Saturday, November 4, 2017

နိုင်ငံသားအဖြစ်နဲ့ ရိုဟင်ဂျာတွေ အိမ်ပြန်ရမယ်လို့ UNHCR အကြီးကဲပြော

,
စစ်ဆင်ရေးအတွင်း မောင်းထုတ်ခံလိုက်ရတဲ့ သိန်းနဲ့ချီတဲ့ လူနဲစုမွတ်စလင်တွေကို ရခိုင်ပြည်နယ်ပြန်တဲ့အခါမှာ ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်လာခွင့်ပြုဖို့ဆိုရင် မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးရမှာဖြစ်ကြောင်း  UNHCR အကြီးကဲ က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

"ဒီလူတွေကို နိုင်ငံမဲ့အဖြစ် ဆက်ရှိနေလို့ မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ အရင်တုန်းကကြုံခဲ့သလိုမျိုး ဒီလို နိုင်ငံ မဲ့ဖြစ်နေတာကြောင့် ခွဲခြားဆက်ဆံမှုတွေနဲ့ အနိုင်ကျင့်မှုတွေနဲ့ကြုံလာတိုင်း သူတို့မှာ အကာကွယ်မဲ့ ဖြစ်နေရပါတယ်" လို့ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောကြားခဲ့ပါတယ်။

“ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့နဲ့ သူတို့ပြန်နိုင်အောင်အသေအချာဆောင်ရွက်ပေးဖို့ အတွက် အလွန် ရှုပ်ထွေးလှတဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ အချက်ကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါကို ဖြေရှင်းမပေးနိုင်ပဲနဲ့ ဒုက္ခသည်တွေ ပြန်ဖို့ကိစ္စဆိုတာ မသေချာ မရေရာဖြစ်နေပါလိမ့်မယ်။” လို့သူက ကုလလုံခြုံရေးကောင်စီမှာ ထွက်ဆိုချက်အပီးမှာ သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။

"ဒီ တားဆီးပိတ်ပင်ထားတဲ့ အချက်ကို ဖယ်ရှားမပေးဘူးဆိုရင် ပြန်မယ်ဆိုတဲ့ သိသာတဲ့ ဒုက္ခသည်အရေအတွက်ရှိမယ်လို့ ကျနော် မမြင်မိဘူး။"

ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ခွဲခြားဆက်ဆံခြင်းနဲ့ ကြုံနေရပါတယ်။ သူတို့ကို နိုင်ငံသားဖြစ်ခွင့်လည်း ငြင်းဆန်ခံခဲ့ရပြီး "ခိုးဝင်ဘင်္ဂလီတွေ" ဆိုပြီးတော့လည်း မတရားသဖြင့် အပုပ်ချ ခံနေရပါတယ်။ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိမှတ်ပြုဖို့ တစ်ခုတည်းတွင် မကသေးပါဘူး။ မြန်မာအစိုးရအနေနဲ့ နိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး အစီစဉ်တွေကိုလည်း သဘောတူပေးရပါမယ်လို့ ဂရန်ဒီက လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

(မှတ်ချက်။ ဘာသာပြန်ဖော်ပြချက်သည် ထိုပြောဆိုချက်များအား မြန်မာနိုင်ငံသူနိုင်ငံသားများ အတိအကျသိရှိစေရန် ဖော်ပြပေးခြင်းသာဖြစ်ပြီး  ဘာသာပြန်သူ၏ အာဘော်နှင့်သဘောထားမဟုတ်ကြောင်း)

Myanmar Rohingya must return as citizens: UN refugee chief မှ

http://www.dailymail.co.uk/wires/afp/article-5044063/Myanmar-Rohingya-return-citizens-UN-refugee-chief.html

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နိုင်ငံသားအဖြစ်နဲ့ ရိုဟင်ဂျာတွေ အိမ်ပြန်ရမယ်လို့ UNHCR အကြီးကဲပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...