Thursday, January 9, 2020

စောက်ကျင့်ယုတ်သမျှလူတွေအကုန်သိတယ်

,
ပြည်သူလူထု လုံခြုံရေးအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ
တပ်မတော် ... ဘာလဲ .... ဘယ်လဲ ...

မနေ့က ပြည်ခိုင်ဖြိုးပါတီက ကြေညာချက် တစ်စောင်ထုတ်တယ်။ သူတို့ ကြေညာချက်ရဲ့ အဓိက ဆိုလိုရင်းက ကျောက်မဲက ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ယောက် သေနတ်ပစ်ခံရတာ၊ NLD ပါတီရဲ့ ဘူသီးတောင် ဥက္ကဋ္ဌ AA ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရတာတွေကြောင့် ပြည်သူလူထု လုံခြုံရေးအတွက် လက်နက်ကိုင် သောင်းကျန်းသူတွေ ထကြွနေတာ ရပ်တန့်ဖို့အတွက် အစိုးရမှာ တာဝန်ရှိတယ်တဲ့ ....

ကောင်းပြီ အစိုးရမှာ တာဝန်ရှိတယ်ဆိုတော့ အစိုးရ အနေနဲ့ တိုင်းပြည်လုံခြုံရေးနဲ့ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် ကာကွယ်နိုင်ဖို့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာတွေ အပေါ်မှာ အစိုးရတစ်ရပ်အနေနဲ့ ဘယ်လောက်ဖြည့်ဆည်းပေးခဲ့လဲ လေ့လာကြည့်ရအောင် ...

NLD အစိုးရ စတက်လာကတည်းက အထူးခြားဆုံး လုပ်ဆောင်မှုက စစ်တပ်က တောင်းသမျှ ဘက်ဂျက်ကို ယနေ့အချိန်ထိ တစ်ကျပ်တစ်ပြားတောင် မလျှော့ပဲ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုကိုခံပြီး တောင်းသမျှ ပေးနေခဲ့တာပဲ။ အစိုးရသစ် စတက်လာကစ ၂၀၁၆-၂၀၁၇ ဘက်ဂျက်မှာ တပ်မတော်က ရုရှားထုတ် Yak-130 တိုက်ခိုက်ရေးလေယာဉ် ၆ စင်းကို ဝယ်ယူခဲ့ပြီး ၂၀၁၇ ဒီဇင်ဘာလမှာ တပ်တော်ဝင်ခဲ့တယ်။ ယခု ၂၀၁၉ မှာ နောက်ထပ် Yak-130 တိုက်လေယာဉ် ၆ စင်းကို ရုရှားမှ ထပ်ဝယ်လိုက်တာကြောင့် တပ်မတော်မှာ Yak-130 တိုက်လေယာဉ် ၁၂ စင်း NLD အစိုးရ လက်ထက်မှာ ဝယ်ယူပေးထားခဲ့ပြီ ဖြစ်ပါတယ်။

ရုရှားထုတ် Yak-130 တိုက်ခိုက်ရေးယာဉ် တစ်စင်းစီရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၅ သန်း တန်ကြေးရှိပြီး ၁၂ စင်းအတွက် ဒေါ်လာသန်း ၁၈၀ ဖိုး အစိုးရက ဝယ်ယူထားပေးပြီး ဖြစ်ပါတယ်။ ဒါတင်မက ၂၀၁၈ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ရုရှားနိုင်ငံကို သွားရောက်ပြီး ရုရှားနိုင်ငံထုတ် အကောင်းဆုံး တိုက်လေယာဉ် အမျိုးအစားဖြစ်တဲ့ တစ်စင်းကို ဒေါ်လာ ၃၈ သန်း တန်ကြေးရှိတဲ့ အဆင့်မြင့် ဆူခွိုင်း Sukhoi Su-30SM ဘက်စုံသုံး တိုက်လေယာဉ် ခြောက်စင်းဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ၂၀၄ သန်း တန်ကြေးရှိတဲ့စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒီလေယာဉ်တွေကို ၂၀၁၈ ခုနှစ်မှာကတည်းက ရုရှားနိုင်ငံမှာ တည်ဆောက်နေပြီဖြစ်ပြီး ၂၀၂၀ မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတော့မယ်။ 

ဒါ့အပြင် လေတပ်မတော်ရဲ့ တပ်တော်ဝင်အခမ်းအနားမှာ  တပ်တော်ဝင်ခဲ့တဲ့ Mi-35P ရဟတ်ယာဉ်နှစ်စင်း ပါဝင်ခဲ့ပါတယ်။  Mi-35P တစ်စင်းရဲ့ရောင်းဈေးဟာ အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် တန်ကြေးရှိပြီး နှစ်စင်းအတွက် ဒေါ်လာ သန်း ၇၀ ကုန်ကျခဲ့ပါတယ်။

ဒါတင်မက မြန်မာ့ တပ်မတော်ရဲ့ ရေတပ်မှာ ဘယ်ခေတ်ကမှ အိမ်မက်တောင် မမက်ရဲခဲ့ကြတဲ့ ရေငုတ်သင်္ဘောတစ်စင်းကိုလည်း အိန္ဒိယနိုင်ငံမှ ဒေါ်လာသန်း ၁၀၀ ကျော်နဲ့ ထပ်မံ ဝယ်ယူနိုင်ခဲ့ပါတယ်။ ဒီ့နောက်မှာလည်း ရေတပ်မတော်ရဲ့ သမိုင်းမှာ အကြီးဆုံးဆိုတဲ့ စစ်သင်္ဘော မုတ္တမကိုလည်း NLD အစိုးရ လက်ထက်မှာပဲ ကိုရီးယား နိုင်ငံမှ ထပ်မံဝယ်ယူနိုင်ခဲ့ပါတယ်။

NLD အစိုးရ လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း(BE) (သာမန်၊ ငွေလုံးငွေရင်း)မှာ စုစုပေါင်း ကျပ်  ၂၉၀၅ ဒသ မ ၁၉၅ ဘီလီယံ၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း(BE) မှာ ကျပ် ၃၂၄၈ ဒသမ ၃၆၅ ဘီလီယံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် အသုံးစရိတ် ကျပ်  ၃၃၇၀ ဒသမ ၇၇၈ ဘီလီယံ
တောင်းခံခဲ့ပါတယ်။

တပ်မတော်က နှစ်စဉ် ဘက်ဂျက်ပိုတောင်းပြီး ယခင်ခေတ်တွေက မရခဲ့ဖူးတဲ့ စစ်အသုံးအဆောင် ယာဉ်ယန္တရားတွေ ဝယ်ယူခဲ့တာ ရည်ရွယ်ချက်ရှိပါတယ်။ အကယ်၍ မပေးခဲ့ရင်
တိုင်းပြည် ကာကွယ်ရေး လုံခြုံရေး စတဲ့တာဝန်တွေ အစိုးရက ဘက်ဂျက်ဖြတ်တောက်တဲ့အတွက် တပ်မတော်အနေနဲ့ အားနဲရပါတယ်လို့ လက်ညိုးထိုး ပြစ်တင်နိုင်ဖို့ ဖြစ်ပြီး၊ နောက်တစ်ချက်က တပ်မတော်ကို ဘက်ဂျက်ပိုပေးနေရတဲ့အတွက် အစိုးရရဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ အားနဲသွားစေဖို့ ဖြစ်ပါတယ်။

အစိုးရက တပ်မတော်အတွက် လိုအပ်သမျှ ချပေးနေတာကို အခွင့်ကောင်းယူပြီး တပ်မတော်ကလည်း သန်းရွှေ၊ သိန်းစိန် စတဲ့ ဘယ်ခေတ်မှာမှ မပိုင်ဆိုင်ဘူး မရဘူးသေးတဲ့ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေ၊ နောက်ဆုံး ရေငုတ်သင်္ဘောပါမကျန် နှစ်စဉ် အစိုးရထံက ဘက်ဂျက်ကို ပိုတောင်းကာ ဂျီကျပြီး ပူဆာခဲ့ပါတယ်။ ပူဆာသမျှလည်း ရခဲ့တာချည်းပါပဲ။

 အစိုးရက တိုင်းပြည်ရဲ့ လုံခြုံရေး၊ ကာကွယ်ရေး စတဲ့နေရာတွေမှာ ဘက်ဂျက်မလုံလောက်လို့ မလုပ်နိုင်ဘူးဆိုတဲ့ လက်ညိုးအထိုးမခံရအောင် နှစ်စဉ် တပ်မတော်က တောင်းသမျှဘက်ဂျက်တိုင်း တစ်ကျပ်တစ်ပြားမှ မဖြတ်ပဲ ချပေးခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ စီးပွားရေးက ကျမသွားပဲ နှစ်စဉ် ၇ ရာခိုင်နှုန်း တိုးတက်လာနေခဲ့ပြီး တိုင်းပြည်အတွက် လမ်း၊ တံတား၊ လျှပ်စစ်မီး စတဲ့ တည်ဆောက်ရေးပိုင်းတွေမှာ မလစ်ဟင်အောင် ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒီ့အတွက် ထင်သလို ဖြစ်မလာတဲ့ တပ်မတော်ဘက်က လွှတ်တော်မှာ GDP တက်လာတာ ပျော်မနေပဲ အခြာဂဏ္ဏတွေမှာ နိမ့်ကျနေတာကို တိုးတက်အောင် လုပ်ဦးဆိုပြီး ဘက်ဂျက်တွေ ပိုတောင်းရင်းက သောက်ဖောင်းထုခဲ့ပါသေးတယ်။ အစိုးရအတွက် အပေါစား ကျည်ကာကား ၆ စင်း ဝယ်ယူရာမှာ မဝယ်သင်ဘူးဆိုပြီး ကန့်ကွက်ခဲ့ကြပါသေးတယ်။ ဒါက တပ်မတော်ရဲ့ အစိုးရအပေါ် ထားတဲ့ စိတ်ရင်းစေတနာ အမှန်ပါပဲ။

တပ်မတော်အနေနဲ့ ဘယ်လောက်ပဲ အစိုးရအပေါ် စေတနာမဲ့ပြီး မကောင်းကြံခဲ့သည်ဖြစ်စေ အစိုးရဘက်က တိုင်းပြည်နဲ့ ပြည်သူလူထု လုံခြုံရေး ကာကွယ်ရေးအတွက် တပ်မတော်ရဲ့ တောင်းဆိုမှု မှန်သမျှကို မငြီးမငြူ ဖြည့်ဆည်းပေးခဲ့တာ အစိုးရ တာဝန်ယူချိန်မှနေ ယနေ့အထိပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင် ခန့်အပ် အမိန့်ပေး ညွှန်ကြားပိုင်ခွင့် မရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် လက်အောက်က ဌာန သုံးဌာနအပေါ်မှာ အစိုးရ ဘက်က အစိုးရတစ်ရပ်ရဲ့ တာဝန်ကျေခဲ့ပါပြီ။

ဒါပေမဲ့ တပ်မတော်အနေနဲ့ AA အဖွဲ့လေး တစ်ဖွဲ့ကိုတောင် နိုင်အောင်မတိုက်နိုင်ပဲ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ဟာ စိုးရိမ်ရတဲ့ အနေအထား ရောက်နေပါပြီ။ လက်နက်ကောင်းတွေလည်း ဝယ်ယူပေးထားတယ်။ အကြမ်းဖက် သောင်းကြမ်းသူအဖြစ်လည်း အမြစ်ဖြတ်ဖို့ အတိုင်ပင်ခံကိုယ်တိုင်က ညွှန်ကြားခဲ့တယ်လို့ တပ်မတော်ကပဲ ဖွင့်ပြောခဲ့ပြီးပါပြီ။ ဒီ့ထက်ပိုပြီး အစိုးရအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ တွေရဲ့ အန္တရယ်ကနေ ပြည်သူလူထု လုံခြုံရေးအတွက် ဘယ်လိုကာကွယ် စောင့်ရှောက် ပေးရပါဦးမလဲ ...

တိုင်းပြည်ရဲ့ ပြည်သူလူထု အသက်အိုးအိမ် လုံခြုံမှု မရှိဘူးလို့ ပြည်ခိုင်ဖြိုးပါတီက ကြေညာချက် ထုတ်နေချိန်မှာတော့ တပ်မတော်ရဲ့ အဓိပတိ ကာကွယ်ရေးဦးစီးချုပ်တစ်ယောက် ခရစ်ယာန် ချက်ကျောင်းမှာ ခရစ္စမတ်ပွဲ ဆင်နွှဲနေပြီး၊ သီတဂူကို သိန်း ၇၀၀ လှူကာ ဘာသာ သာသနာ အဓွတ့်ရှည်မှ တိုင်းပြည်တည်တံခိုင်မြဲမယ်လို့ မိန့်ခွန်းတွေ ချွေကာ မြစ်ကြီးနား သင်္ဘောကြီးပေါ်မှာ ကြင်ယာတော်ကို တင်ပြီး ပျားရည်ဆမ်းခရီး ထွက်နေပါတော့တယ် ....

ZN.H 🇦🇺

https://m.facebook.com/story.php?story_fbid=1032695020400223&id=100009792047968

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စောက်ကျင့်ယုတ်သမျှလူတွေအကုန်သိတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...