Sunday, July 28, 2019

"ဘာမှမဟုတ်ပါဘူးကွာ" ဆိုသည့်စကား

,
မြန်မာစကားရှိသည်။

"ဘာမှမဟုတ်ပါဘူးကွာ" ဆိုသည့်စကားသည် အလွန်ကြောက်စရာကောင်းသလို၊ အလွန်လည်းအန္တရာယ်များပါ သည်။ အာဏာရှင်သည် ပြည်သူလူထုကို ဘာမှမဟုတ်ပါဘူကွာလို့ ထင်အောင်လုပ်ပြီး သူတို့လုပ်ချင်သောအ လုပ်ကိုလုပ်ကြသည်။ ဤနည်းသည် ဥရောပ သက်ဦးဆံပိုင်ဘုရင်စနစ်တုန်းကတိုင်း ပေါ်ခဲ့သောနည်းဖြစ်သည်။ သို့သော် ဤနည်းကို အခြားပဒေသရာဇ်များက အသုံးပြုခဲ့သလို အာဏာရှင်များလည်းသုံးခဲ့ကြသည်။ အထူးသ ဖြင့်စစ်အာဏာရှင်များက ပို၍သဘောကျပြီးသုံးခဲ့ကြသည်ကိုတွေ့ရသည်။

အထူးသဖြင့်မိမိအာဏာရေရှည်တည်တံ့ခိုင်မြဲရေးအတွက်အသုံးပြုကြသည်။ လမ်းများတွင် ဘုရင့်ပုံများချိန်ဆွဲ ထားပြီး ကြာသော် ဘာမှမဟုတ်ပါဘူးကွာလို့ထင်ပြီး တစ်ခုခုသွားလုပ်လျှင် ပြစ်ဒဏ်သည် ကြီးမားစွာပေးလေ့ရှိ ကြသည်။ နေ့တိုင်းမြင်တွေ့နေရသဖြင့် ဘာမှမဟုတ်ဘူးဟု ထင်သွားခြင်းဖြစ်သည်။

မြို့ရွာသန့်ရှင်းရေး စနေနေ့တိုင်းလုပ်အားပေး ဆိုသည်မှာလည်းထိုနည်းပင်ဖြစ်သည်။ အစပိုင်းတော့ စနေနေ့ တိုင်းလုပ်အားပေးမလိုက်ပါက ဒဏ်တပ်ခြင်း၊ အပြစ်ပေးခြင်းများလုပ်ကြသည်။ နောက်တော့ တဖြည်းဖြည်းခြင်း ဆောင်ရွက်မှုအားနည်းလာသည်မှစ၍ နောက်ဆုံးပျောက်ကွယ်သွားသည်။ နောက်သစ်ဆိမ့်ပင်တွေစိုက်ခိုင်း သည်၊ အစောပိုင်းက အာဏာရှင်များကိုယ်တိုင်ဦးဆောင်စိုက်သည်၊ နောက်ဌာနဆိုင်ရာတွေစိုက်ခိုင်းသည်။ တ ဖြည်းဖြည်းချင်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တာဝန်ယူကြသည်။ နောက်ဆုံးပျောက်ကွယ်သွားသည်။ ပြည် သူကသတ်မှတ်လိုက်သည်။ ဒါဘာမှမဟုတ်ပါဘူးကွာ၊ ကြာတော့ပြည်သူတွေက အာဏာရှင်ဘာလုပ်လုပ် ဘာ မှမဟုတ်ပါဘူးကွာလို့ထင်သွားကြသည်။ အာဏာရှင်ကလည်း ထိုသို့ထင်အောင်တမင်လေ့ကျင့်ပေးထားသည်။

အာဏာရှင်သည် သူတို့တစ်ခုခုလုပ်ရန်အကြံရှိတိုင်း ဘာမှမဟုတ်ပါဘူးကွာဆိုသည့် ဗျူဟာကိုကျင့်သုံးလေ့ရှိ ကြသည်။ မှတ်မိဦးမည်ထင်ပါသည်။ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၂၅ ကျပ်တန်များ သိမ်းမည်ဆိုသည့်သတင်း ပေါက်ကြားသွားတုန်းက လက်ဘက်ရည်ဆိုင်များတွင် ထိုသတင်းအကြောင်းပြောသူများကို ကောလာဟလ သ တင်းဖြန့်ချိသူ၊ တိုင်းပြည်ဆူပူအောင်လုပ်သူအဖြစ် တံဆိပ်ကပ်ပြီးထောင်ချပြလိုက်သည်။ ထိုသတင်းက ဘာမှ မဟုတ်ပါဘူးကွာဆိုပြီး ပြည်သူကြားယုံကြည်မှုဖြစ်လာသည်။ ကိုင်တွယ်သုံးစွဲလာကြသည်။ ထိုအချိန်ကျမှ တ ရားမဝင် ပိုက်ဆံအဖြစ်ကြေငြာလိုက်သည်။ ပြည်သူအားလုံး ဘာမှမဟုတ်ပါဘူးကွာဆိုသည်က တကယ်ဟုတ် သွားတော့ အလူးအလဲခံလိုက်ကြရသည်။

ယခုလည်း ဗုံးထောင်သည့်သတင်းတွေ ကြားနေရသည်။ ပထမသတင်းက ကောလာဟလ ပါဆိုပြီး ကာယကံ ရှင်က လုပ်လိုက်သည်။ နောက်ဗုံးတစ်လုံးထောင်ပြန်ပြီ ဘာမှမဟုတ်ပါဘူးကွာဖြစ်အောင်လုပ်ကြလိမ့်မည်။ ဘာ မှမဟုတ်ပါဘူးကွာလို့ ပြည်သူများ မထင်စေလိုပါ။ ဘာမှမဟုတ်ပါဘူးလို့ ယုံကြည်လာတဲ့အချိန်မှာ တကယ်ဖြစ် တတ်တဲ့ လုပ်ကြံမှုတွေ ရှေ့မှာ သက်သေအဖြစ်ရှိနေသည်မဟုတ်ပါလား။

ယခုအချိန်သည် အခြေဥပဒေပြင်ဆင်ရေးဆိုသည့် အရပ်သားအစိုးရ၊ အရပ်သားပြည်သူများအတွက် အလွန်အ ရေးကြီးသော အချိန်ဖြစ်နေသည်မဟုတ်ပါလား။ အခြေခံဥပဒေပြင်ဆင်ရေးအဆိုတင်သွင်းခဲ့သည့် ဦးအောင် ကြည်ညွန့်တို့၊ ဦးဆောင်ဆွေးနွေးသည့် ဒေါက်တာမြဉာဏစိုးတို့၊ ထောက်ခံဆွေးနွေးမည့် လွှတ်တော်ကိုယ်စား လှယ်တို့ သွားသတိ၊ စားသတိ၊ အဆောင်တွင်လည်း သတိဖြင့် ရှိနေသင့်ပါသည်။ ဦးကိုနီသည် အခြေဥပဒေ ပြင်ဆင်ရေး ဆော်သြခဲ့ခြင်းကြောင့် အသတ်ခံခဲ့ရသည်ဆိုသည်မှာလည်း ငြင်းရခက်သောကိစ္စဖြစ်နေသည်။

လွှတ်တော်တွင် ပြင်ဆင်ရန်(သို့) ပယ်ဖျက်ရန်တင်သွင်းထားသည့်အဆိုများထဲ၌ အခန်း(၁) အခြေခံမူများ၊ ပုဒ်မ ၂၀(စ) တွင် “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံကိုအခြေခံဥပဒေကို #ကာကွယ်စောင့်ရှောက်ရန် တာဝန် ရှိသည်” ဟုဆိုထားသည်။ ဘာမှမ ဟုတ်ပါဘူးကွာလို့ မထင်စေလိုပါ။

အဂ္ဂမဟာပြဿနာ #ဂျောင်းဂျောင်း

ZN.H 🇦🇺

https://m.facebook.com/story.php?story_fbid=730115477418352&id=702443966852170

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"ဘာမှမဟုတ်ပါဘူးကွာ" ဆိုသည့်စကား”

Post a Comment

Related Posts Plugin for WordPress, Blogger...