ဒီဇင္ဘာ ၂၆ ၊ ၂၀၁၂
ဦးဦးမှော်ဆရာ ရေးသည်။
အသက် ၆၅ နှစ်အရွယ် အပေါ်အဖြူ၊ အောက်အဖြူဝတ်ဆင်ထားသည့် ကျနော့်ဘကြီး ဦးရွှေလှအောင်သည် လက်တစ်ဖက်က စိတ်ပုတီးကိုကိုင်၍ ကျန်တဖက်က တောင်ဝှေးကို ကိုင်ပြီး တရွေ့ရွေ့လာနေသည်ကို မြင်နေရသည်။ ကျနော်၏အိမ်ခြံဝင်းထဲသို့ ၀င်မည်အလုပ် ငကျားဟုခေါ်သောခွေးထီးက မဲမ ဟုခေါ်သော ခွေးမကို ဂဲ ဂဲ ဟူသောအသံဖြင့် ရန်မူမည်လုပ်နေသည်။ မဲမ မှာ ကိန်ကိန် ဟူသောအသံနှင့်အတူ မြေကြီးပေါ် သို့လှဲချလိုက်ပြီး အော်သံ မဆုံးတော့ပေ။ မဲမမှာ မာယာများကြောင်း၊ အော်သံသည် ဆယ်မိနစ်ခန့်ဆက်တိုက် အော်တတ်ကြောင်းကို အိမ်နီးချင်းများကပါ သိနှင့်ပြီးသားမို့ မဲမ အော်သည်ကို မည်သူမျှဂရုမထားတော့ချေ။ မာန်ဖီနေသော ငကျားနှင့် ပက်လက်လန်နေသော မဲမ တို့ကို ဘကြီးမြင်လိုက်ရာ သနားကြင်နာတတ်သော၊ ဂရုဏာကြီးမားသော၊ တရားမျှတသည့်စိတ်ရှိသော ကျနော်၏ ဘကြီးမှာ ငကျား၏ ကျောပြင်ကို တောင်ဝှေးဖြင့် ဆော်လိုက်ပါတော့သည်။ ငကျားမှာ မထင်မှတ်သောရိုက်ချက်ကြောင့် လှဲကျသွားရာမှ အားကုန်သုံးပြီး ထပြေးသည်။ ငကျားသည် ကိန် ကိန် ဟူသောအသံကို လုံးဝမထွက်အောင် အံခဲထားသည်ဟုထင်သည်။ ဘာမှအော်မြည်ခြင်းမရှိ။ ကျနော်၏ဘကြီးသည် ပါလာသောကိတ်မုန့်တစ်လုံးကို မဲမရှေ့သို့ချကျွေးလိုက်သည်။ မဲမ မှာ ကိတ်မုန့်ကိုစားနေသည့်ကြားကပင် ကိန် ဟူသောအသံကိုဆွဲပြီး အော်ပြထားသေးသည်။ ဘကြီးက ကျနော့်ကိုလှမ်းပြီး မင်းတို့ ဒီငကျားကို လွင့်ပစ်လိုက်ပါလား၊ ဒီအိမ်မှာ မထားနဲ့ စသဖြင့် ဂရုဏာဒေါသဖြင့် အော်သည်။
ကြင်နာတတ်သော ဘကြီး၏လုပ်ရပ်သည် မှန်လော၊ မှားလော ကျနော် ကိုယ့်ကိုယ်ကိုမေးမိသည်။ မဲမ ၏ စရိုက်နှင့် အလေ့အထကို သေချာဂဏစွာ မလေ့လာဘဲနှင့် မဲမ ၏ ပြင်ပအမူအရာဟန်ပန်ကိုကြည့်ပြီး ဘကြီးအလွယ်တကူ ဆုံးဖြတ်လေသလား။ ငကျား၏ စရိုက်ကို ကျနော်တို့နှင့်အတူ အိမ်နီးချင်းများကပါ သိကြသည်။
…………………………………………………………………………………………………………………………………………
ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှုတို့ဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည် ကျနော့်ဘကြီးကဲ့သို့ ပြင်ပ သဏ္ဍာန်တစ်ခုထဲကိုကြည့်ပြီး မဆုံးဖြတ်ဘဲ ထိုထိုသောအကြောင်းအရာတို့၏ အတွင်းသဏ္ဍာန်တို့ကိုပါ ကြည့်ပြီးမှဆုံးဖြတ်သင့်ပေသည်။ ဤမျှကြီးကျယ်သော အဖွဲ့အစည်းကြီးများသည် ကျနော့်ဘကြီးကဲ့သို့ ငကျား အပေါ်ထားသော ဒေါသ နှင့် မဲမ အပေါ်ထားသော စေတနာတို့သည် ဘကြီးက မှန်သည်ထင်နေသော်လည်း ကျနော်နှင့်အတူမြင်နေကြသော မိသားစုဝင်များ၊ အိမ်နီးနားချင်းများအဖို့ ဘကြီးလုပ်ရပ်မမှန်ဆိုတာကို မြင်နေသည်၊ သိနေသည် မဟုတ်ပါလား။
********************************************
ခုရေးခဲ့တာက ကျနော်ဖတ်ခဲ့ရတဲ့ `ပစ္ဆိမရပ်ဝန်း´ ဆိုတဲ့ မဂ္ဂဇင်းတစ်အုပ်က ဆောင်းပါးတစ်ပုဒ်မှစာပိုဒ်တစ်ပိုဒ် ပါ။ ဒီလောက်လေးဖတ်လိုက်တာနဲ့ ဘာစာအုပ်မှန်းမသိသေးရင်တောင် ဘယ်အကြောင်းအရာကို ဦးတည်နေ သလဲဆိုတာ စာဖတ်သူတို့ သတိထားမိမယ်ထင်ပါတယ်။
ကျနော့်အမြင်ကို ပြောရရင်`ပစ္ဆိမရပ်ဝန်း´မဂ္ဂဇင်းမှာ ရေးသားထားတဲ့ ဆောင်းပါးတွေအားလုံးနီးပါးက မွတ်ဆလင်မုန်းတီးရေး၊ အထူးသဖြင့် ရခိုင်ဒေသမှမွတ်ဆလင်များကို ဆန့်ကျင်မောင်းထုတ်ရေးကို ဦးတည်ပြီး လှုံ့ဆော်ရေးသားထားတာတွေ့ရပါတယ်။ အဲဒီဆောင်းပါးတွေထဲက `ရိုဟင်ဂျာဆိုသည်´မှာ ဆောင်းပါး၊ `ဧည့်သည်မမည်´ဆောင်းပါး၊ `လူ လူ ဟစ်တယ်´ ဆောင်းပါး၊ `ရိုဟင်ဂျာဆိုသူတို့အပေါ် ဒေသခံတို့ အမြင်´ဆောင်းပါး၊ `သနားစရာ အရေခြုံ´ ဆောင်းပါးနဲ့ တခြားဆောင်းပါးအများစုဟာ ဘူးသီးတောင်-မောင်းတောဒေသမှာနေထိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် ဆိုးဆိုးဝါးဝါးမုန်းတီးဆန့်ကျင်ကာ အဓိကရုန်း ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသားထားတဲ့ ဆောင်းပါးတွေလို့ပဲ ကျနော်မြင်တယ်။
အဲဒီလိုမျိုး ဒေသတွင်းရှိဘာသာခြားလူမျိုးစုတစ်စုအပေါ် ဆန့်ကျင်နှိမ့်ချရေးသားထားတဲ့ မဂ္ဂဇင်းတစ်ခုမှာ ဦးဆောင်ပါဝင်နေတဲ့သူတွေက အဲဒီဒေသကိုလက်ရှိအုပ်ချုပ်နေသော ခရိုင်အဆင့်၊ မြို့နယ်အဆင့် အရာရှိကြီး များကိုယ်တိုင်ဖြစ်နေတဲ့အပြင် ၊ ဘုန်းကြီးတွေလည်း ပါဝင်နေပါတယ်။ ဒါထက်ပိုထူးခြားတာက စာပေလွတ်လပ် ခွင့်တင်းကြပ်လွန်းတယ် လို့ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့သော မြန်မာနိုင်ငံ စာပေစိစစ်ရေးအဖွဲ့က ဒီလို လူမျိုးရေ၊ ဘာသာရေး အဓိကရုန်းဖြစ်အောင်လှုံ့ဆော်ထားတဲ့ မဂ္ဂဇင်းကို တရားဝင်ခွင့်ပြုချက် (အမှတ် – ၅၃၀၁၂၀၁၂၁၁) နဲ့ ထုတ်ဝေခွင့်ပြုခဲ့တာပဲ ဖြစ်တယ်။ အစိုးရပေါ်လစီတွေ နဲ့ စာပေစိစစ်ရေးဆိုတာက ကုလား မုန်းတီးရေးအတွက် ဆိုရင် Freedom of Right ကို အပြည့်အ၀လိုက်နာပုံ ပေါ်ပါတယ်။
ကျနော် ဒီစာအုပ်ကိုဖတ်မိတော့ ဖက်ဆစ်နာဇီတွေရဲ့ ဂျူးမုန်းတီးရေးဝါဒဖြန့်မှုအဖြစ် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ၊ စာစောင်တွေကို သွားစဉ်းစားမိတယ်။ မိတ်ဆွေတို့လည်း ဖက်ဆစ်နာဇီတွေရဲ့ လူမျိုးရေးမုန်းတီးမှုအတွက် ၀ါဒဖြန့်မှုတွေနဲ့ လက်ရှိမြန်မာပြည်က ၀ါဒမှိုင်းတိုက်မှုတွေ နှိုင်းယှဉ်ကြည့်နိုင်ဖို့ ရေးသား လိုက်ပါတယ်။
(၁)
`မြက်ခင်းလွင်ပြင်ဒေသက မြေခွေး နဲ့ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးတွေရဲ့ ဘယ်လိုကျိန်ဆိုတဲ့စကားပဲဖြစ်ဖြစ် မယုံနဲ့´
“မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေ ဘယ်တော့မှ မြက်မစားသလို၊ ဂျူးလူမျိုးဆိုတာလည်း ဘယ်လိုပဲ ကျိန်ဆိုပြောပါစေ ..ဘယ်တော့မှ ကတိမတည်ဘူး။ မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေဟာ သူတို့ သားကောင်ကို ဖမ်းမိဖို့အတွက် မာယာအမျိုးမျိုးနဲ့ ချဉ်းကပ်ကြသလို ၊ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးဆိုတဲ့လူမျိုး ဟာလည်း သူတို့ပတ်ဝန်းကျင်ကလူတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့၊ တခြားသူတွေရဲ့ ဥစ္စာပစ္စည်းတွေကို အချောင်သိမ်းပိုက်ဖို့၊ ဂျာမန်မိန်းမပျိုးလေးတွေကို သိမ်းပိုက်ဖို့ နည်းမျိုးစုံနဲ့လိမ်လည်လှည့်ဖျားလေ့ရှိတယ်။”
ဒီလိုစိတ်ဝင်စားစရာကောင်းအောင် အစချီထားတဲ့စာအုပ်ဟာ ဖက်ဆစ်နာဇီရဲ့ ဂျူးဆန့်ကျင်ရေး ၀ါဒဖြန့်ချိဖို့ ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့တဲ့ ကလေးဖတ် စာအုပ်သုံးအုပ်ထဲက ပထမဦးဆုံး တစ်အုပ်ဖြစ်တယ်။ နာမည်ကြီး သတင်းစာတိုက်နဲ့ စာအုပ်တိုက်ပိုင်ရှင် ဂျူးလီယပ်စတွိုက်ချာရဲ့ `ဒါ စတားမား´စာအုပ်တိုက်မှ ၁၉၃၅ ခုနှစ်မှာ အုပ်ရေ တစ်သိန်းကျော်ထုတ်ဝေခဲ့ပြီး ကျောင်းသုံးဖတ် စာအုပ်အဖြစ်ပင် ပြဌာန်းခဲ့ပါတယ်။ အဲဒီစာအုပ် ရေးသားသူ အဲလ်ဗီရာဘေယာ က အသက် ၁၈ နှစ်အရွယ် အနုပညာကျောင်းသူ တစ်ယောက်သာဖြစ်ပါတယ်။
ဘေယာရဲ့စာအုပ်ထဲက စွပ်စွဲမှုတစ်ခုကတော့ `ယုဒ ဟာ ယေရှုခရစ်တော်ကို သစ္စာဖေါက်ခဲ့သလိုပဲ ဂျာမနီက ပြည်တွင်းနေ ဂျူးလူမျိုးတွေဟာလည်း အဖဂျာမနီပြည်ကြီးကို သစ္စာဖေါက်ခဲ့ကြတဲ့အတွက် ပထမကမ္ဘာစစ်ကြီး မှာ ဂျာမနီစစ်ရှုံးခဲ့ရတယ်။´ လို့ ဆိုပါတယ်။
(၂)
ဂျူးဆန့်ကျင်ရေးဝါဒမှိုင်းတိုက်မှုအဖြစ် ဂျူးလီယက်စတွိုက်ချာရဲ့ `ဒါးစတာမား´စာအုပ်တိုက်မှ ဒုတိယမြောက် ထုတ်ဝေခဲ့တဲ့စာအုပ်ကတော့ Ernst Hiemer ရေးသားတဲ့ `အဆိပ်ရှိသော မှိုများ´ ဆိုတဲ့စာအုပ်ပါ။
ဖရန့် ဆိုတဲ့ကလေးကို သူ့အမေက `မှိုတွေထဲမှာ စားလို့ကောင်းတဲ့ မှိုတွေရှိသလို၊ လူကိုအန္တရာယ်ဖြစ်စေတဲ့ မှိုတွေလည်း ရှိကြောင်း၊ လူတွေမှာလည်း အဲဒီလိုပဲ ကောင်းတဲ့လူတွေရှိသလို ယုတ်မာကောက်ကျစ်တဲ့၊ လူ့အသိုင်းအ၀ိုင်းကို ဒုက္ခရောက်စေတဲ့လူမျိုးတွေရှိကြောင်း´ ဆုံးမနေပုံနဲ့အစချီထားပြီး စိတ်ဝင်စားစရာ ကောင်းအောင် ရေးသားထားတယ်။ အဲဒီစာအုပ်ထဲမှာ ဂျူးလူမျိုးတွေကို စက်ဆုပ်မုန်းတီးစေရန် စနစ်တကျ ဖန်တီးရေးသားထားတာပါ။ ဂျူးလူမျိုးဆိုတာ မာရ်နတ်က လူယောင်ဆောင်ထားတဲ့ကောင်တွေ လို့လည်း ကလေးတွေကို ဆုံးမထားပါသေးတယ်။ ဂျူးလူမျိုးတစ်ယောက်ရဲ့ သွင်ပြင်သဏ္ဍာန်ကိုဖေါ်ပြရာမှာလည်း မုတ်ဆိတ်မွေးထူလဗျစ် နဲ့ နှာခေါင်းကောက်ကောက်ကြီးတွေနဲ့ပေါ့ဗျာ။
ဂျူးလူမျိုးတွေ ဂျာမနီပြည်ထဲ ဘယ်လိုရောက်လာသလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ဂျူးလူမျိုးတွေဟာ ကမ္ဘာ့အရှေ့ပိုင်းဒေသကနေ ဂျာမနီပြည်ထဲခိုးဝင်လာကြတယ်.. တဲ့ (ဖြစ်ပုံချင်းတူတာက အံ့သြစရာဗျာ)။ ၀င်လာတုန်းက ခြူးပြားတစ်ပြားတောင်မရှိတဲ့ စုတ်စုတ်ပြတ်ပြတ်အလုပ်ကြမ်းသမားတွေ၊ ဒီလိုမြေကောင်း ရေကောင်းရောက်မှ ဂျူးတွေဟာတောက်တောက်ပြောင်ပြောင် ဖြစ်လာခဲ့ကြတယ်.. ခုတော့ ဂျာမန်လူမျိုးတွေရဲ့ စည်းစိမ်ဥစ္စာတွေကို လက်ဝါးကြီးအုပ်လာခဲ့ကြပြီ။ ဂျာမန်လူမျိုးတွေ နိုးထကြလော့ .. လို့ နှိုးဆော်ထား ပါသေးတယ်။
စာရှည်သွားမှာစိုးလို့ အကုန်ရေးမနေတော့ဘူးဗျာ။ ခပ်တိုတိုပြောရရင် ဒီစာအုပ်ဟာ ကလေးသူငယ်တွေ အတွက်အဓိကရည်ရွယ်ပေမဲ့ အောက်ခြေထိ လူထုတရပ်လုံး ဂျူးလူမျိုးမုန်းတီးဆန့်ကျင်ရေး ပိုမိုပြန့်ပွား လာအောင် ပုံစံမျိုးစုံနဲ့ လူပြိန်းကြိုက်ရေးသားထားတာတွေ့ရတယ်။ အဆုံးမှာတော့ `ဂျူးလူမျိုးတွေဟာ ဂျာမနီနိုင်ငံအတွက် ကြမ္မာဆိုးတွေသယ်ဆောင်လာတဲ့ ဂြိုဟ်မွှေတဲ့ကောင်တွေပဲ´ လို့ ခပ်ပြတ်ပြတ် ကောက်ချက်ချထားတယ်။
(၃)
၁၉၄၀ခုနှစ်မှာ `ဒါစတားမား´စာအုပ်တိုက်ကထုတ်ဝေခဲ့တဲ့ တတိယမြောက် ဂျူးမုန်းတီးရေးဝါဒဖြန့်စာအုပ် ကတော့ `ခွေးဗန္ဓတ်၊ တောခွေးရိုင်းများ နဲ့ စက်ဆုပ်ဖွယ်တိရိစ္ဆာန်များ´ ဆိုတဲ့ (အဆင်ပြေသလို ဘာသာပြန်ထားခြင်းဖြစ်သည်) စာအုပ်ပါ။ ဒီစာအုပ်ကိုလည်း Ernst Hiemer ကပဲရေးသားခဲ့တာပါ။
ဂျူးဆန့်ကျင်ရေး စာအုပ်သုံးအုပ်ထဲမှာ ဒီစာအုပ်က အဆိုးဝါးဆုံးစာအုပ်လို့ပဲ ကျနော်မြင်ပါတယ်။ စာအုပ်ထဲမှာ ဂျူးတွေကို တောခွေးရိုင်း၊ ဥသြငှက်၊စာကလေး၊ ပျားထီး၊ ကျိုင်းကောင်၊ ပုတ်သင်ညို၊ မြွေပွေး၊ ကြမ်းပိုး၊ သန်ကောင်၊ ခွေးဗန္ဓတ် စတဲ့ တိရိစ္ဆာန်ပေါင်း များစွာနဲ့ နှိုင်းယှဉ်ဥပမာပေးထားပြီး ဂျူးလူမျိုးတွေဟာ ကောက်ကျစ်စဉ်းလဲကြောင်း၊ အလိုရမက်ကြီးကြောင်း၊ သူတပါးအပေါ် ဂုတ်သွေးစုတ်ဖို့ပဲချောင်းနေတဲ့ အချောင်သမားများဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွက်အသုံးမ၀င်တဲ့ လူပိုတွေဖြစ်ကြောင်း၊ သစ္စာမဲ့ကြောင်း၊ ဟန်ဆောင်ကောင်းပြီး အလွန်ရက်စက်ကြောင်း၊ တခြားလူမျိုးတွေကိုသွေးနှောပစ်ပြီး ဂျာမန်လူမျိုး ပျောက်အောင်ကြိုးစားနေကြောင်း၊ ဂျာမန်တမျိုးသားလုံးအတွက်သာမက တကမ္ဘာလုံးက လူသားမျိုးနွယ် အားလုံးအတွက်ပါ လူ့အန္တရာယ်ကောင်တွေဖြစ်ကြောင်း .. တိရိစ္ဆာန်တွေနဲ့ဥပမာပေးရင်း လက်လွတ်စပယ် လူမျိုးရေး နှိမ့်ချစော်ကားပြီး ရေးသား ထားပါတယ်။ ဒါတင်ဘယ်ကမလဲ .. ဂျူးတွေဟာ နိုင်ငံခြားသားများဖြစ်ပေမဲ့ အိမ်ရှင်ဖြစ်တဲ့ဂျာမန်လူမျိုးတွေကို ဂျာမနီပြည်ကြီး ကနေမောင်းထုတ်ဖို့ ဘယ်လို ကြိုးစားနေကြောင်း ဥသြငှက်နဲ့ဥပမာပေးပြီး တင်ပြထားသေးတယ်။ (တိုက်ဆိုင်ပုံကို ပြောပါတယ်)
အဆိုးဆုံးကတော့ ဂျူးလူမျိုးဆိုတာ ကမ္ဘာပေါ်ရှိ အခြားသောလူသားမျိုးနွယ်တွေအတွက် အသက်အန္တရာယ်ပေးနေတဲ့၊ ၊ ကြမ္မာဆိုးတွေသယ်ဆောင်လာတဲ့ ဘက်တီးရီးယား/ဗိုင်းရပ်စ် ပိုးမွှားတွေပဲလို့ ပြင်းပြင်းထန်ထန်ဖေါ်ပြထားတာပါ။ ဒီလို ဘက်တီးရီးယား/ ဗိုင်းရပ်စ်ပိုးမွှားတွေကို သတ်ပစ်နိုင်မှ လူသားတွေ ကျန်းမာနိုင်မှာဖြစ်သလို၊ လူ့အဖွဲ့အစည်းကြီး အေးချမ်းသာယာဖို့ အတွက် ဂျူးလူမျိုးတွေကို ကမ္ဘာပေါ်ကနေ ကိစ္စတုန်းအောင် ရှင်းပစ်ရမယ်လို့ ကောက်ချက်ချရင်း အဆုံးသတ် ထားပါတယ်။ (ဒီလို လူမျိုးဖြုတ်သုတ်သင်ရေး လမ်းကြောင်းတစ်ခုကို ဖေါ်ဆောင်ရာ ရောက်စေတဲ့အတွက် လူသားမျိုးနွယ်တစ်ခုကို ဘက်တီးရီးယား/ဗိုင်းရပ်စ် နဲ့ နှိုင်းပြီးပြောတာဟာ အလွန်ဆိုးရွားတဲ့ RACISTS တွေရဲ့ အသုံးအနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။)
(လူ့အဖွဲ့အစည်းအေးချမ်းသာယာစေဖို့ ဗိုင်းရပ်စ်သဖွယ် ဂျာမနီပြည်ထဲဝင်ရောက်နေတဲ့ ဂျူးလူမျိုးများကို အပြတ် ရှင်းပစ်ရမယ်လို့ ဆိုထားတဲ့ `ခွေးဗန္ဓတ်၊ တောခွေးရိုင်းများနှင့် စက်ဆုပ်ဖွယ်တိရိစ္ဆာန်များ´ ဆိုတဲ့စာအုပ်ပါ) ကျနော့်အမြင်ကတော့ ဂျူးမုန်းတီးရေးဝါဒဖြန့် စာအုပ်တွေထဲမှာ အဆိုးဆုံးစာအုပ်ပါပဲ.. ဒီစာအုပ်ထုတ်ဝေပြီး နှစ်အနည်းငယ်အကြာမှာ ဂျူး မျိုးပြုတ်သတ်ဖြတ်မှုတွေ စတင်လာခဲ့ပါတော့တယ်။ ဒီစာအုပ်တွေရဲ့ အစွမ်းထက်မှုကြောင့် ဂျာမန်လူထုကလည်း နာဇီပါတီရဲ့ ဂျူးလူမျိုးသုဉ်းသတ်ဖြတ်တာဟာ လုပ်သင့်လုပ်ထိုက် တဲ့ လုပ်ရပ်တစ်ခုအဖြစ် မြင်လာကြပါတော့တယ်။ ဤသည်ပင်လျှင် နာဇီဝါဒဖြန့်ချိရေးရဲ့ အစွမ်းထက်မြက်မှု ပဲဖြစ်ပါတယ်။
ကျနော်ခုလို မြန်မာ့မျိုးချစ်လုပ်ရပ်တွေကို ဖက်ဆစ်နာဇီလုပ်ရပ်တွေနဲ့နှိုင်းထားတယ်ဆိုတော့ ပေါက်ကွဲလိမ့်မယ်ဆိုတာ သိပါတယ်။
`ဒါဆို ခိုးဝင်လာသူတွေကို ဘာမှမလုပ်ရတော့ဘူးလား´လို့ စာဖတ်သူများက ကျနော့်ကိုမေးချင်ပါလိမ့်မယ်။ ဥပဒေချိုးဖေါက်သူတွေအတွက် စီရင်မဲ့ ဥပဒေတွေရှိပါတယ်။ တရားဥပဒေစိုးမိုးမှုရှိလာအောင်၊ တရားစီရင်ရေး စနစ် မှန်မှန်ကန်ကန်ဖြစ်လာအောင် ကျနော်တို့ကြိုးပမ်းရမှာပါ။ ကျနော်ရေးသားခဲ့သမျှဟာ ဥပဒေမဲ့လုပ်ရပ် တွေကို အားမပေးဖို့ကိုသာ တိုက်တွန်းခဲ့တာပါ။ ဥပဒေမဲ့လုပ်ရပ်တစ်ခုကို ကျနော်တို့ မသိယောင်ဆောင်နေလိုက်ခြင်းဟာ တချိန်ချိန်မှာကျနော်တို့အပေါ်မှာလည်း ဒီလိုမျိုး လုပ်ဆောင်စေဖို့ ခွင့်ပြုပေးလိုက်ရာရောက်ပါတယ်။ အမျိုး၊ဘာသာ၊သာသနာ ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်ကတော့ နားထောင်လို့ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ရပ်ကဘယ်လမ်းကြောင်းကို ဦးတည်နေတယ်ဆိုတာ သတိပြုကြပါ။ အဲဒီလမ်းကြောင်း၊ အဲဒီစနစ်ဟာကမ္ဘာသမိုင်းတလျောက် ရုပ်အဆိုးဆုံး၊ အရှက်သိက္ခာအကင်းမဲ့ဆုံး ဖက်ဆစ်စနစ်ဆိုးကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒီလိုမျိုးတရားဥပဒေကိုစိမ်ခေါ်ပြီး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းတတ်သည့် အလေ့အထဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်မသွားစေရန် ကျနော်တို့တားဆီးရပါလိမ့်မယ်။ ကျနော်တို့ကိုယ်တိုင်လည်း အမုန်းကိုကျော်လွန်ပြီးမကြည့်နိုင်ပါက ဘယ်သူကမှ ၀ါဒဖြန့်၊ မှိုင်းတိုက်နေစရာပင်မလိုဘဲ လက်တွေ့ကျတဲ့ အခြေအနေမှန်ကိုမြင်တွေ့နိုင်မှာ မဟုတ်ပါ…။
အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော.နာဇီ ဖက်ဆစ်စနစ် ထူထောင်ခြင်းလော။ (အပိုင်း-၂)
၁၉၃၀ ၀န်းကျင်လောက်မှာ ဂျာမနီမှာ ဂျူးလူမျိုးဦးရေ ၆ သိန်းကျော်ရှိပြီး၊ ဒါဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၁% သာ ရှိပါတယ်။ ဂျာမန်ဂျူးတွေဟာ သူတို့ကိုယ်သူတို့ ဂျာမနီနိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူလေ့ရှိပြီး၊ သူတို့လူမျိုးတွေထဲက အလွန် ကျော်ကြားတဲ့ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေ မြောက်မြားစွာ ပေါ်ထွန်းခဲ့တာပါ။ ဒါတင်မကသေးဘူး။ ပထမကမ္ဘာစစ်ကြီးမှာ ဂျာမန်ဂျူး ၁ သိန်းကျော်ဟာ ဂျာမနီစစ်တပ်ထဲ ၀င်ရောက် အမှုထမ်းခဲ့ပြီး အဲဒီထဲက မြောက်မြားစွာသော ဂျူးစစ်သားတွေဟာ သူရဲကောင်းဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရတဲ့ အထိ တိုင်းပြည်တာဝန် စွမ်းစွမ်းတမံထမ်းဆောင် ခဲ့ကြပါတယ်။
ဒါ့အပြင် ဂျာမန်ဂျူးလူမျိုးတွေဟာ အစိုးရဌာနတွေမှာလည်း ၀င်ရောက်အမှုထမ်းနေသလို၊ တက္ကသိုလ်တွေမှာလည်း ဆရာများအဖြစ် အမှုထမ်းနေခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်ကနေ ၁၉၃၆ ခုနှစ်အတွင်း နိုဘဲလ်ဆုရခဲ့တဲ့ ဂျာမနီနိုင်ငံသား သိပ္ပံပညာရှင်နဲ့ အနုပညာရှင် ၃၈ ဦး ရှိတဲ့ထဲမှာ ဂျာမန်ဂျူး ၁၄ ဦး ပါဝင်တဲ့အထိ ဂျူးတွေဟာ ဂျာမနီနိုင်ငံအတွက် ဂုဏ်ဆောင်ခဲ့တာပါ။ လူမှုဘ၀နဲ့ စီးပွားရေးနယ်ပယ်တွေမှာ ဂျာမန်ဂျူးတွေအပေါ် ခွဲခြားဆက်ဆံမှု တချို့တလေ ရှိပေမဲ့လည်း သူတို့ကိုယ်တိုင်ရဲ့အနာဂတ်ကို ဂျာမနီနိုင်ငံမှာပဲ မြှုတ်နှံထားဖို့ ဆုံးဖြတ်ထားကြပါတယ်။ (ဒါကပဲကိုယ့်သေတွင်း ကိုယ်တူးမိသလား မပြောတတ်ဘူး) သူတို့ဟာ ဂျာမန်စကား ကိုသာပြောပြီး ဂျာမနီကို ကိုယ့်အိမ်လိုပဲ သဘောထားခဲ့ကြပါတယ်။
၁၉၃၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ နာဇီပါတီအာဏာရလာပြီးနောက်ပိုင်းမှာ နာဇီပါတီခေါင်းဆောင်တွေဟာ ဂျာမန်ဂျူးတွေ ကို အလုံးစုံဆန့်ကျင်တိုက်ခိုက်ဖို့ ကျိတ်ပြီးဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီစဉ်အရ လူထုတွေပါ လက်ခံပါဝင်လာအောင်လုပ်ရမဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရေးအကြီးဆုံးအဖြစ် မီဒီယာကိုသုံးပြီး ၀ါဒမှိုင်း တိုက်ခဲ့ပါတယ်။ ထိလွယ်ရှလွယ်ဖြစ်စေတဲ့ အကြောင်းအရာတွေကို စီကာပတ်ကုံး ရေးသားလှုံ့ဆော်ထားတဲ့ ဂျူးမုန်းတီးရေးစာတွေ လှိုင်လှိုင်ထုတ်ဝေခဲ့ပြီး၊
လူကြီးရော ကလေးတွေပါ အံ့သြစရာကောင်းလောက်အောင် နာဇီဝါဒမှိုင်းတိုက်မှုအောက် ကျရောက်ခဲ့ပါတယ်။ နိုင်ငံ့သမိုင်းတလျောက် ဂျာမန်များ နဲ့ ဂျူးများ တသားတည်းနေခဲ့ကြပေမဲ့လည်း ဖက်ဆစ်နာဇီပါတီရဲ့ ဂျူးမုန်းတီးရေး ၀ါဒမှိုင်းတိုက်ခဲ့မှုကြောင့် သူစိမ်းပြင်ပြင် ဖြစ်သွားခဲ့ကြတယ်။ (ဒီအကြောင်းကို ကျနော့်ဆောင်းပါး အပိုင်း-၁ မှာ ဖေါ်ပြ ခဲ့ပြီးပါပြီ။)
၁၉၃၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတော့ နာဇီပါတီဝင်တွေဟာ ဂျူးစီးပွားရေးလုပ်ငန်းတွေ အသက်မွေး ၀မ်းကျောင်းမှု လုပ်ငန်းတွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်သပိတ်မှောက်ဖို့ စတင်ဆော်သြ ခဲ့ပါတော့တယ်။ ဒီသပိတ်မှောက်မှုဟာ ဂျာမန်-ဂျူး အဓိကရုန်းတွေဖြစ်ပွားစေပြီးဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပြီး၊ ဂျူးမုန်းတီးရေး လှုံ့ဆော်စာတွေကိုလည်း ပြောင်ပြောင်တင်းတင်း ဖြန့်ဝေခဲ့ပါတယ်။ ဂျာမန်-ဂျူး အဖွဲ့အစည်းကြီးက တရားဥပဒေအရ အကာကွယ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ဂျူးလူမျိုး နှိပ်ကွပ်ရေးဟာ အစိုးရကိုယ်တိုင်ရဲ့ မူဝါဒဖြစ်နေတဲ့အတွက် လျစ်လျူရှုခံခဲ့ရပါတယ်။ (ကျနော်တို့ဆီမှာ `သမ္မတကြီးဆီသို့ အိတ်ဖွင့်ပေးစာ´ မျိုးထင်ပါ့)။
နောက်ပြီး ၁၉၃၃ မေလမှာ `ဂျာမနီ အစိုးရ၀န်ထမ်းများ ပြင်ဆင်ခန့်အပ်တဲ့ ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပြီး ဂျူးလူမျိုး ၀န်ထမ်းတွေကို အကြောင်းပြချက်မရှိ အလုပ်တွေက ထုတ်ပယ်လိုက်ပါတယ်။ ဒီဥပဒေအရ မိမိရဲ့ အဘိုးအဘွားထဲမှာ ဂျူးတစ်ယောက်ပါခဲ့ရင်တောင် ဂျူးလူမျိုးအဖြစ် သတ်မှတ်တာပါ။ အဲဒီနောက်ပိုင်း ဂျူးလူမျိုးတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေအားလုံး တစတစရပ်တန့်သွားပါပြီ။ ဂျူးလူမျိုး ၀န်ထမ်းများ အသိပညာရှင် အတတ်ပညာရှင်များ၊ ဆရာ ဆရာမများကို အလုပ်မှ အကြောင်းမဲ့ထုတ်ပယ် ကြပါပြီ။ ဒါဟာ “သွေးဖြင့်`နိုင်ငံသား´ သတ်မှတ်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်က ရလဒ်တခုပေါ့ဗျာ။
ဂျာမန်မျိုးချစ်များဆိုသူတွေနဲ့ နာဇီပါတီဝင်တွေဟာ ဂျူးလူမျိုးပိုင် ဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေ၊ ဆေးခန်းတွေ၊ ရှေ့နေ ရုံးခန်းတွေရှေ့မှာရပ်ပြီး `ဂျူးတွေဆီက ဘာမှမ၀ယ်ရ´၊ `ဂျူးလူမျိုးတွေဟာ ဂျာမနီကို ကြမ္မာဆိုးတွေ သယ်ဆောင်လာတဲ့ သူတွေ´ ဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး စောင့်ကြပ်နေခဲ့ပါတယ်။ ဒါ့ပြင် ဂျူးလူမျိုး ဆိုင်တွေ၊ ရုံးခန်းတွေ၊ အိမ်တွေအားလုံးကို `ဒေးဗစ်ရဲ့ ကြယ်´လို့ခေါ်တဲ့ ဂျူးအမှတ်တံဆိပ်ကို လိုက်လံရေးဆွဲပြီး ကွဲကွဲပြားပြား သိသာထင်ရှားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့တဖြေးဖြေး နိုင်ငံတ၀ှမ်းလုံး အမျိုးသားရေး ခေါင်းစဉ်တပ်ပြီး ဂျူးလူမျိုးများကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်း၊ ဂျူးပိုင်အိမ်တွေ၊ ဆိုင်ခန်းတွေကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဂျူးလူမျိုးများနဲ့ ဆက်ဆံနေဆဲ ဂျာမန်များကို သစ္စာဖေါက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခြင်းတွေ လုပ်လာပေမဲ့ တရားဥပဒေရဲ့ အကာကွယ်ပေးမှုကို ဂျူးတွေမရခဲ့ပါဘူး။
ဒီကြားထဲ နာဇီပါတီအာဘော် သတင်းစာတွေက `ပြည်သူ့တိုက်ပွဲ´ ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး ဗြောင်ကျကျ မီးလောင်ရာ ဓါတ်ဆီလောင်းပေးပါတော့တယ်။ “ပြည်ပမှ ဂျူးအဖျက်သမားများရဲ့ လုပ်ရပ်ဆိုးများကို ကာကွယ်ခြင်း” လို့ နားထောင်ကောင်းအောင် သုံးထားပါသေးတယ်။ “လူထုအစည်းဝေးကြီးမှ ဂျူးလူမျိုးများကို ဆန့်ကျင်ကြောင်း ကြေငြာချက်” ၊ “ဂျူးလူမျိုးများကို ဆန့်ကျင်ကြ” ၊ “တိုက်ပွဲကို ရှောင်လွဲလို့ မရနိုင်တော့ပါ” .. စသဖြင့် လူမျိုးရေး လှုံ့ဆော်စေတဲ့ ခေါင်းစည်းတွေနဲ့ ပြောင်ပြောင် တင်းတင်း ထုတ်ဝေလာပါတယ်။ ဒါ့ပြင် နိုင်ငံတကာက စာနယ်ဇင်းတွေမှာ ဂျာမန်ဂျူးတွေ ဖိနှပ်ခံနေရတဲ့အကြောင်း ဖေါ်ပြနေကြလို့ ဂျာမနီနိုင်ငံတော် ကြီးကို သိက္ခာကျအောင် ရေးသားမှုများအတွက် လက်တုန့်ပြန် ကလှည့်စားချေရမယ်လို့လည်း ၀ါဒဖြန့်ပါသေး တယ်။ ဒီလိုလုပ်ဆောင်ရာမှာ လူမျိုးရေးမုန်းတီးမှုအပြင် ဘာသာရေးအရ မုန်းတီးဆန့်ကျင်စေရန် လည်း ၀ါဒဖြန့်ခဲ့တာပါ။
ဧပြီ ၁ ရက်နေ့ ဂျူးဆန့်ကျင်ရေး စတင်စဉ်က သူတို့ရဲ့ရည်ရွယ်ချက်က ဂျာမနီမှာရှိတဲ့ ဂျူးလူမျိုးစီးပွားရေး လုပ်ငန်းတွေ ပြိုလဲသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်သာရှိသေးတာပါ။ အစပိုင်းမှာတော့ တပြည်လုံးအတိုင်းအတာနဲ့ ဂျူးဆန့်ကျင်ရေး လုပ်ဆောင်ဖို့ ဒေသဆိုင်ရာနာဇီပါတီတစ်ခုက ဦးဆောင်လှုံ့ဆော်မှုသက်သက်နဲ့ လုပ်ခဲ့တာဖြစ်ပြီး၊ ဂျာမန်ပြည်သူ အများစုက ပုံမှန်အတိုင်းပဲ ဂျူးဆိုင်တွေမှာဝယ်မြဲ၊ ဂျူးတွေနဲ့ဆက်ဆံဆဲ ဖြစ်နေပါသေးတယ်။ နောက်ပိုင်း အစိုးရ ကိုယ်တိုင် အတိအလင်းပါဝင်လာတော့ ရည်ရွယ်ချက်တွေ ပိုမိုကြောက်စရာကောင်းလာပြီး၊ ဂျူးလူမျိုးတွေ အားကိုးရာမဲ့ ဘ၀ရောက်အောင်၊ အဘက်ဘက်က အသက်ရှင်ရပ်တည်ရန် ခက်ခဲလာပြီး နေရပ်စွန့်ခွာသွားအောင်၊ အဆုံးစွန်ထိ ဖေါ်ပြရရင်တော့ ဂျာမနီနိုင်ငံမှာရော ကမ္ဘာပေါ်ကပါ ဂျူးလူမျိုးများ လုံးဝပပျောက်သွားစေရန်ထိ ရည်ရွယ်ချက်တွေ ထားလာ ပါတော့တယ်။ ပုံမှန်ဦးနှောက်ရှိသူအတွက်ဆိုရင် ဒီလိုတွေဖတ်ရတော့ `ဂျာမန်တွေ ရူးနေလား´ လို့ တွေးပြီး ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့အခါ နာဇီဝါဒဖြန့်ချိမှုရဲ့ ထိရောက်ပြီး ကြောက်စရာ ကောင်းပုံကို သတိပြုမိပါလိမ့်မယ်။ နှစ်ပေါင်းများစွာ တမြေတည်းနေ တရေတည်းသောက်၊ ဒိုးတူဘောင်ဖက်နေလာ သူတွေ အချင်းချင်းကြားမှာ လူမျိုးမတူလို့ ၊ ဘာသာမတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားတဲ့ အထိလုပ်ချင်တဲ့ ဆန္ဒတွေဖြစ်လာအောင် အမှန်တကယ် လုပ်ဆောင် နိုင်ခဲ့ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေဟာ ရူးသွပ်နေသူတွေရဲ့ လုပ်ရပ်တွေသာ ဖြစ်သလို၊ ဒီနေ့ခေတ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ အောင်မြင်မဲ့လုပ်ရပ်တွေလည်း မဟုတ်ပါဘူး။ မကြာခင် အရှက်တကွဲ ကျရှုံးသွားရမှာပါ။ သို့ပေမဲ့လည်း `ခွေးလှေးခုန်လို့ ဖုန်မထပါဘူးကွာ´ဆိုပြီး ဂရုမစိုက်ဘဲ နေ နေလို့ မရပါဘူး။ သမိုင်းကြောင်းမှာ ငါတို့ ဘယ်လို သွေးစည်းစွာ ရပ်တည်ခဲ့တယ်ဆိုတဲ့ ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တဲ့ အဖြစ်အပျက်တွေကို စားမြှုံ့ပြန်ရင်း ငါတို့ကိုတော့ မလုပ်လောက်ပါဘူး လို့ စိတ်ချနေလို့ မရပါ။ အရူးတသိုက်ရဲ့ လုပ်ရပ်ဆိုးက ကျန်တဲ့ ပြည်သူတွေအပေါ် အနည်းနဲ့အများ သက်ရောက်မှုရှိမှာပါ။ ကျန်တဲ့ ပြည်သူတွေက ကိုယ့်အပေါ် အမြင်မစောင်းစေရန် တတ်နိုင်သမျှ ရှင်းပြနိုင်ရပါမယ်။ အရေးယူသည်ဖြစ်စေ၊ အရေးမယူသည်ဖြစ်စေ အစိုးရဆီကို အကြောင်းကြားပါ။ နောက်ပြီး တကမ္ဘာလုံးကြားအောင် တတ်နိုင်သမျှ အသံကျယ်ကျယ်အော်ပါ။ ပြည်တွင်းက ဘာသာပေါင်းစုံချစ်ကြည်ရေး ကြိုးပမ်း လုပ်ဆောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပံ့ပိုးကြရပါမယ်။ တစ်ခုသတိထားရမှာက ဒီနေရာမှာ ဒေါသ အလျောက် မတုန့်ပြန်သင့်ပါ။ သူတို့ဒီလိုလုပ်လို့ ကိုယ့်ဘက်က ဘယ်လိုတုန့်ပြန်မယ်ဆိုတဲ့ အတွေးမျိုး တတ်နိုင်သမျှ ဖျောက်ရပါမယ်။ ဆိုးသွမ်းတဲ့လုပ်ရပ်တွေဟာ လုပ်ဆောင်နေသူတစ်စုနဲ့သာ သက်ဆိုင်ပြီး လူအားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အမြဲသတိချပ်သင့်ပါကြောင်း …
(ကျနော့်ရဲ့ ပထမဆောင်းပါးမှာ အလွန်ရှည်သွားတဲ့အတွက် ဖြုတ်လိုက်ရတဲ့ အပိုင်းကို ပြန်တင်လိုက်တာပါ။ ပုံတွေ စုံစုံလင်လင်ကြည့်လိုပါက ကျနော့် FB WALL ပေါ်မှာ Album တစ်ခုလုပ်ထားပါတယ်။ မြန်မာပြည်က လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေကိုပါ တခါတည်း တင်ပေးထားပါတယ်။ ဒီလင့်မှာသွားကြည့်နိုင်ပါတယ်။
>>> https://www.facebook.com/media/set/?set=a.442217339182799.102180.100001836114921&type=1 )
ဦးဦး မှော်ဆရာ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Thursday, October 26, 2017
အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော … နာဇီဖက်ဆစ် စနစ် ထူထောင်ခြင်းလော..။
Posted by
Reporter Myanmar
,
at
10:11 PM
Subscribe to:
Post Comments (Atom)
- ကျောက်တော်မှမီးရှို့ခံရသည့်ကျေးရွာ(၂)ရွာတွင် နေအိမ်(၁၆၀)ကျော်မီးလောင်ပျက်စီးခဲ့
- NLD အစိုးရတက်လျှင် . . . .
- ပြည်သူ့ဝန်ထမ်းတွေကြောက်လန့်စွာဖြေဆိုခဲ့ရသောမေးခွန်း(၃၃)ခု
- ရေမလိုလက်သန့်ဆေးရည်လုပ်နည်း
- သမိုင်းဝင်ခေတ်များ
- မြန်မာ့မီးရထား
- ဗမာတို့မြင်ဖို့
- ရွာ့ကျက်သရေ - - - သိပ္ပံမောင်ဝ
- ၁၉၈၂-နိုင်ငံသားဉပဒေ
- အတိုနဲ့ထိုးလိုက်မှဖြင့်
- တာဝန်ရှိသူများအလေးအနက်စဉ်းစား၍အချိန်မီဆောင်ရွက်ပေးကြပါရန်
- ပက်လက်လန်သွားတယ်
- ကျနော်ကြောက်နေကြောင်းပြောပြတာပါ
- ငါးပါးသီလ မစောင့်ကြပါနဲ့
- ဂရန်ဆိုသည်မှာ(၁)
- ဒိုင်လူကြီးအားကွင်းထဲမှမောင်းထုတ်ခြင်း
- ကျနော်တွင်ခုံသမားတစ်ယောက်ပါ
- ဂျော့(ချ)ဖလွိုက်ထက်ဆိုးတယ်
- သမိုင်းဝင်ခေတ်များ
- လဝက မှသွေးနှောလို့ပြောပြီးရစ်နေသောဝန်ထမ်းများ အနှစ်ချုပ်
- MM Randeria High School
- ဘုန်းကြီးခရိုနီများ၏အတွင်းရေး
- မည်သည့်အပင်မဆို ရာသီမဟုတ်ချိန်တွင်အသီးသီးအောင်လုပ်နည်း
- အနောက်နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံသူဆိုတာ
- စစ်ကျွန်ပညာရေးစနစ်
- ပြောင်းလဲခြင်းမကပြောင်းလဲသွားတာကတော့ ဒီချုပ်ဉက္ကဌပါပဲ
- " ထောင်ကိုမကြောက်ဟု VK တွင် ဗီဒီယိုဖိုင်ဖြင့်ဆရာတော်ဦးဝီရသူပြောကြား"
- မကွေးမြို့တွင်ဒေါ်အောင်ဆန်းစုကြည်တည်းခိုရာဟိုတယ်နှင့် မိုင်ဝက်ခန့်အကွာ၌သေနတ်ကျည်ဆံအများအပြားသိမ်းဆည်းရမိ
- "အာဏာပိုယူရန်ကြံစည်နေသောစစ်ဗိုလ်တွေအကြောင်း"
- မြန်မာ့ဒုတိယအင်ပါယာ-၅
- မြန်မာ့ဒုတိယအင်ပါယာ-၄
- မြန်မာ့ဒုတိယအင်ပါယာ-၃
- မြန်မာ့ဒုတိယအင်ပါယာ-၂
- မြန်မာ့ဒုတိယအင်ပါယာ-၁
- လွှတ်တော်အမတ်များ၏လှုပ်ရှားမှုအပေါ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့က နောက်ယောင်ခံသတင်းရယူခြင်းသည် ဉပဒေမချိုးဖောက်ဟုဆို
- "ဦးဝီရသူကိုတရားစွဲရန်အမှုတည်ဆောက်နေဟု ဝန်ကြီးသူရဦးအောင်ကိုပြော"
- အမြင့်ဆုံးရာထူးကိုဖော်ထုတ်ပေးခဲ့သူမှာ ဦးကိုနီဖြစ်ကြောင်း
- "ဖွဲ့စည်းပုံပြင်ဆင်ရေးဟုဆိုကာရှိသေး တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်"
- ""ဓနုဖြူခရီးစဉ်မှာဒေါ်အောင်ဆန်းစုကြည်လုပ်ကြံခံရမှုဖြစ်စဉ်အကျဉ်း- " "
- "အမျိုးသားနိုင်ငံရေးပါတီတဲ့"
- "ဗိုလ်ရွှေမန်းရဲ့ပါတီထွက်လာပါပြီ"
- "မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း၏ထုတ်ပြန်ကြေငြာချက်(၂/၂၀၁၉)"
- "ဦးကိုနီ၏ ၂၀၀၈-အခြေခံဉပဒေအကြောင်းရှင်းလင်းပြောကြားချက်"
- ဗိုလ်ချုပ်ရုပ်တုစိုက်ထူနေမှု ဒေသခံများပြင်းပြင်းထန်ထန်ကန့်ကွက်
- "သမီးလှကျေးရွာမှ ရွှေ၊ငွေ၊လက်ဝတ်ရတနာ တန်ဖိုး သိန်း(၁၅၀)ကျော်ပျောက်ဆုံးသွားမှုကိုပြည်နယ်လွှတ်တော်တွင်တင်ပြမည်"
- ဘဏ်တိုးအကြောင်းသိမှတ်စရာ
- "ဝီရသူသည်ဘုန်းကြီးမဟုတ်ပဲ သင်္ကန်းဝတ်လူရမ်းကားသာဖြစ်"
- " အားနာပါတယ်ဦးကိုနီ(မြေးချစ်ညို) "
- " ဒေါ်အောင်ဆန်းစုကြည်စကားအရ မြစ်ဆုံစီမံကိန်းကိုခွင့်ပြုတော့မလား "
- လွတ်လပ်ရေးကျိန်စာ
- ရခိုင်အရေးဖြေရှင်းနိုင်မည့်နည်းလမ်း မည်သူမျှမသိဟုဂျပန်သံအမတ်ပြော
- ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်၏ဆွေးနွေချက်မှားယွင်း
- "ဉပဒေဆိုင်ရာအချက်အလက်တွေကို တစ်နေရာတည်းမှာရရှိနိုင်မယ့်ဝက်ဆိုက် "
- "ရက္ခိုင့်တပ်မတော် AA ကိုချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား "
- ပြည်မြန်မာတိုးတက်စေဖို့
- လွတ်လပ်ရေးကျိန်စာ-၂
- လွတ်လပ်ရေးကျိန်စာ-၁
- " ခွင့်မလွှတ်ဘူး(မောင်စွမ်းရည်) "
- "မြစ်ဆုံဟာမလုပ်သင့်ဘူး "
- "မြစ်ဆုံကျန်စာ"
- (ကြည်း/ရေ/လေ) တပ်မတော်သားများ၏လစာနှုန်းထားများ
- ဗမာတို့မြင်ဖို့
- " မဟာဗမာဝါဒ "
- ဗမာတို့မြင်ဖို့ " ဗမာလူမျိုးကြီးဝါဒ"
- " တန်းတူညီမှုဆိုတာ "
- ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသောသမိုင်းတစ်ခု
- "ရခိုင်ပြည်နယ်သွေးချောင်းစီးတော့မှာလား "
- AA ကိုထောက်ခံနေမှုရပ်တန့်ကြဖို့သမ္မတရုံးပြော
- နိုင်ငံ့ခေါင်းဆောင်များအရေးပေါ်အစည်းအဝေးပြုလုပ်၊ အစိုးရနှင့်တပ်မတော်သဘောတူညီမှုရရှိဟုဆို
- ပတ်စ်ပို့လုပ်မည်ဆိုလျှင်
- သင်မသိသေးသော အလောင်းဘုရား၏ဝါးရင်းတုတ်တပ်
- "AA အကြောင်း လိုတိုရှင်း "
- "အခွင့်ထူးခံအသင်းများ(သရဝဏ်-ပြည်) "
- " အကြမ်းဖက်သောင်းကျန်းသူ "
- "စစ်ရေးအရမင်းအောင်လှိုင်ခေါင်းကိုနင်းထားနိုင်မှ အန်စီအေလက်မှတ်ထိုးမည်- စစ်ရေးအရမင်းအောင်လှိုင်ခေါင်းကိုနင်းထားနိုင်မှ N.C.A လက်မှတ်ထိုးမည် "
- "ရခိုင်တွေ R2P အိပ်မက်မက်နေပြီလော "
- "AA အဖွဲ့ကိုအကြမ်းဖက်တိုက်ဖျက်ရေးဉပဒေနဲ့အမှုဖွင့် "
- "၂၀၁၉ ဇန်နဝါရီလ(၁/၂/၃/၄)ရက် ၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ"
- "ပြည်သူပိုင်သိမ်းပွဲကြီး "
- " မြန်မာ့လွတ်လပ်ရေးကြေငြာစာတမ်း "
- “ဘယ်သူဓမ္မလဲ အဓမ္မလဲဆိုတာသမိုင်းကအဆုံးအဖြတ်ပေးလိမ့်မယ်(သူရအောင်ကို)"
- "ပါမောက္ခချုပ်ဆရာတော်၏နှစ်သစ်ကူး၊ပြည်သူ့ရင်ပြင်၊အထူးဓမ္မသဘင် - "
- " ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ဖျက်ဆီးခဲ့သောမြန်မာ့ပညာရေးအကြောင်း "
- "ဗိုလ်မှူးဘသော်(စာရေးဆရာမောင်သော်က)အမှတ်တရ "
- " ဗိုလ်ခင်ညွန့်နဲ့ပြည်တန်ပတ္တမြားရှာပုံတော် "
- ခေတ်သစ်မြန်မာ့သမိုင်း-၁၂
- "တရားသဖြင့်ဆောင်ရွက်ပေးပါရန်တင်ပြခြင်း"
- ခေတ်သစ်မြန်မာ့သမိုင်း-၁၁
- "ကာလီမာမယ်တော်မဟုတ်သော်လည်း"
- "သမိုင်းဝင်အနိုင်ကျင့်မှုကြီး"
- ခေတ်သစ်မြန်မာ့သမိုင်း-၁၀
- “မုန်းဝန်ဗမာ” နှင့် သမိုင်းဖျောက်ခံရသော“မြန်မာမွတ်စလင်”
- ခေတ်သစ်မြန်မာ့သမိုင်း-၉
- “AA” ကခြိမ်းခြောက်စာပေးပို့
- ခေတ်သစ်မြန်မာ့သမိုင်း-၈
- ဒေါ်အောင်ဆန်းစုကြည်၏မိခင် ဒေါ်ခင်ကြည်
- ခေတ်သစ်မြန်မာ့သမိုင်း-၇
- ခေတ်သစ်မြန်မာ့သမိုင်း-၆
- ခေတ်သစ်မြန်မာ့သမိုင်း-၅
- မစ္စခရစ္စတင်း ရှာရာနာဘာဂနာ၏ဆောင်ရွက်ချက်များကိုစောင့်ကြည့်နေကြောင်း ဦးဝီရသူမိန့်ကြား
- ခေတ်သစ်မြန်မာ့သမိုင်း-၄
- ဒေါက်တာကြည်မို့မို့လွင် (သို့မဟုတ်) ဇီးပင်ကြီးသူရဲကောင်း-
- ခေတ်သစ်မြန်မာ့သမိုင်း-၃
- ခေတ်သစ်မြန်မာ့သမိုင်း-၂
- ခေတ်သစ်မြန်မာ့သမိုင်း-၁
- ကျွန်ဖြစ်ရခြင်းအကြောင်းတရားများ-၄
- " အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရလက်အောက်သို့ပြောင်းမည် "
- ၂၀၀၈-ခြေဉကိုရေးဆွဲခဲ့သောပုဂ္ဂိုလ်များ
- "ဒေါက်တာစိုးသူရဇော်၏ဇီးပင်ကြီးစစ်တမ်း(စ-ဆုံး) "
- "ဘူးသီးတောင်ကနေအိမ်တွေမှာ အိမ်ထောင်စုစာရင်းနဲ့မိသားစုဓာတ်ပုံတွေကပ်ထားဖို့အမိန့်ထုတ်ပြန် "
- လူနည်းစုဖြစ်သွားနိုင်ကြောင်းသာသနာရေးဝန်ကြီးလျှောက်ထား
- " သမိုင်း၌အကြီးမားဆုံးလိမ်လည်မှုကြီး(သို့)၁၉၉၀-ပြည့်နှစ်ရွေးကောက်ပွဲ "
- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှီုင်နှင့်တွေ့ဆုံသောအခါ(သာလွန်ဇောင်းထက်)
- " လူပါးမဝကြပါနဲ့"
- " ဗိုလ်ဦးနှောက်ရဲ့သွေးသန့်သွေးနှောပြသနာ "
- " မိတ္ထီလာအရေးအခင်းမှာမွတ်စလင်တွေ အစုလိုက်အပြုံလိုက်အသတ်ခံရချိန် အာဏာပိုင်တွေလက်ပိုက်ကြည့်နေခဲ့ဟုဆို "
- " ဒီတိုင်းပြည်ဘယ်လိုမှ မကောင်းနိုင်တော့ဘူး "
- " ကမ္ဘောဒီးယားဂျီနိုဆိုက် "
- " ကာကွယ်ရေးဦးစီးချုပ်ကိုဘယ်သူကခန့်မှာလဲ ? "
- နေမင်းကြီး၏ရာဇသံအပေါ်မေးခွန်းထုတ်ပြီ
- " ခရစ္စမတ်ပွဲနှောင့်ယှက်ခံရ "
- သမိုင်းလေ့လာသူများသိထားရန်
- မွတ်စလင်ရှေ့နေတစ်ယောက်လုပ်ကြံခံရမှုနှင့်အတူကြေမွသွားခဲ့သောမြန်မာနိုင်ငံရဲ့အိပ်မက် "
- အလောသုံးဆည်လွှဲပြောင်းပေးခဲ့မှုများ
- “စာရေးဆရာများနှင့်မိတ်ဆုံညစာစားပွဲ "
- ဇီးပင်ကြီးစစ်တမ်း(အပိုင်း-၃)
- အမေစုရဲ့တက္ကသိုလ်ရိပ်သာလမ်းအိမ်နဲ့ခြံ
- "ပထမဆုံးမြန်မာနိုင်ငံသားရိုဟင်ဂျာ "
- မြိုင်ကြီးငူဆရာတော်ကြီး၏ရုပ်ကလာပ်တော်ကို(၄၅)ရက်အပူဇော်ခံမည်
- ဘာသာရေးလူမျိုးရေးပဋိပက္ခများဖန်တီးခဲ့သူ
- သေမှာကြောက်ရင်သတင်းသမားမလုပ်နဲ့
- ရဲစခန်းကအမှုဖွင့်မပေးရင်ဘာလုပ်ကြမလဲ
- ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှဦးတင်မောင်ဆွေနှုတ်ထွက်စာတင်တော့မည်
- ဆီးချိုကြောင့်လေဖြတ်ခြင်းကိုအကောင်းဆုံးကာကွယ်နည်း
- အုပ်ချုပ်ရေးပြောင်းပြီ-၁
- အုပ်ချုပ်ရေးပြောင်းပြီ-၂
- တပ်မတော်ထောက်ခံပွဲများဆက်လက်ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးမီးစိမ်းပြ
- အစွန်းရောက်မှုတွေဟာ ဒီမိုကရေစီအတွက် အဟန့်အတားဖြစ်နေပြီလား
- ARSA ဆိုတာဘယ်သူလဲ
- "သိက္ခာမဲ့နိုင်ငံတော်"
- ထိခိုက်ဒါဏ်ရာရရှိသောအရေးပေါ်လူနာကိုကူညီစောင့်ရှောက်ခြင်းနှင့်ကုသခြင်းဆိုင်ရာဉပဒေ
- ခေတ်လူငယ်အတွေး
- စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားများထပ်မံအလိမ်မခံရအောင်ဗိုလ်ချုပ်ကြီးဆေထင်သတိပေး
- ခွဲမထွက်ရဟူသောပုဒ်မဟာ လောကဓမ္မနဲ့ဆန့်ကျင်တာပဲ
- ရိုဟင်ဂျာတွေပြန်လာရင် ရခိုင်ပြသနာဖြေရှင်းရာရောက်ပြီလား-၁
- ထောင်စုနှစ်တစ်ခု၏ အကောင်းဆုံးအုပ်ချုပ်ရေး-၅
- ငါတို့တွေပေါင်းလို့ရတယ်
- IBJ တရားမျှတမှုစင်တာ
- ၂၀၀၈-အခြေခံဉပဒေဖျက်သိမ်းရေးမလုပ်လျှင် ပြင်းထန်သောတောင်းဆိုမှုများဖြစ်ပေါ်လာမည်ဟုဆို
- ဖွဲ့စည်းပုံအခြေခံဉပဒေကိုဖျက်သိမ်းဖို့ ရွှေဝါရောင်သံဃာတော်များတောင်းဆို
- ထောင်စုနှစ်တစ်ခု၏အကောင်းဆုံးအုပ်ချုပ်ရေး...၇-
- "အစိုးရကလွဲပြီး အားလုံးစိတ်ပူနေတဲ့ မြန်မာ့စီးပွားရေး- "
- ဒီလမ်းကိုဆက်လျောက်ဖို့ လုံလောက်တဲ့အားအင်တွေပဲ။-
- ခွင့်သာခိုက်မှမလိုက်ချင်လျှင်-
- အရှက်တကွဲ အကျိုးနည်း-
- ရိုက်တာသတင်းထောက်တွေကိုဘယ်လိုထောင်ချခဲ့သလဲ-
- ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး-
- ရခိုင်ကိစ္စ ဓာတ်ပုံအမှားများဖြင့် မြန်မာစစ်တပ်က ၀ါဒဖြန့်မှုကို ရိုက်တာသတင်းဌာန ဖော်ထုတ်-
- တပ်မတော်က ရိုဟင်ဂျာသမိုင်းကြောင်း ဓာတ်ပုံတွေ လိမ်ညာထားတယ်လို့ ရိုက်တာဖော်ပြ-
- မြန်မာစစ်တပ်၏ လျှို့ဝှက်ဝါဒဖြန့်ကွန်ယက်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု Facebook ပြောကြား-
- ဝါဒဖြန့်ချီမှုပါဝင်သောတပ် မတော်သတင်းစဉ်၏တင်ပြမှု- နနန
- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပိုင်ဆိုင်သွားပြီဖြစ်သောခြံအမှတ်(၁၄)
- ရိုဟင်ဂျာသရဲကြီးခြောက်လေပြီ
- ခရိုနီကျော်မြင့်လှိုင်အကြောင်း
- ဒေါ်စု၏မှတ်ချက်စကားကြောင့်ဝမ်းနည်းရ
- မြန်မာနိုင်ငံ(၁၃၀၀-၁၈၈၅)ဖြစ်ပေါ်တိုးတက်မှုအကျဉ်းချုပ်
- စစ်ခေါင်းဆောင်များ အမျိုးသားနိုင်ငံရေးပါတီဖွဲ့စည်းဟုဆို
- အစိုးရအကြမ်းဖက်မှုအထောက်အထားများ
- ဒီစစ်တပ်ကကောင်တွေပဲ
- မုဒိမ်းလူသတ် ခါးပိုက်ဆောင်တပ်
- ရခိုင်အရေးလွတ်လပ်သောစုံစမ်းရေးကော်မရှင်၏ သတင်းစာရှင်းလင်းပွဲအကြောင်းတစေ့တစောင်း
- မြန်မာတွင်သာရှိသည
- လူတိုင်းအာရုံစိုက်နေသော ရိုဟင်ဂျာအရေးအခင်း
- ရွှေနိုင်ငံမှဖာနိုင်ငံ ဖာနိုင်ငံမှဖွတ်နိုင်ငံသို့ မရှုမလှပျက်သုန်းခဲ့ရသောမြန်မာ့သမိုင်း
- သံဃာတော်တွေလွှတ်ပေးမယ်
- ဦးခင်ညွန့်ရဲ့သင်္ခန်းစာ(မိုးသီးဇွန်)
- NLD အားစွန့်ခွာခြင်း
- ပြည်သူ့အာဏာ နှစ်(၃၀)
- ရခိုင်ပြည်နယ်တွင် ခရစ်ယာန်ပါစတာတစ်ဦးရိုက်နှက်ခံရ
- တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ICC မှာစစ်ဆေးဖို့ကုလအဖွဲ့ပြော
- အဓမ္မပြုကျင့်ခံရ၍ရဲစခန်းတွင်အမှုဖွင့်သော်လည်း အမှုဖွင့်၍မရဟု ကာယကံရှင်များပြော
- ဘာလင်တံတိုင်း
- ဘာလဲဟဲ့ ဝှိုက်ကဒ်
- အနော်ရထာဆိုတာ-၁
- အနော်ရထာဆိုတာ-၂
- အနော်ရထာဆိုတာ-၃
- မြင့်ဆွေဆိုတာအောင်ဝင်းဇော်ဖြစ်ကြောင်းပေါ်ပေါက်ပြီ
- အနော်ရထာဆိုတာ-၄
- အနော်ရထာဆိုတာ-၅
- "အကြိမ်ကြိမ်မုဒိန်းအကျင့်ခံနေရတဲ့တရားဉပဒေ "
- အနော်ရထာဆိုတာ-၆
- မြန်မာ့တပ်မတော်အပေါ်စွပ်စွဲမှုများကိုချေဖျက်နိုင်ရန် သက်သေအထောက်အထားပါစာတမ်းကို သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ICC သို့တင်သွင်း
- အနော်ရထာဆိုတာ-၇
- နိုင်ငံအနှံ့ရဲဘက်စခန်းများတွင် အကျဉ်းသားသေဆုံးမှု
- “ပြည်သူတာဝန်ပေးအပ်လာရင် အမျိုးဇာတ်အလွယ်တကူပျက်ယွင်းမရတဲ့ဉအဒေကိုချက်ချင်းပြဌာန်းသွားမယ်” ဟုဦးသန်ဌေးပြော
- မမေ့နိုင်သောမိတ္ထီလာရဲ့ညတစ်ည
- ခေါင်မိုးကြီးတစ်ခုလုံးလဲပစ်လိုက်တာအကောင်းဆုံး
- ၁၉၄၇-ဖွဲ့စည်းပုံအခြေခံဉပဒေ
- ဆွေးနွေးဖို့အလှမ်းဝေးနေဆဲလုံခြုံရေးကဏ္ဌ"
- အာဏာရူးဗမာ့ဝါဒနဲ့ပြည်ထောင်စုမပြိုကွဲရေးရောဂါ
- သမိုင်းကြောင်း- - ၁
- မ.ဘ.သ အမည်ပြောင်းအဖွဲ့ ဓမ္မစက်ကိုမလိုက်နာပါကအာဏာစက်ဖြင့်အရေးယူမည်
- “ မ.ဘ.သ ရဲ့ခေါင်းဆောင်ဆိုသူတွေကလည်း ကမ္ဘာ့လူဆိုးကြီးဘုန်းကြီးဆိုးကြီးတွေ“
- သမင်လည်ပြန်ကြည့်မိခြင်း
- သမိုင်းကြောင်း- - ၂
- ပုဂံရာဇဝင်ထဲမှအလွဲများ
- လူမျိုးအခြေပြုနိုင်ငံတော်
- ခင်ဗျားတို့ပြည်သူတွေကလည်းဗျာ’
- ၁၉၈၂-နိုင်ငံသားဉပဒေ
- မြန်မာလုပ်ငန်းရှင်များကျရှုံးရခြင်းရဲ့ အကြောင်းရင်းများ
- ပင်လုံသဘောတူညီချက်
- စောက်ပါးစပ်တွေပိတ်နေတယ်
- သေင်္ဘာကွေ့ ရွာဖြစ်စဉ်နဲ့နောက်ကွယ်ကသတင်း ”
- တတိယပင်လုံညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သည့်မိန့်ခွန်း
- ရှယ်သူနှင့်ကော်ပီတင်သူတွေတောင် အကောင့်ပျက်ခဲ့သည့်ပို့စ်တစ်ခု
- တပ်မတော်ရှိနေလျှက်နှင့် သူ့ကျွန်ဖြစ်သွားရသောသမိုင်း
- အာဇာနည်ခေါင်းဆောင်ကြီးဦးရာဇတ်
- ဗမာနဲ့မြန်မာ
- အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး
- ၂၀၀၈-ခြေဉမှာပါဝင်သော တပ်မတော်၏အခန်းကဏ္ဌများ
- ကဲ သမ္မတကြီး ကျုပ်ကိုဆုပေးဗျာ
- ရက်စက်ယုတ်မာမှုတွေဟာစဉ်းစားလို့တောင်မရဘူးဟု ကုလအတွင်းရေးမှူချုပ် Antonio Guterres ပြောကြား
- ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဉပဒေကို သတ်မှတ်နည်းလမ်းအတိုင်းပြင်ဆင်၍မရလျှင် ဘာဆက်လုပ်ရမလဲ ?
- ဗိုလ်ချုပ်အောင်ဆန်းဟာလူသတ်သမားတော့မဟုတ်ဘူး လူတော့သတ်ခဲ့ဖူးတယ်
- ဇူလိုင်(၇)ရက်၏သမိုင်းတရားခံများ
- သတင်းသမားဆိုတာရန်သူလား ? (ရဲထွဋ်)
- အစိုးရအဖွဲ့ဝင်အမည်စာရင်းနှင့် ဝန်ကြီးအမည်စာရင်းများ
- အိုအိုင်စီ-အိုင်စီစီနဲ့ မြန်မာ
- ရခိုင်ပြသနာအဖြေရှာ
- Mytel ကိုအမှန်တကယ်ဘယ်သူပိုင်တာလဲ
- ရခိုင်အရေးနဲ့ ထိုးကျွေးလိုက်တဲ့နောက်တစ်ယောက် ဒီရက်ပိုင်းဂျပုခပ်စိပ်စိပ်လေးလှုပ်ရှားနေ
- ပုပ်လို့ပေါ် ဟုတ်လို့ကျော်(ပထမပိုင်း)
- နိုင်ငံရေးယုံကြည်ချက်ရှိဖို့အရေးမကြီးဘူးလား
- တစ်တိုင်းပြည်လုံးစုန်းစုန်းမြုပ်အောင်နှစ်ခဲ့သူများ
- NLD မှပြောခဲ့သောသမိုင်းဝင်စကားများ ..
- KIA နယ်မြေထဲကဒုက္ခသည်တွေကိုကူညီဖို့တားမြစ်ခံနေရ
- KIA နယ်မြေထဲကဒုက္ခသည်တွေကိုကူညီဖို့တားမြစ်ခံနေရ
- ရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်အား ပြန်လည်သုံးသပ်ပေးရန် ရှစ်လေးလုံးပါတီတင်ပြ
- ဧရာဝတီတိုင်း အမဲလိုင်စင်နဲ့လယ်သမားကြီးများ၏ဒုက္ခ
- ဖိနပ်ကြားကနတ်စကား(သို့) န.အ.ဖ ပြောတဲ့အမျိုးသားရေး
- သွေးနှောဝတ်စုံ
- နိုင်ငံတော်၏အချုပ်အခြာအာဏာဆုံးရှုံးသွားနိုင်
- မောင်တောဒေသနှင့်ပတ်သက်သောသတင်းအမှား
- ဗမာပြည်နယ်ဖွဲ့စည်းရေးမှာ ဘာတွေအခက်အခဲရှိနေသလဲ
- ယနေ့နိုင်ငံ့ထိပ်သီးခေါင်းဆောင်များအရေးပေါ်အစည်းအဝေးပြုလုပ်မည်
- ဒုက္ခသည်စခန်းမှလုပ်အားပေးဆရာမတစ်ဦး ရခိုင်မှရန်ကုန်သို့လာစဉ် အဖမ်းခံရပြီးထောင်(၁)နှစ်ကျ
- မလှဖြူအတွက် တရားမျှတမှုရှာဖွေခြင်း(သွေး-စစ်ကိုင်း)
- ရန်ကုန်
- ခရစ္စတီးကျွန်းတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
- မီလျှံနာစိုးသိန်းနှင့် စောင့်လေမျိုးနွယ်
- တောင်ကုတ်အကြမ်းဖက်မှု အဓိကတရားခံများလွတ်မြောက်နေဆဲ
- လဝက ဝန်ကြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားခံရ
- မြန်မာလူမျိုးအများစု လာကြောင့်ဆင်းရဲနေကြရသလဲ ? ?
- တိုင်းလုံးကျော်သမီးတော်များ
- ရထားထိုင်ခုံအောင် ပုန်းလိုက်ရတဲ့နန်းတော်ရှေ့ဆရာတင်
- တာမွေအကြမ်းဖက်မှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခဲ့သောအမျိုးသားရေးအစွန်းရောက်အင်အားစုများ၏အကြောင်း(၁)
- ကျုပ်တို့ပြည်သူလူထုမှ ပြင်းပြင်းထန်ထန်တောင်းဆိုပါတယ်(ခရီးသည်)
- တာမွေစစ်ရပ်ဆန္ဒပြပွဲတွင်သတင်းသမားများအား ပစ်မှတ်ထားခြိမ်းချောက်တိုက်ခိုက်ခံရမှုအပေါ် အရေးပေါ်ကြေညာချက်ထုတ်ပြန်
- အင်တာနက် settings များ
- ဗြိတိန်နိုင်ငံကမူကြမ်းရေးဆွဲထားသော မြန်မာကြေညာချက်အားလုံခြုံရေးကောင်စီအဖွဲ့ဝင်(၁၅)နိုင်ငံစလုံးကခြွင်းချက်မရှိလက်ခံလိုက်ပြီ
- သမ္မတအောက်မှာ ကာချုပ်ရှိသလား(သီဟသွေး)
- ICC တရားစွဲဆိုမှုမှာ ဒေါ်စုဟာပစ်မှတ်ဖြစ်လာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေအဆိုပြု
- ရိုဟင်ဂျာတွေဟာ(၁၈)ရာစုကတည်းက ရခိုင်ပြည်နယ်မှာရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်ဝန်ခံပြောကြား
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ၊ သမီးတို့ နှင့် လဝက ဝန်ကြီး ဦးသိန်းဆွေ၏ သား Social Media တွင် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွား
- " လပွတ္တာမှလူသားမဆန်သောထိတ်လန့်စရာနှိပ်စက်မှုကြီး "
- ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦးထွန်းထွန်းဟိန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌဖြစ်လာ
- ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအကြောင်း စာအုပ်ထုတ်ဖို့ နိုင်ငံတော်က ပြင်ဆင်နေတာကို ဆိုင်းငံထားဖို့တောင်းဆို
- မြန်မာ့စီးပွားရေး ပြိုလဲခဲ့လျှင် ရဲရဲကြီးတာဝန်ယူမယ့်သူ ရှာထားပါ - (လက်စောင်းထက်)
- The Voice သတင်းထောက် ကိုတင်လင်းကို တိုက်တဲ့တရားခံကို ရဲကမိပေမယ့် ဖမ်းလို့မရဟုဆို
- ရခိုင်မှာရောက်နေတဲ့ နိုင်ငံတကာ မီဒီယာတွေ ဟိန္ဒူအမျိုးသမီးတွေကို ဗျူးခွင့်ရပြီ ...
- နာမကျန်းဖြစ်သွားသည့်အတွက် သြစတြေးလျတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့်အစီစဉ် ဖျက်သိမ်း
- မန္တလေးတွင် လူစုလူဝေးဖြစ်ပွားရာ ခဲတို့ဖြင့် ပစ်ပေါက်သဖြင့် ရဲက သေနတ်ပစ်ဖောက် လူစုခွဲ
- မန္တလေးကစခဲ့တဲ့ သမီးတော်ရာဇ၀င် (သမီးတော် ရာဇ၀င် - ၁)
- အတိုင်ပင်ခံပုဂ္ဂိုလ်ကို တရားစွဲဆိုရန်ကြိုးစားသည့်ရှေ့နေများ၏ အဆိုပြုချက်ကို သြစတြေးလျရှေ့နေချုပ် ပယ်ချ
- ဦးဝင်းထိန်ကို နုတ်ထွက်စေသည့် အကြောင်းတရားများ
- ဘယ်တော့မှ ပြန်မလာစေနဲ့
- "ကြည်လင်းကိုပုံချပြီး လွတ်မြောက်ရေးလမ်းကြောင်းကို ကြိုးစားလာတာ တွေ့ရ"
- "NLD အစိုးရ၏ ဒီမိုကရေစီ ဗိုလ်ကျမှု ခံနေရကြောင်း ကြံ့ခိုင်ရေး ပြော
- ရခိုင်မြောက်ပိုင်းဖြစ်စဉ် အရေးယူ
- ရခိုင်မြောက်ပိုင်းမှာ တိုက်ခိုက်သူ ၃၀၀ နီးပါးကို အစုလိုက် ပြစ်ဒဏ်ချ
- ရဲမှူး ၊ အင်းစိန်ထောင်ပိုင်နှင့် ထွေအုပ်တို့ အပါ အဝင် ၆ ဦးကို ဦးပါမောက္ခ တုနု့်ပြန်တရားစွဲမည်᠌᠌
- မြန်မာကို အရေးယူဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း
- ဂျီနိုဆိုဒ် အထောက်ထားများကို စုဆောင်းရှာဖွေတော့မည်ဟု ကုလပြော
- မြန်မာ လူငယ်များ ဂျပန်တွင် ပညာသင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် အဖွဲ့ ဆွေးနွေး
- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြောင်းရန် ၁၉၇၆ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးပမ်းခြင်း . . || လှမျိုးထွန်း ||
- NCA ပါ လှုပ်ရှားမှုလမ်းကြောင်းတွေကို တပ်မတော် ကျော်လွန်လှုပ်ရှားနေတယ်လို့ KNU ပြော
- နိုင်ငံခြားရေးဝဘ်ဆိုက်ကအမှားတွေကြည့်ကြပါဦး(ဒေါက်တာရန်မျိုးသိမ်း)
- မြန်မာခေါင်းဆောင်များ ကမ္ဘာ့ရာဇဝတ်တရားရုံးကို ရောက်နိုင်သလား
- ဖားချင်ပေမယ့် အဖားမတော်တဲ့ သမီးတော်ရဲ့လက်ဝဲရံ၊ လက်ယာရံများ
- ဦးကိုနီအားလုပ်ကြံသတ်ဖြတ်မည့်အကြောင်းကို ကြိုတင်သိရှိနေပြီး လုပ်ကြံသည့်အခါဓာတ်ပုံမှတ်တမ်းယူနေသည့်အဖွဲ့တစ်ဖွဲ့ရှိနေ
- သမီးတော်တွေကိုထိရင်မခံတဲ့ဖခမည်းတော်(သမီးတော်ရာဇဝင်-၁၉)
- အပင်ပေါ်ကဆီးသီးကိုမှာစားချင်တဲ့သမီးတော်အတွက် ဆီးပင်တက်ခဲ့ရတဲ့အရာရှိကြီး(သမီးတော်ရာဇဝင်-၁၆)
- ** နံရံတွေမှာ နားတွေ ရှိကြတယ် **
- ပြည်သူ့အစိုးရအတွက်အလွန်စိုးရိမ်မိတယ် ..
- ကားတစ်စီးကို ကျပ် ၄,၀၀၀ နဲ့ လေလံဆွဲခဲ့တဲ့ သမီးတော်(သမီးတော်ရာဇ၀င် - ၁၄)
- တိုင်းရင်းသားတွေ လမ်းဆုံလမ်းခွ ရောက်နေပြီ။
- Holocaust ဆု ဒေါ်အောင်ဆန်းကြည်ထံက ပြန်ရုပ်သိမ်းမှု မြန်မာသံအမတ်ကြီး တုံ့ပြန်
- မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးသူဌေးကြီးကို စားပွဲထိုးခိုင်းတဲ့သမီးတော် (သမီးတော်ရာဇ၀င် - ၁၃)
- အမျိုး ဘာသာ သာသနာ ချစ်သူများ တချိန်က အုပ်ချုပ်ခဲ့စဉ်ကပေါ့ -"မောင်နန်းဝေ( ဗန်းမော်)"
- တိုက်ချင်ချင် မတိုက်ချင်ချင် ကိုယ့်တိုင်းပြည်ဖက်က စစ်တိုက်ရမယ် (ရဲမိုး)
- နဂါးလေးမှ ပြည်ထဲရေး လက်မဲတွေ Data ရှာကြပြီ
- Hot ဖြစ်နေတဲ့ R2P နဲ့ ကျနော့် အမြင် အတွေးဆန္ဒ
- မြန်မာ့မြေကို တစ်လက္မအထိမခံဆိုသူများ အတွက်
- "R2P လာရင် အစိုးရပြုတ်ကျပြီသာမှတ်"
- ဖွဲ့စည်းပုံအသစ်ပြန်လည်ရေးဆွဲရေးကို တပ်မတော်က လက်ခံမည်မဟုတ်ဟုဆို
- တိုင်းပြည်အကျိုးကိုစေတနာမှန်မှန်နဲ့သယ်ပိုးနိုင်ပါစေ(မှူးဇော်အားထောက်ပြချက်)
- ဘာလဲဟဲ့ R 2 P (ရဲထွဋ်)
- မယုံ မရှိနဲ့
- ဆန္ဒပြပွဲတွေ မြန်မာပြည်အနှံ့ဖန်တီးနိုင်တာ မဆန်းပါဘူးဗျာ(ရန်ငြိမ်းသူ)
- မြန်မာပြည် စစ်ဖိနပ်အောက်ရောက်တဲ့နေ့။
- ဆရာဝန်ကို အတွင်းခံဘောင်းဘီလျှော်ခိုင်းတဲ့ သမီးတော်(သမီးတော်ရာဇ၀င်-၁၀)
- ကရင်သတ်ပွဲ (ကရင်လူမျိုးများ မမေ့သင့်သောသမိုင်း)91ခုနှစ် ဘိုကလေးအရေးခင်း ဖြစ်ရပ်မှန်
- မြန်မာတွင် စက်ရုံဆောက်မည့် အစီအစဉ် Samsung ဖျက်သိမ်း
- ဦးဝီရသူကို အရေးယူပေးရန် နှိုးဆော်သည့် ဆရာတော်အားအရေးယူရန်တိုင်ကြားမည်
- စစ်ဖြစ်လာလျှင်-(ရဲမိုး)
- မကြာခင် R2P လာပါတော့မည်
- "နိုးထပါလော့ အောင်ဆန်းစုကြည်"
- ငြိမ်းစုစီဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် Free Expression Myanmar ၏အမြင်သဘောထား
- မြန်မာအစိုးရ နဲ့ စစ်တပ်ကို အရေးယူဖို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ၃ ဦးတောင်းဆို
- "တပ်မတော်ကို ချောင်ပိတ်မိအောင် လုပ်နေတာတွေ ဘာလို့လက်ပိုက်ကြည့်နေသလဲ'' ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း ပြော
- ဦးရွှေမန်းသား အောင်သက်မန်း ဒေါ်လာ ၄-ဘီလီယံ ကျော် (ဒေါ်လာသန်းပေါင်းလေးထောင်ကျော်)ချမ်းသာ
- ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ယနေ့ကျင်းပသည့် The Berlin Conference on Myanmar Genocide ကွန်ဖရင့်ဖိတ်ကြားမှု ပယ်ဖျက်ခံရ
- ဦးကျော်မျိုးရွှေကို မမှန်သက်သေ တင်သွင်းမှုဖြင့် အရေးယူရန် တရားရုံးထံတင်ပြမည်
- စစ်တပ်နောက်ခံ အုပ်ချုပ်ရေးကနေ Decentralization ကို ပိုပီပြင်စေမယ့် မြို့နယ်အုပ်ချုပ်ရေး ဥပဒေသစ်....
- ဦးဝီရသူအား အရေးယူပေးရန်ဆိုသည့်ပွဲ ပြုလုပ်မည့်ကိစ္စ ခြိမ်းခြောက်ခံရဟုဆို
- ဦးဝီရသူကို အရေးယူပေးရေး သံဃာတော်အချို့ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
- မြန်မာတပ်ချုပ်ကို ICC တင်ဖို့ ဗြိတိန်အမတ် ၁၀၀ ကျော် စာရေးတောင်းဆို
- ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အာရဗီစာသင်ကျောင်းများကို ဖျက်သိမ်းရန်နှင့် အစိုးရစာသင်ကျောင်းများဖြင့် အစားထိုးရန် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
- ဦးကိုနီသေမှုသေခင်းနဲ့ အမှုသွားအမှုလာ(၃)မျိုး
- သာသနာတော်ကို အကြည်ညိုပျက်စေတဲ့ ကာယကံမှု၊ ၀စီကံမှု ကျူးလွန်နေကြတဲ့ ရဟန်းသာမဏေအချို့ကို အာဏာစက်နဲ့ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်သံဃနာယကဆရာတော်ကြီးများအား သာသနာရေးဝန်ကြီးလျှောက်ထား
- ဆွမ်းဆန်ထဲက ကြွက်ချေးများ
- တရားရုံးတွင် ဇေယျာဖြိုး ဖြန့်ဝေခဲ့သည့် စာရွက်နှစ်ရွက်မှာ ထောင်မှယူဆောင်လာခြင်း မဟုတ်ဟု ထောင်ပိုင်ကြီးပြောကြား
- လက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များကို ဆေးကုမပေးရန် ညွှန်ကြားစာထုတ်ပြန်မှု စိစစ်နေဟုဆို
- ခြေရာမတိုင်းနဲ့ ခလေး ဆိုတဲ့ post အား ပြန်လည်တုန့်ပြန်ချေပခြင်း
- ဘူးသီးတောင်မောင်တော အကြမ်းဖက် ဖြစ်စဉ်တွေကို လေ့လာတဲ့အခါ
- တွေးစရာတွေပေးနေတဲ့လူသတ်ကောင်များ၊မျိုးချစ်များရဲ့အင်းစိန်ထောင်တွင်းဓာတ်ပုံ
- ဆန္ဒပြကျောင်းသားများရှိရာမန်းရတနာပုံတက္ကသိုလ်ဝန်းရှေ့တွင်ရုတ်ရုတ်သဲသဲဖြစ်ပွား(၂၄.၁.၂၀၁၈)နေ့
- ကမ္ဘာကြီးကိုရင်ဆိုင်နိုင်ဖို့ ကျနော်တို့နှလုံးသားတွေကို အရင်ပြင်နိုင်မှဖြစ်မယ်(သီဟသွေး)
- ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်တိုက်ပွဲသတင်းများ
- ‘ရခိုင်အရေး လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်း စစ်ဆေးရန်လို’ ဟု ဥရောပ ပါလီမန်အဖွဲ့ပြော
- ရခိုင်ပြည်မှ သွယ်ယူထားသော ဂတ်စ်(Gas )ပိုက်လိုင်း တရုတ်ပြည်တွင် ပေါက်ကွဲ| ၈ ဦးသေ| ၃၅ ဦးဒဏ်ရာရ
- ပြည်ထဲရေးကို ပိုင်သော အချုပ်သားများ
- ရခိုင်ကမ်းမြောင် ဘာကြောင့်အရေးကြီးနေသလဲးးးးးးးး?
- The Voice ဂျာနယ်မှအသိပေး ကြေညာခြင်း
- မြန်မာပြည်ရဲ့ ထိပ်တန်းစာရင်းဝင် သူဌေးကြီးဦးတေဇ ဆိုတာ ဒီလိုလူမျိုးပါ
- ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ဘာတွေဆွေးနွေးသွားကြသလဲ
- အကွက်ရိုက်ထားတဲ့ လယ်ယာမြေကို ဝယ်ရင် တရားဝင် ပိုင်ဆိုင်ခွင့်ရပါသလား
- နည်းနည်းလေးနိုင်ရင်ကို အများကြီးအန္တရာယ်ရှိတယ်
- လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင်ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်မိန့်ခွန်း
- နေပြည်တော်ဉတ္တရသီရိမြို့နယ်တွင်ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွား
- မိုင်တဲလ်၏ ပထမဦးဆုံးဖုန်းခေါ်ဆိုခြင်း First Call Announcement အခမ်းအနားကျင်းပ
- ရူးရင်လည်းထမင်းလွတ်ဟင်းလွတ်ရူးလိုက်ပါ(ဉာဏ်လှိုင်-ရန်ငြိမ်းသူ)
- ဦးဝီရသူကိုတောင်းပန်ပါက အမှုကိုရုတ်သိမ်းပေးမည်ဟုကိုကျော်မျိုးရွှေဆို
- စစ်လေယာဉ်နဲ့ဗုံးကြဲပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတည်ဆောက်လို့မရနိုင်ပါ
- နယ်စပ်မှာနေထိုင်သူတွေ ကိုယ့်ရပ်ကိုယ့်ရွာပြန်ကြဖို့ ဒု-ဝန်ကြီးသတိပေး
- ဒေါ်အောင်ဆန်းစုကြည်၏မိုးကုတ်ဟောပြောပွဲမိန့်ခွန်းမှကောက်နှုတ်ချက်
- ချစ်ကြပြီပေါ့ အမျိုးဘာသာ
- ရခိုင်ကိစ္စဒေါ်အောင်ဆန်းစုကြည်ထံ သတင်အမှန်မရောက်ကြောင်း ဘောရစ်ဂျွန်ဆင်ပြောကြား
- အင်းဒင်ရွာသတ်ဖြစ်မှုမှာ တပ်မတော်သားတွေအပါအဝင်(၁၆)ဦးကိုအရေးယူမည်
- လူလုပ်သောဖြစ်ရပ်ဆိုးကြီးမှာ ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူစဉ်အချိန်အတွင်းဖြစ်ပွားခြင်းဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်စွပ်စွဲပြောကြား
- ထမင်းဝအောင်စားထားပါ
- အမေရိကန်ဉပဒေအကျိုးဆောင်လုပ်ငန်းစု ဘာကြောင့်မြန်မာကိုကျောခိုင်းသလဲ
- မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရွာသားများမှရိုဟင်ဂျာနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီးသတ်ဖြတ်ခဲ့
- ကြည်လင်းနှင့်အပေါင်းအပါ(၃)ဦးအား အမြင့်ဆုံးပြစ်ဒါဏ် သေဒါဏ်ချမှတ်နိုင်သည့်ပုဒ်မ-၃၀၂ ဖြင့်စွဲချက်တင်
- သတင်းစာပညာဆိုတာဖော်ထုတ်ဖို့ပါ ဖာထေးဖို့မဟုတ်ပါဘူး
- ရိုက်တာသတင်းဌာနကဖွင့်ချလိုက်တဲ့ မြန်မာနိုင်ငံမှအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီး
- မြန်မာစစ်တပ်အရာရှိတွေကိုပစ်မှတ်ထားအရေးယူတဲ့ဉပဒေ အမေရိကန်လွှတ်တော်အတည်ပြု
- မတွေးရဲစရာအနာဂါတ်ဖြစ်နေပြီလား
- မြုပ်နေတဲ့ဆဲလ်တွေ ယုတ်ကြလေပြီ
- လက်တို့ပြီးတော့ပြောလိုက်ချင်ပါတယ်
- အင်္ဂလန်နိုင်ငံနယူးကာဆယ်မြို့တော်ခန်းမတွင် ထာဝရရေးထွင်းထားသောဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ပြုအမည်ဖယ်ရှားခံရတော့မည်
- အနာဂါတ်မြန်မာပြည်နှင့်ကိုက်ညီသောအခြေခံဉပဒေပေါ်ပေါက်ဖို့ သမ္မတတိုက်တွန်း
- အံ့ဩလွန်းလို့ပါ
- ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဉပဒေပြုပြင်နိုင်ရေးတိုက်တွန်းချက်
- ၂၀၀၈-ပြည်ထံရေးဝန်ကြီးဌာန၏ဖေ့ဘွတ်စာမျက်နှာမှ လူမျိုးရေးထည့်သွင်းဖော်ပြကာသတင်းလွှင့်တင်
- “ထမင်းဝအောင်းစားထား”ဟုဆိုသူများကိုဖမ်းဝရမ်းထုတ်ပြီ
- ၂၀၂၀-မတိုင်မီ ပြည်သူများသတိထားရပေမည်
- ခင်ဗျားတို့သဘောတူမှပြင်ရအောင် ခင်ဗျားတို့ကဘာလဲ ?
- သီလရှင်ကျောင်းမှ ထူးဆန်းသောအီတလီနိုင်ငံလုပ်ပစ္စတို
- အရှေ့တောင်အာရှမှာ အကြမ်းဖက်အန္တရာယ်မြင့်မားလာနေ
- ဆဲချင်ရင်ကျနော့ကိုဆဲပါ
- ဖတ်ကြည့်လေ ဝတ္တုတော့မဟုတ်ဘူး-၁(ဉာဏ်လှိုင်-ရန်ငြိမ်းသူ)
- အကြမ်းဖက်သမား
- စစ်တပ်အင်အားကြီးလေ တိုင်းနိုင်ငံကျဆုံးလေ(ဒေါက်တာလှိုင်မြင့်)
- အမေစုပြတ်ပြတ်သားသားပြောလိုက်ပါပြီ
- ဗုဒ္ဓဘာသာဝင်ဟောင်းတစ်ဦးဖွင့်ချလိုက်တဲ့ ရခိုင်ပြည်နယ်တူတာတူလီရွာကလူသတ်ပွဲ
- မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်းဦးဘိုဘိုမင်းသိုက်လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ချက်
- လူတွေဖမ်းဆီးခံနေရသည်တိမ်ညိုရွာတွင် အိမ်တစ်လုံးနှင့် အိမ်တွဲစားသောက်ဆိုင်ခန်းတစ်ခုမီးရှို့ခံရ
- ဒီစာကိုရေးသင့်မရေးသင့်
- တရားရုံးအပေါ်ဖိအားပေးခြင်းဘစ်လျှူမရှုသင့်
- ဂုဏ်ယူစရာမြန်မာ့တပ်မတော်စစ်ဗိုလ်ကြီးများ
- နိုင်ငံတော်သမ္မတကြီး၊နိုင်ငံတော်အတိုင်ပင်ခံနှင့်တာဝန်ရှိသူများထံ ဆရာရောဘတ်စန်းအောင်စာပို့ပြီ
- အိုးမဲသုပ်ခံလိုက်ရတဲ့လူ့အဖွဲ့အစည်း
- နိုင်ငံ့ခေါင်းဆောင်၊လူထုခေါင်းဆောင်၏နေအိမ်ကို ဓာတ်ဆီပုံးနဲ့ပစ်ပြီးမီးရှို့ခဲ့တဲ့ဝင်းနိုင်တကယ်မရူးပါ
- မြန်မာ့တပ်မတော်၏ ဆင်ဖြူရှင်လို့ခေါ်တဲ့စစ်ရေးလေ့ကျင့်မှု
- တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်၏မှတ်ချက်
- ရုတ်သိမ်းထားရသောဝင်ငွေခွန်ဉပဒေ
- ဘယ်သူ့လက်ချက်လဲ
- ကေကျု့ (ခေါ်) ဦးကိုကိုကြီးရဲ့ကောက်ကြောင်းများ.....
- မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ခြေလှမ်း(လယ်ရီရေဂင်-ဘန်ကောက်ပို့စ်)
- အေပီသတင်းကပြောသလို အစုလိုက်အပြုံလိုက်မြှုပ်နှံထားတာ မတွေ့ရဟုဆို
- အိပ်မက်(ဘကောင်း)
- သမ္မတကြီးပါဝါတွေပြနေပြီ
- တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်
- ဦးကိုနီဘာလဲဆိုတာသိချင်ရင် အင်မတန်ကြည့်သင့်တဲ့ ရုပ်သံမှတ်တမ်းပါ
- ရခိုင်ဂူတာပြင်ကျေးရွာတွင် နောက်ထပ်ရုပ်အလောင်းအများအပြားတွေ့ရှိ
- ဒေါ်အောင်ဆန်းစုကြည်ရရှိထားသော ဗြိတိန်နိုင်ငံ၏ဘရိုက်တန်နှင့် ဟို့ဗ်မြို့တော်ကောင်စီလွတ်မြောက်ရေးဆု ပြန်လည်ရုပ်သိမ်းခံရဖွယ်ရှိ
- ဆော်ဒီအာရေးဗီယားကို ကုလသမ္မဂလူ့အခွင့်အရေးကောင်စီမှ ထုတ်ဖို့ကြိုးပမ်းမည်
- မြန်မာနိုင်ငံအားတစ်ကမ္ဘာလုံးနှင့်ရန်တိုက်ပေးသူမှာ ဒု-သမ္မတဦးမြင့်ဆွေဖြစ်ကြောင်းပေါ်ပေါက်
- ဒီချုပ်ပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်းမူကြမ်း
- ဦးကိုနီလုပ်ကြံခံရမှုသည် ခေတ်သစ်ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံခဲ့ခြင်းဖြစ် ၊ ခေတ်သစ်ဂဠုန်ဦးစောပျောက်နေ
- မြောက်ဦးအုပ်ချုပ်ရေးမှူးကို ရက္ခိုင့်တပ်တော်ကသေဒဏ်ပေးပြီ
- နေရာလွဲပြီးရောက်နေရင်အမှိုက်ပဲ
- လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်းသေဒဏ်ပေးမည့်ဉပဒေပြဌာန်းပေးရန်လက်မှတ်ကောက်ခံခြင်းပြုလုပ်
- ရမည်းသင်းသူဒေါ်တင့်တင့်(သို့)အိန္ဒိယသမ္မတကတော်ဉရှနာရာယန်း
- ဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ပြုသောအားဖြင့် ပန်းတစ်ပွင့်ကျွန်းကို The Lady Island အဖြစ်သတ်မှတ်ရန်စီစဉ်
- ကျနော်တာဝန်အပြည့်အဝယူတယ်(မင်းကိုနိုင်)
- ဒကာကြီးဦးကိုနီ
- မင်းကိုနိုင်၏ငြိမ်းချမ်းရေးသရုပ်ဖော် ဖြော်ဖျေမှုနှင့်ပတ်သက်၍တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏သတင်းထုတ်ပြန်ချက်
- မနက်ဖန်ကျင်းပမယ့် ဆရာဦးကိုနီနဲ့ကိုနေဝင်း တစ်နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် အမှတ်တရစကားသဝဏ်လွှာပေးပို့မည်
- နယူယောက်တိုင်း(မ)ကပြောသောမြန်မာ့တပ်မတော်
- မရွှေရည်ဝင်းသေဆုံးပြီးနောက် မြန်မာအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ဖွဲ့စည်းကာ မုဒိမ်းကောင်များအားသေဒဏ်ပေးရေးလှုပ်ရှားမှုစတင်
- ဒေါ်အောင်ဆန်းစုကြည်အတွက်စိုးရိမ်တဲ့အချက်(၃)ချက်(ဒေါက်တာလွမ်းဆွေ)
- လာခြင်းကောင်းသူဖြစ်ပါစေ(၁/၂/၃)
- ခေါင်းဆောင်ပီသသူ
- ယနေ့အချိန်အထိမြေပေါ်သို့ပြန်မကျသေးသောအုတ်နီခဲ
- တရားလွှတ်တော်ရှေ့နေဦးကိုနီကို ဘယ်သူသတ်ခိုင်းသလဲ ?
- ရခိုင်မြောက်ပိုင်းသိုရွှေ့ပြောင်းလာသူများ ဒုက္ခရောက်နေ
- တစ်ချို့စာအုပ်တွေက နာမည်ကြီးစာရေးဆရာရေးတာဖြစ်ပေမယ့် တကယ့်ဂျင်းတွေ
- ဇေကမ္ဘာကုမ္ပဏီကို ဆောက်လုပ်ရေးဝန်ကြီးဌာန သတိပေးစာထုတ်ထား
- ရတနာပုံတက္ကသိုလ်မှဆန္ဒပြကျောင်းသားများအား နေအိမ်များအရောက်မိဘများထံအပ်နှံခဲ့
- သမ္မတကြီးကျန်းမာနေကောင်းစွာဖြင့်ပြန်လည်ရောက်ရှိ
- ဖိလစ်ပိုင်သမ္မတဒူတာဒေးမှဒေါ်အောင်ဆန်းစုကြည်အား ကုလသမ္မဂသည်အသုံးမဝင်ကြောင်းနှင့်လူ့အခွင့်အရေးသမားများကိုဂရုမစိုက်ရန်ပြောကြားခဲ့
- အတောင်ကျိုးသွားသောပွန်းတစ်ကောင်
- ရခိုင်လူမျိုးသုံးဦးကဘင်္ဂလီလူမျိုး(၃)ဦးအားအခကြေးငွေယူ၍သယ်ဆောင်လာစဉ်ဖမ်းဆီးရမိ(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
- ခြံစည်းရိုးခွထိုင်သူလား အပြောင်းအလဲကိုလိုလားသူလား(သရဝဏ်-ပြည်)
- Bill Richardson နှုတ်ထွက်မှုအပေါ် အမေရိကန်နိုင်ငံခြားရေးဌာနနှင့် တို့မှတုန့်ပြန်
- သေဒဏ်ပေးတဲ့ဉပဒေပြဌာန်းရန်အချိန်တန်ပါပြီ
- ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအကောင်အထည်ဖော်ရေးအဖွဲ့မှဘီလ်ရစ်ချတ်ဆင်အား တာဝန်မှထုတ်ပယ်
- အမေရိကန်ဝါရင့်အုပ်ချုပ်ရေးမှူး ဘီလ်ရစ်ချတ်ဆင်၏ထုတ်ပြန်ကြေငြာချက်အပြည့်အစုံ
- ဖက်ဒရယ်ဆိုသည်မှာအဘယ်နည်း
- ဆန္ဒပြနေတဲ့ကျောင်းသားတွေကိုဖမ်းဆီးထိမ်းသိမ်းလိုက်ပြီ
- ရခိုင်အကြံပေးကော်မီတီမှ အမေရိကန်အမတ်ဘီလ်ရစ်ချတ်ဆန်ရုတ်တရက်နှုတ်ထွက်
- ကျောင်းသားတွေ အစာငတ်ခံတိုက်ပွဲဝင်ကြမည်
- 24.1.2018 ည ဆန္ဒပြကျောင်းသားများရှိရာ ရတနာပုံတက္ကသိုလ်ဝန်းရှေ့တွင်ရုတ်ရုတ်သဲသဲဖြစ်ပွား
- တွေးစရာတွေပေးနေတဲ့ လူသတ်ကောင်များနဲ့မျိုးချစ်များရဲ့ အင်းစိန်ထောင်တွင်းဓာတ်ပုံ
- လေချုပ်-ရေချုပ်-ကာချုပ်(တူမောင်ညို)
- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အိန္ဒိယနိုင်ငံသို့သွားရောက်
- ရိုက်တာသတင်းထောက်(၂)ဦးကို ဒုသမ္မတဦးမြင့်ဆွေ၏ခွင့်ပြုချက်ဖြင့်တရားစွဲခဲ့ကြောင်းမြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးထွက်ဆို
- ဘယ်သူ့ကိုမဲပေးမယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်ဖို့ပါ
- ပြစ်မှုကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းအတွက်တာဝန်ရှိမှုကိုရှာဖွေခြင်း
- ပြည်တွင်းစစ် နှစ်ပေါင်း(၇၀)..
- ပြည်ထဲရေးဝန်ကြီးဌာနကို သတင်းသမားကာကွယ်ရေးကော်မီတီသတရားစွဲမည်
- အချက်အလက်ရှာဖွေရေးအဖွဲ့များအား ရခိုင်သို့သွားခွင့်ပေးရန် အီးယူတောင်းဆို
- သေင်္ဘာတစ်စင်းကိုနစ်မြုပ်စေသောအရာ(ထင်လင်းဦး)
- မြန်မာ့တပ်မတော်၏စွမ်းဆောင်ချက်များ
- လူသားကျိန်စာ
- အင်းဒင်ရွာလူသတ်ပွဲစစ်တပ်ဝန်ခံချက် အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်
- တစ်တိုင်းပြည်လုံးကိုမီးလောင်တိုက်ထပ်သွင်းအုံးမယ့်စစ်တပ်
- မနေ့ကတရားရုံးမှာ ဝရုန်းသုန်းကားဖြစ်ခဲ့
- ပြည်ထောင်စုဝန်ကြီး(၅)ဦးခန့် အပြောင်းအလဲပြုလုပ်ဖွယ်ရှိ
- အသရေဖျက်စော်ကားမှုအတွက်သတိပေးခြင်း
- ငါတို့မရှိရင်ဘာဖြစ်သွားမယ်ထင်လဲတဲ့
- အင်းဝအပ်ချုပ်ဆိုင်အမှုဖြင့်ပြစ်ဒဏ်ကျခံနေရသူအမျိုးသမီးတစ်ဦး
- တပ်ထောက်ကရဲဘော်တစ်ဦးပေးပို့လာတဲ့သူခိုးကြီးသတင်း
- ဒီစကား တကယ်မမေ့ဘူး
- "ထမင်းဝအောင်စားထား"ဆိုသည့်စကားမှာ ခြိမ်းခြောက်မှုမမြောက်ဟုဆို
- အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏အမှုဖွင့်ခံရသည့်တရားသူကြီး
- အနောက်တံခါးအရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အမေးအဖြေ
- မြန်မာနိုင်ငံအတွင်း ငလျှင်ဒဏ်ခံရနိုင်ဖွယ်ဒေသများ
- မှောင်ထဲကအလံတော်(သရဝဏ်-ပြည်)
- ဒေါက်တာအေးမောင်နှင့်တွေ့ဆုံခြင်း
- သတင်းအတိအကျရပြီ
- ဒေါက်တာအေးမောင်၏ ရသေ့တောင်ဟောပြောချက်
- သိစေချင်လို့
- ဆရာမောင်သော်ကပြောသောပုံပြင်များ
- ဗမာက ဘုံရန်သူတဲ့ဗျာ
- အန်တီသိစေအပ်ပါသည်
- မောင်တောမြို့နယ်၊အင်းဒင်ကျေးရွာသုသာန်၌ အမည်မသိရုပ်အလောင်းများတွေ့ရှိ
- နောက်ကွယ်ဖြစ်ရပ်မှန်များကိုတရားခွင်တွင်ဖွင့်ချမည်ဟု ရိုက်တာသတင်းထောက်များဆို
- ကျမထက်ဖာဆန်တဲ့ ကျမတို့နိုင်ငံတော်
- မောင်တောမြို့နယ်၊အင်းဒင်ကျေးရွာသုသာန် အလောင်းများတွေ့ရှိမှုမှ - -
- မြန်မာနိုင်ငံဗိုလ်ချုပ်များ၏ အံ့ဖွယ်ထူးခြားသောဂုဏ်ရည်(၁၀)ပါး
- တိုင်းဒေသကြီးပြည်နယ်အလိုက် မှတ်ပုံတင်များ၏ရှေ့နံပါတ်များ
- တပ်မတော်နဲ့အစိုးရက ကိုယ်တိုင်လက်မှတ်ထိုး ကတိကဝတ်ပြု
- ကချင်တိုင်းရင်းသားခေါင်းဆောင်ရဲ့စကား ...
- ဒီချုပ်ဦးဝင်းထိန်
- ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်းသတင်းကောက်နှုတ်ချက်များ
- ၂၀၁၇ ပြည်တွင်းသတင်း သုံးသပ်ချက်
- NCA တွင်လက်မှတ်ရေးထိုးနိုင်ရေးတစ်ဆို့နေ
- ဒေါက်တာအေးမောင်နှုတ်ထွက်လျှင် ငွေစာရင်းရှင်းပေးရန်တာဝန်ရှိ
- အာဇာနည်ဗိမာန်(သခင်ကိုယ်တော်မှိုင်း)
- ပိုက်ဆံပဲလိုချင် ၊ အလုပ်မလုပ်ချင်တဲ့တိုင်းပြည်ဖြစ်နေတယ် (ချိုတူးဇော်)
- ဝင်ငွေထက်ပိုချမ်းသာနေသည့်အစိုးရဝန်ထမ်းများကိုတိုင်ကြားနိုင်ပြီ
- မြန်မာ့စီးပွားရေးတိုးတက်ဖို့ ပြင်သင့်ပြင်ထိုက်သည်ကိုအချိန်မီပြင်ခြင်း
- သမ္မတဟောင်းဦးသိန်းစိန် နာယကတာဝန်မှအနားယူရန်တင်ပြထား
- မျှော်လေတိုင်းဝေးနေဦးမှာပါ(မောင်မိုးဦး)
- အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်၍ သိရှိထားသမျှ
- ဝ.ပိုက်ဆံ(သို့) သွေးတိုးစမ်းခြင်း
- မီဒီယာသမားတွေ ဒီသတင်းကိုအတည်ပြုပေးကြပါ
- 2018 ခုနှစ် သတင်းထူး-ဝ.ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဘား ဝ.နိုင်ငံလား
- စစ်ဖက်ရေးရာကျွမ်းကျင်သူ သမိုင်းပညာရှင်အငြိမ်းစားဗိုလ်မှူး
- ပြည်သူ့အစိုးရလက်ထက်မှာ သူရဘွဲ့ရခဲ့သူများ
- “တော်တော်ညံ့တဲ့အာဏာရှင်”(ထင်လင်းဦး-Wisdom Villa)
- ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးခဲ့မှုမှာဝိုင်းဝန်းရိုက်နှက်
- ငြိမ်းချမ်းရေးကိုဘာနဲ့လဲကြဦးမှာလဲ(လှမျိုးထွန်း)
- စစ်အစိုးရ၏ဆိုးမွေကို အစိုးရဖြေရှင်းနေရ
- ဗမာပြည်လွတ်လပ်ရေးနေ့
- လှိုင်သာယာမြို့နယ်တွင် ၂၀၀၈-ခြေဉဖျက်သိမ်းရေးစာရွက်များဖြန့်ဝေခဲ့
- အညွန့်ချိုးခံနေရတဲ့ခေတ်
- ဖြိုးကိုကိုတင့်ဆန်းကို ဒက္ခိဏခရိုင်တရားရုံးမှာပထမဆုံးအကြိမ်ရုံးထုတ်
- ၂၀၀၈-ဖွဲ့စည်းပုံကြိုးစင်
- သာသနာဖျက်ဖို့အတွက်မရှိရင်မဖြစ်တာလား
- သတင်းထောက်(၂)ဦးကို တမင်အကွက်ဆင်ဖမ်းဆီးခဲ့သည
- ဖက်ဒရယ်ဒီမိုကရက်အင်အားစုဖွဲ့စည်း
- တစ်ချိန်ကမြန်မာပြည်မြေပုံ
- ကျောက်ပျဉ်တစ်ချပ်နဲ့ ထမီတစ်ထည်
- ရောက်တတ်ရာရာ-၂၀၁၇(သရဝဏ်-ပြည်)
- တရားရုံးများလက်စွဲ
- "စစ်ဗိုလ်ချုပ်များနဲ့ခရိုနီတစ်စုခိုးစားထားသမျှ"
- နိုင်ငံသားစိစစ်ရေး(ဦးအုန်းမောင်-တရားလွှတ်တော်ရှေ့နေ)
- မရှိရာမှ ရှိအောင်လုပ်ယူခဲ့တဲ့"မုန်းဝန်းဗမာ”
- ဓာတ်ပြားဟောင်းကြီးနဲ့ ဘတ်လဘိုင်နိုင်ငံတော်
- ဦးကိုနီ၏ဈာပနအခမ်းအနား ဒေါ်အောင်ဆန်းစုကြည်မတက်ရောက်နိုင်
- နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်ရ ဆရာချယ်
- "အနောက်ပိုင်းတိုင်စစ်ဌာနချုပ်တိုင်းမှူးဟောင်းဗိုလ်ချုပ်မောင်မောင်စိုး"
- FDA ဝန်ထမ်းအမျိုးသမီး အဓမ္မကျင့်အသတ်ခံခဲ့ရဟုမိသားစုပြော-အမှုကိုစီအိုင်ဒီပါပေါင်း၍စစ်ဆေးနေ
- လွှတ်တော်အတွင်းမေးခွန်းနဲ့အဖြေတွေ တိုင်ပတ်နေတယ်လို့ လွှတ်တော်ဉက္ကဌပြော
- သရုပ်ဆောင်ရဲတိုက် ဒိုင်ယာဇီပင်အလုံး(၄၀)သောက်ခဲ့ခြင်းမရှိကြောင်း ဒါရိုက်တာရီဇော်ပြော
- ပြာပုံထဲကရုန်းရခက်နေဆဲတိုင်းပြည်
- နိုင်ငံတော်သမ္မတကြီး ဆေးစစ်ခံယူရန်စင်္ကာပူသို့ထွက်ခွာ
- မြစ်ကြီးနားတွင် ဘဏ်အနုကြမ်းစီးခံရ
- အဂတိလိုက်စားမှုတိုက်ဖျက်ရေးစာတမ်းဖတ်ကြားဆွေးနွေးပွဲကျင်းပပြီးစီး
- ကြက်အသည်းအမြစ်စားသုံးခြင်း၏ကောင်းကျိုးဆိုးကျိုးများ
- ဦးလေးဖြစ်သူက အသက်(၇)နှစ်နှင့်(၄)နှစ်အရွယ်တူမနှစ်ဦးကိုအဓမ္မပြုကျင့်ခဲ့
- မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့မှန်ကန်စွာဆုံးဖြတ်ဖို့တရုတ်ကုမ္ပဏီပြော
- ဗမာစစ်တပ်ရဲ့ဗိုလ်ချုပ်အဆင့်ရှိသူက ကရင်မတွေကို အကုန်-ိုးသတ်ဟေ့ ဟု တိုက်ပွဲအတွင်းဆက်သွယ္ရေးလိုင်းတွင် အတွင်တွင်ပြောခဲ့တယ်
- မိုးစက်ဝိုင်ရဲ့အတွေ့အကြုံရှင်းလင်းပွဲ
- ရခိုင်အရေး၊ ၉၆၉ နဲ့ ဦးဝီရသူတို့အပေါ်ဒေါ်အောင်ဆန်းစုကြည်၏အမြင်
- အမျိုးသမီးတိုင်းမဖြစ်မနေ ရှာဖွေစစ်ဆေးသင့်သောရောဂါ(၅)မျိုး
- ကျောင်းသားများနှင့်လိင်မှုပြုခဲ့သောဆရာမအား ထောင်ဒဏ်(၅)နှစ်ချ
- မန္တလေးတွင် ယာဉ်နှစ်ထပ်ရပ်ခြင်းကိုဓာတ်ပုံရိုက်ကာဖေ့စ်ဘွတ်မှတဆင့်
- Ooredoo က ပြည်တွင်းတွင် 3G Network ကို (၂)နှစ်အတွင်းအပြီးတပ်ဆင်မည်
- နှစ်(၃၀)ကျော်ကြာပြီဖြစ်သော ရန်ကုန်မြို့ရှိဓာတ်အားလိုင်းကြိုးများလဲမည်
- တရုတ်သန်းကြွယ်သူဌေး ရဟတ်ယာဉ်ပျက်ကျ၍ပျောက်ဆုံးနေ
- အဖြူဆင်းခြင်းနှင့်ပတ်သက်ပြီးသံသယဖြစ်နေသလား
- virus အမျိုးမျိုးသတ်နည်း
- မောင်ကိန်းရွှေဆိုင်အား တစ်ကိုယ်တော်ဓားပြတိုက်သူဖမ်းဆီးရမိ
- ရုပ်ရှင်၊ဗွီဒီယိုဆင်ဆာစနစ်ဖျက်သိမ်းတော့မည်
- မြစ်ဝကျွန်းပေါ်မှဒီရေတောတွေကွယ်ပျောက်တော့မည်
- ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌက မြန်အောင်မြို့နယ်အုပ်ချုပ်ရေး
- အင်တာနက်ဒိုမိန်းအမည်သစ်များစွာပေါ်ထွက်လာ
- အခြေခံဉပဒေကိုမပြင်လျှင် ရွေးကောက်ပွဲကိုသပိတ်မှောက်မည်ဟု SNLD ဆို
- ဆီးဂိမ်းသတင်းဖြန့်ချိရေး ဒေါ်လာ(၆)သန်းကျော်အသုံးပြုခဲ့
- သီတဂူဆရာတော်ဟောကြားတော်မူသော သံဃာ၊တပ်၊အစိုးရ၊ပြည်သူ ညီညွတ်ရေး"သာမဂ္ဂီတရားတော်’’
- "အစိုးရက တာဝန်ယူမှုမရှိသောအခါ”
- မဟုတ်မမှန်ပြောဆိုပြီး ကောလဟလသတင်းတွေနဲ့ရောင်းရပြီးရော
- ၈၈-ခေါင်းဆောင်တွေဆန္ဒပြဖို့ သမ္မတနဲ့လွှတ်တော်သို့စာပေးပို့
- စစ်ရာဇဝတ်မှုမြောက်ကြောင်း ပဏာမခုံရုံးဆုံးဖြတ်
- ဦးလေးတော်စပ်သူအားသေဒဏ်အမိန့်ထုတ်ပြန်ချိန်တွင် ကင်ဂျုံအွန်

