Friday, October 6, 2017

ပြည်ခိုင်ဖြိုးကို ကြိုးစင်ပေါ်တင်လိုက်သူ (သို့ )အာဏာရှင်ကြီး၏ ဒုတိယခရီးစဉ်စပါပြီ

,
၂ရက်နေ့ထုတ်သံတော်ဆင့်မှာပါခဲ့တဲ့
ဒုတိယဗိုလ်ချု ပ်ကြီးဟောင်း
အမျိုးသားလွှတ်​တော်ဥက္ကဋ္ဌဟောင်း
ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင်
ဦးခင်အောင်မြင့်မှတစ်ဆင့်
စာဖတ်သူကြီး၏ပြောစကားအရ
ပြည်ခိုင်ဖြိုးပါတီဟာ ကြိုးစင်ပေါ်
ရောက်သွားခဲ့ပါပြီ။💥

နောက်ကြောင်းကို
တစ်ချ က်ပြန်ကြည့်ရင်
၂၀၁၅ /သြဂုတ်လ(၁၂ )ရက်
့ည(၁၀)ခွဲ့ခန့် ကပြည်ခိုင်ဖြိုးပါတီတွင်း
သန်းခေါင်ယံအာဏာသိမ်းပွဲကို
ပြန်သွားရပါမယ်။💥

ပါတီဥက္ကဋ္ဌတာဝန်ယူထားသူ
သူရရွှေမန်းနဲ့အတူပါတီအထွေထွေ
အတွင်းရေးမှူးဦးမောင်မောင်သိမ်းတို့ 
ဗဟိုကော်မတီဝင်ကနေဖယ်ရှားခံခဲ့ရပြီး
ရိုးရိုးပါတီဝင်တွေနိုင်ငံရေးဝါစဉ်မရှိ
သူတွေအများအပြားသန်းခေါင်ယံ
အာဏာသိမ်းပွဲအပြီး -ပါတီမှာ
နေရာရလာပါတယ်။💥

ဒီဖြစ်စဉ်ဟာတကယ်လား
တစ်ခန်းရပ်ပြဇာတ်လား
ပြန်ကြည့်ရအောင်ဗျာ။

သူရရွှေမန်းဆိုတာ
စစ်စီနီယာအရသန်းရွှေ၊
မောင်အေးပြီးရင်
တတိယနေရာမှာရပ်တည်
နေသူဖြစ်ပါတယ်။
သိန်းစိန်ထက်စီနီယာကြီးသူ
ဖြစ်သလိုသိန်းစိန်ထက်
တပ်မှာအင်အားအုပ်စု
တောင့်တင်းသူဖြစ်ပါတယ်။
ဝန်ကြီးချု ပ်ဗိုလ်ချု ပ်ကြီး
ဦးသိန်းစိန်ဆိုတာ
ဗိုလ်ချု ပ်ရာထူးနဲ့တပ်မဲ့နေတဲ့
သူတစ်ယောက်ဖြစ်ခဲ့တာ
ကြာပါပြီ။👒

နောက်တစ်ချ က်
၁၉၉၀ ရွေးကောက်ပွဲအပြီး
ဦးသန်း​ရွှေရဲ့ရွှေလိုဥပြီး
ရည်ရွယ်ချ က်ရှိရှိမွေးမြူ
လာခဲ့တဲ့အစိမ်းရောင်ပါတီကြီးဟာ
၂၀၁၂ ကြားဖြတ်လိုမဟုတ်ဘဲ
အစိုးရဖွဲ့နိုင်တဲ့ ၂၀၁၅ လိုခွပ်ဒေါင်းနဲ့
ထိပ်တိုက်တွေ့တဲ့ပွဲမတိုင်ခင်
လေးမှာဦးသန်းရွှေငုတ်တုတ်ကြီးနဲ့
အေးဆေးလှပါတယ်ဆိုတဲ့
လူအေးကြီးဦးသိန်းစိန်က
အမိန့်တစ်စုံတစ်ရာမရဘဲနဲ့
သူရရွှေမန်းတို့ အုပ်စုကို
သန်းခေါင်ယံအာဏာသိမ်းပွဲနဲ့
ဖြု တ်ထုတ်သတ်လုပ်တယ်ဆိုတာ
ဖြစ်နိုင်ပါ့မလား။🎀

သခင်သန်းထွန်းကိုအချ င်းချ င်း
ရိုင်ဖယ်နဲ့ပစ်သတ်ဖူးခဲ့သလို၊
ရေဒီယိုကသတင်းလာမှ
ဦးစောမောင်ဟာသူ့ကို
အာဏာသိမ်းလိုက်တာသိခဲ့ရတယ်။
ဦးနေဝင်းဟာသူ့အိမ်ကို
တပ်နဲ့ဝိုင်းထားမှနေအိမ်အကျ ယ်ချု ပ်
ချ ခံရတာသိသလို
လျှ မ်းလျှ မ်းတောက်ဗိုလ်ခင်ညွန့် ဟာ
လေယာဉ်ကွင်းမှာသေနတ်​နဲ့
အချိန်​ခံရမှအဖမ်းခံရမှန်း
သိခဲ့တယ်။💥

တကယ်တမ်းစစ်ဘက်ကလူတွေ
ကွဲပြဲကြရင်ကျူ ပင်ခုတ်ကျူ ငုတ်
မထားတတ်ပေမယ့်ရွှေမန်းဟာ
ဗဟိုကော်မတီဝင်အဖြစ်
ထုတ်ခံရတာကလွဲလို့ 
ပြည့်သူ့ လွှတ်​တော်ဥက္ကဋ္ဌနဲ့
ပြည်ထောင်စုလွှတ်​တော်​နာယက
ရာထူးတို့ ကနေတစ်လက်မတောင်
မလျော့ခဲ့ပါဘူး။💥

အဲဒီထက်ထူးဆန်းတာက
ယေဘုယျ ခြုံကြည့်ရင်အကွဲအပြဲ
အက်ကြောင်းထင်အပြီးရွှေမန်းဟာ
ခွပ်ဒေါင်းဘက်လှမ်းသွားတဲ့အတွက်
ဦးသန်းရွှေနဲ့ပိုဝေးကွာသွားပြီး
ဦးသိန်းစိန်ဟာအာဏာရှင်ကြီးဘက်က
လူလို့​ပြောနိုင်ပါတယ်။💥

ဒါပေမယ့်ထူးဆန်းတာက
စိန်မျောက်မျောက်လို့ခေါ်ကြတဲ့
ဖိုးလပြည့်ရဲ့ သမိုင်းဝင်မယ့်ညမှာ
စာဖတ်သူကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်
တွေ့ဆုံခဲ့ကြစဉ်က
ကြားခံသံတမန်တော်ကြီးဟာ
ပြည်ခိုင်ဖြိုးကဖြု တ်ထုတ်သတ်ခံ
ခဲ့ရတဲ့သူရရွှေမန်းဖြစ်နေတာ
ထူးဆန်းလှပါတယ်။💥

ထိုအချိန်​က
လက်ရှိအာဏာရသမ္မတကြီး
ဦးသိန်းစိန်ကိုကျော်ပြီး
ဘဇာကြောင့်ပြည်ခိုင်ဖြိုးရဲ့
သ စ္စာ ဖေါက် က
အာဏာအလွှဲအပြောင်းကာလ၊
အရေးအပါဆုံးခွပ်ဒေါင်းနဲ့
အာဏာရှင်ကြီးတွ့ဆုံပွဲ
သမိုင်းဝင်မယ့်ညမှာ
ဇာတ်လိုက်ဖြစ်သွားရတာလဲ။💥

၇ လပိုင်းတုန်းက
ပြည်ခိုင်ဖြိုးလွှတ်​တော်
အမတ်ဟောင်းတွေနဲ့
ပါတီဥက္ကဋ္ဌဆုံတွ့ပွဲမှာ
အချိန်ရသေးတယ်ဆိုပြီး
နေပြည်တော်က သူရရွှေမန်းရဲ့ 
ရုံးခန်းထဲကိုပြည်ခိုင်ဖြိုးအမတ်
ဟောင်းတွေကသူတို့ ဥက္ကဋ္ဌ
ဦးသန်းဌေးကိုမတွေ့သေးခင်
ရွှေမန်းကို ဘာကြောင့်
အရင်ဝင်တွေ့ခဲ့ကြတာလဲ။💥

နိုင်ငံတော်အတိုင်ပင်ခံ
ဆိုတာ တရားမဝင်ဘူးလို့
အစပိုင်းမှာ​အော်နေကြပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ရဲ့
တရုတ်ပြည်ခရီးစဉ်မှာစိနတိုင်းသား
တွေက နိုင်ငံတော်ခေါင်းဆောင်
တစ်ယောက်အဖြစ်​ကော်ဇောနီခင်း
ကြို ပြီးတဲ့နောက်လေးရက်အကြာ
မှာပြည်ခိုင်ဖြိုးထပ်​သီးပိုင်းက
ခေါင်းဆောင်တွေအားလုံးနောက်ကွယ်
ဝင်ရောက်ပျောက်ကွယ်သွားတာ၊
အနာဂတ်ခေါင်းဆောင်ဆိုတဲ့
ဦး​ဌေးဦး​တောင်​မကျ န်​ခဲ့​တော့ပါဘူး။

တစ်ကမ္ဘာလုံးနဲ့တရုတ်
လုပ်နေခဲ့ရသမျှ
တရုတ်ပြည်ရဲ့ 
အတိုင်ပင်ခံပုဂ္ဂို လ်အပေါ်ဆက်ဆံ
လိုက်ပုံဟာပြည်ခိုင်ဖြိုးခေါင်းဆောင်
ကြီးရဲ့ စိတ်နှလုံးကို
ညှိုးချုံးသွားစေခဲ့တယ်
ထင်ပါတယ်​💥

နောက်တက်​လာတဲ့
ရထားပို့ ​ဆောင်ရေးဝန်းကြီးဟောင်း
ဦးသန်းဌေးတက်​လာပြီး
ရှမ်းမအတု၊ကချ င်အတု၊
ကရင်အတုတွေနဲ့
တပ်မတော်နှင့်
ကာကွယ်ရေးဦးစီးချု ပ်ထောက်ခံပွဲ
တွေအဆက်မပြတ်ကျ င်းပပြု လုပ်
လာတာဟာ တပ်ကသူတို့ ကို
လ် စ္လ် ဴ ရှုလာကြောင်း
ထင်ရှားစေပါတယ်။💥

No 1 အာဏာရှင်ကြီးရဲ့ plan B
>>>>>>>>>>>>>>>
အရမကြာခင်
ထိုးကျွေးခံရတော့မယ်မှန်းသိလို့ 
သူ့လူဟောင်းတွေ
ဦးသိန်းစိန် အပါဝင်ကန့်လန့်​ကာ
နောက်ကွယ်ဝင်ရောက်ပျောက်ကွယ်
သွားအပြီးငါးစာအဖြစ်
ဦးဝီရသူနဲ့ခင်ဝိုင်းကြည်တို့ကို
အ​ထောင်မှာထားပြီးပါတီကို
လူမုန်းအောင်အကွက်ချ ခဲ့
ပုံရပါတယ်။💥

လူမျိုးရေးဘာသာရေး
မီးမွှေးပြီး ပါတီအနေနဲ့
သူတို့ကိုယ်သူတို့
Hero လို့ထင်လာစေပါတယ်။

ကြေးနီတောင်မီးလောင်ဗုံး၊
မဟာသန္တိသုခကိုဝင်စီးသိမ်းပိုက်ပွဲ
တွေလုပ်ခဲ့သူတွေက
နေပြည်တော်မှာ
သိန်းပေါင်းတစ်သောင်းနီးပါး
အကုန်ခံပြီးသာဝန်ဆန္ဒပြပွဲလုပ်ခဲ့တာဟာ
ပြည်သူတွေမျ က်စိနောက်လာအောင်
သက်သက်ဖန်တီးခဲ့တယ်ထင်ပါတယ်။
အမှန်က စာဖတ်သူကြီးရဲ့ 
ပြည်ခိုင်ဖြိုးကိုကြိုးစင်တင်ဖို့ စွဲချ က်
တစ်ခုပြည်သူတွေကြားထဲပစ်ထည့်
ပေးလိုက်တာဖြစ်နိုင်ပါတယ်။
မဆီမဆိုင်ကလိုင်ဝင်ခတ်လို့ 
ကြားညပ်သွားသူတွေက​တော့
သနားစရာပ​လေ။💥
       
နောက်ဆုံးတိုက်စစ်အဖြစ်
ကြေးသွန်းဘုရားကြီးနဲ့
မဟာမြတ်မုနိတို့ မှာလုပ်​တဲ့
သပိတ်စခန်း​တွေမှာ
ဘလိုင်းကြီးခွပ်နေမှန်း
ပြည်သူတွေသိလာပြီး
လိမ်မရတော့တဲ့အဆုံး
ပြည်ထဲရေးကသပိတ်စခန်း​တွေကို
ဝင်ဝုန်းလိုက်ရပါတော့တယ်။💥
                         
နောက်ဆုံးresultထွက်လာ​တော့
ပြည်ခိုင်ဖြိုးကဘူးသီးတောင်
အမတ်ရွှေမောင်ကြောင့်
ပါတီဒုက္ခရောက်ရပြီးမဲရရေး
အတွက်ဘင်္ဂလီတွေကို
ပါတီဝင်ခိုင်းခဲ့တဲ့ပါတီထိပ်ပိုင်း
ခေါင်းဆောင်တွေကိုတား
မရခဲ့လို့ပါတီရုံးတောင်မသွား
ဖြစ်တော့တာတွေ၊
လူမြင်ကွင်းမှာဘင်္ဂလီနဲ့
ကြံ့ ဖွံ့အရှုပ်တော်ပုံကြီး
ပြည်သူ့မြင်ကွင်းထွက်လာ
လို့ ပြည်ခိုင်ဖြိုးရဲ့ တည်ထောင်သူ
ဖခင်ကြီးဦးသန်းရွှေက
စိတ်ပျ က်လာတာတွေ
ပါတီထိပ်သီးခေါင်းဆောင်ပိုင်းက
လိမ်ညာမှုတွေကိုသိလိုက်ရလို့
စာဖတ်သူကြီးအနေနဲ့
စိတ်မကောင်းဖြစ်ခဲ့ရပုံတွေကို
ပြန်ပြောင်းပြောဆိုနေသလိုလိုနဲ့
လက်ရှိရခိုင်က
ဘင်္ဂလီပြသ၁နာတရားခံအဖြစ်
ပြည်ခိုင်ဖြိုးလည်ပင်းကို
သုံးလွန်းတင်ကြိုးကွင်းကြီး
စွပ်ချ လိုက်ပါတော့တယ်။💥

ဒီအချိန်​မှာဦးသိန်းစိန်အပါဝင်
ဆရာ့ဆရာကြီးတွေက
ပါတီကန့်​လန့်​ကာနောက်
ရောက်နေပြီဖြစ်သလို
သန်းခေါင်ယံအာဏာသိမ်းပွဲအပြီး
Plan B အတွက်တပ်နဲ့ခွပ်ဒေါင်း
နှစ်ပွင့်ဆိုင်လမ်းခင်းပြီးသားကို
(နိုင်ငံတော်ကြီး
ခင်ဗျားခေါင်းပေါ်ရောက်ပြီ)
ဆိုတဲ့စကားနဲ့စာဖတ်သူကြီးက
စရံသတ်လိုက်ပြီဖြစ်တဲ့အတွက်ပါ။💥

ခုချိန်​မှာ
ဝင်စရာအခွံမရှိတဲ့
ဝင်ကစွပ်ကောင်လို
ကြိုးစင်ပေါ်အတင်ခံ
လိုက်ရတဲ့ဘုမသိဘမသိ
သေမယ့်နှစ်မှဥက္ကဋ္ဌ
တက်ဖြစ်တဲ့
ဦးသန်းဋ္ဌေးနှင့်တကွ
မြှားပစ်သူငမိုက်သားများ
အစွယ်လိုသူကြီးရဲ့ကစားကွက်မှာ
မိန့် ​မောနေရာမှလန့်နိုးလာပြီး
ခွပ်ဒေါင်းနဲ့စစ်တပ်နှစ်ယောက်ထဲ
ကစားတော့မယ့်အကွက်ကို
ပရိတ်သတ်အဖြစ်သာထိုင်ကြည့်
ရတော့မည်ဖြစ်ပါကြောင်း_
သန်းခေါင်ယံအာဏာသိမ်းပွဲနဲ့

ဖိုးလပြည့်သမိုင်းဝင်မယ့်လို့
အမည်​တပ်ခဲ့တဲ့တွေ့ဆုံပွဲဟာ
အသက်ဝင်လာပြီလို့ 
ကြေငြာမောင်းခတ်လိုက်
ရပါတယ်ခင်ဗျာ။🌂
 Cd.   A  P  P
                                                 
ဖဲကြိုးနီ

❤💚သန်းလှိုင်​(ပျိုး)💛💙

https://m.facebook.com/story.php?story_fbid=343592462752928&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ပြည်ခိုင်ဖြိုးကို ကြိုးစင်ပေါ်တင်လိုက်သူ (သို့ )အာဏာရှင်ကြီး၏ ဒုတိယခရီးစဉ်စပါပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...