Monday, November 6, 2017

လက်ရှိမြန်မာ့စီးပွားရေးသည်ကျဆင်းသွားခြင်းမဟုတ်

,
လက်ရှိမြန်မာ့စီးပွားရေးသည်ကျဆင်းသွားခြင်းမဟုတ်မျက်နှာဖုံးကွာကျသွားခြင်းသာဖြစ်သည်။
------------------------
လက်ရှိမြန်မာ့စီးပွားရေး၏စအကြောင်းအရင်းများကိုသေချာစွာထွင်းဖောက်ရှုမြင်ရန်ဦးစွာလိုအပ်သည်။

၁၉၆၂ မှ ယနေ့အချိန်အထိမြန်မာနိုင်ငံတွင်စီးပွားရေးအစစ်အမှန်ဆိုသည်မှာမရှိရေးချမရှိခဲ့ချေ။လည်သလိုနပ်သလို
ပေါင်းစား လှည့်စားများသာရှိခဲ့သည်။

၁၉၉၆ မတိုင်မီတစ်ဒေါ်လာ မြန်မာကျပ် ၁၀၀ပိုပိုဈေးနှုန်းဖြစ်နေစဉ်ကဆယ်လူလာဟန်းဖုန်းတလုံးသည်သိန်းငါးဆယ်အထက်တွင် ရှိသည်။ေ ဒ်ါလာနှင့်ပြောလျှင်ဒေါ်လာငါးထောင်နီးပါးရှိခဲ့သည်။

၂၀၀၇ခုနှစ်တွင်ဟွန်ဒါဆူပါကပ်ဆိုင်ကယ်သည်သိန်း၅၀ခန့်ဈေးရှိသည်။၂၀၀၈ခုနှစ်ဝန်းကျင်တွင်ဆူဇူကီးအာပလက်ဖင်တိုကားသည်
သိန်း၆၅၀ကျော်ဈေးပေါက်နေသည်။တကယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

၁၉၉၆တွင် ဒေဝူးတီကိုကားသည်ကျပ် ၃သိန်းခန့်သာရှိရာမှ၁၂နှစ်အကြာ ၂၀၀၈တွင်တီကိုထက် အနည်းငယ်ပိုကျယ်သော
ဆူဇူကီးအာပလက်သည်သိန်း၆၅၀ဖြစ်သွားသည်မှာဝယ်လိုအားကြောင့်လား။
မဟုတ်ပါ။

၁၉၆၂ မတိုင်မီအချိန်အထိအာရှတွင်လက်မထောင်ခဲ့သောမြန်မာ့စီးပွားရေးဇောက်ထိုးကျဆင်းသွားခြင်းသည်လက်နှက်အားကိုး
အာဏာရူးကိုယ်ကျိုးရှာသူခိုးများကြောင့်သာဖြစ်သည်။

မြန်မာ့နယ်စပ်တလျှောက်ရှိအိမ်နီးချင်းနိုင်ငံများမှာတယ်လီဖုန်းဆင်းကဒ်ကိုကျပ်ငါးထောင်လောက်သာရှိနေချိန်မှာမြန်မာပြည်တွင်းမှာ
ဆင်းကဒ်ဈေးသိန်းငါးဆယ်ဖြစ်ခဲ့သည်။

အိမ်နီးချင်းနိုင်ငံများမှလယ်သများတဦးကဟန်းဖုန်းဆင်းကဒ်အတွက်စပါးတတင်းစာသာသာရှိနေချိန်မှာမြန်မာလယ်သမားတယောက်
ဟန်းဖုန်းဆင်းကဒ်တခုကိုစပါးတင်းတထောင်ပုံကြီးပေးခဲ့ရသည်။ထို့ကြောင့် လယ်သမားများ ဆင်းရဲခဲ့သည်မှာအဖြေရှင်းလှသည်။

လယ်သမားများနည်းတူတစ်တိုင်းပြည်လုံးရှိပြည်သူများကျပ်တည်းနေသည်မှာလည်းအဖြေကရှင်းနေသည်။

၂၀၀၅ ၂၀၀၆ ဝန်းကျင်နေပြည်တော်ခေတ် ထစအချိန်ကလူမရှိကားမရှိသောရိုးမတောင်ကြောပေါ်မှကွန်ကရစ်လမ်းများ နေ့ညမဆို
မီးထိန်နေချိန်တွင်မြို့တော်ရန်ကုန် မြို့လည်ကောင်တွင်တစ်ရက်မီးလာချိန် ၂နာရီသာသာပင်ရှိခဲ့သည်။
ထိုစဉ်က ရန်ကုန်မြို့ကြီးသည်မီးစက်မီးခိုးများဖြင့် မွှန်ထူနေလေ၏။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမပြုလုပ်မှီအချိန်နေပြည်တော် သပြေကုန်းရွာရှိပေ ၄၀ ၆၀ မြေတကွက်သည်အောက်ထစ် သိန်းရှစ်ထောင်ဈေးပေါက်ခဲ့သည်။

၂၀၁၂ မတိုင်ခင် ၁၀နှစ်အလို၂၀၀၂ဝန်းကျင်ကအဆိုပါ လူသူအရောက်မရှိသောရိုးမပေါ်က အဆိုပါသပြေကုန်းရွာတွင်
ပေ ၄၀ ၆၀ မြေတကွက်သည်ကျပ်ငွေသောင်းဂဏန်းမျှသာပင်ရှိခဲ့သည်။

၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲအပြီးအိမ်မြေဈေးကစားမှုကနေပြည်တော်မှထွက်ကာရန်ကုန် မန္တလေးမှတဆင့်
တနိုင်ငံလုံးသို့ ပြန့်သွားသည်။

ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီတွင်ရွေးကောက်ပွဲအတုနှင့်တက်လာသောလက်မဲကြီးအမိန့်ရလွှတ်တော်က
၁၉၆၃ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေး ဥပဒေကိုလယ်မြေရောင်းဝယ်နိုင်သော ဥပဒေနှင့်
အစားထိုးခဲ့သည်။
သမိုင်းဆိုးတွင်အောင်အမှားကြီးမှားခဲ့သည်။

နောက်ကွယ်မှ လက်မဲကြီးစေခိုင်းသောအဆိုပါ ဥပဒေ အပြောင်းအလဲသည်ဘိုးဘွားပိုင်လယ်မြေယာမြေများကို
ချောက်ထဲတွန်းချလိုက်သည့်နှယ်ဖြစ်သွားသည်။ပြောင်းလဲလိုက်သောဥပဒေအရနိုင်ငံသားမဟုတ်သူများမြေပိုင် ခြံပိုင်ဖြစ်လာသည်။

ရန်ကုန် မန္တလေး အမြန်လမ်းဘေးကျောက်ဖြူကူမင်း ပိုက်လိုင်းဘေးအစရှိနေရာများမှလယ်မြေ ယာမြေ ပလပ်မြေများသည်
လက်ညှိုးထိုးမလွဲနိုင်ငံခြားသားပိုင်များ ဖြစ်သွားခဲ့သည်။
နိုင်ငံသားမဟုတ်သူတွေကဘယ်ကရတဲ့ပိုက်ဆံနဲ့ဒီလောက်ဝယ်နိုင်တာလဲ။ အဖြေကားရှင်းလှသည်။

အဆိုပါ မြေကွက်ကစားသူနိုင်ငံခြားသားများ၏အဓိကလုပ်ငန်းမှာတစ်လုံး နှစ်လုံး သုံးလုံးလောင်းကစားဒိုင်
ကေတီဗီ မာဆပ် နိုက်ကလပ်ဒေးကလပ် စင်တင် အလုံခန်းဆက်ရှင်တည်းခိုခန်းစသည်တို့အပြင်
ငွေကိုရေလိုဝင်သောလုပ်ငန်းကမူးယစ်ဆေးပြားထုတ်လုပ်ဖြန့်ချိခြင်းမူးယစ်ဆေးပြားရောင်းချခြင်းကြောင့်ပင်ဖြစ်သည်။

မကောင်းမှုလုပ်ငန်းများထိုသို့ရပ်တည်ငွေရှာနိုင်အောင်သူခိုးခြံစောင့်များကသေနတ်ပြကာပြည်သူကိုခြိမ်းခြောက်ခဲ့ကြသည်။

၂၀၁၀ မတိုင်မီကရန်ကုန်မြို့လည်ကောင်ရှိသိန်း ၂၀၀ခန့်ဈေးရှိတိုက်ခန်းသည်၂၀၁၃တွင် သိန်း ၂၀၀၀ဖြစ်သွားသည်။
တောင်ဥက္ကလာ ဒဂုံမြို့သစ်စသည်တို့တွင်လည်း အဆမတန်ဖြစ်သွားသည်။

ထို့ပြင်ပရောဂျက်များထဲမှ တခုဖြစ်သောအမြန်လမ်းကုန်ကျငွေသည်လက်ရှိဒေါ်လာလဲနှုန်းဖြင့်တွက်လျှင်
လမ်းအရှည်တပေကို ကျပ်၈သိန်းဝန်းကျင်အထိစာရင်းပြအခိုးခံခဲ့ရသည်။

မြန်မာနိုင်ငံအဝှမ်းငွေကြေးချမ်းသာနေသူများကို လိုက်မေးပါ။မုသားမပါဝန်ခံကြလျှင်မိရိုးဖလာဖြင့် ချမ်းသာသူများသည်
လက်တဖက်အရေအတွက်ခန့်သာရှိမည်။ ကျန်သူများမှာ ပေါင်းစား ဖားစား လုစားများသာပင်။

၂၀၀၂ နှစ်စတွင်ဒေါ်လာလဲနှုန်း ၁၃၀၀ ကျော်ဘူးသည်။၂၀၀၉ နှစ်လည်တွင်လည်းဒေါ်လာလဲနှုန်း ၁၃၀၀ ကျော်ဘူးသည်။
၂၀၀၉တွင် ကျပ်၁၃၀၀ ဝန်းကျင်ရောက်နေသောဒေါ်လာဈေးက ၂၀၁၁အစတွင်ကျပ် ၈၀၀ သို့ကျဆင်းသွားခြင်းမှာ
ထိုအချိန်က ကုန်ထုတ်စွမ်းအားများရုတ်ချည်းတက်လာပြီးမြန်မာ့စီးပွားရေး ဦးမော့သွားတာလား
ငွေမည်းကိုင်လက်မဲကြီးကမြန်မာငွေတန်ဖိုးတက်အောင်လုပ်လိုက်တာလား။ အဖြေကားရှင်းလှသည်
သဘာဝဓါတ်ငွေ့ရောင်းရငွေဘီလီယံချီသော ဒေါ်လာများကို၆ကျပ်နှုန်းဖြင့် အလဲခံ အခိုးခံလိုက်ရသည်။

ဒေါ်လာသန်းရာချီအောင်ရိုက်ထုတ်ခဲ့သောအဖ်အီးစီငွေစက္ကများသည်လည်းယာယီဆင်းကတ်
တယ်လီဖုန်းပြောခများနှင့်နားလှည့်ပါးရိုက်တဖက်လှည့်ပြန်သိမ်းသွားခဲ့သည်။

၁၉၆၂မှစသောမြန်မာ့စီးပွားရေးကျဆင်းခဲ့ခြင်းသည်မြန်မာပြည်သူတို့၏ သီလ သမာဓိ ပညာ ချို့တဲ့မှုပျက်ကွက်မှုများကြောင့်မဟုတ်။

တွေးစရာတခုရှိသေးသည် ၁၉၈၈ ကပြည်သူ့ဒီမိုကရေစီဖော်ထုတ်မှုကြီးသည်အလယ်အလတ်တန်းစားပညာတတ်လူငယ်များ အားကြောင့်ဖြစ်လာခဲ့သည်ဟုဦးသန်းရွှေမှ တွက်ချက်ခဲ့ပုံရသည်။

ထို့ကြောင့် ၁၉၈၈ နောက်ပိုင်းတွင်ပရဟိတစိတ်ထက်သန်သောပညာတတ်လူငယ် ရှာမှရှားဖြစ်ခဲ့သည်။
တိုက်ဆိုင်စွာဖြစ်ခဲ့ခြင်းမဟုတ်ဦးသန်းရွှေ၏ ဖိနှိပ်ယုတ်မာမှုများပင်ဖြစ်သည်။

တစိမ့်စိမ့်တွေးကြည့်လျှင်တွေ့နိုင်သည်။သူခိုးခြံစောင့်များကမေးလေ့မေးထရှိသောမေးခွန်းရှိသည်။မြန်မာပြည်အတွက်
ဘာလုပ်ပေးပြီးပြီလဲတဲ့။

ပြန်ဖြေပေးလိုက်ကြပါ။အေး ၂၀၁၅ရွေးကောက်ပွဲမှာ မဲပေးပြီး သူခိုးတွေကို မောင်းချပြီးပြီ။

နောက်ရှိသေးသည်မြန်မာ့စီးပွားရေးဦးမော့အောင် မလုပ်သေးဘူးလားတဲ့။

ပြန်ဖြေပေးလိုက်ကြပါ။ သူခိုးတွေခိုးနေတာတွေဦးသူယူ လျှင်သူစားလုနိုင်သူကြီးပွား လုပ်နေတာတွေဒီနေ့ရပ်လိုက်ပါ
မြန်မာ့စီးပွားရေးဒီနေ့ ပြန်ဦးမော့လာပါလိမ့်မည်။#DYM

(မူရင်းရေးသူကို credit ပေးပါသည်။
Via: ကိုအောင်မိုး / WG

ZN.H

https://m.facebook.com/story.php?story_fbid=354041515041356&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လက်ရှိမြန်မာ့စီးပွားရေးသည်ကျဆင်းသွားခြင်းမဟုတ်”

Post a Comment

Related Posts Plugin for WordPress, Blogger...