မနေ့က လေယာဉ်ပျက်ကျတဲ့ နာမည်စာရင်း ထွက်လာတော့ ဦးမြဖူး ဆိုတဲ့ နာမည်ကို တော်တော်စိတ်ဝင်စားသွားတယ်။ ဘောက်ချာ ဆုတ်စရာ အကြွေးဟောင်း ကျန်သေးတဲ့သူမို့ နာမည်တူများ ဖြစ်နေမလား စောင့်ကြည့်ရသေးတယ်။
ရွှေဖူး Company ပိုင်ရှင် ဦးမြဖူး ဆိုတော့ အရမ်းအံဩသွားတယ်။ ၂၀၁၃ လောက်က လူမျိုးရေး ပဋိပက္ခအကြီးကြီး ဖြစ်အောင် ဖန်တီးခဲ့တဲ့သူ မြဖူးမှ မြဖူး စစ်စစ်။ ပိုပြီး အံဩတာ စစ်ကောင်စီအဖွဲ့တွေနဲ့ တူတူ ရှိနေတာ။
ဦးမြဖူးဆိုတာ ရွှေတူးတဲ့ လောကမှာ မသိတဲ့သူ မရှိသလောက်ပဲ။ ဘီးလင်းမှာ ရွှေလုပ်ကွက်တွေ လိုချင်ရင် ဦးမြဖူးဆီ ကပ်ရတယ်။ ပြီးတော့ ဦးမြဖူးတဲ့ လက်နက်ကိုင်အဖွဲ့ တစ်ခုရဲ့ ရိက္ခာထောက်လို့လည်း ပြောကြတယ်။ ဘီလင်း ရွှေဆိုက်တွေက စက်ကြီးတွေ ကရိန်းတွေ အစီးရေ ရာချီနဲ့ တူးကြတယ်။ ထွက်တဲ့ရွှေကလည်း ပိဿချိန်နဲ့ထွက်တာ။ ဘီးလင်း မှာ မြဖူးက ဆရာပဲ။
ဘီးလင်းက ရွှေအရမ်းထွက်တယ်။ နိုင်ငံခြားက ပညာရှင်တချို့က ဆူနာမီ မြေလွှာပြတ်ရွေ့ကြောင့် ဘီးလင်း၊ သိမ်ဇရက်ဘက် ရွှေကြောက အနည်ထိုင်ပြီး သွားစုတယ်လို့လည်း ထင်ကြေးပေးကြတယ်။ ဒီလို အရမ်းထွက်တဲ့ ရွှေကြောကို သိန်းစိန်အစိုးရ လက်ထက်မှာ နိုင်ငံခြား Company တွေကို လုပ်ကိုင်ခွင့် ချပေးမယ် ဆိုပြီး အသံထွက်လာတယ်။ အဲ့မှာ ဦးမြဖူးက စောမြင့်လွင်နဲ့ စောနေတိုး ဆိုတဲ့ လူငယ် ၂ ယောက်ကို ရန်ကုန်မှာ ဖောက်ခွဲရေးတွေလုပ်ဖို့ ခိုင်းတယ်။ မငြိမ်မသက် ဆူပူမှုတွေ ဖြစ်အောင်။
၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ Trader Hotel (ရှန်ဂရီလာဟိုတယ်) ကို ဗုံးဖောက်တယ်။ နိုင်ငံခြားသား ၂ ယောက် ထိတယ်။ (ထိတာ ၂ ယောက်လား ၁ ယောက်လား ဇဝေဇဝါတော့ ဖြစ်နေတယ်။)
စောနေတိုးကို ကျတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ Eid နေ့မှာ ရွှေတိဂုံဘုရားကို ဗုံးခွဲခိုင်းတယ်။ အဲ့အချိန် မဘသတွေ အရမ်းအားကောင်းတဲ့အချိန်၊ Conflict တွေဖြစ် အိမ်တွေ မီးရှို့၊ ဖျက်ဆီးခံရ၊ ဝီရသူရဲ့ လုပ်ကြံဇာတ်လမ်း ပေါင်းဆုံနဲ့ ထင်တိုင်းကြဲနေတဲ့အချိန်။ စောနေတိုးက ဗုံးခွဲဖို့ ဘုရားကို ရောက်ခဲ့ပေမယ့် မလုပ်ရဲလို့ မခွဲဘဲ ပြန်လာခဲ့တယ်။ သူ မလုပ်ခဲ့တာ တော်တော်ကျေးဇူးတင်တယ်။ မဟုတ်ရင် သွေးချောင်းဆီးနိုင်တဲ့ Conflict ဖြစ်နေလောက်ပြီ။ အဲ့အချိန် အပေါင်းအသင်း ဘော်ဒါအရင်းတွေ အများစုက ၉၆၉ မဘသတွေ။
ဗုံးခွဲတဲ့ အမှုမှာ ခိုင်းတဲ့သူ ဦးမြဖူးရယ်၊ သူ့ရဲ့ ကားသမားရယ်၊ စောမြင့်လွင်ရဲ့ အဖမ်းခံရတယ်။ စောနေတိုးကတော့ လက်နက်ကိုင် နယ်မြေထဲလိုလို ထိုင်းနယ်စပ်လိုလို ထွက်ပြေးလွတ်မြောက်သွားတယ်။
အမှုဖြစ်ပြီး အမိန့်ချတော့ စောမြင့်လွင်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ၂၅ နှစ် ချတယ်။ ဦးမြဖူး နဲ့ သူ့ကားဆရာ ပြန်လွတ်တယ်။ အတွင်းသတင်းကြားတာက လက်နက်ကိုင် အဖွဲ့အစည်းက ဦးမြဖူးကို ပြန်လွတ်ပေးဖို့ ညှိနှိုင်းတယ်လို့ ကြားတယ်။ သေချာတာက ခိုင်းတဲ့သူ လွတ်စရာ အကြောင်းမှ မရှိတာလေ။
ဦးမြဖူး ခိုင်းခဲ့တဲ့ လူငယ် ၂ ယောက်က KNU ထဲက ဖြစ်တဲ့အတွက် ၂၀၁၃ အောက်တိုဘာ ၂၀ ရက်မှာ ဖဒိုမန်းငြိမ်းမောင်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လာလုပ်တယ်။ အဲ့သတင်းစာရှင်းလင်းပွဲက အမေးအဖြေတွေကို ကြေးမှုံ၊ မြန်မာ့အလင်း သတင်းစာတွေမှာ ဖော်ပြခဲ့တယ်။
အဲ့ပွဲမှာ ဖဒိုမန်းငြိမ်းမောင် ဖြေတာက နိုင်ငံခြား ရင်းနှီးမြုပ်နှံ့မှု မလာအောင် လုပ်တာ မဖြစ်နိုင်ဘူး။ KNU နဲ့လည်း မပတ်သက်ဘူး။ ဘာသာရေး Conflict ဖြစ်အောင် လုပ်တာလို့ မှတ်ချက် ပေးတယ်။ (အောက်ကပုံမှာ ထည့်ထားတယ်။)
အခု ရွှေတိဂုံဘုရား ဗုံးခွဲဖို့ ခိုင်းခဲ့ဖူးတဲ့ သူက စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့အတူ ဘုရားဒကာ၊ အလှူ့ဒကာ အဖြစ် ပြန်တွေ့ရတော့ ဘာပြောရမှန်းတောင် မသိဘူး။ စောနေတိုးသာ ဗုံးခွဲခဲ့ရင် ဆိုတဲ့ အတွေးက အဲ့ဒီကာလ တွေပြီး လန့်ခဲ့ဖူးတယ်။ အဲ့တုန်းက အားလုံး နီးပါး မသဘ ဖြစ်နေတဲ့ အချိန်မို့။ Eleven တို့ The Voice တို့ hate speech ဆန်ဆန် သတင်းတွေ ရေးနေတဲ့ကာလပေါ့။
Credit ...
https://m.facebook.com/story.php?story_fbid=2111712559002179&id=100004903659582


