Tuesday, June 18, 2019

ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲတဲ့အပေါ် တရားစွဲဆိုသွားမည်(နိုင်လင်းဦး)

,
၂၀၁၉ ဇွန် ၁၈

ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲတဲ့အပေါ် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း Myanmar Now သတင်းဋ္ဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို တရားစွဲဆိုထားသည့် ကိုကျော်မျိုးရွှေ က ပြောသည် ။

ကိုဆွေဝင်း၏ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင် က အမှုအား ပယ်ချပေးရန် လျှောက်ထားသည့် စာတွင် ဦးဝီရသူသည် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ရာဇဝတ်အထွေထွေအမှုအမှတ် - ၃၉/၂၀၁၉ ဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) အရ စွဲဆိုသည့်အမှုတွင် တရားခံပြေးမဖြစ်ကြော်ငြာခံထားရသူ ဟု ကြေးမုံသတင်းစာပါဖော်ပြချက် နှင့် တွဲ၍ တင်ပြခဲ့သည် ။

``စွပ်စွဲခံရသူ ရှေ့နေကိုယ်တိုင်ရဲ့ လျှောက်လဲတဲ့စာမှာ တရားခံပြေးလို့ ရေးထားတယ်။ အောက်မှာ ဒေါ်ရွက်နုအောင်လို့ လက်မှတ်ထိုးထားတယ် ။ကိုယ်ရေးထားတဲ့ အသုံးအနှုန်းပေါ်မှာ တာဝန်ခံပါ။ ဆရာတော်သည် တရားရုံးကနေ တရားခံပြေးလို့ အမိန့်မချသေးပဲနဲ့ ပြောတဲ့သူမှန်သမျှကျွန်တော်တရားစွဲမယ်။´´ ဟု ကိုကျော်မျိုးရွှေ က ပြောသည် ။

ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲသည့်အပေါ် တရားစွဲဆိုမယ့် ကိစ္စနှင့်ပတ်သက်၍ ဘယ်အချိန်မှာ တရားစွဲဆိုသွားမည်ဆိုသည့်အကြောင်းကို တိကျစွာဖြေရှင်းခြင်းမရှိခဲ့ပေ ။

Myanmar Now သတင်းဋ္ဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် တရားစွဲဆိုထားသည့် အမှုမှ အဓိက တရားလို သက်သေဖြစ်သည့် ဆရာတော် ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု အကြိမ် (၂၀) ကျော်ရှိပြီဖြစ်သော်လည်း လာရောက်ထွက်ဆိုခြင်းမရှိသည့်အတွက် အမှုမှာ ကြံ့ကြာနေသည် ။

အမှုမှာ နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကာ တရားလိုပြသက်သေ (၇) ဦးသာ စစ်ဆေးရသေးပြီး မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အနေမှာ အမှုတွင် သက်သေအဖြစ် မှ ပယ်ပေးရန်တင်ပြထားသည့်အတွက် တရားလိုပြသက်သေ (၃) ဦးစစ်ဆေးရန် ကျန်ရှိနေသေးသည် ။

ဆရာတော်ဦးဝီရသူသည် ရှေ့နေဦးကိုနီ သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ သတ်သည့်သူအား ဘုရားအလောင်းဖြင့် နှိုင်းယှဉ်၍ ကျေးဇူးတင်ကြောင်း ရေးသားခဲ့သည် ။

ထိုသို့ရေးသားခဲ့သည့်အပေါ် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအနေဖြင့် ဦးဝီရသူသည် ပါရာဇိက ကျနေပြီဖြစ်ကြောင်း မန္တလေးမှ ဆရာတော်တစ်ပါး၏ ပြောစကားကို ကိုးကားရေးထားသည့် သတင်းအား ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေခဲ့သည် ။

ထို့အတွက်ကြောင့် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူရဲ့ မိန့်ကြားချက်နဲ့ ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေ က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့ က ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့အမှတ် (၇) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က လေဆိပ်မှာဖမ်းစီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်စေခြင်းဖြစ်သည် ။

.
FIFTH WAVE NEW..


https://m.facebook.com/story.php?story_fbid=111410643465011&id=100037882271305

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲတဲ့အပေါ် တရားစွဲဆိုသွားမည်(နိုင်လင်းဦး)”

Post a Comment

Related Posts Plugin for WordPress, Blogger...