Saturday, July 29, 2017

တောင်ကုတ်လူသတ်အကြမ်းဖက်မှု

,
တောင်ကုတ်လူသတ်အကြမ်းဖက်မှု ၅ နှစ်ပြည့်ပြီ
လွန်ခဲ့တဲ့ ၅ နှစ်တာကလ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက် ညနေ ၅ နာရီဝန်းကျင်လောက်မှာ တောင်ကုတ် အကြမ်းဖက်မှုသတင်းကြားခဲ့ရတာပဲ။ ဖြစ်စဉ်ကတော့အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။
မွတ်စလင် ဂျမာအသီ ၁၀ ယောက်ကို တောင်ကုတ်လမ်းပေါ်မှာ ကားပေါ်က ဆွဲချပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြတာ။ ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရင်းတွေကိုပြောလိုက်ဆိုလိုက်ကြတာတော့ အများကြီး၊ တစ်ယောက်တစ်ပေါက်ပဲ။
နောက် မေလ ၅ ရက်နေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းထဲမှာ မူဆလင်ကုလား ဆိုတဲ့အသုံးအနှုံးနဲ့ တောင်ကုတ်လူသတ်မှုကိစ္စကို ခေါင်းစဉ်တပ်ပြီးရေးတယ်။ သီတာထွေးကို မုဒိမ်းကျင့်လို့ ပြန်သတ်ခံရတာ ဆိုတဲ့ အသွားအလာနဲ့ သတင်းကိုရေးခဲ့တယ်။
လူ ခုနှစ်ယောက်ကို ဖမ်းဆီးပြီး ထောင် ခုနှစ်နှစ်ချလိုက်တာကလွဲပြီး ဘာတရားမျှတမှုမှမရဘူး။
နောက်မကြာခင် ဝီရသူတန်ခိုးထွားလာရော။ အကြောင်းအရာတွေက အကုန်ဆက်စပ်မှုရှိနေတာပါပဲ။ ဒါကြောင့်လည်း ဒီလိုအချက်တွေကို ချိတ်ဆက်ပြီး နိုင်ငံတကာမီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ Report တွေမှာ State-sponsored violence ဆိုပြီး ရေးကြတာပေါ့။
အဲဒီကနေ တောက်လျှောက်ဆိုသလို အကြမ်းဖက်မှုတွေ မရပ်မနားစဖြစ်တော့တာပဲ။ ရခိုင်ကစလိုက်တဲ့ အကြမ်းဖက်မှုဟာ အခုနောက်ဆုံး သာကတနဲ့ မင်္ဂလာတောင်ညွှန့်ဖြစ်စဉ်တွေထိအောင် ဆက်တိုက်ဆိုသလို ရပ်နားသွားခြင်းမရှိသေးဘူး။
မွတ်စလင်တွေဟာ နေ့စဉ်နဲ့အမျှ ကိုယ်အားဖြင့် နှုတ်အားဖြင့် စိတ်အားဖြင့် ပုံစံအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံခံနေရတုန်း၊ ရိုက်ချိုးခံနေရတုန်းပါပဲ။
ဥပုသ်လဆိုရင် တစ်မျိုးမဟုတ် အကြောင်းပြချက်အမျိုးမျိုးနဲ့ တစ်မျိုးဒုက္ခပေးတတ်တဲ့အစဉ်အလာကိုလည်း ထိန်းသိမ်းထားကြဆဲပဲ။
3.6.17
(စတီဗင်)
https://m.facebook.com/story.php?story_fbid=612855488912492&id=100005641386632https://m.facebook.com/story.php?story_fbid=1371993979588060&id=449379095182891

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တောင်ကုတ်လူသတ်အကြမ်းဖက်မှု ”

Post a Comment

Related Posts Plugin for WordPress, Blogger...