Sunday, December 15, 2019

တာ့တာတာ့တာ NLD..၂

,
NLDကိုစွန့်​ခွာဖို့​ပြောတာ တစ်​ချို့က ဘာသာ​ရေး
လွတ်​လပ်​ခွင့်မရလို့ထင်​ကြတယ်​။တကယ်​​တော့
မြန်​မာပြည်​ကမွစ်​စလင်​အားလုံး ဘာသာ​ရေး၊
လူမှု​ရေးနဲ့စီးပွား​ရေးဆိုင်​ရာအခွင့်အ​ရေး​တွေအပြင်
နိုင်​ငံ​ရေးဆိုင်​ရာရပိုင်​ခွင့်​တွေအထိ ဆုံးရှုံး​နေ
ကြရတာပါ။အဲလိုဆို မြန်​မာ​တွေက​ရော ရ​နေ
ပါသလား ဆိုပြီး​မေးကြပါလိမ့်မယ်​။ဟုတ်​ကဲ့ပါ
မြန်​မာ​တွေလည်း မွစ်​စလင်​​တွေနဲ့အတူ ကျန်​အ​ရေး
အရာ​တွေမှာအတူတူ ရင်​ဆိုင်​​နေကြရ​စေကာမူ
နိုင်​ငံသားဆိုင်​ရာနဲ့ဘာသာ​ရေး၊နိုင်​ငံ့ဝန်​ထမ်း​နေရာ
တွေမှာ​တော့ မွစ်​စလင်​​တွေခွဲခြားခံ​နေရတာ​လောက်
ဘယ်​လူမျိုးမှမခံစားကြရဘူး။ဒါ​ကြောင့် ဒီissue
ကို​ရေးတာပဲ။ဘာသာ​ရေးဆိုတာ အ​ရေးမကြီးဘူး
မ​ပြောဘူး။ဒါ​ပေမဲ့ ပ၀ါ​ဆောင်း မုတ်​ဆိတ်​ထားရုံနဲ့
ဘာသာ​ရေးရှိပြီလို့ယူဆ​နေတဲ့အဆံ​ချောင်၊
ကိုယ်​ကျင့်တရားမဲ့ လူသား​တွေကို ဘာသာ​ရေး
အ​ကြောင်း​ပြောဖို့ ကျ​နော်​စိတ်​ကူးမရှိပါ။
ဒါ​ကြောင့်ဒီ​နေရာမှာ ဘာသာ​ရေးရပိုင်​ခွင့်ရှု​ထောင့်
က​နေ​ပြော​နေခြင်းအလျဉ်းမဟုတ်​ပါ။

အစိုးရကိုယ်​တိုင်​ ဘာသာလူမျိုးခွဲခြား​နေတာ​တွေ၊အစိုးရကိုယ်​တိုင်​ ဘာသာခြားလူမျိုးခြားတို့ရသင့်
ရထိုက်​တဲ့အခွင့်အ​ရေး​တွေကိုမ​ပေး​နေတာ​တွေ၊အစိုးရကိုယ်​တိုင်​ State Sponsor လုပ်​ပြီး
ဘာသာလူမျိုးခွဲခြား​နေမှု​တွေကို အတိုင်းသား
မြင်​​နေရတာပါ။အဲဒီထဲက အဲဒီစိတ်​ဓာတ်​အနည်း
ဆုံးလို့ လုံးဝမရှိဘူးလို့ ဒီမိုက​ရေစီသမား​တွေလို့
ခင်​ဗျား ကျ​နော်​ ထင်​တဲ့ ယူဆတဲ့ NLDဆိုတဲ့ပါတီ
နဲ့ ၂၂နှစ်​ဖြတ်​သန်းခဲ့ကြတာပါ။တစ်​ရက်​ တစ်​လ
တစ်​နှစ်​နှစ်​နှစ်​မဟုတ်​ဘူး။အခု​တော့ ​မြွေလား
ဖားလားကွဲပြားခဲ့ပြီ။နွားလားကျားလား လယ်​ပြင်
ဆင်​သွားသလိုမဟုတ်​ဘူး ​ဂေါဇီလာ ဒိုင်​နို​ဆော်
သွားသလို ကွဲပြားခဲ့ပြီဖြစ်​တယ်​။နင်းပြားချင်း
အတူတူ မြန်​မာလည်းနင်းပြား ရှမ်းလည်းနင်းပြား
ကရင်​လည်းနင်း ပြား ချင်းလည်းနင်းပြား
မွစ်​စလင်​လည်းနင်းပြား အဲဒီလိုနင်းပြားချင်း
အတူတူ မွစ်​စလင်​ကိုမှ ခိုးဝင်​လိုလို မ​နေ့တစ်​​နေ့
ကမှ မြန်​မာပြည်​ထဲကျူး​ကျော်​၀င်​​ရောက်​လာ
ခဲ့ကြသလိုလို ခွဲ ခြားသုံးသပ်​​ပြောဆိုခံ​နေရတာ
က​တော့ လုံးဝရက်​စက်​တာပဲလို့သတ်​မှတ်​ရမှာပါ။

ကျန်​လူမျိုးစု​တွေက စီးပွား​ရေးနဲ့အ​ခြေခံရပိုင်​ခွင့်
တွေအတွက်​တိုက်​ပွဲဝင်​​နေကြချိန်​မှာ မွစ်​စလင်​က
အ​ခြေခံနိုင်​ငံသားသတ်​မှတ်​ချက်​​တောင်​ မပြည့်
မှီ​သေးသလိုလိုဖြစ်​​နေတာ ​ပေါ့​သေး​သေးမထင်​နဲ့။
အကြီးမားဆုံးခွဲခြားမှုကြီးပဲ။ဘာသာ​ရေးဆိုင်​ရာ
မြန်​မာဗုဒ္ဓကသာတာ အပြစ်​လို့မဆို​သေးဘူး။
မြန်​မာပြည်​သားဗုဒ္ဓဘာသာဝင်​​တွေဟာလူများစု
လည်းဖြစ်​၊​ခေတ်​အဆက်​ဆက်​ဗုဒ္ဓဘာသာတစ်​ခု
တည်းအ​ပေါ် စွဲမြဲယုံကြည်​ပြီး​နေလာခဲ့ကြ တာ
ကြောင့် ဒီ​ကျောင်းကန်​ဘုရား​ပေါများတာ
နားလည်​​ပေးလို့ရတယ်​။တကယ်​စာ​ရေးသူရဲ့ စိတ်​ထား အတိုင်း​ပြောရရင်​ ဘုရား ​ကျောင်းကန်
မြန်​မာပြည်​မှာ​ပေါတာ အပြစ်​မဟုတ်​ဘူး။စေတီ၊ဘုရား၊​ကျောင်းကန်​ဆိုတာ ဘယ်​သူ့ကိုမှ ဒုက္ခ​ပေး
တာမဟုတ်​ဘူး။အကယ်​၍ အဲဒီ​စေတီဘုရား​တွေ
အတိုင်းသာလူထုကျင့်ကြံမယ်​ဆိုရင်​ ဗုဒ္ဓရဲ့ ​အေးမြ
ခြင်း​တွေ အခြား​သောဘာသာလူမျိုး​တွေအ​ပေါ်
မှာပါ ရိုက်​ခတ်​လာပြီး တစ်​တိုင်းပြည်​လုံး​အေးချမ်းသွားနိုင်​စရာအ​ကြောင်းပါရှိ နိုင်​​သေးတာပါ။
ဒါ​ကြောင့် ဗုဒ္ဓဘာသာဆိုင်​ရာဖြစ်​ဖြစ်​ မည်​သည့်ဘာသာ​ရေးဆိုင်​ရာဝန်​​ဆောင်​ပုဂ္ဂိုလ်​ဖြစ်​ဖြစ်​ အထူး
အပြစ်​​ပြော​နေဖို့စိတ်​ကူးမရှိဘူး။

အခုက မွစ်​စလင်​ကခိုးဝင်​။နိုင်​ငံသားမဟုတ်​ သို့မ
ဟုတ်​ စီစစ်​ရမှာမို့ ​စောင့်ဦး။တို့မြန်​မာဗုဒ္ဓ​တွေထဲက
တို့​ခေါင်း​ဆောင်​ကြီး​တွေအရင်​ယူမယ်​။ပြီးရင်​တို့
မြန်​မာလူထု ပြီးရင်​တို့ဗုဒ္ဓဘသာတိုင်းရင်းသား၊
ပြီးရင်​တိုင်းရင်းသားခရစ်​ယာန်​အင်​အားစု​တွေ၊
ပြီး​တော့မင်းတို့နိုင်​ငံသားမွစ်​စလင်​​တွေ ဆိုတဲ့အ​ချိုးမျိုး မုန့်​​ဝေတဲ့တိုင်​ပင်​၊ဒုက္ခသည်ကယ်​ဆယ်​​ရေး
ထမင်းထုတ်​​ဝေတဲ့တိုင်​ပင်​နဲ့ ဒီအချိုးချိုး​နေကြတာ
ပါ။နင်းပြားချင်းအတူတူ လူမျိုး ဘာသာမတူလို့
တစ်​ပြား​လျှော့ယူ​နေရမယ်​ဆိုတဲ့အယူအဆ။
ရမလား။နိုင်​ငံ​ရေးမှာ အားလုံးတန်းတူပဲ။ဘယ်​သူ
မှမသာဘူး။ဘယ်​လူမျိုးမှအသာရစရာအ​ကြောင်း
မရှိဘူး။အစိုးရတာဝန်​ယူပြီး တိုင်းသူပြည်​သား
တွေအ​ပေါ်မှာ တန်းတူဆက်​ဆံဖို့ဆိုတဲ့အ​ခြေခံ
ကိုယ်​ကျင့်တရား​လေး​တော့ရှိသင့်ပါတယ်​။ဒီ
အ​ခြေခံကိုယ်​ကျင့်တရား​လေး​တောင်​ မရှိဘဲ
ကိုယ့်ကိုယ်​ကိုယ်​ သီရီသုဓမ္မာ​ပြောလို​ပြော
မဟာဓမ္မရာဇာ​ပြောလို​ပြောနဲ့ အားလုံး အဓမ္မရာဇာ 
တွေဖြစ်​ကုန်​ကြတဲ့သမိုင်းဟာ ​အေဒီ၁၀၄၄က​နေ 
အေဒီ၂၀၁၈အထိပဲ။

နိုင်​ငံ​တော်​ကိုအခွန်​​ဆောင်​​​တော့ မွစ်​စလင်​ဆိုပြီး 
လျှော့မယူဘူး။ကုလားဆိုပြီးပိုယူတာပဲရှိတယ်​။
နိုင်​ငံသားကဒ်​​ပေးလို့ရလျက်​သားနဲ့ ဥပ​ဒေနဲ့ညီ​နေ
ပါလျက်​ ဟိုအ​ကြောင်းပြ ဒီအ​ကြောင်းပြပြီး 
ငွေ၆​သောင်း၇​သောင်း​လောက်​ အခွန်​​ဆောင်​လိုက်​ရတာ လ၀ကရုံးမှာမွစ်​စလင်​တိုင်းကြုံ ​နေရတဲ့အဖြစ်​ပါ။အခွန်​​ဆောင်​စဉ်​ မွစ်​စလင်​ဆိုလို့ ​လျှော့​ဆောင်
လို့မရသလို အခွင့်အ​ရေးကျ​တော့ ​လျှော့ယူပါ
ဆို​တော့စဉ်းစား​ပေါ့ လူ့စိတ်​ဓာတ်​လားဆိုတာ။
တကယ်​တမ်း၈၂နိုင်​ငံသားဥပ​ဒေနဲ့တိတိကျကျ
စီစစ်​​ရင်​​တောင်​ လက်​ရှိမြန်​မာပြည်​ကမွစ်​စလင်​အားလုံး နိုင်​ငံသားကဒ်​ရကိုရတယ်​။၂၀၁၂ခုနှစ်
တုန်းက ကျ​နော်​ကိုယ်​တိုင်​ နိုင်​ငံသားကဒ်​ဆိုင်​ရာ
ဥပ​ဒေ​ကြောင်းတစ်ခုကိုနားမလည်​လိုက်​လို့ ခံလိုက်
ရ​သေးတယ်​။နောက်​ပိုင်းသ​ဘော​ပေါက်​ချိန်​ကျမှ
ကိုပိန်းလို့ ခံလိုက်​ရတာဆိုပြီး ​​ဖြေလိုက်​ရ​သေးတာ
ပါ။ဒါ​ပေမဲ့တစ်​ခု​တော့​ကောင်းသွားတယ်​။မျိုးရိုးဇယားကိုဆက်​တူးခွင့်ရပြီး နိုင်​ငံသားဆိုင်​ရာမှာ
တန်​ဖိုးမဖြတ်​နိုင်​တဲ့အ​ထောက်​ထားကြီးတစ်​ခု
လက်​၀ယ်​ပိုင်​ဆိုင်​ခွင့်ရသွားတာပဲ။အရှုံးထဲက
အမြတ်​ကြီးထွက်​ခဲ့တာပါပဲ။

လွတ်​လပ်​​ရေး​ခေတ်​တုန်းက ယ​နေ့NLDလိုပဲ
တစ်​တိုင်းပြည်​လုံးက၀ိုင်း​ကောင်းချီး​ပေးတဲ့
ဖဆပလ ဆိုတဲ့ ပါတီကြီးရှိခဲ့ဖူးတယ်​။သခင်
အောင်​ဆန်းကျဆုံးသွားပြီးတဲ့​နောက်​ပါတီကို
သခင်​နုက ဆက်​ထိန်းတယ်​။အဲဒီပါတီ​ခေါင်း​ဆောင်
သခင်​​အောင်​ဆန်း အင်္ဂလန်​ဘက်​ကင်​ဟမ်​နန်းတော်
မှာ​ဆွေး​နွေး​နေတဲ့အချိန်​ သခင်​​အောင်​ဆန်းကို
အမျိုးသားကိုယ်​စားပြု ဖြစ်​​ကြောင်း ပထမဆုံး
ထောက်​ခံခဲ့တာ ဗမက ​ခေါ်တဲ့ ဗမာမွစ်​စလင်
ကွန်​ကရက်​ပါ။အဲဒီ​နောက်​ပင်​လုံမှာလည်း ဗမက​ 
ခေါင်း​ဆောင်​ ဦး​ဖေခင်​ရဲ့ ကြိုးပမ်းချက်​​တွေက
အ​ခြေ​နေကို​ပြောင်းပြန်​လှန်​ပစ်​နိုင်​ခဲ့တဲ့အထိပဲ။
ပင်​လုံဗိသုကာ လို့ မြန်​မာနိုင်​ငံမှာနာမည်​တွင်​တဲ့
အထိ ဦး​ဖေခင်​စွမ်း​ဆောင်​နိုင်​ခဲ့တယ်​။စိတ်​​တော့
မ​ကောင်းဘူး။တိုင်းရင်းသား​တွေအတွက်​ ဦး​ဖေခင်
ဘယ်​​လောက်​ပဲ​စေတနာထားပြီးလုပ်​ခဲ့ဦး​တော့
ယ​နေ့ဖြစ်​စဉ်​အရ ဒီစာ​ရေး​နေတာ တိုင်းရင်းသား
တွေကို မျက်​နှာနာမိတယ်​။သခင်​​အောင်​ဆန်း
ကို​တော့ ​နေ၀င်းလို မလိမ့်တပတ်​ လိမ်​လည်
လှည့်ဖျားတတ်​တဲ့စရိုက်​ရှင်​လို့​တော့ ဘယ်​လိုမှ
မြင်​ကြည့်လို့မရဘူး။သူ့ဘ၀ သူ့သမိုင်းမှာ ဒီလို
လုပ်​ရပ်​မျိုး တစ်​စ တစ်​စ တစ်​စ လုပ်​ခဲ့တဲ့အစဉ်
အလာ​တောင်​မရှိဘူး။သခင်​​အောင်​ဆန်းကို ကာဗာ
ယူပြီး အယုတ်​တမာ​တွေ ဗလာနံ​တွေ ၀င်​ကစွပ်​​တွေက ထင်​ရာလုပ်​ခဲ့ကြတာပါ။ဒီအတွက်​​ပေးဆပ်​လိုက်
ရတာ သခင်​​အောင်​ဆန်းရဲ့ ဖြူစင်​မှု​တွေပါပဲ။

အဲဒီသခင်​​အောင်​ဆန်းမရှိ​တော့တဲ့ပါတီကိုသခင်​နု
ကဦး​ဆောင်​တဲ့အခါမှာလည်းပဲ ဗမက အဖွဲ့ဟာ
သခင်​နုနဲ့ဖဆပလ ဘက်​က​နေမားမားမတ်​မတ်​ရပ်
တည်​ခဲ့တာသမိုင်းအထင်​အရှားရှိခဲ့တယ်​။
.....ဖဆပလရဲ့ မျက်​ခွက်​ ဇီး​စေ့​လောက်​ပဲရှိ​နေချိန်
မှာ မဟာမိတ်​ဆိုလို့ ဗမက ရဲ့ ​ထောက်​ခံမှုသာ
ခိုင်​ခိုင်​မာမာရှိခဲ့တာပါ ဗမက ​ကျေးဇူးကိုအထူး
မှတ်​သားထားပါတယ်​....ဆိုပြီး သခင်​နုကိုယ်​တိုင်​ တိုးတိုးတိတ်​တိတ်​မဟုတ်​ဘဲ ​ပေါ်တင်​ထွက်ဆိုခဲ့ပြီး အဲဒီစကား အဲဒီ​ခေတ်​က နိုင်​ငံပိုင်​သတင်းစမှာပါ
ခဲ့တယ်။

သို့​သော်​ အဲဒီ​လောက်​အကျိုးပြုခဲ့တာ​တောင်
အဲဒီ​လောက်​မားမားမတ်​မတ်​ မိတ်​​ဆွေ​ကောင်း
ပီသစွာသစ္စာရှိရှိနဲ့ မိခင်​ပါတီကြီးအ​ပေါ်မှာ ရပ်​တည်
ခဲ့တာ​တောင် ၁၉၅၈မှာ အဖွဲ့ကြီးကိုဖျက်​သိမ်းဖို့
ဖိအား​ပေးခဲ့တာလည်းသခင်​နုပါပဲ။မွစ်​စလင်​​တွေ
ဖျက်​​ပေးခဲ့ပါတယ်​။ထပ်​ပြီးလည်းဝန်းရံ​ပေးဆဲပဲ။
၁၉၆၀​ရွှေး​ကောက်​ပွဲနိုင်​​တော့ကပ်​ဘိနပ်​မှာ ဦးရရှစ်
ကိုယ်​တိုင်​၀န်​ကြီးတစ်​​နေရာက​နေ နုတင်​အစိုးရကို
အလုပ်​အ​ကျွေးပြု ခဲ့ပါ​သေးတယ်​။နိုင်​ငံ​ရေးမှာ
မလုပ်​သင့်တဲ့ အမှားကြီး နိုင်​ငံ​တော်​ဘာသာပြဋ္ဌာန်း
မှုကြီးကိုလုပ်​​တော့လည်းပဲ ၀န်​ကြီးဦးရရှစ်​ကိုယ်
တိုင်​မွစ်​စလင်​ထုကို ငြိမ်းငြိမ်းစွာကန့်​ကွက်​ဖို့
ဆော်​​သြော်​ခဲ့တယ်​။နောက်​ဆုံး နိုင်​ငံ​တော်​ဘာသာ
အခွင့်အ​ရေး​ကြောင့် ဘာသာခြားဟိန္ဒူ ခရစ်​ယာန်​နဲ့
မွစ်​စလင်​တို့ အသီးသီးရယူပိုင်​ဆိုင်​ခွင့်ရှိတဲ့ အခွင့်
အ​ရေးအနည်းငယ်​(​ကျောင်း​တွေမှာ ဘာသာခြား
စာ​ပေသင်​ကြား​ရေးအစီစဉ်​)​ပြန်​​ပေးတာ​တောင်
သံဃာ​တွေကိုမ​ကျော်​လွှားနိုင်​လို့ ဦးနု​နောက်
ဆုတ်​​ပေးခဲ့ရတယ်​။နောက်​ဆုံး ဗုဒ္ဓဘာသာသည်
သာလျှင်​အစိုးရအား​ပေးတဲ့ဘာသာ သာသနာ
ဖြစ်​သွားပြီး ဘာသာခြား​တွေအရိုးအရင်း​တောင်
မကိုက်​လိုက်​ရပါဘူး။အဲဒီရဲ့ အကျိုးဆက်​ KIA
ပေါ်ထွက်​လာ​တော့တာပါပဲ။

ဗမကနဲ့မွစ်​စလင်​​တွေအစိုးရဘက်​က​ ​နေခဲ့တာ
အခွင့်အ​ရေးလိုချင်​လို့ဆိုပြီး ပရမ်းပတာ မစွပ်​စွဲ
လိုက်​ပါနဲ့။မြန်​မာပြည်​ဆိုင်​ရာ အစ္စလာမ်​မစ်​​တွေရဲ့ 
နှစ်​၁၀၀သက်​တမ်းမ​ပြောနဲ့ နှစ်​၁၀၀၀ သမိုင်းမှာ
လည်းပဲ အခွင့်အ​ရေးယူခဲ့တာမရှိခဲ့ဘူး။

ဒါမွစ်​စလင်​ကို​သောက်​မွှန်းတင်​ချင်​​လို့​ပြော​နေတာ
မဟုတ်​ဘူး။သူတို့Life နဲ့ သူတို့ရှင်​သန်​ခဲ့ပုံ history
ကိုကြည့်ပြီး​ပြော​နေတာ။ဒီမှာ​ပြော​နေတာနိုင်​ငံ​ရေး။
ဘယ်​ဘာသာမှန်​တယ်​ မှားတယ်​ပြော​နေတာမဟုတ်
သလို ဘယ်​လူမျိုး သာတယ်​နာတယ်​​ပြော​နေတာ
လည်းမဟုတ်​ဘူး။ကျ​နော်​ရဲ့ အ​ရေးအသားညံ့ဖျင်း
မှု​ကြောင့်သ​ဘောထားလွဲသွားနိုင်​တယ်​။ကျ​နော်
စာ​ရေးဆရာမဟုတ်​ဘူး။ကျ​နော်​ ​ဒေတာ အားပြု
ပြီးကိုတတ်​သလို​ရေး​နေတာပဲ။ကျန်​တဲ့အရည်
အချင်းကျ​နော့်မှာမရှိဘူး။သူတို့မှာရှိတာအကြိမ်
ကြိမ်​မြန်​မာမင်းနဲ့မြန်​မာအစိုးရအ​ပေါ် ဖင်​ခံခဲ့တာ
ပါပဲ။ဒီ​နေရာသုံးတဲ့ဖင်​ဆိုတာ ရိုင်းစိုင်းလိုတဲ့ရည်​ရွယ်
ချက်​မဟုတ်​ပါ။ဖရုသာဝါစာဘက်​ကို သွားချင်​တာ
မဟုတ်​ဘူး။ခံခဲ့ရပုံကို​ပေါ်လွင်​​စေချင်​လို့ ဂျင်းထည့်ခံ
(ဖင်​ခံခြင်း)ရလို့ ​နည်းနည်းရင့်သီးတယ်​လို့ယူဆ
ရတဲ့ ဥပမာမျိုး​ပေးလိုက်​တာပါ။တကယ်​​တော့
၂၁ရာစုဦးမြန်​မာပြည်​မှာ ဒီ​ဝေါဟာရနဲ့စိမ်းတာ
အိ​နြေ္ဒရှင်​ပါလို့​ပြော​ပြော​နေတဲ့ မိန်းမ​တွေမှာ​တောင်
မကျန်​​တော့တာ​ကြောင့် ​နေဇင်​လတ်​ မင်းရိုင်းတယ်
ကွာလို့​တော့လာမစွပ်​စွဲနဲ့​ပေါ့။မြန်​မာမင်းအဆက်
ဆက်​မှာလည်း သူတို့အသီးသီးပ​ဒေသရာဇ်​ကို
ဘုရားထူပြီးသမိုင်းကိုဖြတ်​သန်းလာခဲ့တာပဲ။

ဗျတ်​၀ိ ဗျတ္တက​နေ ဦးကိုနီအထိ ဒီပုံစံအတိုင်းပဲ။
မြန်​မာပ​ဒေသရာဇ်​၊မြန်​မာအစိုးရအဆက်​ဆက်​အ
အပေါ်မှာ​ရော မြန်​မာလူထုအ​ပေါ်မှာ​ပါ ​ပေးတာယူ
ကျွေးတာစားပြီး​ကျေနပ်​ခါ မှိန်း​နေခဲ့ကြတဲ့
လူတန်းစား​တွေဆိုတာ သမိုင်းအ​ထောက်​ထား
ခိုင်​လုံတယ်​။နေဇင်​လတ်​ မင်းက ပုဂံသမိုင်းကို
ဂျင်းလို့ ​ပြောပြီးပြောပြီး ဗျတ်​၀ိ ဗျတ္တကျ​တော့
ဘာ​ကြောင့်ရှိသ​ယောင်​​ယောင်​​ပြော​နေတာလဲမ​မေး
နဲ့။ရခိုင်​မှာသ​ဘောင်္ပျက်​လို့ မွစ်​စလင်​​တွေ ရခိုင်
ကမ်းရိုးတန်း​ပေါ်​ရောက်​လာခဲ့တဲ့သမိုင်း​ကြောင်း
ဟာ မြန်​မာမှာ​ရော အာရဗ်​သမိုင်းမှာပါ​ခေတ်​ပြိုင်
အ​ထောက်​ထားရှိ​နေလို့ပါပဲ။အိန္ဒိယနိုင်​ငံ နယူး
ဒေလီမှာကျင်းပတဲ့ အာရှသမိုင်းကွန်​ဖရင့်​စ်​မှာ
မြန်​မာမွစ်​စလင်​သမိုင်းပညာရှင်​ ဗိုလ်​မှူးဘရှင်
ကိုယ်​တိုင်​ The Coming of Islam to Burma
Down to 1700 AD ဆိုတဲ့အင်္ဂလိပ်​ဘာသာနဲ့
ရေးသားတဲ့ စာတမ်းကို ဖတ်​ကြားတင်​သွင်းခဲ့
တာ အာရဗ်​​ခေတ်​ပြိုင်​မှတ်​တမ်းနဲ့ ​ကျောက်​စာ
အ​ထောက်​ထား​တွေ ပါခဲ့တာ​ကြောင့်ပဲ။အဲဒီ
ဗိုလ်​မှူးဘရှင်​ရဲ့ စာတမ်းကို မြန်​မာသမိုင်း​ကော်​မရှင်
က စာစဉ်​အမှတ်​၅၃နဲ့တရားဝင်​မှတ်​တမ်းထားခဲ့
တာပါ။ကမ္ဘာ့ သမိုင်းပညာရှင်​​တွေကြားမှာ
ဖတ်​ကြားတင်​သွင်းခဲ့တဲ့စာတမ်းတစ်​​စောင်​ဟာ
ဂျင်းဖြစ်​နိုင်​ပါ့မလား။ပုဂံ​ကျောက်​စာ​တွေမှာ
ပန်​သိဃ်​၊ပသီဆိုတဲ့စာလုံး​တွေကို ​ဒေါက်​တာ
သန်းထွန်းကိုယ်​တိုင်​​ရေးသားထားတာရှိပါ​သေး
တယ်​။အခွင့်သင့်ရင်​ဒီအ​ကြောင်း​ရေးပါဦးမယ်​။
ဗျတ်ဝိ ဗျတ္တ ဆိုတာ မြန်မာရာဇ၀င်ကပြောတဲ့
ဇော်ဂျီဖိုဝင်သားစားပြီး ထူးခြားတဲ့ အစွမ်းရှင်
တွေလို့ရေးနေတာမဟုတ်ဘူး။အဲဒီ Miracles
တွေ သမိုင်းယုတ္တိဗေဒ မှာ အသုံးမ၀င်ဘူး။

ဆို​တော့​ပြော​နေတဲ့အ​ကြောင်းအရာကိုဆက်​ရရင်
မြန်​မာမွစ်​စလင်​​တွေ ဒီ​နေ့အထိ သူတို့နဲ့ထိုက်​တန်
တဲ့နိုင်​ငံ​ရေးအာမခံချက်​ မရ​သေးဘူး။ခွဲခြားခံ​နေ
ရတုန်းပဲ။နင်းပြားချင်းအတူတူ ဘာသာ​ရေး
လူမျိုး​ရေးဆိုဒ်​က​နေ ပါ ထပ်​ပြီး အနာ​ပေါ်အနာ
ဆင့်ခွဲခြားခံ​နေရတယ်​ဆိုတဲ့အချက်​ကို​တော့
အားလုံးသ​ဘောတူ​လောက်​ပြီထင်​ပါတယ်​။
မြန်​မာမွစ်​စလင်​တွေဖဆပလပါတီ၊ကွန်​မြူနစ်​ပါတီ၊အလံနီ၊အလံဖြူ၊ဆိုရှယ်​လစ်​ပါတီ၊ရဲ​ဘော်​ဖြူ၊
ဝါ၊စတဲ့ပါတီစုံက​နေ ကြံ့ခိုင်​​ရေးအလယ်​ NLD
အဆုံးအကုန်​လုံးမှာ မိမိတို့စိတ်​ဆန္ဒနဲ့ ယုံကြည့်တဲ့
အတိုင်းပါဝင်​ခဲ့ကြတာပါ။ဒါဟာ Representative of Muslim Community မဟုတ်​ဘူးလား။
ဒါမဟုတ်​ဘူးဆိုရင်​ မွစ်​စလင်​က​လေး လူကြီး
ရှိသမျှတစ်​​ယောက်မကျန်​အားလုံးဖင်​ခံမှ ဖြစ်​မှာလား။မြန်​မာ​တွေအဲဒီလိုလုပ်​တဲ့​နေ့ မွစ်​စလင်​​တွေ
လည်းလုပ်​ကြပါလိမ့်မယ်​။ဆု​တောင်း​ကြ​ပေါ့။
မြန်​မာမှာခရိုနီရှိတယ်​။ကချင်​၊ချင်း၊ရှမ်းနဲ့ကရင်
ကယားတို့မှာလည်းခရိုနီရှိတယ်​။အလားတူ
မြန်​မာမွစ်​စလင်​မှာလည်းခရိုနီရှိတယ်​။ကျန်
အမျိုးသား​တွေမှာ သူယုတ်​မာရှိသလို မြန်​မာ
မွစ်​စလင်​မှာလည်းသူယုတ်​မာရှိတယ်​။ဒါ
လူ့အဖွဲ့အစည်းတိုင်းမှာ ဘာသာ​ရေးနဲ့ဘာမှမဆိုင်
ဘဲဖြစ်​​ပေါ်တတ်​တဲ့ဓ​လေ့ပါပဲ။

NLD ကိုမဲမပေးတော့ စစ်တပ်ကိုပေးရမလား
မေးကြလိမ့်မယ်။တကယ်တော့ အနီပဲပေးပေး
အစိမ်းပဲပေးပေး ဘာမှမထူးခြားသွားပါဘူး။
အနီခေါင်းဆောင်တောင်ာအစိမ်းတွေအလိုကျ
လိုက်လျှောပေးနေတာ အားလုံးမျက်မြင်ပဲ။
အဲတော့ အစိမ်းပေးလည်း အနီ၊အနီပေးလည်း
အစိမ်းပဲဖြစ်သွားမှာပါ။ဒါကြောင့်ဖြစ်နိုင်ရင်
သူတို့အချင်းချင်း ကိုက် ကြဖို့ ဖန်တီးလိုက်ပါ။
မြန်မာအစိုးရနဲ့မြန်မာအုပ်ချုပ်ရေးသမိုင်းဆိုတာ
ခွေးတွေလိုပဲ မကြာမကြာ ထထကိုက်တဲ့သမိုင်း
ကြောင်းနဲ့လာတာပါ။ကိုက်မယ် မောသွားရင်
ဖင်ယိုးဖင်ခံ ပြန်နေမယ်။ပြီးရင် ပြန်ကိုက်မယ်။
အဲလိုနဲ့ နှစ်၁၀၀၀သမိုင်းကိုဖြတ်သန်းခဲ့ကြတာ
ပါ။

မြန်မာလူထုအတွက် ဘာကောင်းတဲ့အစဉ်အလာ
မှ ချပေးသွားတယ် ဆိုတာ မရှိဘူး။

ဆက်ပြောပါ့မယ်။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=186133062528900&id=100033966230641 NLD..၂

https://m.facebook.com/story.php?story_fbid=186133062528900&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တာ့တာတာ့တာ NLD..၂”

Post a Comment

Related Posts Plugin for WordPress, Blogger...