက်ကြွနေပါတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ပဲကိုးဗျ။ ကျွန်တော်တို့ တောင်ဒီလောက်ပင်ပမ်းဆင်းရဲနေရင် ဘင်္ဂလားဒေ့ရှ် စစ်သားဆိုရင် ပိုဆိုးပြီပေါ့လို့ မြင်ယောင် နေပီး သနားစိတ်တောင် ဖြစ်နေမိသေးတာပေါ့။
      စတင်ချီတက်လာတဲ့နေ့ကတည်းက လိုင်းမမိတော့ တဲ့ဖုန်းဟာ ၁၀ ရောက်မြောက်နေ့အထိ မမိဘူးဗျ ။ ရက်တွေကြာလာတာနဲ့ အမျှ ဘင်္ဂလား နယ်စပ်နဲ့ ပိုပို နီးလာပါတယ်။
         ၁၀ ရက်ကျော်လာတဲ့အခါမှာတော့ စစ်စခန်း တစ်ခုမှာ ဖုန်းပြောနေတာကိုတွေ့ရလို့ ဝမ်းသာ အားရ ဖုန်းကို ဖွင့်လိုက်တော့ လိုင်းကမမိပါဘူ့း ဖုန်းပြောနေတဲ့ စစ်သည်ထံမှာစုံစမ်းလိုက်တော့ မြန်မာနိုင်ငံထုတ်  စီ့ ဂျီ့ တစ်ခုမှ မဟုတ်ဖူးဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကဆင်းကဒ်နဲ့ ပြောနေတယ်ဆို တာသိလိုက်ရတယ်။
         ကျွန်တော် အံ့အား သင့်သွားတယ်။ ဘင်္ဂလားဒေရှ့် ဆင်းကဒ်တစ်ခုကို ဘယ်နှသိန်းပေးရလားမေးတော့ စစ်သည်က ရီပြီးပြန်ဖြေတယ်။ မြန်မာကျပ်ငွေ သုံးထောင် ရှိရင် ဆင်းကဒ်တစ်ခုနဲ့ မိနစ် ၇၀၀ ပြောလို့ရတယ်လို့ သိရတယ်။ ဖုန်းဘေထပ်ဖြည့်လို့ရပြီး မိနစ် ၇၀၀ ကို မြန်မာငွေကျပ် တစ်ထောင်ကုန်ကျတယ်လို့သိရတယ်။ မြန်မာပြည်ဆင်းကဒ်တွေကို ခေါ်မရပဲ ဘင်္ဂလားဆင်း ကဒ်အချင်းချင်းသာခေါ်ရပေမဲ့လည်း ဆင်းကဒ်ဈေးနှုန်း ဖုန်းဘေ ဈေးနှုန်းက မိုးနဲ့မြေလို ကွာခြားနေလို့ နယ်စပ်တစ်လျှောက်ဒေသတစ်ခုလုံး ဘင်္ဂလားဒေရှ့် ဖုန်းကိုပဲအဓိကထား သုံးကြတယ်လို့ပြောပြပါတယ်။
     ကျွန်တော်ရောက်နေတဲ့နေရာက နယ်စပ်နဲ့ဝေးသေး တဲ့ မြန်မာပြည်ပိုင်နက်ထဲမှာပါ့ ဒါပေမဲ့ ချမ်းသာတဲ့နိုင်ငံဖြစ်တဲ့ (ကျွန်တော့်အထင်ပါ) မြန်မာ့တန်ဖိုးကြီး ဆင်းကဒ်မမိပါဘူး။ ဆင်းရဲတယ်လို့ ကျွန်တော်ထင်နေတဲ့ ဘင်္ဂလားဒေ့ရှ့် ဆင်းကဒ်ကလာမိနေပါတယ်။
     မောင်တော နပ်စပ်ရောက်တော့လည်း တစ်မြို့လုံး ဘင်္ဂလားဆင်းကဒ်ပဲဗျ။ ကျွန်တော်တို့ အရာရှိ စစ်သည်တွေလည်း အလုအယက် ဖုန်းဝယ်ကိုင်ကျတော့တာပဲ။  အဲဒီဒေသက တချို့ လူချမ်းသာတွေမှာ ဘင်္ဂလားဒေရှ့် မှန်ပွတ်လေးတွေ စကိုင်နေပီဗျ။ ကျွန်တော်က jxd လို့ သိထားတဲ့ ဗွီဒီယို အသေးစားလေးက ဖုန်းပြောရနေတာပေါ့။
     ဖုန်းဆင်းကဒ် အမျိုးအစားကိုမေးကြည့်တော့ ဂါးမန်းတံဆိပ် လို့ပြောကြပါတယ်။ ကျွန်တော်ကိုယ်တိုင် ဝယ်သုံးကြည့် တော့ ဂရားမန်း တံဆိပ်ဗျ။ ဂရားမန်း တံဆိပ်ကို မြင်တော့ ဘင်္ဂလားဒေရှ့် ရဲ့ နိုဗယ်ဆုရှင် မိုဟာမက် ယူနွတ်ကို တန်းမြင်ယောင်လာတော့တာပဲ။
       ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စီးပွားရေး ပါရဂူတစ်ယောက်ပါ။ သူဟာ ဆင်းရဲမွဲတေပြီး လူနေမှု နိမ့်ကျနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ဆင်းရဲတွင်းက လွတ်အောင် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ အစွမ်းကုန် တွန်းတင်ပေးခဲ့တဲ့သူပါ။ ယူနွတ်ရဲ့ မှန်ကန်တဲ့အတွေးအခေါ်နဲ့ ကြိုးစားအားထုတ်မှုတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဆင်းရဲမွဲတေမှု နှုန်းထား သိသာထင်ရှားစွာ လျော့ကျသွားခဲ့ရပါတယ်။
     ဒါကို ကမ္ဘာကသိရှိသွားပြီး ယူနွတ်ရဲ့ အတွေးအခေါ် နဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခဲ့ကြတယ်။ ဆင်းရဲမွဲတေမှုတွေလျော့ချပေးပြီး လူသားတွေကိုအကျိုး ပြုခဲ့တဲ့ ယူနွတ်ကို နိုဗယ်ဆုနဲ့ ချီးကျူး ဂုဏ်ပြုခဲ့ကြတယ်။
   မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရောင်းဝယ်ဖောက်ကား မှုကို လေ့လာကြည့်လိုက်ရင်လည်း မုန့်ပဲသရေစာ့ ရေသန့်ဗူ့း လူ့အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့  လျှပ်စစ်ပစ္စည့်း အဝတ်အထည့် ဖိနပ့် အိုးခွက်ပန်းကန့် လက်သည်းညှပ့် နဖာကလော့် သွားကြားထိုးတံ့ တစ်ရှုးကစ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထုတ်တွေပဲ တင်သွင်း သုံးစွဲကြပါတယ်။ ဈေးနှုန်းသင့်တင့်သလို အရေအသွေးက လည်း မြန်မာနိုင်ငံထုတ်တွေထက် ပိုမို ကောင်းမွန်ပါတယ်။
       မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို တင်ပို့ ရောင်းချနိုင်တာကကတော့ ဆန့် သစ်ဝါ့း ကျွဲ့ နွာ့း ရေထွက် သားငါ့း ရေခဲပုဇွန်ထုတ်ကြီးမျာ့း စတာတွေကို တွေ့ရှိရပါတယ်။
       နယ်စပ်ခြံစည်းရိုးတစ်လျှောက် မြေသားလမ်းကြမ်း ပေါ်ကချီတက်တော့ ဘင်္ဂလားဒေရှ့် လူနေအိမ်ယာတွေ ကိုတွေ့ရပါတယ်။ နယ်စပ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းမှာ ကတ္တရာလမ်း ခင်းထားပါတယ်။
          ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ ကျွန်တော်တို့ စစ်ကြောင်း ကိုမြင်ပြီး ၅ မိနစ်မကြာသေးဘူး ဥသြဆွဲသံ နဲ့ ရဲကား ၄့၅ စီးရောက်လာပြီး ဘင်္ဂလားရဲတွေက မှန်ပြောင်းနဲ့ လှမ်းကြည့်နေပါတယ်။
      စုတ်စုတ်ပြတ်ပြတ် နဲ့ ကျောပိုးခြင်းတောင်းကိုယ်စီနဲ့ ချွေးတွေ ဆားပွင့်တွေနဲ့ မျက်တွင်းဟောက်ပက် ပါးရိုးငေါငေါ ပိန်ပိန်ချုံးချုံး ကုန်းကုန်းကွကွနဲ့ ခေါင်းမဖော်တမ်း ခြေလျင်ချီ တက်နေတဲ့ မြန်မာစစ်သားတွေကို မြင်တွေ့နေရ တဲ့အခါ ကားပေါ်က သပ်သပ်ယပ်ယပ် သန့်သန့် ပြန့်ပြန့်နဲ့ ဘင်္ဂလားရဲတွေက သနားနေလိမ့်မယ် ထင်ပါတယ်။
       ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကျွန်တော် ထင်ထားသလို  ဆင်းရဲတဲ့နိုင်ငံမဟုတ်ဖူး ဆိုတာ ထင်ထင်ရှားရှားတွေ့ ခဲ့ရပါတယ်။
      နယ်စပ်ကိုချီတက်တော့လည်း ချေလျင်ပါပဲ့ ပြန်တော့ လည်းခြေလျင်ပါပဲ့ တစ်လ ကြာခဲ့ပါတယ်။ အသွားတုန်းက မာန်အပြည့်နဲ့ တက်တက်ကြွကြွ ထောင်ထောင် လွှားလွှားနဲ့ ကျွန်တော်ဟာ အပြန်မှာတော့ ခပ်ကုပ်ကုပ်နဲ့ ငှက်ဖျားမိပြီး ပြန်လာခဲ့ရပါတယ်။
        သယံဇာတတွေ ပေါများကြွယ်ဝခြင်းက နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာခြင့်း ဆင်းရဲခြင်း ကို အဆုံးအဖြတ် မပေးနိုင်ပါဘူး။
      နိုင်ငံကိုဦးဆောင်သူတွေရဲ့ အတွေးအခေါ်နဲ့ စွမ်းဆောင်ရည်တွေကသာ နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာခြင့်း ဆင်းရဲခြင်းတွေကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။
…………………………………………………………………………
£®€.www.soldier my life@fb.com.

https://m.facebook.com/story.php?story_fbid=1875842772693426&id=100008031643307

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ''မဆင်းရဲသောနိုင်ငံ''”

Post a Comment

Related Posts Plugin for WordPress, Blogger...