Friday, October 27, 2017

မြန်မာအစိုးရ ရိုဟင်ဂျာကို လူမျိုးတုန်းအောင်လုပ်ဟုဆို

,
ရေးသားချိန် 27 October 2015, 14:08 AEDT
ရိုဟင်ဂျာ ​လူမျိုးတွေအပေါ် ​ပြုလုပ်တဲ့ ​မြန်မာ ​အစိုးရရဲ့ ​အပြုအမူတွေဟာ လူမျိုးတုန်းအောင် ​လုပ်ဆောင်ရာ ​ရောက်နိုင်တယ်လို့ ​ရေးလ်တက္ကသိုလ်က ဥပဒေဘာသာရပ်ဆိုင်ရာ ​ကျောင်းက ​ပြောပါတယ်။
Al ​Jazeera ​သတင်းဌာနက ​စုံစမ်းရိုက်ကူးမှုတွေ ​လုပ်ပြီး ​သူတို့ရဲ့ ​တွေ့ရှိချက်တွေကို ​ရေးလ်တက္ကသိုလ်ကို ​ပေးပို့ခဲ့တာ ​ဖြစ်ပါတယ်။ ​ရေးလ်တက္ကသိုလ်က ​အဲဒီ ​သက်သေ ​အထောက်အထားတွေကို ​၈ ​လကြာ ​လေ့လာပြီး ​မြန်မာ ​အစိုးရရဲ့ ​လုပ်ရပ်ဟာ ​လူမျိုးတုန်းအောင် ​လုပ်နေတာနဲ့ ​တူတယ်လို့ ​ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ ​ကြုံရတဲ့ ​ဖိနှိပ်မှုတွေနဲ့ ​Fortify ​Rights ​အဖွဲ့လို ​အဖွဲ့အစည်းတွေ ​ပြောပြတဲ့ ​အချက်အလက်တွေကို ​ပြုစုထားတာ ​ဖြစ်ပါတယ်။

Al ​Jazeera ​ရဲ့ ​တွေ့ရှိချက်အရ ​မြန်မာ ​အစိုးရအနေနဲ့ ​နိုင်ငံရေး ​အကျိုးအမြတ် ​ရရှိဖို့ ​ဘာသာရေး ​ပဋိပက္ခတွေ ​ဖြစ်အောင် ​လုပ်ဆောင်တာတွေ၊ ​မြန်မာနိုင်ငံသားတွေအကြား ​အမုန်းတရားတွေ၊ ​အကြောက်တရားတွေ ​ရှိလာအောင် ​အစွန်းရောက် ​ဗုဒ္ဓဘာသာဝင်တွေကို ​ငွေပေးပြီး ​အစိုးရနောက်လိုက်တွေ ​ဖြစ်လာအောင် ​စည်းရုံးတာမျိုး ​လုပ်တယ်လို့ ​ဆိုပါတယ်။

မနေ့တုန်းက ​စတင် ​ထုတ်လွှင့်တဲ့ ​Genocide ​Agenda ​ဆိုတဲ့ ​မှတ်တမ်းမှာ ​Al ​Jazeera ​က ​ပြသထားတာ ​ဖြစ်ပါတယ်။

မြန်မာ ​အစိုးရက ​နိုင်ငံရေး ​အမြတ်ထုတ်ဖို့ ​အမုန်းစကား ​ပြောဆိုတာတွေ၊ ​လူတွေ ​စိတ်ဝမ်းကွဲအောင် ​လုပ်တာတွေနဲ့ ​မွတ်စလင်တွေ ​မြန်မာမှာ ​မရှိတော့အောင် ​ကြိုးစားနေတာတွေက ​လူမျိုးတုန်းရေးကို ​ဦးတည်နေတဲ့ ​လမ်းကြောင်း ​ဖြစ်တယ်လို့လည်း ​လန်ဒန်တက္ကသိုလ်က ​ပါမောက္ခ ​Penny ​Green ​က ​ပြောပါတယ်။

၂၀၁၂ ​ခုနှစ်တုန်းက ​ရခိုင်ဗုဒ္ဓဘာသာနဲ့ ​မွတ်စလင်တွေအကြား ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခဟာလည်း ​ကြိုတင်ပြင်ဆင်ပြီး ​ဖြစ်လာတဲ့ ​ဖြစ်ရပ်တွေ ​ဖြစ်တယ်လို့ ​International ​State ​Crime ​Initiative ​ရဲ့ ​အစီရင်ခံစာမှာ ​ဖော်ပြထားပါတယ်။

ဘာသာ ​နှစ်ခုအကြား ​ဖြစ်ပေါ်တဲ့ ​အကြမ်းဖက်မှု ​မဟုတ်ပဲ ​အကြမ်းဖက်မှု ဖြစ်အောင် ​ကြိုတင်ပြင်ဆင်ကြတဲ့အကြောင်း၊ ​မွတ်စလင်နဲ့ ​ဗုဒ္ဓဘာသာ ​ပဋိပက္ခမှာ ​ပါဝင်နိုင်အောင် ​ဘတ်စ်ကား ​စီစဉ်ပေးတာတွေ၊ ​အစားအစာနဲ့ ​သောက်ရေ ​ဝေငှပေးတာမျိုးတွေ ​လုပ်ပြီး ​ဒါကို ​ကြည့်ခြင်းအားဖြင့် ​နောက်ကွယ်ကနေ ​ကုန်ကျစရိတ် ​ခံပေးတဲ့ ​လူတွေ၊ ​စီစဉ်တဲ့လူတွေ ​ရှိတယ်လို့ ​ပြောပါတယ်။

ကုလသမဂ္ဂ ​ကိုယ်စားလှယ်ဟောင်း ​သောမတ်စ် ​အိုဟေး ​ကင်တားနားကလည်း ​သမ္မတ ​ဦးသိန်းစိန်၊ ​ပြည်ထဲရေးရာ ​ဝန်ကြီးနေဲဟာင်းဗိုလ်ချုပ်ကိုကိုနဲ့​လူဝင်မှု ​ကြီးကြပ်ရေး ​ဝန်ကြီးဟောင်းဦးခင်ရီတို့ကို
လူမျိုးတုန်းအောင် ​ပြုလုပ်တဲ့ ​အမှုနဲ့ ​စုံစမ်းစစ်ဆေးမှုတွေ ​လုပ်ဖို့ ​တိုက်တွန်းထားပါတယ်။

ပြဿနာတွေ ​ဖြစ်တဲ့အခါမှာလည်း ​စစ်တပ်က ​ပါဝင်ခြင်း ​မရှိပဲ ​စွမ်းအားရှင်လို ​အဖွဲ့တွေကို ​စေခိုင်းပြီး ​လုပ်ခဲ့တာ ​ဖြစ်တယ်လို့လည်း ​ဖော်ပြထားပါတယ်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာအစိုးရ ရိုဟင်ဂျာကို လူမျိုးတုန်းအောင်လုပ်ဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...