Thursday, January 9, 2020

Nldကို ဘာလို့မထောက်ခံတာလဲ

,
ကျမကို မေးကြတယ်
Nldကို ဘာလို့မထောက်ခံတာလဲ တဲ့
ကျမက ပုံပြင်လေး ပြောပြလိုက်တယ်

ဒရယ်ကလေး တကောင် မြက်စားနေရင်းနဲ့ ပတ္တမြားလေးတလုံးကိုတွေ့တော့
ခြေထောက်ကလေးနဲ့ယက်ပြီး ကန်ထုတ်လိုက်တယ်
ပြီးတော့မြက်ကိုဘဲ ဆက်စားနေသတဲ့

ဒရယ်ကလေးက ပတ္တမြားကိုတွေ့ပေမဲ့
တန်ဖိုးရှိမှန်းမသိတော့ ခြေနဲ့ကန်ထုတ်လိုက်တာပေါ့
အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ အသိဥာဏ်မရှိလို့. တဲ့

ဗုဒ္ဓဘာသာဝင်တွေအတွက်တော့
ဘုရားတရားသံဃာ ဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့
ရတနာလေ
ရတန သုတ်မှာလည်း ပါတယ်မဟုတ်လား

နတ်ပြည် နဂါးပြည် ဂဠုန်ပြည်တို့မှာ တန်ဖိုးဖြတ်လို့
မရတဲ့ရတနာတွေ ရှိပါသော်လည်း
ဘုရား တရားသံဃာ ဆိုတဲ့ရတနာကသာ
အမြတ်ဆုံးဖြစ်ပါတယ်ဆိုပြီးတော့လေ

ဒီတော့ ဘုရား တရား ဆိုတဲ့ရတနာတွေကို
ရတနာမှန်းမသိလို့ နှိမ့်ချစော်ကား တဲ့သူတွေ
ဟာ အသိဥာဏ်မရှိတဲ့ သူတွေ ဘဲမဟုတ်လား

Nld ပါတီ က လူတွေဟာ သံဃာက်ု ကိုးကွယ်ရမှန်း
မသိ
 ဘုရားကိုပူဇော်ရမှန်းမသိတော့
သံဃာရတနာတွေကို လူမျိုးခြား ဘာသာခြားတွေရဲ့
အောက်မှာနေရာချပေးတာဟာ ဒရယ်ကလေးလို
အသိဥာဏ်မရှိလို့ပေါ့နော်

ရတနာကို ရတနာမှန်းမသိတော့ ကန်ကျောက်ပစ်သလို
သံဃာကို အမွန်အမြတ်ထားရမှန်းမသိတော့
ဘာသာခြားတွေရဲ့ခြေရင်းမှာ ဝပ်စင်းခိုင်းတာဟာ
Nld ပါတီဝင်တွေ လူကြီးတွေ အသိဥာဏ် မရှိလို့ပေါ့

အသိဥာဏ်မဲ့တဲ့သူတွေကို ဆရာတင်ရင်
ကျမပါ အသိဥာဏ်မဲ့သူ  ဖြစ်သွားမှာပေါ့

အဲ့ဒီလို အသိဥာဏ်မရှိတဲ့ ပါတီကို
အဲ့ဒီလို အသိဥာဏ်မရှိတဲ့လူတွေကို
ကျမက မထောက်ခံ တာ ဟာ ကျမအမှားလားရှင်

https://m.facebook.com/story.php?story_fbid=192228345042294&id=100027653886673

0 ယောက်မှတ်ချက်ပြုခဲ့သည် to “Nldကို ဘာလို့မထောက်ခံတာလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...