Saturday, August 19, 2017

တပ်မ ၃၃နှင့် တပ်မ ၉၉ တို့ မေယုတောင်တန်းပေါ်တွင် အချင်းချင်း မှားယွင်းပစ်ခတ်မှု့ တစ်ခု ဖြစ်ပွါးခဲ့

,
၁၆ ၊သြဂုတ်လ၊၂၀၁၇ မေယုသတင်း

တပ်မ ၃၃နှင့် တပ်မ ၉၉ တို့ ၁၅/၈/၂၀၁၇ ရက်နေ့ ညနေ(၇) နာရီကျော်ခန့်တွင် ဗမာ့တပ်မတော် အချင်းချင်း မှားယွင်းပစ်ခတ်မှု့ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း သိရှိရသည်။

တပ်မ ၉၉ မှ အရာရှိ အပါအဝင် အခြားအဆင့်(၆) ဦး ဒါဏ်ရာရရှိပြီး ရဲဘော် (၁)ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ တပ်မ ၃၃ ဖိုင်တာ လက်အောက်ခံ တပ်ရင်းမှ (၁) ဦး တစ်ယောက်မှ ဒါဏ်ရာရရှိခြင်း မရှိပါ။

ဖြစ်စဉ်အသေးစိတ်မှာ ရခိုင်ပြည်အတွင်း အကြမ်းဘက် သောင်းကြမ်းနေသော ကုလားဆိုးများကို တိုက်ခိုက်ခြေမှုန်းရန်အတွက် ဗမာပြည်မှ တပ်မ(၂)ခု သည်
၁၀/၈/၂၀၁၇ရက်နေ့ကစပြီး မောင်တော၊ဘူးသီးတောင်၊မေယုတောင်တန်းပေါ် သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ယနေ့အချိန်ထိ အကြမ်းဘက်ကုလား တစ်ဦး တစ်ယောက်မှ ခြေမှုန်း တိုက်ခိုက်နိုင်ခြင်း မရှိသည့်အတွက် ယခုအခါ ကကကြည်းမှ တပ်မမှူးများ ကို ဖြေရှင်းချက်ချက် တင်ပြရန်တောင်းဆိုထားကြောင်း သိရှိရသည်။

စဗဟ(၃) တမခ ၃၃ လက်အောက်ခံ တပ်ရင်းတစ်ရင်းသည် အထက်ပေးထားသည့် ပြေပုံညွှန်းအတိုင်း ထွက်ခွာလာရာ ညနေ (၇)နာရီကျော်ခန့် ရေစပ်အနီး ထမင်းချက်စားနေသည့် မီးများကို မြင်သည့် အတွက်ဝိုင်းဝန်း ပစ်ခတ်ကြရာ တပ်မ ၉၉က ယခုလိုသေဆုံးပြီး ဒါဏ်ရာ ရရှိသွားခြင်း ဖြစ်သည်ဟု တပ်မ ၃၃နဲ့ မေယု တောင်ပေါ်တွင် လမ်းပြလိုက်ပါခဲ့သူ ရွာသားတစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

အထက်ဖော်ပြပါ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အထက်အရာရှိကြီးများ၏ မြေပုံညွှန်း မှားယွင်းပေးခဲ့မှု့ကြောင့် ဖြစ်တာလား ဆက်သွယ်ရေတာဝန်ခံ၏ သတင်းမှားယွင်းပေးမှု့ကြောင့် ဖြစ်တာလား ဆိုတာ အသေးစိတ် စီစစ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

Soe Than Wai

#ဗိုလ်ကြီးစိုးသန်းဝေမှာပြည်သူ့ဆက်ဆံရေးဌာနမှ #ဗိုလ်မှူးကြီးအေးထွန်း၏ လက်ထောက်အရာရှိတစ်ဦးဖြစ်ပါသည်​#

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တပ်မ ၃၃နှင့် တပ်မ ၉၉ တို့ မေယုတောင်တန်းပေါ်တွင် အချင်းချင်း မှားယွင်းပစ်ခတ်မှု့ တစ်ခု ဖြစ်ပွါးခဲ့”

Post a Comment

Related Posts Plugin for WordPress, Blogger...