Thursday, September 23, 2021

အော် မေမေ

,

 "ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များအပေါ် အကြမ်းဖက်သမားများ၏ ကြမ်းတမ်းရက်စက် သည့် တိုက်ခိုက်မှုလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း" နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ည ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။


ကြေညာချက်ထဲမှာ "ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်မှုနှင့် အချိန်ကိုက်၍ တိုက်ခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရာရှိသည်ကို ယခင် ကတည်းက ကြိုတင်မှန်းဆထားသည့်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများအားလည်း ညွှန်ကြားချက်များ ပေးထားခဲ့ပါကြောင်း" ဖော်ပြထားပြီး "အသက်ပေးလှူသွားသည့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း တစ်သားတည်း ရပ်တည်လျက်ရှိကြောင်း" ရေးသားထားပါတယ်။


ဒါ့အပြင် "ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်နေမှုကိစ္စရပ်များအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။  ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့က ပြည်ထောင်စု ဝန်ကြီးများ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ညနေက အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတရုံးကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)နဲ့ ဆက်သွယ်ကာ လိုအပ်တဲ့ လုံခြုံရေးတပ်ဖွဲ့များထပ်မံ ဖြည့်တင်းရေးကိစ္စ၊ ရဟတ်ယာဉ် သုံးစွဲရေးကိစ္စတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 


ရခိုင်ပြည်နယ်ထဲမှာ မနေ့ညကစပြီး အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁၁) ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာန အရာထမ်း (၁) ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ အကြမ်းဖက်သမား (၇၇) ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး၊ (၂) ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။


ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတွေက လုံခြုံရေး စခန်းတွေကို အကြမ်းဖက် လက်နက်ကိုင်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။



https://m.facebook.com/story.php?story_fbid=1549908358380992&id=191574990881009

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အော် မေမေ”

Post a Comment

Related Posts Plugin for WordPress, Blogger...