Sunday, October 1, 2017

စင်ကာပူမှာ လာရောက်အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတစ်ဦး ထီဆုကြီးအမှန်တကယ်ပေါက်၍ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်သွား

,
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ အတွက် စင်ကာပူထီ ပထမဆု ကို စင်ကာပူမှာ လာရောက်အလုပ်လုပ်နေတဲ့ အိန္ဒိယ နိုင်ငံသား တစ်ဦးမှ ဆုခူးရရှိသွားပါတယ်။

စင်ကာပူအစိုးရရဲ့ တရားဝင်လိုင်စင်ရ Singapore Pools လောင်ကစားဒိုင်ကြီးဟာ လစဉ် Singapore Sweep လို့ခေါ်တဲ့ ထီလက်မှတ်ကို ရောင်းချပေးပြီး ပထမဆုအနေနဲ့ စင်ကာပူဒေါ်လာ ၂.၃ သန်း (မြန်မာငွေ အားဖြင့် ကျပ် သိန်းပေါင်း နှစ်သောင်း နှစ်ထောင်ကျော်) ကို ထုတ်ပေးလျက်ရှိပါတယ်။

ထီလက်မှတ်တစ်စောင်ရဲ့တန်ဖိုးဟာ စင်ကာပူဒေါ်လာ ၃ ဒေါ်လာဖြစ်ပါတယ်။လောင်ကစားဒိုင်က ထီလက်မှတ်စောင်ရေ ၃.၅ သန်းကို လစဉ် ရိုက်နှိပ် ရောင်းချပေးပါတယ်။

အမှန်တကယ်တော့ ပထမဆု ထီပေါက်နိုင်တဲ့ ရာခိုင်နှုန်းဟာတော်တော်လေးတော့ နည်းပါတယ်။ကံတအားကောင်းမှပါ။

ယခုထီပေါက်သွားတဲ့ အိန္ဒိယနိုင်ငံသားဟာ စက်တင်ဘာလ ၁၃ ရက်နေ့က သူရရှိတဲ့ ပထမဆုငွေကိုထုတ်သွားခဲ့ပါပြီ။

သူ့လိုပဲ စင်ကာပူမှာလာရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေထဲက ၂၀၁၅ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံသူ အိမ်အကူတစ်ယောက် လည်းSingapore Sweep ပေါက်ဘူးပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွက် စင်ကာပူထီ (Singapore Sweep) ကိုတော့ ၀၄/၁၀/၂၀၁၇ နေ့မှာဖွင့်လှစ်ပေးပါမည်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ်။
Mingalar Par
(ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/mingalarpar.com.sg

https://m.facebook.com/story.php?story_fbid=1565845776772256&id=1039269552763217

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ စင်ကာပူမှာ လာရောက်အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတစ်ဦး ထီဆုကြီးအမှန်တကယ်ပေါက်၍ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်သွား”

Post a Comment

Related Posts Plugin for WordPress, Blogger...