Friday, January 17, 2014

အမတ်၏ နေရာ

,
ပထမအကြိမ်လွှတ်တော်သုံးရပ် ၏ အဋ္ဌမ ပုံမှန်အစည်းအဝေးကို ၂ဝ၁၃ အောက်တိုဘာ ၁ ရက်နေ့တွင် စတင် ကျင်းပပြီးနိုဝင်ဘာ ၁၄ ရက်နေ့တွင်ပြီး ဆုံးသွားခဲ့သည်။ အစည်းအဝေးများထဲ တွင် အချိန်ကာလအတိုတောင်းဆုံးဖြစ် သည်။သည့်အရင်က နှစ်လကျော်၊ သုံး လနီးပါးကြာမျှ ကျင်းပခဲ့လေ့ရှိသည်။ ယခု အဋ္ဌမအကြိမ်တွင် ဘာ့ေ ကြာင့်မှန်းမသိ ရက်တိုတိုနှင့်ပြီးဆုံးခဲ့သည်။
အဋ္ဌမအကြိမ်ပုံမှန်အစည်းအဝေး ကျင်းပနေချိန်တွင် ဖြစ်ပေါ်လာသော အခြေအနေအရ အရေးပေါ်တင်သွင်း လာသော အရေးကြီးအဆို အချို့ရှိ လေသည်။ အရေးကြီး အဆို တစ်ခုမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဓာတ်အားသုံးစွဲခများတိုးမြှင့်ကောက်ခံမည့်  ကြေညာချက်ကို ပြည်သူများက ဖယောင်း တိုင်ထွန်းကန့်ကွက်ဆန္ဒပြမှုများေ ကြာင့် မလှိုင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ် စားလှယ် ဦးအေးမောက်က ပြည်သူ အများစု မလိုလားသော ဓာတ်အားခ များ တိုးမြှင့်ခြင်းကို ပြန်လည်သုံးသပ် ရန်အရေး ကြီးအဆိုကို ၇-၁၁-၂ဝ၁၃နေ့ က တင်သွင်းခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များက ထိုအဆိုကို ထောက်ခံကာ ဓာတ်အားခ တိုးမြှင့်ကောက်ခံမှုအပေါ် ကန့်ကွက် ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့်လျှပ် စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံ မည့်အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီးလာမည့်၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်တွင်မှ ပြန် လည်ညှိနှိုင်းဆွေးနွေးပြီး ဆက်လက် ဆောင်ရွက်ရန် နိုဝင်ဘာ ၁၂ ရက်နေ့ တွင်ပြုလုပ်သောပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ပေးခဲ့သည်။
သို့သော်လည်း မှတ်သားစရာ တစ်ခုမှာ နိုင်ငံတော်သမ္မတက နိုဝင် ဘာ ၁၄ ရက်နေ့စွဲဖြင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာသော သဝဏ် လွှာတွင် လျှပ်စစ်ဓာတ် အားခနှုန်းထား များ တိုးမြှင့်ကောက်ခံခြင်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်သွားမည်ဟု အတိအလင်းဖော်ပြ ပါရှိသည်။ နိုဝင်ဘာ ၁၂ ရက် ပြည် ထောင် စုလွှတ်တော်အစည်းအဝေးဆုံး ဖြတ်ချက်ပါ ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး ဟူသော စကားရပ်ကို မျက်ကွယ်ပြုပြီး  သမ္မတတစ်ဦးတည်း၏ အာဏာဖြင့် အတည်ပြုခဲ့ခြင်းေ ကြာင့် ကျွက်စီ…ကျွက်စီ ဖြစ်ကြပြန်သည်။ ပြည်သူ့ဆန္ဒ ကို လျစ်လျူရှုပြီး လျှပ်စစ်စွမ်းအား ပြည် ထောင်စုဝန်ကြီး၏ လျှပ်စစ်ဓာတ်အားခ တိုးကောက်ရေးကိစ္စကို လွှတ်တော် ၏ အဆုံးအဖြတ်ရယူမည်ဟု ပြောခဲ့သည် ကိုလည်း ဂရုဓမ္မမပြုခြင်း ဖြစ်သည်။
နောက်ထပ် အရေးကြီးအဆိုတစ် ခုမှာပန်းဘဲတန်းမြို့နယ်၊ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်း ၆၆ နှစ်၊ ၁၄-၁၁-၂ဝ၁၃ အစည်းအဝေးကျင်းပ နေစဉ် ရုတ်တရက် လဲကျ ကွယ်လွန် သွားခြင်းကြောင့် လွှတ်တော်အစည်းအ ဝေးခန်းမအနီးတွင် အရေးပေါ်လူနာ တင်ယာဉ်၊ အထူးကုဆရာဝန်စသည်တို့ ကို အသင့်ထားရှိနိုင်ရေး၊ အရေး ကြီး အဆိုကို အလုံမြို့နယ် လွှတ်တော်ကိုယ် စားလှယ်၊ ဦးခိုင်မောင်ရည်က ထိုနေ့ တွင်ပင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
အဋ္ဌမပုံမှန်အစည်းအဝေး ကျင်းပ နေစဉ် ဒုတိယမြောက်ကွယ်လွန်သူဖြစ် လေသည်။ ပထမဆုံးကွယ်လွန်သူကား လသာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် စာရေး ဆရာ ဦးကြည်မြင့် (လသာ) ၆၃ နှစ် ဖြစ်သည်။ ၇-၁၁-၂ဝ၁၃ ရက်နေ့က သွေးကင်ဆာရောဂါဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
 အရေးကြီးအဆိုအဖြစ် လွှတ် တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို ယခုထက်ပိုမို အလေးထားဆောင်ရွက်ရန်၊ လွှတ် တော်ကိုယ်စားလှယ်များ မှာ အသက် ၅ဝ အထက်ချည်းဖြစ်၍ ရုတ်တရက်ဖြစ် ပေါ်လာသော ကျန်းမာရေးချို့ယွင်းလာ မှုကို အလျင်အမြန်ပြုစု စောင့်ရှောက် ရန်အရေးကြီးမှန်းပြည်သူတိုင်းနားလည် စာနာမိကြမည် ဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း သန်းက…”အပြင်ကလူတွေက အ စည်းအဝေးပြီးသွားရင် ပြီးပြီလို ထင်ကြ တာ။ တကယ်တော့ မပြီးပါဘူး။ နေ့ တိုင်း အစည်းအဝေးေ တွ၊ တိုင်စာတွေ၊ အလုပ်တွေရှိနေတာ” ဟု ပြောပါသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏လုပ် ငန်းတာဝန်အများအပြားရှိမှန်း ပြည်သူ အများစုကသိရှိကြပါသည်။ ပြည် သူတွေ အတွက်ရှေ့တန်းမှ ဆောင်ရွက်ပေးနေ ခြင်းကိုလည်း နားလည်သဘောပေါက် ကြပါသည်။ ထို.. ထိုသော ပုဂ္ဂိုလ်တွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အကောင်းဆုံးပေးရန် လိုအပ်ကြောင်းကို လည်းသိရှိလက်ခံပြီးဖြစ်ပါသည်။ အကောင်း ဆုံး ဆေးဝါး၊ အတော်ဆုံးဆရာဝန် အဆင့်မြင့်ဆုံး ခေတ်မီပစ္စည်းကိရိယာ များဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ၏ ကျန်းမာရေးစောင့်ရှောက် ကူညီပေး နိုင်မှုကိုပြည်သူအများက အလေးအ နက်လိုလားတောင့်တပြီး အရေးတကြီး အဆို တင်သွင်းမှု အပေါ် တစ်ခဲနက် ထောက်ခံကြမည်မှာ မလွဲပါ။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမနှင့်လွှတ်တော်ဆေးခန်းမှာ အနည်း ငယ်လှမ်းသောကြောင့်ဆေးခန်းမှ ဆရာ ဝန်ရောက် လာရန် ငါးမိနစ်မျှကြာသော အချိန်တွင်ပင်  အသက်ကယ်ရန် အချိန်မမီတော့ခြင်းဖြစ်သည်။ သို့အတွက် အဆောက်အအုံ တစ်ခုတည်းတွင်ပင် ဆေးခန်းရှိသော်လည်း ရုတ်တရက်အ ချိန်လုရသော အခါမျိုးတွင် ခရီးဝေးခြင်း က အဆင်မပြေနိုင်ဘဲ လွှတ်တော်အ တွင်းရှိ ကိုယ်စားလှယ်များမှာ အသက် အရွယ်ကြီးသူများသာဖြစ်သည့် အတွက် ပို၍ဂရုစိုက်သင့်သည်.. ဟူ၍ လွှတ် တော်ကိုယ်စားလှယ်များက  ယခုဖြစ် စဉ်ကိုနမူနာယူ၍သုံးသပ်ပြောကြားသည်။
7 Day Daily 15-11-2013
လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးသပ်ပြောကြားချက်မှာ အကျဉ်းချုပ် လျှင် ဤသို့ဖြစ်သည်။ ပြည်သူ့လွှတ် တော်အစည်းအဝေးခန်းမနှင့် လွှတ် တော်ဆေးခန်းမှာ အဆောက်အအုံတစ် ခုတည်းတွင်ရှိသည်မှန်သော်လည်း ရောက်ရှိချိန် ငါးမိနစ်ကြာခြင်းမှာ မလို လားအပ်သော ကိစ္စဖြစ်၍ ယခုထက် ပိုမိုဂရုစိုက်သင့်ကြောင်း အရေးတ ကြီး  အဆိုတင်သွင်းခြင်းဖြစ်သည်။
သာမန်အရပ်သား ပြည်သူဖြစ် စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ အိမ်ခြေယာခြေမဲ့ဖြစ်စေ သေဆုံးခြင်း သည် စိတ်မကောင်းစရာသာ ဖြစ်ပါ သည်။ ဝမ်းနည်းကြေ ကွဲစရာချည်းဖြစ် ပါသည်။ လူတစ်ဦးတစ်ယောက် ကမ္ဘာ မြေပြင်မှ ရုတ်ခနဲပျောက်ကွယ်သွားခြင်း သည် မင်္ဂလာသတင်း မဟုတ်ပါ။ သို့ သော် စဉ်းစားစရာတွေကတော့ ရှိနေ လေသည်။
မြန်မာပြည်…။ ကျွန်တော်တို့ ၏ ချစ်လှစွာသော အမိမြန်မာပြည်သည် အုပ်ချုပ်သူတို့၏ ကမ်းကုန်အောင် ရက် စက်ယုတ်မာဆိုးညစ်မှုတွေကြောင့် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံ တစ် နိုင်ငံဖြစ်နေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အဘက်ဘက် က ချွတ်ခြုံကျနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အညွှန်းကိန်းတိုင်း တွင် ကမ္ဘာ့ အောက်ခြေ၌ ပြားပြားကပ်နေသော နိုင်ငံဖြစ်သည်။
ကမ္ဘာ့ကင်ဆာဖြစ်ပွားမှု ဒုတိယ အများဆုံးနိုင်ငံ၊ ကမ္ဘာ့အကျင့်ပျက်ခြစား မှု၊ အဆိုးရွားဆုံး တတိယမြောက်နိုင်ငံ၊ စာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၇ နိုင်ငံထဲက တစ်နိုင်ငံ၊ ကလေးသေ ဆုံးမှု နှုန်းအမြင့်ဆုံးနိုင်ငံ၊ အရန်သဘာဝ ဓာတ်ငွေ့ကုဗမီတာသန်းပေါင်း နှစ် သန်းငါးသိန်းရှိပြီး အရှေ့တောင်အာရှ တွင် သဘာဝဓာတ်ငွေ့တင် ပို့မှု အများ ဆုံးနိုင်ငံဖြစ်သော်လည်း လျှပ်စစ်ဓာတ် အား သုံးစွဲနိုင်မှုတွင် အနည်းဆုံးနိုင်ငံ၊ အာရှတွင် တယ်လီဖုန်းသုံးစွဲနိုင်မှုအ နည်းဆုံးနိုင်ငံ။
ကျန်းမာရေး အညွှန်းကိန်းကို ကြည့်လျှင်လည်း ကြောက်ခမန်းလိလိ ပင်။ လူဦးရေ ၁၆၃ဝဝ တွင် ဆရာဝန် တစ်ဦးနှုန်းနှင့် ပြည်သူတွေ အသက်ရှင် ရပ်တည်နေကြရ သည်။ ကျေးရွာအုပ်စု တစ်ခုတွင် ဆေးပေးခန်းတစ်ခုမရှိသေး။ ရွာပေါင်း ၂ဝ  ခန့်တွင်မှ ဆေးပေးခန်း တစ်ခုမရှိချင်။ ဆေးပေးခန်းရှိလျှင်လည်း ဆရာဝန်၊ ဆရာမ မရှိ။   ဆေးပေးခန်းတွင် ဆေးဝယ်ရသည်။ ပလာစတာပတ်တီးက အစ ဝယ်ရသည်။ မဝယ်နိုင်လျှင် မရှိ။
ဆရာဝန်၊ ဆရာမ ဟိန်းဟောက် မခံရသော လူနာဆိုလို့ အာဏာရှိသူ တချို့၊ ငွေကြေးပြည့်စုံကြွယ်ဝသူ တချို့ သာရှိသည်။ ကျန်တာတွေ ကတော့ အပြောခံ၊ အဆိုခံ၊ အကြိမ်းမောင်းခံ၊ အနှိမ်ခံ…။ နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်စာမျက်နှာတွေပေါ်က အယ်ဒီတာ့ ထံ ပေးစာတွေမှာကြည့်လျှင် အထင် အရှားပင်။
CIA World Facebook.. စစ် တမ်းအရ ပျမ်းမျှသက်တမ်း အရှည်ဆုံး ၅ နိုင်ငံမှာ မိုနာကို ၈၉ ဒသမ ၆၃၊ မက္ကာ ၈၄ ဒသမ ၄၃၊ ဂျပန် ၈၃ ဒသမ ၉၁၊ စင်ကာပူ ၈၃ ဒသမ ဝ၇၊ စန်မာရီနို ၈၃ ဒသမ ဝ၇ ဖြစ်သည်။ မြန်မာနိုင်ငံ သည် ကမ္ဘာ့နိုင်ငံများထဲတွင် အဆင့် ၁၆၈ မှာရှိပြီး ပျမ်းမျှသက်တမ်းမှာ ၆၅ ဒသမ ၂၄ ဖြစ်သည်။ ထိုင်း၊ ဗီယက် နမ် နှင့် တရုတ်နိုင်ငံတို့နောက်မှာ စင်ကာပူ နှင့် အဝေးကြီး။
လွှတ်တော်ကိုယ်စားလှယ်အပေါင်းတို့ ခင်ဗျား။
ကျေးလက် ပြည်သူအပေါင်းတို့ သည် အသည်းအသန်ဝေဒနာဖြစ်လျှင် အနီးဆုံးဆေးရုံ၊ ဆေးပေးခန်းသို့ရောက် ရန် ပျမ်းမျှအချိန်မှာ ၅ နာရီကျော်ပါ သည်။ အချို့မှာ ၂၄ နာရီကျော်ပါသည်။ ဆေးရုံ၊ ဆေးခန်း ရောက်လျှင် ဆရာ ဝန်၊ ဆရာမကို အချိန်ကြာမြင့်စွာ စောင့် ရပါသေးသည်။ မြို့နယ်တိုင်းရှိ ဆေးရုံ၊ ဆေးခန်းတို့တွင် စရိတ်မျှပေး ကျန်းမာ ရေးတို့ လူနာကိုနွေးထွေးစွာ ကြိုဆိုပါ စတာတွေသည် ဆောင်ပုဒ်လိုလို ကြော် ငြာလိုလိုနှင့်။
အမှန်တော့ ဆေးရုံဆေးပေးခန်း တို့တွင် ဆိုင်းဘုတ်မှတစ်ပါး ဘာမှ မရှိ တာ ကြာလှပါပြီ။ ရာစုနှစ်ဝက်မကတော့ ပါ။လူနာတင်ယာဉ်ဆိုလျှင်လည်း အရပ် ဘက်လူအဖွဲ့ အစည်း၊ အမျိုးသမီး ကျန်းမာရေးစောင့်ရှောက်မှု ဆိုလျှင် လည်း TOM အခမဲ့ ဆေးခန်းဆိုလျှင် လည်း Civil Society ။
မင်းနှင့်ပြည်သူကြားတွင် တည့် တည့်မတ်မတ်ရပ်တည်ခြင်းကြောင့် အမဇ္ဇော(အမတ်)ဟု ဝိဂြိုဟ်ပြုကြောင်း အကျယ်တဝံ့ရှင်းမပြချင်တော့ပါ။ တံငါ ကို ပိုက်ထိုးသင် သလိုဖြစ်မှာစိုးပါ သည်။
အသက် ၆၆ နှစ်အရွယ် လွှတ် တော်အမတ်မင်း လွှတ်တော်အတွင်းလဲ ကျကွယ်လွန်ခြင်းမှာ ကြေကွဲဖွယ်ရာဖြစ် ပါကြောင်း ရိုးသားလေးနက်စွာ ပြော ကြားချင်ပါသည်။
ထို..အမတ်မင်း၏ ကျန်းမာရေး ကို ကုသကာကွယ်စောင့်ရှောက်ရန် ၅  မိနစ်မျှ ကြာမြင့်သောအချိန်ကလေးကို ပင် သည်းမခံနိုင်လောက်စရာအဖြစ် ခံ စားပေါက် ကွဲနေ ကြသူများ ခင်ဗျား။
မြန်မာပြည်တစ်ဝန်းလုံးရှိ လက်လုပ် လက်စား၊ သာမန်အခွန်ထမ်း ပြည်သူ အပေါင်းတို့သည် ကမ္ဘာပေါ်တွင် အညံ့ ဖျင်းဆုံး၊ အကျင့်ပျက်ခြစားမှု အထူပြော ဆုံး၊အဆိုး ရွားဆုံးနှင့်အနိမ့်ကျဆုံး ကျန်း မာရေးကုသစောင့်ရှောက်မှုအောက်တွင် ခက်ခဲကျပ်တည်းစွာရှင်သန်ရပ်တည် နေရခြင်းအပေါ် ပြည်ထောင်စုလွှတ် တော်တွင် မည်သည့် လွှတ်တော်ကိုယ် စားလှယ်ကမှ အရေးတယူ အဆိုတင် ဆွေးနွေးမှု မရှိခြင်းက ပို၍ကြေကွဲ ဖွယ်ရာကောင်းကြောင်း … အားနာနာ နှင့်ပင် ပြောကြားချင်ပါသည်။
အရေးကြီးအဆို မဟုတ်လျှင် လည်း ကိစ္စမရှိပါ။
မောင်ခိုင်လတ်( popularmyanmar )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အမတ်၏ နေရာ”

Post a Comment

Related Posts Plugin for WordPress, Blogger...