ဒီလိုပါခင်ဗျာ။
ကျွန်တော် ဒီကားကို စတင် ဝယ်ယူကတည်းက ဒီကားမှန်တွေက ဒီလိုပဲ အနက်ရောင်ပါ။ စတစ်ကာ ကပ်ပြီး နက်ထားမှန်း ကျွန်တော် မသိခဲ့ပါဘူး။ဒီလိုစတစ်ကာကပ် ထား လို့ အပြစ်ရှိတယ်ဆိုရင်လည်း..။
ကျွန်တော် ဒီကားကို စတင် ဝယ်ယူကတည်းက ဒီကားမှန်တွေက ဒီလိုပဲ အနက်ရောင်ပါ။ စတစ်ကာ ကပ်ပြီး နက်ထားမှန်း ကျွန်တော် မသိခဲ့ပါဘူး။ဒီလိုစတစ်ကာကပ် ထား လို့ အပြစ်ရှိတယ်ဆိုရင်လည်း..။
ဒီလိုပါခင်ဗျ။
မော်တော်ကားမှာ အခွင့်ရှိလျှင်
စတစ်ကာအနက်ရောင် ကပ်နိုင်ကြောင်း ကြေညာချက်ကို ကျွန်တော် ဘယ် မှာမှ
မတွေ့ခဲ့ဖူးပါဘူး။ အခွင့်မရှိက စတေကာမကပ် ရကြောင်းကြေညာ ချက်မထွက်ဘဲ
ပြစ်မှုမြောက်တယ်ဆို ရင်ဖြင့်လည်း..။
တချို့မှာလည်း ကားမှန်အနက် တွေ တွေ့နေရပါတယ်ခင်ဗျ။ အဲဒါ တွေက..
(အဲဒါတွေက အော်ရီဂျင်နယ် မှန်အနက်တွေ)
ဒီလိုပါခင်ဗျ။
မှန်အနက်ချင်းအတူတူ သူတို့ ကျတော့ မောင်းနှင်ခွင့်ရှိသလား ခင် ဗျ။ အနက်ချင်းအတူတူ သူတို့မှာ အပြစ်မရှိတာက တစ်မျိုးဖြစ်မနေဘူး လားခင်ဗျ။
(အဲဒါတွေက အစိုးရလူကြီး၊ ဒါမှမဟုတ်အနုပညာရှင်၊ဒါမှမဟုတ် ကျန်းမာရေးနဲ့မသင့်လျော်သူ)
ဒီလိုလားခင်ဗျာ။
တစ်ခါကလည်း ကျွန်တော့် ဆိုင်ကယ်တစ်စီး အသိမ်းခံရဖူးပါ တယ်။ ဆိုင်ကယ်မစီးရနယ်နိမိတ်မှာ စီးလို့တဲ့ခင်ဗျ။ ကျွန်တော်ပြန်တောင်း ပါတယ်။ လုံးဝပြန်မပေး ခဲ့ဘူးခင်ဗျ။ ကျွန်တော်မေးပါတယ်။ ကျန်တဲ့ ဆိုင် ကယ်တွေကကော..
(အဲဒါတွေက အော်ရီဂျင်နယ် မှန်အနက်တွေ)
ဒီလိုပါခင်ဗျ။
မှန်အနက်ချင်းအတူတူ သူတို့ ကျတော့ မောင်းနှင်ခွင့်ရှိသလား ခင် ဗျ။ အနက်ချင်းအတူတူ သူတို့မှာ အပြစ်မရှိတာက တစ်မျိုးဖြစ်မနေဘူး လားခင်ဗျ။
(အဲဒါတွေက အစိုးရလူကြီး၊ ဒါမှမဟုတ်အနုပညာရှင်၊ဒါမှမဟုတ် ကျန်းမာရေးနဲ့မသင့်လျော်သူ)
ဒီလိုလားခင်ဗျာ။
တစ်ခါကလည်း ကျွန်တော့် ဆိုင်ကယ်တစ်စီး အသိမ်းခံရဖူးပါ တယ်။ ဆိုင်ကယ်မစီးရနယ်နိမိတ်မှာ စီးလို့တဲ့ခင်ဗျ။ ကျွန်တော်ပြန်တောင်း ပါတယ်။ လုံးဝပြန်မပေး ခဲ့ဘူးခင်ဗျ။ ကျွန်တော်မေးပါတယ်။ ကျန်တဲ့ ဆိုင် ကယ်တွေကကော..
(အဖွဲ့အစည်းတစ်ခုခု၊ ဒါမှမဟုတ် ဌာဆိုင်ရာ)
ဒီလိုပါခင်ဗျ။
ကျွန်တော်တို့လည်း သူတို့နဲ့
တန်းတူအခွင့်အရေးရဖို့ အဖွဲ့အစည်း တစ်ခုခုထဲ ဝင်ရမလားခင်ဗျ။ သိပ်
မကြာပါဘူး။ ကျွန်တော့်ဆိုင်ကယ် သိမ်းခဲ့တဲ့သူတွေပဲ ကျွန်တော့် ဆိုင်
ကယ်စီးပြီး ကျွန်တော့်ကို ဖမ်းတဲ့ အနားမှာ လမ်းသလားနေတာ တွေ့ ရတယ်ခင်ဗျ။
ဒီလိုအခွင့်အရေးမရတာ ဝဋ် နာ၊ ကံနာ။
ထားလိုက်ပါဦးခင်ဗျ။
ကျွန်တော့်ကားမှန်အနက် တပ် ထားလို့ အပြစ်ရှိရင်လည်း..
(မှန်ပတ်လည်ဆို တစ်သိန်းတစ် ထောင့်ငါးရာ)
ဒီလိုပါခင်ဗျ။
တစ်လောက ရုပ်ရှင်မင်းသား တစ်ယောက်
အမှုပေါင်းမြောက်မြား စွာက ဒီလောက်ဒဏ်မဆောင်ရဘူး
ခင်ဗျ။မင်းသမီးတစ်ယောက်အမှုလည်း ဒီလောက်ဒဏ်မေ ဆာင်ရပါဘူး။ ငါး ဆယ်၊ ငါးရာ၊
ငါးထောင်စသဖြင့်..။
စတစ်ကာလေး ကပ်ပါလာတာ နိုင်ငံတော်ပုန်ကန်မှု
မဟုတ်ဘူး ခင် ဗျ။ တစ်ခါက နိုင်ငံတော်ပုန်ကန်မှု တပ်ထားသူတောင် ဒဏ်ငွေငါးဆယ်
နဲ့ ပြတ်ခဲ့ဖူးပါတယ်။ ကျွန်တော့်မှာ အနက်က တစ်သိန်းတစ် ထောင့်ငါး
ရာဆိုတော့..။ ကျွန်တော်အပြစ်ရှိ တာ နိုင်ငံတော်ပုန်ကန်မှုထက်ကြီး
မနေဘူးလားခင်ဗျာ။
ဒီလိုပါခင်ဗျ။
ကျွန်တော် တစ်ခါက ကားကို
အကွေ့မှားလို့အဖမ်းခံရပါတယ်။ နာ မည်ပြောပြတော့တစ်သောင်းတောင်း ပါတယ်။
အခုလည်း တစ်သိန်းတစ် ထောင့်ငါးရာ ဒဏ်ငွေ မဆောင်နိုင် လို့ ညှိပေးပါခင်ဗျ။
(သုံးသောင်း။ တစ်သောင်းက ရန်ပုံငွေ)
ဒီလိုပါခင်ဗျ။
ကျွန်တော်သိထားသလောက်
ဒီလိုအဖွဲ့အစည်းတွေကို အစိုးရက လခပေးပြီး ရုံးကိုလည်း အစိုးရစရိတ် နဲ့
တည်ဆောက်ထားတာပါ။ ဒါ ကြောင့်ရုံးခန်းတည်ဆောက် ဖို့ကို ပြည်
သူကစရိတ်စိုက်ပေးစရာ အကြောင်း ကိုမလိုတာပါခင်ဗျ။နောက်ပြီး နေရာ
တည်မြဲဖို့အတွက်အထက်အရာရှိကိုပေး ရမယ့်စရိတ်ကိုအပြစ်ရှိ(အပြစ်မကင်း) သူတွေက
စိုက်ပေးဖို့လိုသလား ခင်ဗျ။
ဒီလိုပါခင်ဗျ။
ကျွန်တော့်အဖေကလည်း ဒီလို ဝန်ထမ်းပါခင်ဗျ။
ကျွန်တော်လည်း ဝန်ထမ်းဘဝနဲ့ အတော်ကြာကြာ နေဖူးပါတယ်။ ဒီလိုဝတ်စုံကိုဝတ်
ထားတဲ့ပင်ပန်းမှုကို ကျွန်တော် သိပါ တယ်။ တစ်နေကုန် နေပူပူ၊ မိုးရွာရွာ
ဝတ်စုံအပြည့်အစုံနဲ့ နေရတဲ့ဒုက္ခကို ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ခင်ဗျ။
ဒီလိုပါခင်ဗျ။
တစ်လောက ကျွန်တော့် တူမ လေးတစ်ယောက်
အတန်းကျောင်း မကြာခဏနောက်ကျလို့ ဆရာမက ခေါ်တွေ့ပါတယ်။ “ကလေး ကျောင်း မကြာခဏ
နောက်ကျနေ တာ မသိ ဘူးလား” တဲ့။ ကြည့်လိုက်တော့ ကျောင်းနောက်ကျတဲ့ ကလေးက
မနည်း။ အမှန်တော့ ကလေးတွေက နောက်ကျတာမဟုတ်ဘူးခင်ဗျ။ ကျောင်းကား က
နောက်ကျတာ။ ဆရာမကလည်း ကျောင်းတစ်ရက် နောက်ကျရင် နောက်ကျကြေး
တစ်ရာတောင်းပါတယ် ခင်ဗျ။ ကျောင်းသူ၊ ကျောင်းသားတွေကို လည်း နောက် ကျတဲ့
အပြစ်ဒဏ် အဖြစ် အတန်းအပြင်မှာ ရပ်ခိုင်းထား ပါတယ်။ အမှန်တော့ အဲဒီဆရာမ
အပြစ်ပေး၊ ဒဏ်ငွေကောက်ရမှာက ကျောင်းကားမောင်း သူကိုပါခင်ဗျ။
ကျွန်တော်ပြောတော့ ဆရာမက..
(မကျေနပ်ရင် ကလေးကို ဒီ အခန်းထဲကထုတ်ပြီး
ကြိုက်တဲ့အခန်း မှာထား။ ကျောင်းထွက်ချင်ရင် ကျောင်းထွက်လက်မှတ် ချက်ချင်း
ထုတ်ပေးမယ်) အဲဒီအတိုင်း ပြော တာခင်ဗျ။ ကျောင်းကားမောင်းတဲ့
ဆရာကိုမေးကြည့်တော့..
(လမ်းမှ မရှင်းပေးကြတာ။
ကားလမ်းပိတ်တာပေါ့) ကျွန်တော် ဆိုလိုတာက မြို့ပြင်မှာချည်းပဲ ယာဉ်
စည်းကမ်းထိန်းသိမ်းနေရင် နောက် ဆက်တွဲတွေက မနည်းပါ ဘူးခင်ဗျ။
ဒီလိုပါခင်ဗျ။
ကျွန်တော်တို့ကို နိုင်ငံတော် အစိုးရက နိုင်ငံတော်ဟန်ချက်ညီ အောင် ထိန်းနိုင်ဖို့ စတုတ္ထမဏ္ဍိုင်လို့ တင်စားပါတယ်။
ဒါပေမဲ့ သုံးသောင်းကျတယ် ဆိုရင်လည်း…
တန်ပါတယ်ပေါ့ဗျာ။
ကျွန်တော်တို့က ဘာပြောရဲ မှာလဲ။
ဒီလိုပါပဲခင်ဗျာ…။
အကြည်တော်( popularmyanmar )


