Thursday, November 2, 2017

သင်္ကန်းခြုံပြီး နိုင်ငံရေးလုပ်နေတဲ့ ဘုန်းကြီး

,
မင်းကွန်းဆရာတော်ကြီးရဲ့  'ငါ့အတွက်ပါ အပိုတစုံယူလာခဲ့'တုန်းက သီတဂူဟာ
ပြည်သူ့ ဘုန်းဘုန်း ဖြစ်ဖူးသလားဘဲ။ ၈၈ ကာလ သူ့ နိုင်ငံရေးဆန်ဆန်
တရားခွေတွေကို ပြန်နားထောင်ရင် ခုထိကြက်သီးထနိုင်လောက်တယ်။
ဒီမိုကရေစီရေးမှာ ထောက်ခံသူ အထိုက်အလျောက်ရှိလာသလို
လူမှုရေးပရဟိတတွေကြောင့် လိုလားနှစ်ခြိုက်သူ ထုနဲ့ ထည်နဲ့ တက်လာတယ်။
တဖန် ဗုဒ္ဓ၀ါဒဖြန့် ချိရေးမှာလည်း အာဝဇ္ဇန်းကောင်းကောင်း မှင်သေသေနဲ့ 
ဟောပြောနိုင်လို့  တကာတကာမတွေရဲ့  ကိုးကွယ်ကြည်ညိုမှု တပြွတ်တပြုံကြီး
ရရှိခဲ့တယ်။ ဒီတော့ သီတဂူ့ နောက်က ပရိသတ်အားကို လူထုချဉ်ဖတ်ဖြစ်တဲ့
စစ်တပ်က မျက်စေ့ကျနေတာ မထူးဆန်းပါ။ ဘာသာရေးအညှာလွယ်တဲ့
ဗမာပြည်မယ် အာဏာနဲ့ ဓနရေးမှာ အရိုးရင့် အံတိုနေတဲ့ စစ်ဗိုလ်ချုပ်တွေဟာ
သီတဂူဘုန်းကြီးကို အစောပိုင်းကတည်းက မွေးထား (၀င်ထား)ဖို့  ဗျူဟာချမှာ
အသေအချာပါ။ ၂၀၁၀ မတိုင်မီ ၁၅ နှစ်အတွင်း စစ်အုပ်စုနဲ့ သီတဂူတို့ 
လူကွယ်ရာမှာ ဘယ်ရွေ့ ဘယ်မျှ ခြေပုန်းခုတ်ခဲ့ကြသလဲ ကာယကံရှင်တွေ
သိပါတယ်။ ဘုန်းကြီးရူးနဲ့ လှေလူး ဗမာစကားပုံလည်း ရှိတယ်။ လက်ခုပ်သံဟာ
နှစ်ဖက်တီးမှ မြည်ပါတယ်။ ဗိုလ်သိန်းစိန်ခေတ်မှာ သီတဂူဟာ သူ'တည်'လာတဲ့
သူဒေါင်းတင်မောင်းတင်ထားတဲ့ (စစ်တပ်အကြိုက်ဝါဒဖြန့် အလုပ်)
ဘာသာခြား (အစ္စလာမ်)မုန်းတီးရေးကို သာသနာရေး အကာအကွယ်ယူပြီး
ပေါ်ပေါ်ထင်ထင် လှုပ်ရှားလာတဲ့ အထောက်အထားတွေ တပုံတပင်တွေ့ ရပါတယ်။
ဥပမာ- နှစ်ရာလောက်ဘဲသေတာ မော်တော်ကားအက်ဆီးဒင့်ဖြစ်သလိုပါ စတဲ့
အပြောမျိုးတွေက ဗုဒ္ဓစိတ်နေစိတ်ထားနဲ့  ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်ပါတယ်။
လူ့ ကျင့်ဝတ်ကို ကန့် လန့် တိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးလိုဘအတွက်
ဘာသာရေးမှိုင်းတိုက်ပြီး ဖြတ်လမ်းလိုက် သိမ်းပိုက်ချင်တဲ့ အာဏာ လက်နက်
လက်ဝယ်ရှိ မသူတော်များဟာ သီတဂူကို ဘေတီးပေးပါတယ်။ ဘုန်းကြီးလည်း
ကွေးနေအောင် အသုံးတော်ခံပါတယ်။ စစ်တပ်လူ သိန်းစိန်ခေတ်မှာ
သီတဂူ့  ကုလားမုန်းစကားတွေကို ရဲရဲတင်းတင်း လူလုံးပြ ထွက်ထောက်ခံသူတွေ
အခုလောက် မများသေးပါ။ လူထုခေါင်းဆောင်ဆိုသူ အောင်ဆန်းစုကြည်နဲ့ 
စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့  ခေါင်းဆောင်ချင်း ရင်ကြားစေ့သွားတဲ့
ဒီကနေ့ မှာ ဗုဒ္ဓအလိုနဲ့  သွေဖီစကားတွေ ပြောနေတာကို ဗြောင်ရှေ့ ထွက်
ထောက်ခံလာသူတွေ ကြောက်ခမန်းလိလိ များလာသလို သီတဂူလည်း
အားကိုးရှိလို့  အဟောအပြောတွေ အတင့်ရဲလွန်းလာပါတယ်။ တိုင်းပြည်အတွက်
အင်မတန်စိုးရိမ်စရာပါ။ ပြည်သူလူထုအနေနဲ့  သီတဂူလိုဘုန်းကြီးကို
သင်္ကန်းခြုံပြီး နိုင်ငံရေးလုပ်နေတဲ့ အစွန်းရောက်သမားတယောက်အဖြစ်
ပြတ်ပြတ်ထင်ထင် ရှုမြင်ကာ ရှောင်ဖယ်ရှုတ်ချရပါမယ်။ သံဃာတော်တွေလည်း
ငရုတ်နဲ့ ပေါင်းလို့ အထောင်းခံရတဲ့ ကြက်သွန်လို အဖြစ်မခံကြဖို့ 
သီတဂူနဲ့  ကင်းကင်းစိမ်းစိမ်း နေသင့်ပါတယ်။ သီတဂူအနေနဲ့ လည်း
နိုင်ငံရေးလုပ်ချင်ရင် လူဝတ်လဲပါလို့ တိုက်တွန်းပါတယ်။ ဒီတခါဖြင့်
၈၈ တုန်းက ထောက်လှန်းရေးတွေရဲ့  လူဝတ်လဲခိုင်းတဲ့ကိစ္စဟာ
မှန်နေပါ့လားလို့ တောင် ခပ်နာနာနဲ့ ကပ်သီးကပ်ဖဲ့ တွေးမိပါတယ်။

https://m.facebook.com/story.php?story_fbid=1611764072215956&id=100001471364923

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သင်္ကန်းခြုံပြီး နိုင်ငံရေးလုပ်နေတဲ့ ဘုန်းကြီး”

Post a Comment

Related Posts Plugin for WordPress, Blogger...